ဗျာဒိတ်ကျမ်း - ၃

သာဒိအသင်းတော်သို့
1သာဒိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူ၏ အမိန့်တော်ကား၊ သင်၏အကျင့်ကို ငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။- 2မအိပ်ဘဲ စောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင်ရှေ့၌ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ။- 3ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။-မ၊ ၂၄:၄၃-၄၄။ လု၊ ၁၂:၃၉-၄၀။ ဗျာ၊ ၁၆:၁၅။ 4သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသောသူ နည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူဝတ်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။- 5ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တော်တို့ ရှေ့၌လည်းကောင်း သူ၏နာမကို ငါဝန်ခံမည်။-ထွ၊ ၃၂:၃၂-၃၃။ ဆာ၊ ၆၉:၂၈။ ဗျာ၊ ၂၀:၁၂။ မ၊ ၁၀:၃၂။ လု၊ ၁၂:၈။ 6ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
ဖိလဒေလဖိအသင်းတော်သို့
7ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။-ဟေရှာ၊ ၂၂:၂၂။ ယောဘ၊ ၁၂:၁၄။ 8သင်၏အကျင့်ကို ငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်းမူကား၊ သင်သည် အနည်းငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။- 9ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသားစကားကို ပြောသောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ ပျပ်ဝပ်စေခြင်းငှာလည်းကောင်း၊ ငါသည် သင့်ကိုချစ်သည်ဟု သိစေခြင်းငှာလည်းကောင်း ငါပြုမည်။-ဟေရှာ၊ ၄၉:၂၃၊ ၆၀:၁၄၊ ၄၃:၄။ 10သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ်တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတ္တံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကို ငါစောင့်ရှောက်မည်။- 11ငါသည် အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူမျှမယူစေခြင်းငှာ၊ ရခဲ့ပြီးသောအရာကို စွဲကိုင်လော့။- 12အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တစ်ဖန် သူသည် ပြင်သို့မရွေ့ရ။ ငါ၏ ဘုရားသခင့် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရှုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏ နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။-ဗျာ၊ ၂၁:၁။ ဟေရှာ၊ ၆၂:၂၊ ၆၅:၁၅။ 13ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
လောဒိကိအသင်းတော်သို့
14လောဒိကိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွတ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊- 15သင်၏အကျင့်ကို ငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။- 16ထိုသို့ အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။- 17သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။- 18သင်သည် ဥစ္စာရတတ်ခြင်းငှာ၊ မီးနှင့်ချွတ်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှာ ခြုံစရာဖို့၊ ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှာ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။- 19ငါချစ်သမျှသော သူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။-သု၊ ၃:၁၂။ ဟေဗြဲ၊ ၁၂:၆။ 20ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။- 21ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။- 22ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

ဗျာဒိတ်ကျမ်း - ၃ (အနက်ဖွင့်)

(သာဒိမြို့ အသင်းတော်သို့ (:)

          : သာဒိ၏ အဓိပ္ပာယ်မှာ လွှတ်မြောက်ခြင်း (သို့) အသစ်ပြုပြင်ခြင်းဟု  အနက်ရသည်။ သခင်ဘုရားက ဝိညာဉ်တော်ခုနှစ်ပါးနှင့် ကြယ်ခုနှစ်လုံးရှိသောသူဟု သူ့ကိုယ်သူ မိတ်ဆက်သည့် အသင်းတော်များထဲမှ အသင်းတော်တပါးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးဖြင့် အသင်းတော်များနှင့် သံတော်ဆင့်များအား ထိန်းချုပ်ထားပါသည်။ ထိုအသင်းတော်သည် အသက်ရှင်သော်လည်း သေနေသော အသင်းတော်ဖြစ်သည်။ ခရစ်ယာန်ဝတ် ထုံးတမ်းစဉ်လာအတိုင်း စည်းဝေးလေ့ရှိသော်လည်း အနှစ်သာရအားဖြင့် သမရိုးကျလုပ်နေကြပုံစံအတိုင်း ဝတ်ပြုစည်းဝေးလုပ်ခြင်းဖြစ်သည်။ ပုံမှန်ကားချပ်အတိုင်း ရှိခိုးခြင်းသာရှိသည်။ ဝိညာဉ်အသက်တာ စီးဆင်းခြင်းမရှိ။ တန်ခိုးအစွမ်း တောက်ပခြင်းမရှိ။

