ရောမဩဝါဒစာ - ၆

ခရစ်တော်၌သေခြင်းနှင့်ရှင်ခြင်း
1ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကို ကျင့်၍ နေရမည်လော။- 2ထိုသို့မနေရ။ အပြစ်တရားမှ စုတေသောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။- 3ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။- 4ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။-ကော၊ ၂:၁၂။ 5တစ်နည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။- 6ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှာ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။- 7သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။- 8ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။- 9သေခြင်းတရားသည် နောက်တစ်ဖန် ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့် အတူ ရှင်လိမ့်မည်ဟု သဘောရှိကြ၏။- 10ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တစ်ကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ၊ ဘုရားသခင့်အဖို့ ရှင်တော်မူ၏။- 11ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍လည်းကောင်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။
12ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏ တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။- 13သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။- 14ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
ဖြောင့်မတ်ခြင်းတရား၏ကျွန်များ
15ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။- 16အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။- 17သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဖူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။- 18သင်တို့သည် အပြစ်တရား၏လက်မှ လွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။- 19ထိုသို့ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။- 20သင်တို့သည် အပြစ်တရား၏ကျွန် ဖြစ်စဉ်ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။- 21ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။- 22ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွတ်၍၊ ဘုရားသခင်၏ကျွန် ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။- 23အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။

ရောမဩဝါဒစာ - ၆ (အနက်ဖွင့်)

()သတင်းကောင်းနှင့် အညီစင်ကြယ်သော အသက်တာ (အခန်း )

အခန်း (၅) ကိုအပြစ်သားများအပေါ်တွင် ဘုရားသခင်၏ ကျေးဇူးတော်ကြီးမားပုံဖြင့် နိဂုံးချုပ်ထားသည်။ ထိုအချက်နှင့်ပက်သတ်၍ တခြားအရေးကြီးမေးခွန်း တခုရှိပါသည်။ ဧဝံဂေလိတရား (ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းရရှိခြင်း) က အပြစ်ပြုလုပ်နေခြင်းကို ခွင့်ပြုပါသလား။

ထိုသို့မဟုတ်ကြောင်း ခန်း၆ မှ ၈ တွင် အသေးစိတ်ဖြေကြားထားပါသည်။

ထိုစကားနှင့် ပက်သတ်၍ သော့ချက်စကားလုံး(၃)ခုရှိပါသည်။ သိရှိခြင်း (ငယ် ၃-၆) စဉ်းစားဆင်ခြင်ခြင်း (သို့) သိမှတ်ခြင်း (ငယ် ၁၁) နှင့် ဆက်သခြင်း (ငယ် ၁၃) တို့ဖြစ်သည်။

ထိုစကားလုံးများဖြင့် ယုံကြည်သူများ၏ ရပ်တည်ပုံနှင့် လက်တွေ့အသက်တာ ခြားနားပုံများကို ခွဲခြားထားသည်။ လက်တွေ့အသက်တာဆိုသည်မှာ နေ့စဉ် ပြုမူလုပ်ဆောင်ချက်ဖြစ်သည်။

ဘုရားသခင်၏ ကျေးဇူးတော်က ယုံကြည်သူ၏အသက်တာကို အစပြုစေပါသည်။ နေ့စဉ်လျှောက်လှမ်းရမည် အသက်တာကို လမ်းပြပါသည်။ ခရစ်တော်၌ တည်သောအခါ ဘဝအသက်တာလုံခြုံသည်။ နေ့စဉ် အသက်တာသည်လည်း တိုးပွားရင့်ကျက်သည်။ ထို့သို့ တိုးပွားရင့်ကျက်ချင်းသည် ကောင်းကင်နိုင်တွင် ကယ်တင်ရှင်သခင်နှင့် မတွေ့ဆုံသေးသရွေ့ တိုးတက်နေမည်။

:    ဆန့်ကျင်ရေးသမား ယုဒအတွေးမှားဝင်လာပြန်ပြီ။ အပြစ်ကြီးလေ ကျေးဇူးတော်ပိုမိုကြီးမားလေဆိုလျှင် ကျေးဇူးတော်များများခံစားရအောင် အပြစ်နွံထဲတွင် ဆက်လက်ရှင်သန်နေရမည်လားဟု မေးရက်သည်။

ခေတ်သစ်ကျမ်းများတွင်မူ ဤသို့ရေးသားကြသည်။ “ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် အပြစ်သားများကို ကယ်တင်သည်။ ပညတ်တရားဖြင့် ကယ်တင်ခြင်းမရနိုင်။ ယုံကြည်ခြင်းရှိလျှင် အပြစ်ဟူသမျှကို ခွင့်လွှတ်သည်ဟုဆိုလျှင် အပြစ်ထဲတွင် ဆက်လက်နေခွင့်ရပါသလား။”ကျေးဇူးတော်ကို တမင်တကာသိလျှက်နဲ့ ကျူးလွန်သည့် အပြစ်ကို ဆေးကြောပါသည်။ ထိုအယူအဆသည် ပညတ်တော်တရားအောက်သို့ ရောက်ရှိခြင်းဖြစ်သည်။

