ဗျာဒိတ်ကျမ်း - ၉
ဗျာဒိတ်ကျမ်း - ၉ (အနက်ဖွင့်)
၉:၁–၂ ကောင်းကင်ပေါ်က ကြယ်ကျလာသည် ဆိုသည်မှာ စာတန်ကိုယ်တိုင် ဖြစ်သည်။ ငရဲအဝီစိတွင်းသို့သွားဖို့ သော့ပေးလိုက်၏ (abyss in GK) ထိုနေရာသည် မကောင်းဆိုးဝါးများ တိုင်းပြည်ဖြစ်သည်။ ထိုအဝီစိငရဲပြည်တံခါး ဖွင့်သောအခါ မီးခိုးများအူထွက်လာသဖြင့် ပတ်ဝန်းကျင်တခုလုံး မှောင်မိုက်သွား၏။
၉:၃–၄ ဂျိုင်းကောင်အုပ်သည် ထိုမီးခိုးမီးငွေ့များ အကြားမှ ပလူပျံလာကြသည်။ ကင်းမြီးကောက်အဆိပ်မျိုးလည်း ရှိကြသည်။ သို့သော် ၎င်းတို့တန်ခိုးအစွမ်းကို အရမ်းကာရော သုံးခွင့်မရကြ။ သီးနှံမြက်စိမ်းပင်များကို ဒုက္ခမပေး။ နဖူးတွင် တံဆိပ်ခတ်နှိပ်ခြင်း မခံရသော မယုံကြည်သူများကိုသာ အန္တရာယ်ပေးသည်။
၉:၅–၆ သို့သော် ထိုဂျိုင်းကောင်များ မှောင့်ဒဏ်သည် သေလောက်သော ဒဏ်ရာ မဟုတ်။ ကင်းမြီးကောက်မှောင့်ခြင်း ဒဏ်ရာကဲ့သို့သာ နာ၍(၅)လခံသည်။ လူကိုသေစေလိုကြသော်လည်း ထိုမျှလောက် အဆိပ်မပြင်း။ ထိုဂျိုင်းကောင်များသည် အဝီစိတွင်းမှ မကောင်းဆိုးဝါးများက လွှတ်ခြင်းဖြစ်၍ ကယ်တင်ခြင်း မရသော မယုံကြည်သူများအား ဒုက္ခပေးရန်ဖြစ်သည်။ ခန္ဓာကိုယ်အား ဒက္ခပေး၍ စိတ်အနှောင့်အယှက် ပေးရန်ဖြစ်သည်။ မာ ၅:၁-၂၀ ပါ နတ်ဆိုးစွဲပုံ ဥပမာအတိုင်းဖြစ်သည်။
၉:၇ ထိုဂျိုင်းကောင်များ၏ ပုံစံမှာ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာစစ်သူရဲများ ပုံစံဖြစ်သည်။ တိုက်ပွဲဝင်မည့် မြင်းကဲ့သို့ ဇောင်းထနေသည်။ ရွှေသရဖူဆောင်းထားသကဲ့သို့ ကြွတက်၍ လူများကို အုပ်စိုးတော့်မည့်ဟန်ဖြစ်သည်။ လူ့မျက်နှာပုံစံရှိ၍ အသိဉာဏ်ပါးနပ်သည်။
၉:၈–၁၀ သူတို့အမွှေးအမျှင်သည် မိန်းမဆံပင်ကဲ့သို့ ရှည်လျား၍ ဆွဲဆောင်မှုရှိသည်။ မျက်စိပသာဒ ကျစရာဖြစ်သည်။ ခြင်္သေ့သွားရှိ၍ တမြေ့မြေ့ဝါးဖို့ အံတကြိတ်ကြိတ် ပြင်ဆင်နေကြသည်။ ရင်ဘတ်ကို သံချပ်ကာသဖွယ် ကျည်ကာဝတ်ဆင် ထားသဖြင့်တိုက်ခိုက်ရန် ခက်ခဲသည်။ တောင်ပံခတ်သံများသည်လည်း တဝီဝီမြည်နေ၏။ ကြောက်ရွံ့ထိတ်လန့် စရာဖြစ်သည်။ အမြီးများသည် ကင်းမြီးကောက် ကဲ့သို့ရှိသဖြင့် စိတ်ဓာတ်မာကြောလျက် ယုံကြည်မှု အပြည့်အဝ ရှိကြသည်။ သူတို့ မှောင်ဒဏ်(၅ လခံရသည်ဆိုသည်မှာ ဝေဒနာခံစားရမည်ဟုဆိုလိုသည်။
၉:၁၁ သူတို့မှာလည်း ဟေဗြဲဘာသာဖြင့် အဗဒ္ဒုန်ဟုခေါ်သော ရှင်ဘုရင်ရှိသည်။ အဗဒ္ဒုန်ဆိုသည်မှာ ဖျက်ဆီးခြင်းဖြစ်သည်။ (ဂရိစကားဖြင့် apollyo-n) အားလုံးကောက်ချက်ဆွဲလိုက်လျှင် စာတန်ကို ရည်ညွှန်းကြောင်းနားလည်ရသည်။
၉:၁၂ အမင်္လာတပါး လွန်မြောက်ပြီး၍ အမင်္ဂလာနှစ်ပါးလာဦးမည်။ သူ့ထက်ငါ လူစွမ်းကောင်းများဖြစ်သည်။