          : သခင်ဘုရားက အသစ်သော နိုးထခြင်းရှိ၍ ခွန်အားယူကြဖို့ သတိပေးသည်။ ထိုအသင်းတော်မှာ အားနည်းချက် အနည်းငယ်သာ တွေ့သော်လည်း ထိုအားနည်းချက်မှာ ရှင်လျက်နှင့် သေခြင်းဖြစ်သည်။ ဘုရားသခင်အတွက် စီမံကိန်းများ မကြာခဏ ရေးဆွဲလေ့ရှိသော်လည်း ပြီးမြောက်အောင် အကောင်အထည် ဖော်ခြင်းမရှိ။ ထို့ကြောင့် ခရစ်တော်က သေလုသောသူများကို စောင့်ရှောက်ကူညီဖို့၊ သမ္မာတရား၏ လျှို့ဝှက်ချက်ကို ဖက်တွယ်ဖို့၊ အသီးအပွင့် မဲ့ခြင်းကို နောင်တရဖို့ သတိပေးထားသည်။ အကယ်၍ နိုးကြားခြင်းမရှိလျှင် မမျှော်လင့်သော အချိန်မှာ ကိုယ်တော်ဘုရားရောက်လာပြီး အပြစ်စီရင်မည်ဟု ကြိမ်းထားသည်။

          : ထိုသို့ဖြစ်နေလင့်ကစား သာဒိအသင်းတော်မှာ ခရစ်ယာန် သက်သေလုပ်ငန်း ပပျောက်ခြင်းမရှိ။ သူတို့အဝတ်ကို မညစ်ညူးအောင်၊ လောကသားများနှင့် မရောယှက်သူ လူအနည်းစုရှိသေးသည်။ ထိုသူများသည် ဝတ်ရုံဖြူဝတ်လျက် ခရစ်တော်နှင့်အတူ လျှောက်လှမ်းခွင့် ရမည့်သူများဖြစ်သည်။

၃:၅ ထိုသူများသည် အောင်နိုင်သူများဖြစ်၍ ဖြောင့်မတ်စင်ကြယ်ခြင်း ရှိသော တကယ်ယုံကြည်သူများဖြစ်သည်။ ဆင်မြန်းထားသော ဝတ်ရုံဖြူက သူတို့အသက်သည် ဖြောင့်မတ်စင်ကြယ်သူများဖြစ်ကြောင်း ပြသပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ယုံကြည်သူများဟု အသိအမှတ်ပြုခြင်း ခံရသူများဖြစ်သောကြောင့် သူတို့နာမည်စာရင်းကိုလည်း အသက်စာစောင်မှ ရေးသွင်းမှတ်တမ်းတင်ထားသည်။

အချို့က အသက်စာစောင်ကို လူနာမည်စာရင်း ရေးမှတ်ထားသော စာအုပ်ဟု ထင်ကြသည်။ ဤရှုဒေါင့်အတိုင်းဆိုလျှင် အသစ်တဖန် မွေးဖွားခြင်းခံရသူတိုင်း အသက်စာစောင်စာအုပ်မှ အမည်စာရင်း ပယ်ဖျက်ခြင်း မပြုကြောင်း နားလည်ရသည်။

အချို့က ဝိညာဉ်အသက်တာ ရှိသူများကိုသာ ရေးမှတ်ထားသော မှတ်ပုံတင် စာအုပ်ဖြစ်သည်ဟု ယူဆကြသည်။ အသက်စာစောင်စာရင်းမှ နာမည်မပယ်ဖျက်ဟု ဆိုသောကြောင့် ကယ်တင်ခြင်းရရှိပြီး သူများသည် နောက်တဖန် ကယ်တင်ခြင်း မဆုံးနိုင်ဟု ယူမှတ်ကြသည်။ ဤရှုဒေါင့် အတိုင်းဆိုလျှင် အခြားသူများကိုလည်း နာမည်စာရင်းဖျက်ဖွယ်ရာမရှိ။

အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့် ရရှိသည်ဟု သမ္မာကျမ်းစာက သွန်သင်ထားသည်။ မိမိအကျင့်၊ အမှုဖြင့်မရနိုင်။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ယုံကြည်သူများသည် ထာဝရလုံခြုံကြောင်း (ယော ၃:၁၆၊ ၅:၂၄၊၁၀:၂၇-၂၉၀တွင် အထင်အရှား ကျမ်းစကား သက်သေရှိသည်။ ဘုရားသခင်၏ သားသမီးများ အမည်စာရင်း ပယ်ဖျက်ခြင်းက မလွှမ်းမိုးနိုင်။

ထိုအောင်နိုင်သူများကို ကောင်းကင်နိုင်ငံရှိ အဘ ခမည်းတော်က ကောင်းကင်သားများရှေ့တွင် သူတို့၏နာမကို ငါဝန်ခံမည်ဟု ကတိတော်ပြုထားသည်။

          : တဖန်သခင်ဘုရားက ဘာသာရေးထုံးစံမျှသာမဟုတ်၊ အသစ်တဖန် မွေးဖွားခြင်းရှိ၍ သတိပေး တပ်လှန့်ခြင်းကို ကြားသိနားလည်ရန် နှိုးဆော်ထားသည်။

သာဒိအသင်းတော်သည် ပြုပြင်ပြောင်းလဲပြီး ကာလတွင်ပုံမှန်၊ ထုံးစံအတိုင်း လောကရေးရာနှင့် နိုင်ငံရေးရာပုံဆောင်သည်။ ဥရောပ ပရိုတင့်စတိန်းနှင့် အမေရိက ကိုလိုနီနိုင်ငံများ၏ ဦးဆောင်မှုပုံစံအတိုင်းဖြစ်သည်။

(ဖိလဒေလဖိမြို့ အသင်းတော်သို့ (:၁၃)

          : ဖိလဒေလဖိဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ ညီအစ်ကိုမောင်နှမများ၏ ချစ်ခြင်း မေတ္တာဟု အနက်ရသည်။ ဤအသင်းတော်အား သခင်ယေရှုက သန့်ရှင်းသူ၊ ဟုတ်မှန်သူ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သောသူ၊  အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူဟု ခေါ်ဝေါ်နှုတ်ခွန်း ပဏ္ဍာဆက်ထားသည်။

တမျိုးပြောရလျှင် ထိုအသင်းတော်သည် အုပ်ချုပ်စီမံ ခန့်ခွဲမှု နိုင်နင်း၍ ထိန်းထိန်းသိမ်းသိမ်း ရှိသည်ဟု ဆိုရသည်။

ဖွင့်ထားသော ယုဒတရားစရပ်နှင့် ဘာသာရေးဆိုင်ရာ ရုပ်တုဆင်းတု တံခါးများကို မည်သူမျှ ပိတ်နိုင်စွမ်းမရှိပါ။ ဘုရားသခင်က ခရစ်တော်အား ထိုတံခါးများကို ပိတ်နိုင်စွမ်းပေးထားသည်။ ဓမ္မဟောင်းကာလတွင် ထိုတံခါးများကို ပိတ်ခွင့်၊ ဖွင့်ခွင့်အား ဒါဝိဒ်မင်းကိုသာ သော့ပေးထားသည်။ ဟေရှာ ၂၂:၂၂ကိုကြည့်ပါ။

: ဖိလဒေလဖိ အသင်းတော်တပါးတည်းသာလျှင် သခင်ဘုရားက ချီးမွမ်းစကားဆိုပါသည်။ ထိုသန့်ရှင်းသူများသည် သစ္စာရှိသူများဖြစ်သည်။ ကောင်းသောအကျင့် မနေမနား ကျင့်ကြံသူများဖြစ်သည်။ လူ့အားနည်းချက်များကို ဘုရားရှင်ထံသို့ ဆက်ကပ်အပ်နှံကြသည်။ ဘုရားကိုသာ ကိုးစားကြသည်။ ယုံကြည်ခြင်း အသက်တာကို ပြည့်ဝစေကြသည်။ ခရစ်တော်၏ နာမတော်ကို ပစ်ပယ်ခြင်းမပြု။ ထို့ကြောင့် မည်သူမျှ မပိတ်နိုင်သော တံခါးကို ပိတ်နိုင်သော အခွင့်အလန်း ပေးမည်ဟုဘုရားရှင်တော်က ကတိပေးခြင်းဖြစ်သည်။