ထို “အပြစ်ဆက်လက်ကျူးလွန်ခွင့် ရှိပါသလား” ဟူသော အမေးကို အခန်း(၁၀) တွင် (၄)      ချက်ဖြင့် အဖြေပေးထားသည်။

၁။ မလုပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ခရစ်ယာန်နှင့် တလုံးတဝတည်းဖြစ်နေသည်။ အကျိုးအကြောင်း (ငယ် ၁-၁၁)

၂။ လုပ်ချင်တော့မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးတော်က ထိုအပြစ်များကို    ချေဖျက်ပြီး ဖြစ်သည်။ ဆွဲဆောင်ခြင်း (ငယ် ၁၅-၁၉)

၃။ မလုပ်ရ။ ထိုသို့ပြုလုပ်ခြင်းသည် အပြစ်ကို သခင်အဖြစ်လက်ခံခြင်းဖြစ်သည်။ အမိန့် (ငယ် ၁၅-၁၉)

၄။ ပိုဆိုးသွားမည်။ ပျက်ဆီးခြင်း၌ အဆုံးသတ်မည်။ သတိပေးချက်(ငယ် ၁၅-၁၉)

:      ထိုသို့ဆိုလိုခြင်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအပြစ်နွံထဲမှ ထွက်လာပြီးသူများဖြစ်သည်။ သမ္မာတရား၌ ရပ်တည်နေကြပြီ။ သခင်ယေရှုသည် လူသားများကိုယ်စားအသေခံပါသည်။ ကိုယ်စားလှယ်အဖြစ်သာ အသေခံသည်မဟုတ်။ အပြစ်သားများကိုယ်စား လူ့ဇာတိဖြင့် အစားထိုးဝင်ရောက် အသေခံခြင်းဖြစ်သည်။ ယေရှုအသေခံခြင်းသည် ကျွန်ုပ်တို့ အသေခံခြင်းဟုမှတ်ယူရသည်။ ယေရှုအသေခံခြင်းသည် အပြစ်သားအားလုံးအတွက် တကြိမ်းတစ်ခါတည်း အသေခံခြင်းဖြစ်သည်။ ခရစ်တော်၌တည်သူဟူသမျှသည် ဘုရားသခင်အမြင်တွင် သေလွန်ကြသူများဖြစ်သည်။ ထိုသို့ဆိုရာ၌ ယေရှုကဲ့သို့အပြစ်ကင်းသည်ဟု မဆိုလို။ ခရစ်တော်၌ တည်သောကြောင့် သေသည့်အချိန်တွင် ရောပါသွားသည်ဟုဆိုလိုသည်။

:    ပထမသော့ချက်စကားလုံးမှာ သိရှိခြင်း ဖြစ်သည်။ နှစ်ခြင်းမင်္ဂလာခံယူခြင်းကို မိတ်ဆက်ထားသည်။ မည်သည့်နှစ်ခြင်းမင်္ဂလာခံယူခြင်းနည်း။ အမေးရှိသော် အဖြေရှိရပြန်သည်။

ကယ်တင်ခြင်းရရှိသူသည် ခရစ်တော်နှင့် အတူတူ သေ၍ ခရစ်တော်နှင့်အတူ ထမြောက်ကြောင်းနှစ်ခြင်းမင်္ဂလာ ယူခြင်းဖြင့် သက်သေပြရသည်။ ထိုနှစ်ခြင်းမင်္ဂလာသည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့် မတူပါ။ သို့သော် နှစ်ခုစလုံးအကြုံးဝင်သည်။ အခြားနှစ်ခြင်းမင်္ဂလာခံယူခြင်းမှာ တခုမှာ ခရစ်တော်ခန္ဓာကိုယ်ထဲ၌ တည်ရှိခြင်း (၁ကော ၁၂:၁၃) ဖြစ်သည်။ ထိုနှစ်ခြင်းမင်္ဂလာသည် ခရစ်တော်၏ အသေခံခြင်းသို့ နှစ်ခြင်းမင်္ဂလာခံယူခြင်းမဟုတ်။ ခရစ်တော်၌ အသေခံ၍ ခရစ်တော်နှင့်အတူ ထမြောက်ခြင်းဖြင့် ဘုရားသခင်အား သိရှိခြင်းဖြစ်သည်။

ဤကျမ်းပိုဒ်ပါ နှစ်ခြင်းမင်္ဂလာဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံ ယူခြင်းဖြစ်သည်။ ရေ၌ နှစ်ခြင်းမင်္ဂလာခံယူခြင်းနှစ်ခုလုံး ပါဝင်သည်။ သို့သော် အလေးအနက်ဆိုလိုသည်မှာ ခရစ်တော်၏အသေခံခြင်း၌ ခရစ်တော်နှင့်အတူ သင်္ဂြုဟ်ခြင်းခံရ၍ အတူတကွ ထမြောက်ခြင်းဖြစ်သည်။

