TWB - The Wise Believers ဆိုတာဘာလဲ

TWB – The Wise Believers ဆိုတာ ပညာသတိရှိသောယုံကြည်သူများ လို့အမည်ရပါတယ်။ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇း၂၄-၂၅၊ ၂၅း၄ ရှိ ကျောက်ပေါ်တွင် အိမ်ဆောက်သည်ပညာရှိနှင့်၊ ပညာသတိရှိသောသတို့သမီး ၅ယောက်ကိုပုံဆောင်ယူထားခြင်းဖြစ်ပါတယ်။

TWB - The Wise Believers လို့ ဘာလို့ နာမည်ပေးတာလဲ။

ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းခေတ်ကာလတွေကနောက်ဆုံးသောကာလကိုဦးတည်နေပြီဖြစ်ပါတယ်။သမ္မာကျမ်းစာဖေါ်ပြထားချက်အရကျွန်တော်တို့ကယ်တင်ရှင်ယေရှုခရစ်တော်ဟာကျွန်တော်တို့မသိသော၊သတိမမူမိသောအချိန်တွင်ကြွလာမှာဖြစ်တယ်။ဒီလိုအခြေအနေတွေကိုသတိမူကြပြီးမိမိတို့အသက်တာတွေမှာ”ဆီ”တွေဖြည့်ထားဆောင်ထားကြပြီးပညာသတိရှိစွာဖြင့်အသက်ရှင်ကြဖို့ဖြစ်တယ်။ ဒါ့အပြင် မိမိတို့အသက်တာတွေကို ပညာရှိသောယုံကြည်သူများအဖြစ်အသက်ရှင်ကြဖို့ ကျောက်ပေါ်တွင် အိမ်ဆောက်သော ပညာရှိကဲ့သို့ အသက်ရှင်သွားကြဖို့ TWB – The Wise Believers (ပညာသတိရှိသောယုံကြည်သူများ)အမည်ကိုပေးထားခြင်းဖြစ်ပါတယ်။