          : ယုဒလူဟန်ဆောင်၍ မုသာစကားပြောသူများကိုလည်း သူတို့ရှေ့တွင် ဝပ်တွားခယစေမည်။ စာတန်၏ အပေါင်းအသင်းများကိုလည်း ခြေရင်း၌ ပြပ်ဝပ်စေမည်။ ထိုယုံကြည်သူများသည် ရွေးနှုတ်တော်မူသော တကယ့်သိုးစုများဖြစ်သည်။

          :၁၀ ဖိလဒေလဖိသားများသည် ဘုရားသခင်၏ သမ္မာတရားကို လူရှေ့သူရှေ့တွင် အသက်ရှင်ပြသူများဖြစ်သောကြောင့် မြေကြီးအပေါ်၌နေသော သူတို့ကို စုံစမ်းခြင်းငှာ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာကာလ၌ သင့်ကိုငါစောင့်ရှောက်မည်ဟု ကတိတော်ပေးထားသည်။ ထိုကတိတော်သည် အခန်း ၆-၁၉ပါ ဘေးဒဏ်ကြီးကာလမှာ စောင့်ရှောက်မည့်အကြောင်းဖြစ်သည်။ စုံစမ်းရာကာလဟု ဆိုထားရာ ထိုဘေးဒဏ်ကြီးကာလ တလျောက်လုံး အကြုံးဝင်ပါသည်။ သူတို့ကိုလည်း စောင့်ရှောက်တော်မူမည်။ (Gk.ek)

မြေကြီးအပေါ်၌ နေသောသူဆိုသည်မှာ ဘာသာရပ်ဝေါဟာရဖြစ်၍ ဤကမ္ဘာကို စံအိမ်ပြုသူများဟု အနက်ရသည်။ “ထိုသူတို့သည် ယခုဘဝမှာ မိမိတို့ အဘို့ကိုခံရကြပါ၏” (ဆာ ၁၇:၁၄)။

          :၁၁ ခရစ်တော်ကြွလာသောအခါ ထိုသန့်ရှင်းသူများ၏ စိတ်ရှည်သည်းခံခြင်း၊ လုံ့လဝီရိယကို အသိအမှတ်ပြုမည်။ သူတို့၏ အောင်မြင်ခြင်း သရဖူကိုလည်း အဘယ်သူကမျှ လုယူခြင်းပြုနိုင်မည်မဟုတ်။

          :၁၂ ထိုအောင်နိုင်သူများကို ဘုရားသခင်၏ဗိမာန်တော်၌ အမာခံတိုင်ဖြစ်စေမည်။ ထိုစကားသည် အခိုင်အမာဖြစ်၍ ချီးမြှောက်ခြင်း၊ ထာဝရလုံခြုံခြင်း ရစေမည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ လုံခြုံခြင်းနှင့် ပျော်ရွှင်ခြင်း အမြဲရှိကြမည်။ ငါ့ဘုရားသခင်၏ နာမတော်ကို၎င်း၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ် တည်းဟူသော ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း ရကြမည်ဆိုထားသဖြင့် ဘုရားသခင်၌  အမည်နာမ(၃)ခုရှိကြမည်။ ထိုအမည်နာမများဖြင့် ပိုင်ဆိုင်ထင်ရှားကြမည်။