ဓမ္မသစ်ကျမ်းသည် ပုံမှန်မဟုတ်သည့် နှစ်ခြင်းမင်္ဂလာခံယူသောယုံကြည်သူများ၏ အကြောင်းမဟုတ်ပါ။ နှစ်ခြင်းမင်္ဂလာခံယူ၍ အသက်တာပြောင်းလံသူများကို ဆိုလိုပါသည်။  သို့ကြောင့် ဘုရားသခင်က (မာ ၁၆:၁၆) တွင် “ယုံကြည်ခြင်း၌ဗတ္တိဇံမင်္ဂလာခံယူသူ မှန်သမျှကို ဘုရားသခင်သည် ကယ်တင်တော်မူမည်” ဟုဆိုထားသည်။ နှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်းရရှိရန် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း လူသိထင်ရှား သက်သေခံခြင်းဖြစ်သည်။

:    ရေနှစ်ခြင်းမင်္ဂလာသည် ခရစ်တော်၌ နှစ်ခြင်းမင်္ဂလာခံ ယူကြောင်း မျက်မြင်သက်သေပြခြင်းဖြစ်သည်။ ရေထဲ၌ နှစ်ခြင်းသည် သေခြင်းအမှောင်နက်ထဲသို့ ရောက်ရှိကြောင်း ပုံဆောင်ခြင်းဖြစ်၍ ရေထဲမှပြန်ထွက်လာခြင်းသည် ဘဝအသက်တာအသစ်သို့ ရောက်ရှိကြောင်းပုံဆောင်သည်။ ဇာတိဟောင်းအား ရေထဲ၌ နှစ်ချပစ်ခြင်းဖြစ်သည်။ အာဒံမှ ခံယူရရှိသောထိုပြစ်များကို ကားတိုင်တွင် သတ်ပစ်ခြင်းသဘောဖြစ်သည်။ ရေထဲမှ ပြန်ထလာခြင်းသည် “ငါတစ်ယောက်ထဲအသက်ရှင်ခြင်းမဟုတ်၊ ငါ့အထဲ၌ခရစ်တော်ရှိသည်”ဟုဆိုလိုသည် (ဂလော ၂:၂၀ကိုကြည့်)။

Conybeare နှင့် Howson က ဤကျမ်းပိုဒ်မှနှစ်ခြင်းမင်္ဂလာအနက်သည် ပုံဆောင်ခြင်းဖြစ်၍ ဝိညာဉ်အမြင်မရှိလျှင် သဘောပေါက်ဖို့မလွယ် ဟုဆိုကြသည်။

ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ယုံကြည်သူများအား အသက်တာအသစ်တွင် လျှောက် လှမ်းဖို့ ပုံပြခြင်းဖြစ်သည်။ ယေရှုခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် ယေရှုခရစ်အား သချိုင်းထဲမှ ထမြောက်စေတော်မူသည်။ ထိုကဲ့သို့ပင် ခရစ်တော်သည် သူ၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုးဖြင့် ယုံကြည်သူများအား အသက်တာအသစ်တွင် လျှောက်လှမ်းစေပါသည်။

:    ယေရှုနှင့်တူသေ၍ အတူတကွသင်္ဂြိုဟ်ခြင်းခံရသည့်နည်းတူ  ယေရှုခရစ်နှင့်အတူ ပြန်လည်ရှင်သန်ထမြောက်သောကြောင့် တလုံးတဝတည်းဖြစ်ကြရသည်။ ယေရှုနှင့် တလုံးတဝတည်းဖြစ်သည် ဆိုသည်မှာ ရေအောက်သို့နှစ်ခြင်းခံရခြင်းဖြစ်သည်။ ယေရှုအသေခံခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀၀) ခန့်ကဖြစ်ရာ၊ ယခု ရေ၌နှစ်ခြင်းခံယူခြင်း၌ မည်သို့စပ်ဆိုင်သနည်း။

ရေထဲ၌နှစ်ခြင်းသာတူရုံမဟုတ်ပါ။ ယေရှုခရစ်သည် ရှင်ပြန်ထမြောက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ရေထဲမှပြန်လည်ပေါ်လာကြသည်။ ယေရှုအသေခံသကဲ့သို့ ရေနှစ်ခြင်းခံရသည်။ ယေရှုရှင်ပြန်ထမြောက်သကဲ့သို့ ရေထဲမှ ပြန်ပေါ်လာကြခြင်းဖြင့် ယေရှုခရစ်တော်နှင့် တလုံးတဝတည်းဖြစ်သွားကြသည်။ သို့ကြောင့်လိုလေသေးမရှိတော့ပါ။ ထိုအကြောင်းနှင့် ပက်သတ်၍ Hodge က ဤသို့ဆိုထားသည်။

ပုံဥပမာပေးချက်သည် ဖြစ်စဉ်တခုကဲ့သို့ နောက်တခုက ချွတ်စွတ်တူညီခြင်းမဟုတ်ပါ။ သေချာသည်မှာ အကျိုးအကြောင်းဆက်နွယ်သည်။ ယုတ္တိဆန်သည်။ သို့ကြောင့် ရှေ့ကအဖြစ်အပျက်သည်အမှန်တကယ်ဖြစ်သောကြောင့် နောက်ဖြစ်အင်လည်း ထိုအတိုင်းဖြစ်သည်။”

