ဗျာဒိတ်ကျမ်း - ၁၀
ဗျာဒိတ်ကျမ်း - ၁၀ (အနက်ဖွင့်)
(စ) တန်ခိုးတော်ကောင်းကင်တမန်နှင့် စာချွန်တော် (အခန်း ၁၀–၁၁)
၁၀:၁ တန်ခိုးတော်နှင့် ပြည့်စုံသော အခြားကောင်းကင်တမန် ဆင်းသက်လာကြောင်း ယောဟန်မြင်ရသည်။ ထိုသူသည် သခင်ယေရှုဖြစ်မည်ဟု ယုံကြည်သူတိုင်းက ထင်မှတ်ကြသည်။ ခေါင်းပေါ်တွင် ဘုရားသခင်၏ ပညတ်တော်သက်တံ့ရှိသည်။ မျက်နှာသည်လည်း နေကဲ့သို့ တောက်ပသည်။ ခြေထောက်များသည် မီးခဲကဲ့သို့ တောက်နေ၏။ တိုင်ဆိုသည်မှာ ခိုင်မြဲခြင်းအားအင်ကို ဆိုလို၍ မီးဆိုသည်မှာ အပြစ်စီရင်ခြင်းကို ဆိုလိုပါသည်။
၁၀:၂ စာအုပ် (သို့) စာစောင်ငယ်ကိုင်ဆောင်ထားသည်မှာ အပြစ်စီရင်မည့် မှတ်တမ်းဖြစ်မည်မှာ မလွဲပါ။ ညာခြေထောက်ကို ပင်လယ်ပေါ်မှာ ဘယ်ခြေထောက်ကို မြေကြီးပေါ်မှာ ချထားသည်ဆိုသည်မှာ ကမ္ဘာမိုးမြေအဆုံးထိ သြဇာအာဏာလွှမ်းမိုးသည်ဟုဆိုလိုသည်။
၁၀:၃–၆ ကျယ်လောင်စွာ အော်သောအခါ မိုးကြိုးခုနှစ်ချက် ပစ်သံနှင့်ဆင်တူသည်။ ထိုသတင်းစကားကို နားလည်သော်လည်း ရေးမည်ပြုသောအခါ ကောင်းကင်တမန်က ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသည်မှာ မကြာသောနေ့ရက်တွင် အချိန်ကာလ သက်ရောက်မည်ဟု ဆိုသည်။
၁၀:၇ ဘုရားသခင်၏ နက်နဲသောအရာများသည် သတ္တမတံပိုးမှုတ်ချိန်အတွင်းမှာ ပြည့်စုံသွားမည်။ ထိုနက်နဲသော အရာတွင် ဒုစရိုက် မာရ်နတ်သမားများအား အပြစ်စီရင်ခြင်းနှင့် ဘုရားသားတော်စံမြန်းရာ နိုင်ငံတော်သို့ လားရာလမ်းပြခြင်းဖြစ်သည်။
၁၀:၈–၉ ကောင်းကင်တမန်က ထိုစာစောင်ငယ်အား စားခိုင်းသည်ဆိုခြင်းမှာ ထိုစာစောင်အား ဖတ်ရှု၍ ဆင်ခြင်အာရုံပြုရန် စေခိုင်းခြင်းဖြစ်သည်။
၁၀:၁၁ ကောင်းကင်တမန်က ပြောပြသည့်အတိုင်း ထိုစာစောင်သည် ပါးစပ်တွင် ပျားသကာကဲ့သို့ ချို၍၊ ဝမ်းထဲတွင် ခါးသည် ၊ ယုံကြည်သူများအတွက် ထိုလူသားတော် အသေခံပေးခြင်းသည် ဖတ်ချင်စဖွယ် ကောင်းလှပါသည်။ ဘုရားသခင်က စာတန်အပေါ်တွင် အောင်ပွဲခံခြင်းအကြောင်းကိုလည်း ရှုချင်စရာဖြစ်ပါသည်။ မှားယွင်းနေသော ဒုစရိုက်ကမ္ဘာကို ဖြောင့်မတ်စင်ကြယ်အောင် ပြုလုပ်ခြင်းသည် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ သို့သော် ထိုပရောဖက်ပြုချက်သည် အရသာ ခါးလည်းခါးသည်။ သမ္မာတရားက အပြစ်စီရင်ခြင်းသည် ခါးသီးပါသည်။ တယူသန် ယုဒများနှင့် အယူလွဲ ခရစ်ယာန်များအား အပြစ်စီရင်မည့်အကြောင်းသည် ဆိုးရွားပါသည်။ ကယ်တင်ရှင်အား ငြင်းပယ်သူများ ခံစားရမည့် မှောင်မိုက်ကာလသည် ခါးသီးနာကျင်လှပါသည်။
၁၀:၁၁ ဤမြင်တွေ့သမျှကို အသီးသီးဘာသာ စကားပြောသော လူအမျိုးမျိုးနှင့် ရှင်ဘုရင်များသို့ တဖန်ဆက်ပြောရမည် ဟု ကောင်းကင်တမန်က ယောဟန်အား အမိန့်ပေးသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။