:၁၃ နားရှိသောသူမည်သည်ကား ကြားပါစေဟု အသင်းတော်တမန်များအား ပြောထားသည်။

ဖိလဒေဖိအသင်းတော်သည်  ၁၈ရာစုနှစ်နှင့် ၁၉ရာစုနှစ် ဦးပိုင်းတွင် ဧဝံဂေလိတရား၌ နှိုးထလျက် ကျော်ကြားထင်ရှားသည်။ အသင်းတော်တွင် သမ္မာတရား ထွန်းကားခိုင်မာရေးနှင့် ခရစ်တော် ဘုရားကြွလာခြင်း အကြောင်းအား ကမ္ဘာအနှံ့ ခြေဆန့်သော အသင်းတော်ဖြစ်သည်။ စာတန်မာန်နတ် ဆိုးသွမ်းသောင်းကျန်း၍ အသင်းတော်များတွင် တဆေးထည့်ခြင်း၊ ဘာသာရေးထုံးတမ်းစဉ်လာသဖွယ် ပြုကျင့်စေခြင်းနှင့် ခြေတုံချတုံ ဖြစ်စေခြင်း အစရှိသည့် ပယောဂများအကြားတွင် ဧဝံဂေလိသတင်းကောင်း စကား၌ ဆက်ကပ်မွေ့လျော်သော အသင်းတော်ဖြစ်သည်။

(လောဒကိ အသင်းတော်သို့ (:၁၄၂၂)

          :၁၄ လောဒကိဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ လူအုပ်စိုးခြင်း (သို့) လူ၏စီရင်အုပ်ချုပ်ခြင်းဟု အနက်ရသည်။ သခင်ယေရှုက သူ့ကိုယ်သူ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့တွင် အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်ဟု မိတ်ဆက်ထားပါသည်။ ကိုယ်တော်ဘုရားသည် သမ္မာတရားနှင့် ပြည့်စုံသူ၊ ဘုရားသခင်၏ ကတိတော်ပြည့်စုံရာ ဖြစ်သည်။ ဘုရားရှင်ဖန်ဆင်းထားသော ဝေနေယျသတ္တဝါတို့၏ အထွဋ်၊ ဝိညာဉ်နှင့် အရာခပ်သိမ်းတို့၏ သခင်ဖြစ်သည်။ ဘုရားသခင်၏ ဝေနေယျသတ္တဝါ ဟုဆိုရာတွင် သခင်ဘုရားသည် ပထမဦးဆုံးဖန်ဆင်းသော လူဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကိုယ်တော်သည် ဖန်ဆင်းခံမဟုတ်ပါ။  ဖန်ဆင်းခြင်းအားလုံးကို ကိုယ်တော်က အစပြုသည်ဟု ဆိုလိုသည်။ ကိုယ်တော်မှစတင်၍ ရေတွက်သည်ဟု မဆိုလို။ ဖန်ဆင်းခြင်းကို အစမူလပြုသူဟုဆိုလိုသည်။ ကိုယ်တော်သည်သာလျှင် ဖန်ဆင်းခြင်း၏ အစအရှင်သခင်ဖြစ်တော်မူ၍ ဖန်ဆင်းခြင်း အမှုမရှိမီ ရှိနှင့်ပြီးဖြစ်သည်။

:၁၅၁၇ လုဒိကိအသင်းသည် ပူလည်းမပူ၊ အေးလည်းမအေး၊ နွေးရုံသာရှိသည်။ ဘုရားသခင်က ကွဲကွဲပြားပြားရှိစေချင်သည်။ ဘုရားသခင်၏ အသင်းတော်တွင် နွေးရုံမျှသာ နွေးခြင်းသည် လုံလောက်ခြင်း မရှိပါ။ နွေးရုံသာနွေးခြင်းသည် ဘုရားဝိညာဉ်ရေးရာတွင် အော့အန်ဖွယ်ရာဖြစ်သည်။ ထို့ထက်ပြောရလျှင် အသင်းတော်သည် မာနထောင်လွှားခြင်း၊ မောဟ၊ မိမိကိုယ်ကို အထင်ကြီးခြင်း၊ တင်းတိမ်ကျေနပ်ခြင်း ရှိနေသည်။

          :၁၈ ဘုရားရှင်တော်က မီးနှင့် ချွတ်ပြီးသော ရွှေစင်ကို အထံတော်ပါးမှ ဝယ်ယူရန်ပြောထားသည်။ ဆိုလိုသည်မှာ ငွေ (သို့) အဖိုးမသတ်မှတ်နိုင်သော ဖြောင့်မတ်စင်ကြယ်ခြင်းကို အထံတော်ပါးမှ ရယူဖို့ သွန်သင်သည် (ဟေရှာ ၁၅:၁)။ သို့မဟုတ် စစ်မှန်သော သခင်ယေရှုအား ယုံကြည်ခြင်းကို လက်ဆောင်ကဲ့သို့ ခံယူကြရန် ဖြစ်သည်။ သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်းရှိဖို့၊ မီးဖြင့် စမ်းသပ်ခံနိုင်သော ရွှေကဲ့သို့သော ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ပါ ချီးမွမ်းခြင်း၊ ကြည်ညှိုခြင်းရှိဖို့ သွန်သင်သည်။