:    နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် လူဟောင်းအား ခရစ်တော်နှင့်အတူ ကားတိုင်တွင်သတ်ပစ်ခြင်းဖြစ်သည်။ လူဟောင်းဆိုသည်မှာ အာဒံထဲမှ အမွေဆက်ခံရသောအကျင့်ဆိုး၊ အကျင့်ပုပ်၊ အဟောင်းအနွမ်းများဖြစ်သည်။ အသက်တာပြောင်းလဲသောအခါ ထိုအကျင့်ဟောင်း အကျင်ဆိုးများသည် ချွတ်ပစ်၍ အပြစ်အနာအဆာ ပြောစရာမရှိသော အဝတ်သစ်ဟူသော အသက်တာအသစ် ရရှိပါသည် (ကော ၃:၉-၁၀)။

လူဟောင်းအား ကရာနီကုန်းပေါ်တွင် ကားတိုင်တင် သည်ဆိုခြင်းမှာ အပြစ်ခန္ဓာကိုယ်ကြီး မြေမြှုပ်ပစ်ခြင်းဖြစ်သည်။ သို့သော် လူ့ခန္ဓာကိုယ်ကြီးကို ဆိုလိုသည်မဟုတ်။ ဆိုးညစ်သော လူ့အတ္တရုပ်လုံးကြီးကို ဆိုလိုသည်။ အပြစ်ခန္ဓာကိုယ်အား စွန့်ပစ်သည် ဆိုခြင်းမှာ မိမိရုပ်ခန္ဓာအားအသက်တာ အသစ်တွင် ထိန်းကျောင်းသည်ဟု ဆိုလိုသည် ။ ကောက်ချက်ဆွဲရလျှင် အပြစ်၏စိုးမိုးအုပ်ဆိုးခြင်း သံကွန်ချာအား ချိုးဖျက်ပစ်လိုက်ပြီ။ အပြစ်၏ ကျေးကျွန်မဟုတ်တော့ပါ။

:    ခရစ်တော်နှင့် အတူသေခံသောကြောင့် အပြစ်အောက်မှ လွတ်မြောက်သွားသည်။ ဥပမာ လျှပ်စစ်ဆုံလည်ပေါ်တွင် သေဒဏ်ပေးခံရသူသည် အသက်သေဆုံးသည်နှင့် တပြိုင်နက် သေဒဏ်မှ လွတ်မြောက်( ဖြောင့်မတ်)သွားသည်။ အပြစ်ဒဏ် ခံရပြီးသောကြောင့် ထိုအမှုလည်းအဆုံးသတ်သွား၍ အမှုပိတ်သွားသည်။

ယခုယေရှုနှင့် အတူကရာနီကုန်းပေါ်တွင် အသေခံကြပြီ။ အပြစ်ဒဏ်ကျခံရသည်သာမက၊ ထိုအမှုအခင်းလည်း ပြီးဆုံးအမှုပိတ်သွားသည်။ အပြစ်၏ချုပ်နှောင်မှုအောက်တွင် မရှိကြတော့ပါ။

:    ခရစ်တော်နှင့် အတူသေခြင်းသည် သစ္စာတရားဖြစ်သည်။ တဖက်တွင်မူ ယေရှုနှင့်အတူ ပြန်လည်အသက်ရှင်သည်။ အပြစ်၌သေကြေရ၍ ဖြောင့်မတ်ခြင်းသို့ ပြန်ရှင်ကြသည်။ အပြစ်တံခါးပိတ်သွားပြီ။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း၌ အသက်ရှင်ရသည်။ ထာဝရအသက်ရှင်ရသည် ဖြစ်၍ နာမတော်ကို ချီးမွမ်းကြပါစို့။
:    ယုံကြည်ခြင်းဟူသည်မှာ သခင်ခရစ်တော် နောက်တကြိမ် အသေခံခြင်းမရှိဟူသောခံယူချက် ဖြစ်သည်။ သေခြင်းတရားသည် ခရစ်တော်ကို မလွှမ်းမိုးနိုင်။ သုံးရက်သုံးညသာ စိုးမိုးခဲ့သည်။ သို့သော် ယခုမှာ ထိုသေခြင်းတရားသည် ထာဝရ ဝေးလွင့်ခဲ့သည်။ နောက်တဖန်လာရောက်စရာ အကြောင်းမရှိတောပါ။

:၁၀   သခင်ခရစ်တော်အသေခံခြင်းသည် တကြိမ်တစ်ခါတည်းနှင့် လူသားအားလုံးအတွက် အပြီးအစီး အသေခံပေးဆပ်ခြင်းဖြစ်သည်။ အပြစ်၏ အဖိုးအခကို ပြန်လည်ပေးဆပ်ခဲ့သည်။ သေခြင်းအမှုအရာ အားလုံးကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် နောက်တကြိမ်လှည့် ကြည့်စရာမလိုပါ။ ယခု ထိုခရစ်တော်သည် ဘုရားသခင်နှင့်အတူ အသက်ရှင်နေသည်။ ဘုရားသခင်ထံတော်၌ ထာဝရစိုးစံနေပြီး အသစ်သောပတ်ဝန်းကျင်အသစ်၌ စိုးစံသည်။ အပြစ်မဝင်ရောက်နိုင်သော လုံခြုံသည့်နေရာဖြစ်သည်။