၉:၁၃–၁၅ ဘုရားသခင် ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်ဆိုသည်မှာ အဖိနှိပ်ခံဘုရားသခင်၏ လူများဖြစ်သည်။ ဆဌမ တံပိုးသံက ဥဖရတ်မြစ်ကြီး နားမှာ ချည်နှောင်ထားသော ကောင်းကင်တမန် လေးပါးကို စေလွှတ်ခိုင်းလိုက်သည်။ ထိုကောင်းကင်တမန်လေးပါးဆိုသည်မှာ လူသုံးစုတစုကို အသေသတ်ရန် နောက်ဆုံးအချိန် စောင့်ဆိုင်းနေသော စာတန်ဆိုးများဖြစ်နိုင်သည်။
၉:၁၆–၁၇ မြင်းများနှင့် ရင်ဘတ်များတွင် ကန့်၊ မီး၊ ဝှာကိနုကျောက်များဖြင့် ပြုလုပ်သော ကျည်ကာချပ်ဝတ်တန်ဆာ ဝတ်ဆင်သော မြင်းစီးသူရဲကောင်း နှစ်သင်္ချေ၁၉ ပေါ်ထွက်လာမည်။ မြင်းခေါင်းများသည် ခြင်္သေ့ကဲသို့ မာန်ဝင့်၍ ပါးစပ်များသည်လည်း မီးဟုန်းဟုန်းတောက်လောင်သည်။ ကန့်မီးရှို့ထားသကဲ့သို့ အငွေ့တလူလူထွက်နေသည်။
၉:၁၈–၁၉ ဤကန့်၊ မီးလျှံ၊ မီးခိုးသည် လူသုံးစုတစုကို သတ်သေစေသော ရောဂါဆိုး(၃)ဆမျိုးဖြစ်သည်။ ထိုမြင်းများသည် ပါးစပ်အားဖြင့်သာ လူကိုသေစေကြသည်မဟုတ်၊ မြီးနှင့်လည်းဒုက္ခပေးတတ်သည်။
မဖြေနိုင်သော မေးခွန်းများစွာရှိသည်။ ကောင်းကင်တမန်များသည် ၇:၁ နှင့်အတူတူလား။ မြင်းစီးသူရဲကောင်းဆိုသည်မှာ လူတွေလား၊ ရောဂါပိုးများလား (သို့) အဖျက်ဒုစရိုက်များလား။ မီး၊ မီးခိုးနှင့် ကန့်များသည် မည်သည့် ရောဂါဆိုးများကို ဆိုလိုသနည်။
မြင်းနှင့်မြင်းစီးသူရဲများသည် သေခြင်းမရဏများကို ယူဆောင်သူများမဟုတ်ပါ။ ဆရာကြီးတပါးက “ထိုမြောက်များလှစွာသော မြင်းစီးသူရဲများသည် အရှေ့ကလာသော မကောင်းဆိုးဝါး ဒုစရိုက်များကို ဆိုလိုဟန်တူသည်” ဟုဆိုထားသည်။ Hamilton Smith ကမူ-
“သူတို့တန်ခိုးသည် ပါးစပ်ထဲမှာ ရှိသည်ဟု ဆိုထားသောကြောင့် အပြောကြွယ်ကြွယ်၊ မူယာမာယာဖြင့် လိုက်လံဖျက်ဆီးသူများကို ရည်ညွှန်သည်။ အမြီးတွင် အဆိပ်ရှိသည်ဟု ဆိုလေရာ စာတန်၏ လက်နက်သဘောဖြစ်၍ မြွေဟောက်ကဲ့သို့ အဆိပ်ပြင်းသည်” ဟုဆိုထားသည်။
၉:၂၀–၂၁ သို့သော်လည်း သုံးပုံနှစ်ပုံသောလူများသည် ထိုရောဂါဆိုးများနှင့် မကြုံကြိုက်သော်လည်း နောင်တရခြင်းမရှိ၊ စာတန်ရှေ့မှာ ဒူးထောက်လျက်၊ အသက်မရှိသော ရုပ်တုဆင်းတုကို ကိုးကွယ်မြဲ ကိုးကွယ်နေသည်။ လူသတ်မှု၊ ပြုစားခြင်း(မူးယစ်ဆေးဝါးလည်းပါသည် ၂၁) မတရားသော မေထုန်နှင့် ခိုးမှုများကို လုပ်မြဲလုပ်နေကြသည်။ မည်သည့် အပြစ်ဒဏ်နှင့် ဆင်းရဲဒုက္ခကမှ သူတို့အကျင့်စရိုက်များကို မပြုပြင်ပေးနိုင် အသစ်တဖန် မွေးဖွားခြင်းကသာ ပြုပြင်ပေးနိုင်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။