ဝတ်ဖြူဝယ်ယူဖို့လည်း ပြောထားသည်။ ဝတ်ရုံဖြူဆိုသည်မှာ နေ့စဉ်အသက်တာတွင် ဖြောင့်မတ်စင်ကြယ်ခြင်းရှိဖို့ အကြောင်းဖြစ်သည်။ သူတို့မျက်စိကိုလည်း အမြင်ကြည်လင်ဖို့ မျက်စဉ်းခတ်ခိုင်းသည်။ ဆိုလိုသည်မှာ စစ်မှန်သော ဝိညာဉ်ရေးရာ အမြင်ရှိ၍ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို ခံယူနိုင်တတ်ရန်ဖြစ်သည်။ အဓိကသွန်သင်လိုသည်မှာ လောဒိကိမြို့သည် ဘဏ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် ဆေးဝါးထုတ်လုပ်ငန်းဖြင့် အောင်မြင်ကျော်ကြား လူသိများသော အချက်အခြာနေရာဖြစ်သောကြောင့် ထိုလောကအမူတွင်သာ မွေ့လျော်ခြင်း မရှိရန် သတိပေးခြင်းဖြစ်သည်။

          :၁၉ ထိုအသင်းတော်အား အပြစ်တင်ခြင်းသည် မေတ္တာဒေါသဖြင့် ပြောခြင်းဖြစ်သည်။ အကယ်၍ သံယောဇဉ်မရှိလျှင် ထိုသို့ပြောမည်မဟုတ်။ ထိုသို့ သံယောဇဉ်ညှိတွယ်သောကြောင့် သာမန်အသင်းတော်အဖြစ် မတည်ရှိစေရန် ကိုယ့်စိတ်ကိုနှိုးဆော်လော့၊ နောင်တရလော့ ဟုသတိပေးခြင်းဖြစ်သည်။

          :၂၀ နောက်ဆုံးတွင် “ငါသည်တံခါးရှေ့မှာ ရပ်၍ သောက်လျက်နေ၏” ဟုဆိုထားသည်။ ကိုယ်တော်သည် အသင်းတော်အပြင်ဘက် တံခါးဝတွင် ရပ်၍ ညင်သာစွာ တံခါးခေါက်နေပါသည်။ တယောက်စီအား ဝင်ရောက်ဖို့ ခွင့်တောင်းသည်။ ထိုအသံကြားသူသည် တံခါးဖွင့်ပေးသောကြောင့် ကိုယ်တော်နှင့် အတူတကွ မိဿဟာယ ဖွဲ့ခွင့်ရကြသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ Trench က ဤသို့ ထောက်ခံထားသည်။

လူတိုင်းသည် ဘုရားသခင်ဝင်ရောက် ခိုလှုံရာ နှလုံးသဲအိမ်ဖြစ်သည်။ ကိုယ်တော်သည် ထိုသူ၏ ခိုလှုံရာခံတပ်ဖြစ်၍ ဝင်ပေါက်တံခါး ဖွင့်ပေးရမည်။ ရတောင့်ရခဲ အခွင့်အရေးဖြစ်၍ ငြင်းပိုင်ခွင့်လည်းရှိသည်။ သို့သော် အကယ်၍ ငြင်းပယ်လျှင် ကောင်းကြီးမင်္ဂလာ ရမည့်အစား အသားလွတ်ရန်ဘက် ဖြစ်သွားမည်။ စိတ်ဆင်းရဲမှု၌ အောင်မြင်သူဖြစ်သွားမည်။၁၁