သင်ခန်းစာရှေ့ဆက်မသွားမီ၊ ပြီးခဲ့သောအပိုဒ် ငယ် (၁၀)ခုကို ပြန်လှည့်ကြည့်ရအောင်။ ယေဘူယျခြုံလိုက်လျှင် စင်ကြယ်ခြင်းအကြောင်းဖြစ်သည်။ ခရစ်တော်နှင့်အတူ အပြစ်သား ဘဝဟောင်းသေသွားပြီ။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့်အတူ ဘဝအသစ်ဖြင့်ထကြသည်။ ဘုရားသခင်ရှေ့တော်၌ စင်ကြယ်သူများဖြစ်ကြသည်။ ထိုအကြာင်းကို နှစ်ခြင်းမင်္ဂလာခံယူခြင်းပုံသွင်းထားသည်။ အာဒံထံမှ ရရှိသောဘဝလက္ခဏာသည် ခရစ်တော်အသေခံရာ၌ပါဝင်သွားပြီ။ လူဟောင်းပုံလက္ခဏာက သေမိန့်ချမှတ်ခဲ့ပြီ။ ယခု ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ခြင်းဘဝအသစ်ကို ခံကြပြီ။ အပြစ်၏စိုးမိုးအုပ်ချုပ်မှုတခန်းရပ်သွားပြီ။ ယခုယေရှုခရစ်တော်၌ လွတ်လပ်သူများဖြစ်ကြရပြီ။

:၁၁  အသစ်သောအသက်တာတွင် သမ္မာတရားနှင့်အညီ ဆက်လက်ရှင်သန်ကြမည်။ လက်တွေ့ဘဝ အသက်တာတွင် ရှင်သန်ရမည့်အကြောင်း ဆက်လက်လေ့လာကြပါစို့။ အပြစ်ထဲတွင် သေလွန်ခဲ့ကြပြီး သခင်ယေရှုခရစ်နှင့် အတူ ဘုရားသခင်၌ အသက်ရှင်နေကြရကြောင်း ဆင်ခြင်သိမှတ်ရမည်။

          ဆင်ခြင်သိမှတ်ခြင်း ဆိုသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်ခံ၍ ထိုနှုတ်ကပတ်တော်အလင်းထဲမှာ အသက်ရှင်ခြင်းဖြစ်သည်။ ထိုအကြောင်းကို Ruth Poxson က ဤသို့ဆိုသည်။

(ရော ၆:၆) တွင်ဖော်ပြသော နှုတ်ကပတ်တော်ကို မိမိကယ်တင်ခြင်း သမ္မာတရားအဖြစ် လက်ခံရင်ဝယ်ပိုက်ရသည်။ အမှန်တကယ် ဝန်ခံယုံကြည်ရမည်။ ဘုရားသခင်လက်တွင်ရပ်တည်သောအခါ ထိုလူဟောင်းသည် ခရစ်တော်နှင့်အတူကားတိုင်ပေါ်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရမည်။ ယုံကြည်ခြင်းရှိလျှင် ကျေးဇူးတော်အစဉ်ဆက်မပြတ် စောင့်ထိန်းပါသည်။ စိတ်နှလုံးထဲမှ လေးနက်စွာ ဆင်ခြင်သိရှိထားဖို့ လိုသည်။ သို့မဟုတ်လျှင် ဘုရားသခင်၏အပြစ်စီရင်ခြင်းခံရမည်။ ထိုလူဟောင်းသည် ကျွန်ုပ်တို့မဟုတ်တော့ပါ။ အဟောင်းမှာနေရစ်ခဲ့ပြီ။ ယခုမူဘဝသစ်စနေရပြီ။ စင်ကြယ်ခြင်းအသက်တာအသစ်၌ လျှောက်လှမ်းခြင်း၏ ပထမဆုံးအဆင့်မှာ  “လူဟောင်း” အား လက်ဝါးကပ်တိုင်သို့ ပို့ပစ်ခဲ့ခြင်းဖြစ်သည်။

မိမိကိုယ်ကိုအပြစ်၌ သေလွန်ကြောင်းသိမှတ်သူသည် စုံစမ်းနှောင်ယှက်ခြင်းကို ပြန်လည်တုံ့ပြန်နိုင်သည်။ တနေ့သောအခါ သြဂတ်စတင်းကို သူ့အသက်တာမပြောင်းလဲခင်က ရည်ငံခဲ့သော အမျိုးသမီးတဦးလာရောက် ချဉ်းကပ်သည်။ ထိုအမျိုးသမီးကိုတွေ့လျှင် တွေ့ချင်းချာကနဲ လှည့်ထွက်သွားသည်။ “ဟေ့သြဂတ်စတင်း ကျွန်မလေ၊ ကျွန်မ မမှတ်မိဘူးလား” ဟု တကြော်ကြော် လိုက်ခေါ်သည်။ “ဟုတ်ပါသည်၊ ကျွန်တော် သြဂတ်စတင်းပါ၊ ဒါပေမယ့် အရင်သြဂတ်စတင်း မဟုတ်တော့ပါဘူး” ဟုဆိုလိုက်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၌ ရှင်သန်ခြင်းတွင် လူဇာတိမပါရှိပါ။ လူ့ဇာတိကို သင်္ဂြိုဟ်မြှုပ်နှံ လိုက်ပြီဟုဆိုခြင်းဖြစ်သည်။ လူသေသည်အကျင့်ဆိုးမုသားစကား၊ အတင်းအဖျင်း၊ လှည့်ဖျားခြင်းအပါအဝင် အကျင့်ပျက်များ မလုပ်နိုင်ပါ။

အသက်တာအသစ်ဆိုသည်မှာ ခရစ်တော်နှင့် အတူ ဘုရားရှေ့၌အသက်ရှင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ စင်ကြယ်သောဘဝ၊ ဆုတောင်းခြင်း၊ ကိုးကွယ်ခြင်းအမှုတော် ဆက်ကပ်ခြင်းအသီးအပွင့်များသီး ခြင်းဖြစ်သည်။

:၁၂   အပြစ်သား လူဟောင်းကို ကားတိုင်ပေါ်ပို့ဆောင် သတ်ပစ်ပြီးဖြစ်သောကြောင့် မိမိတို့အသက်တာကို ထိုလူဟောင်းက အုပ်စိုးမင်းမူခြင်းမပြုနိုင်တော့ပါ။ အပြစ်လက်အောက်မှ လွတ်မြောက်သွားကြပြီ။ တစ်ခါကတဘဝ ဇာတ်သိမ်းခဲ့ပြီ။ ယခုသမ္မာတရား၌ ကျင်လည်ရပြီ။ မိမိတို့ဘဝအသက်တာထဲ၌ အပြစ်တဖန်ဝင်ရောက်ခွင့် မရှိတော့ပါ။ ကရာနီကုန်းပေါ်မှာ အပြစ်နိဂုံးချုပ်ခဲ့ပြီ။ ထို့ကြောင့် ဘဝအသက်တာအသစ်စရတော့မည်။ သို့သော်ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ ဘုရားသခင်ကစင်ကြယ်နိုင်သော်လည်း ကာယကံရှင်ကလိုလားစွာ ပါဝင်လုပ်ဆောင်ဖို့လိုသည်။ ဘုရားသခင်က အပေးအယူမျှရသည်။ အမေးနှင့်အဖြေ၊ အခေါ်အထူးညီရသည်။

:၁၃  ဤအခန်းအဓိက တတိယသော့ချက်စကားလုံး ဆက်သခြင်းကို ဆက်လက်လေ့လာကြည့်ကြပါစို့။ မိမိခန္ဓာကိုယ်အား ဆိုးသွမ်းမိုက်မဲခြင်း၏ လက်နက်ကရိယာ တန်ဆာပလာဖြစ်အောင် စာရင်းပေးရေးသွင်းရသည်။ ဘုရားသခင်ထံတော်၌ ဖြောင့်မတ်ခြင်းပါဝင်ဖို့ စာရင်းရေးမှတ်စေရသည်။ သေခြင်းမှပြန်လည် ထမြောက်သောအခါ အသစ်သော အသက်တာလျှောက်လှမ်းသူများ (၆:၄) ဖြစ်ကြရသည်။

:၁၄  ဤကျမ်းပိုဒ်တွင် အပြစ်တရားက ယုံကြည်သူများအား မလွှမ်းမိုးနိုင်သည့်အကြောင်း ရှင်းပြထားသည်။ မလွှမ်းမိုးနိုင်သည့်အကြောင်းမှာ အပြစ်တရားသည် ခရစ်တော်နှင့်အတူကားတိုင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ဒုတိယအချက်မှာ ယုံကြည်သူများအား ပညတ်တော်တရားအောက်မှမနေ၊ ကျေးဇူးတော်မှာ နေရသူများဖြစ်သည်။

ပညတ်တော်တရားအောက်မှာ ရှိသူသည် အပြစ်တရားလက်အောက်၌ ရှိသူဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကဆောင်ရန်နှင့် ရှောင်ရန်ပြဌာန်းပေးသော်လည်းဆောင်ရမည့်ရှောင်ရမည့် အစွမ်းတန်ခိုးကိုမူမပေး။ ထို့အပြင် လူ့သဘောသဘာဝအရ လုပ်ချင်ကိုင်ချင်သော အကြောင်းအရာများကို တားမြစ်ထားသည်။ “တားမြစ်သောအသီးသည်ချို၏” ဟု ဆိုရိုးစကားရှိခဲ့သည်မဟုတ်လော။

ကျေးဇူးတော်အောက်၌ရှိသူမူကား အပြစ်တရားကမစိုးမိုးနိုင်။ ယုံကြည်သူသည် အပြစ်ထဲ၌သေလွန်ခဲ့ပြီ။ ယခုသန့်ရှင်းသောဝိညာဉ်တော်ခံယူရပြီး စင်ကြယ်သော အသက်တာ၌ကျင်လည်ရသည်။ အပြစ်ဟောင်းအတွက် အပြစ်ဒဏ်ကိုလည်း တွေးပူစရာမရှိ။ ကယ်တင်ရှင်သခင်၏ ချစ်ခြင်မေတ္တာဖွဲ့နှောင် ရပြီ။ ကျေးဇူးတော်သည် ဖြောင့်မတ်စင်ကြယ်ခြင်းကိုသာ ဖြစ်ထွန်းစေပါသည်။ Denney က “မိမိကိုယ်ကို ချုပ်တည်းခြင်းမဟုတ်ပါ။ အပြစ်မှ လွတ်မြောက်ခြင်းဖြစ်သည်။ သိနာတောင်လည်းမဟုတ်ပါ။ သန့်ရှင်းသူများ ဖြစ်မြောက်စေရာ ကရာနီတောင်ကုန်းဖြစ်သည်” ဟုဆိုထားသည်။