          :၂၁ အောင်နိုင်သူသည် အနှစ်တစ်ထောင်ကာလတွင် ခရစ်တော်နှင့်အတူ ပလ္လင်တော်ပေါ်တွင် အတူတကွ စိုးစံခွင့်ရမည်ဟု ကတိတော်ပေးထားသည်။ ကိုယ်တော်ကဲ့သို့ နှိမ့်ချခြင်းရှိသူ၊ ငြင်းပယ်ခြင်း ခံရသူနှင့် ဆင်းရဲဒုက္ခခံရသူများအားလုံး ကိုယ်တော်နှင့်အတူ ထိုင်နေရသော အခွင့်ကို ပေးမည်။

          :၂၂ နားရှိသောသူမည်သည်ကား ကြားဝါစေဟု နောက်ဆုံးအကြိမ် ပြောကြားသည်။

မည်သို့ပင် အနက်ဖွင့်ဆိုကြသည်ဖြစ်စေ ဗျာဒိတ်တော်ကျမ်းပါ လုဒိကိအသင်းတော်သည် ယနေ့ခေတ်ကာလတွင် အများဆုံးတွေ့ရှိရသော အသင်းတော်များကို ကိုယ်စားပြု ပုံဆောင်ပါသည်။ ဧဝံဂေလိတရား၏ သွန်သင်ချက်မှာ လောကအရာမှာ ဇိမ်ခံနေသူများသည် ဝိညာဉ်သေစေသူများဖြစ်သည်။ အချို့ခရစ်ယာန်များသည် ကားတိုင်ကို ထမ်းမည့်အစား သရဖူကို ဆောင်းချင်ကြသည်။ ခရစ်တော်၏ အမှုတော်ထက် အားကစား၊ နိုင်ငံရေး၊ ရုပ်မြင်သံကြားများပေါ်သို့ ပိုမိုစိတ်ဝင်စားကြသည်။ ထိုသို့ ပြုလုပ်ခြင်းသည် အမှန်တကယ် နိုးကြားရန်များစွာ လိုအပ်ကြောင်း ဝန်ခံခြင်းဖြစ်သည်။ မိမိဘဝ အချိန်ကောင်းကို စီးပွားရေးရာတွင် မြှုပ်နှံပြီးမှ ကျန်သောအသက်တာလေးမျှကိုသာ ကယ်တင်ရှင်အတွက် ဆက်ကပ်ကြသည်။ တိုတောင်းလှသော လူ့ဘဝသည် မကြာသောကာလတွင် ဖုံမှုန့်ကဲ့သို့ ဝေးလွင့်သွားမည်။ ကောင်းကင်ဘဏ္ဍာ ဆည်းပူးမည့်အစား ပျက်စီးလွယ်သော မြေကြီးဘဏ္ဍာကိုသာ ဆည်းပူးတတ်ကြသည်။ ဘုရားသခင်၏ လူများအတွက် အလွန်ကောင်းသော အရာဟူ၍ လောကအရာမရှိပါ။ “မိမိကိုယ်ကို မယုယလျှင် ဘယ်သူလာယုယ မည်လဲ၊ တနေကုန် လောက အမှုလုပ်၍ ညနေစောင်းမှ ဘုရားကျောင်းသွားမည်”ဟု ဆိုတတ်ကြသည်။ ထိုအချိန်တွင် ခရစ်တော် ပြန်လာလျှင် မည်သို့ လုပ်မည်နည်း။

(နောင်ဖြစ်လတံ့သောအရာများ (အခန်း ၂၂)

ဗျာဒိတ်ကျမ်း၏ တတိယပိုင်း ရောက်လာကြပြီ။ ပထမပိုင်း (၃)ခန်းသည် တမန်တော်များခေတ်မှ ချီဆောင်ခြင်းထိ အသင်းတော်ကာလ အကြောင်းဖြစ်သည်။ ဤအပိုင်းသင်ခန်းစာကို “နောင်ဖြစ်လတံသော အရာများ” ဟုနာမည်ပေးထားသည်။

ဗျာဒိတ်ကျမ်း အခန်း ၃နှင့် ၄ အကြားတွင် အနည်းငယ် ကွာခြားချက်ရှိပါသည်။ ယခုမှစ၍ လောကအသင်းတော် အကြောင်းကို ဖော်ပြတော့မည် မဟုတ်ပါ။ မည်သို့လုပ်ရမည်နည်း။ အခန်း ၃ အဆုံးပိုင်းတွင် ကောင်းကင်တိုင်ငံသို့ ဘုရားလက်တော်နှင့် ချီဆောင်သွားမည်ဟု ယုံကြည်ပါသည်။           တချိန်တည်းတွင် သန့်ရှင်းသူများအား ကောင်းကင်နိုင်ငံသို့ ချီဆောင်သောအခါ ဘုရားရှင်၏ လူမျိုးတော်ဖြစ်သော ဣသရေလ လူမျိုးများနှင့် လည်း ဆက်ဆံကြရမည်။ ထို့နောက် ဘေးဒဏ်ကြီးကာလစပါမည်။ ထိုကာလသည် (၇)နှစ်တိုင်တိုင် ကြာညောင်းပါမည်။ ဣသရေလလူမျိုးများ ဘုရားရှင်နှင့် ဆက်ဆံသည့်ကာလဖြစ်သည်။ ထိုဘေးဒဏ်ကြီးကာလတွင် ခရစ်တော်ထံပါးသို့ ပြန်ရောက်လာသူများသည် ကယ်တင်ခြင်းရကြ၍၊ ရောက်မလာသောသူများသည် ပျက်စီးကြရမည်။

ထိုဘေးဒဏ်ကြီးကာလတွင် မယုံကြည်သူ ယုဒလူမျိုးသည် အစိုင်လိုက်၊ အခဲလိုက် ဣသရေလ မြေပေါ်သို့ ပြန်လာကြမည် ( ယေဇ ၃၆:၂၄-၂၅)။ တန်ခိုးရှင် ရောမသည်လည်း ဣသရေလနှင့် မဟာမိတ်ဖွဲ့မည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလည်း အာမခံမည် (ဒံ ၉:၂၇)။ ပထမ ၃နှစ် ၆လသည် အနည်းငယ်သက်သာမည်။ ထိုအကြောင်းကို သခင်ယေရှုက ( မ ၂၄:၄-၁၄) တွင် ပြောပြထားသည်။

ဘေးဒဏ်ကြီးကာလ အလယ်ရောက်သောအခါ ရုပ်တုဆင်းတုများသည် ယေရုရှလင် ဗိမာန်တော်သို့ စုပြုံရောက်ရှိလျက် လူတွေက ရှိခိုးကြရမည်။ ရှိခိုးခြင်း မပြုသူများအား အသတ်ခံရမည် (မ ၂၄:၁၅)။ ထိုလက္ခဏာသည် ဘေးဒဏ်ကာလ အမှန်တကယ်စတင်ပြီဖြစ်ကြောင်း သံချောင်းခေါက်သံဖြစ်သည်။ ယာကုပ်လက်ထက်တွင် ကြုံရသော ဆင်းရဲဒုက္ခကာလမှစ၍ မဖြစ်စေဘူးသော နောက်၌လည်း မဖြစ်လတံ့သော ဆင်းရဲဒုက္ခဖြစ်မည် (မ ၂၄:၂၁)။

မခန်း ၄တွင် ဘေးဒဏ်ကြီးကာလ နိဒါန်းကို ရေးထားသည်။ ပထမဦးစွာ ကောင်းကင်၌ ဖြစ်မည့်ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်ကို ဖော်ပြထားသည်။ ဘုရားသခင်သည် ထိုဖြစ်မည့် အကြောင်းအရာများကို ပရောဖက်များအားဖြင့် အစဉ်အဆက် နိမိတ်ပေးသည် ( ဟေရှာ ၆၊ ယေဇ ၁)။ အခန်း ၁တွင် ယောဟန်သည် ရှေ့လာမည့် အဖြစ်အပျက်များကို မမြင်မီ ခရစ်တော်ကို တွေ့မြင်ခဲ့သည်။ယခု မယုံကြည်သော ဣသရေလနှင့် တပါးအမျိုးသားများအား ဘုရားသခင်ရှေ့တွင် အပြစ်စီရင်ခြင်း ခံရမည့် ဗျာဒိတ်တော်ကို ဖော်ပြပေးသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။