:၁၅  ကျေးဇူးတော်ကို လက်မခံရဲသူသည် အပြစ်လိုင်စင်ကို ကိုင်ဆောင်ထားသူများဖြစ်သည်။ ထိုစကားကို ပေါလုက အထက်တွင် မေးခွန်းဖြင့် ရှုတ်ချထားပါသည်။ ကျေးဇူတော်အောက်၌ရှိသောသူသည် ပညတ်တရားတော်မှ ကင်းလွတ်သော်လည်း တရားမရှိ။ ဓါးမရှိမင်းမဲ့ စရိုက်ပြုကျင့်ခြင်းမဟုတ်။ ကျေးဇူးတော်ဆိုသည်မှာ လွတ်လပ်စွာ ဆက်ကပ်နိုင်ခွင့်ဖြစ်သည်။ အပြစ်ပြု၍ ကိုယ်တော်အားဆန့်ကျင်ရန်မဟုတ်။

(၆:၁) တွင် “အပြုဆက်လုပ်ခွင့်ပြုသလား” ဟုမေးထားသည်။ ဤနေရာတွင် အသေးအဖွဲ့အပြစ်လုပ်ခွင့်ရှိသလား ဟုမေးပြန်သည်။ အမေးနွားကျောင်းသား၊ ဖြေဘုရားလောင်းပုံစံဖြင့် “လုံးဝမလုပ်ရ” “လုံးဝခွင့်မပြု” ဟုဖြေပါသည်။ ဘုရားသခင်သည် မည်သည့်အပြစ်တစုံတရာမှ ခွင်မလွှတ်ပါ။

:၁၆  မိမိအသက်တာတွင်တစုံ တခုအားအရှင်သခင်အဖြစ်ထားရှိပါက ထိုအရှင်သခင်၏ကျွန်အဖြစ် အလိုလိုရောက်ရှိသွားပါသည်။ ထိုကဲ့သို့အပြစ်တခုခုကို ရည်ဆောင်ပါက ထိုသူသည် အပြစ်၏ကျေးကျွန်ဖြစ်သွားသည်။ ထာဝရသေခြင်းက လက်ကမ်းစောင့်ကြိုနေသည်။ အခြားတဘက်တွင်မူ ဘုရားသခင်ကိုနာခံခြင်းရှိလျှင် စင်ကြယ်သော အသက်တာရရှိသည်။ အပြစ်၏ကျေးကျွန်သည် စိုးရိမ်ခြင်း၊ စိတ်ဆင်းရဲခြင်းများနှင့် အမြဲနှစ်ပါးသွားနေရသည်။ ဘုရား၏သားသမီးမူကား အသစ်သောအသက်တာ၌ ချစ်ခြင်းမေတ္တာခံယူရသည်။ လွတ်လပ်ခွင့်ရှိလျှက်နှင့် အဘယ်ကြောင့်ကျွန်ခံရမည်နည်း။

:၁၇  တချိန်ကအပြစ်၏ ကျေးကျွန်ဖြစ်ခဲ့ကြသော်လည်း ခရစ်တော်၌မွေ့လျော်ခွင့်ရသော  ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါသည်။

          :၁၈  မှန်ကန်သောအယူဝါဒက မှန်ကန်သော တာဝန်ဝတ္တရားကို ပြပါသည်။ အပြစ်သခင်အောက်မှ လွတ်မြောက်သူများသည် ဖြောင့်မတ်စင်ကြယ်ခြင်း၏ ကျွန်များဖြစ်ကြသည်။ အပြစ်ကျွန်မှလွတ်မြောက်ခြင်း ဆိုသည်မှာ နောက်တကြိမ် အပြစ်မလုပ်ဟု အာမခံချက်မဟုတ်။ အပြစ်သား အမူအကျင့်မရှိဟု ဆိုလိုခြင်းမဟုတ်။ အပြစ်အောက်မှ လွတ်မြောက်၍ တန်ခိုးရှိသော အသက်တာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

:၁၉  အပိုဒ်ငယ် (၁၈) တွင် ဖြောင့်မတ်ခြင်း၏ ကျေးကျွန်ဟု ဆိုထားပါသည်။ သို့သော်လည်း အမှန်စင်စစ်တွင် ကျွန်ပြုခြင်းမဟုတ်ပါ။ ဖြောင့်မတ်စွာနေထိုင်ခြင်းဖြစ်သည်။ အများသူငါပြုသကဲ့သို့ ကျွန်ုပ်ပြုခြင်းမဟုတ်ပါ။ “ဒုစရိုက်ပြုသောသူသည် ဒုစရိုက်၏ကျေးကျွန်ဖြစ်သည်။ သို့သော်သားတော်က လွှတ်လျှင်အမှန်ဧကန်လွတ်ကြမည်” (ယော ၈:၃၄-၃၆)။

ကျွန်ုပ်နှင့်သခင်ဟု ပုံဥပမာပေး ရှင်းပြထားသည်။ ဆိုလိုသည်မှာ ကျွန်နှင့်သခင်သည်ခွဲ၍ မရ၊ တပူးပူးတတွဲတွဲရှိနေရသကဲ့သို့ ဖြောင့်မတ်ခြင်းနှင့် ယုံကြည်သူလည်းတ ပူးပူးတွဲတွဲ နေရမည့်အကြောင်းဖြစ်သည်။ အဘယ်ကြောင့်ဟူမူ လူသည်ပင်ကိုယ်အားဖြင့် ဇာတိအသွေးအသားရှိသောကြောင့် အားနည်းချက်ရှိသည်။ တမျိုးပြောရလျှင် လူ့အသိဉာဏ်နှင့် ဝိညာဉ်ရေးရာပေါင်းရန် အခက်အခဲရှိသည်။

အသက်တာပြောင်းလဲခြင်းမရှိမီ၊ ယုံကြည်သူသည် လူ့ခန္ဓာကိုယ်အား မစင်ကြယ်သူဖြစ်ကြောင်း၊ ဝန်ခံရမည်။ အသက်တာပြောင်းလဲပြီးသောအခါတွင်မူ ဖြောင့်မတ်ခြင်း၏ ကျွန်ဖြစ်ကြောင်းခံယူရမည်။

:၂၀  အပြစ်၏ကျေးကျွန်ဘဝမှ လွတ်မြောက်ရန်တခုတည်းသောနည်းလမ်းမှာ ဖြောင့်မတ်ခြင်း၏ ကျွန်သို့ ကူးပြောင်းခြင်းဖြစ်သည်။ ဆိုးညစ်ခြင်း အရာ ခပ်သိမ်းမှ ကင်းလွတ်ရသည်။

:၂၁   ဤကျမ်းပိုဒ်က အပြစ်သားဘဝတွင် စိမ်ခေါ်သည်။ အပြစ်သားဘဝတွင် မည်သည့် အသီးအပွင့်များ သီးပွင့်နိုင်သနည်း။ ပြန်ကြည့်ပါ။ ကယ်တင်ခြင်းမရမီကာလတွင် မည်သည့်အသီးမှ မသီးပွင့်သည်ကို တွေ့ရမည်။ အရှက်ရဖွယ်ရာသာဖြစ်သည်။ ထိုအားနည်းချက်ကို Marcus Rainford က ဤသို့ဆိုထားပါသည်။

(၁) အစွမ်းသတ္တိမရှိခြင်း (၂) ခပ်ညံ့ညံ့ကို ကြိုက်ခြင်း (၃) အချိန်ဖြုန်းတီးခြင်း (၄)တလွဲဆံပင်ကောင်းခြင်း(၅)မိတ်ကောင်းဆွေကောင်းမရှိခြင်း(၆) ရင်းနှီးမြှုပ်နှံချက်မကောင်းခြင်း

(၇)မေတ္တာခေါင်းပါးခြင်း၊ အထူးသဖြင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နားမလည်နိုင်ခြင်းတို့ဖြစ်သည်။ ခပ်တိုတိုပြောရလျှင် အရှက်ရခြင်း ဖြစ်သည်။

ထိုအပြစ်၏ လမ်းဆုံးသည် သေခြင်းဖြစ်သည်။ A.T.Pierson က “သေရွာလမ်းသွားကြ၍ အဆုံးတွင် သေခြင်းပန်းတိုင်ရောက်ကြသည်” ဟုဆိုသည်။

:၂၂   အသက်တာပြောင်းလဲခြင်းသည် လူ့ဘဝတခုလုံးကို လုံးဝပြုပြင်ပြောင်းလဲစေပါသည်။ အပြစ်ဒုစရိုက်၏ ကျွန်မှလွတ်မြောက်လျက် ဘုရားသခင်ထံတွင် လူလွတ်ဖြစ်သွားသည်။ အချုပ်အနှောင်ဘဝမှ ထာဝရအသက်၊ ဖြောင့်မတ်သော အသက်တာသို့ ပြောင်းလဲသွားသည်။ ယုံကြည်သူ၏ ဖြောင့်မတ်ခြင်း အသက်တာသည် ရှင်ပြန်ထမြောက်တော်မူသော ခန္ဓာကိုယ်ကဲ့သို့ ဘုန်းတန်ခိုးပြည့်ဝသည်။

:၂၃   ဤကျမ်းပိုဒ်ကို ဤသို့ယှဉ်ပြထားသည်။

သခင်နှစ်ပါး-အပြစ်နှင့်ဘုရား

နည်းလမ်းနှစ်-အဖိုးအခနှင့်အခမဲ့လက်ဆောင်

ရလာဒ်နှစ်ခု-သေခြင်းနှင့် ထာဝရအသက်

ထာဝရအသက်ဆိုသည်မှာ သခင်ယေရှုခရစ်တော်ပေါ်တွင် တည်ရှိသောကြောင့် ရရှိခြင်းဖြစ်သည်။ ခရစ်တော်၌ တည်မီသူတိုင်းရရှိကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။