ဗျာဒိတ်ကျမ်း - ၁၆

ဘုရားသခင်၏အမျက်တော်ဖလား
1ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။- 2ပထမသူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။-ထွ၊ ၉:၁၀။ 3ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။- 4တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့လည်းကောင်း၊ စမ်းရေတွင်း ပေါ်သို့လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။-ထွ၊ ၇:၁၇-၂၁။ ဆာ။ ၇၈:၄၄။ 5ကောင်းကင်တမန်ကလည်း၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည် အမှုမှာ ဖြောင့်မတ်တော်မူ၏။- 6ထိုသူတို့သည် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။- 7ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။
8စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကိုရ၏။- 9ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှာ နောင်တမရကြ။- 10ပဉ်စမကောငျးကငျတမနျသညျ မိမိဖလားကို သားရဲ၏ ပလ်လငျပေါျသို့ သှနျးလောငျးလြှငျ၊ သူ၏နိုငျငံသညျ မှောငျမိုကျအတိ ဖွစျလေ၏။ နိုငျငံသားတို့သညျ ပငျပနျးအားကွီးသညျနှငျ့ မိမိတို့လြှာကို ကိုကျခဲကွ၏။-ထွ၊ ၁၀:၂၁။ 11မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။
12ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှာ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။-ဟေရှာ၊ ၁၁:၁၅။ 13ထိုအခါ၊ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။- 14နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။- 15ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန် အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။-မ၊ ၂၄:၄၃-၄၄။ လု၊ ၁၂:၃၉-၄၀။ ဗျာ၊ ၃:၃။ 16အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။ဇာ၊ ၁၂:၁၁။
17သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။- 18လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ဗျာ၊ ၈:၅၊ ၁၁:၁၃၊၁၉။
19မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။-ဟေရှာ၊ ၅၁:၁၇။ 20အချိန် အခွက်တစ်ဆယ်ရှိသော မိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။- 21ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။

ဗျာဒိတ်ကျမ်း - ၁၆ (အနက်ဖွင့်)

(အပြစ်စီရင်ရာ ရွှေဖလားတော် ခုနှစ်လုံး (အခန်း ၁၆)

          ၁၆: ထိုကောင်းကင်တမန်ခုနှစ်ပါးအား ဘုရားသခင်၏ အမျက်ဒေါသ ရွှေဖလားများကို  မြေကြီးပေါ်သို့ သွန်ချရန် ဗိမာန်တော်ထဲက အသံထွက်လာသည်။ ထိုအပြစ်စီရင်ခြင်းသည် တံပိုးမှုတ် တရားစီရင်ခြင်းနှင့် ဆင်တူရိုးမှား ဖြစ်သော်လည်း ထို့ထက်ပိုကြီးသည်။ ပထမဖလားကို သွန်းလောင်းပစ်ရာ သားရဲကိုးကွယ်သူများ၏ ခန္ဓာကိုယ်၌ အလွန်ဆိုးသော အနာစိမ်းများ ပေါက်၏။

၁၆: ဒုတိယ ရွှေဖလားအား သွန်ချရာ ပင်လယ်သမုဒ္ဒရာရေသည် လူသေအသွေးကဲ့သို့ ရဲရဲနီ၏။ ရေသတ္တဝါ ဟူသမျှသေကြေပျက်ဆီးကုန်သည်။

၁၆: တတိယရွှေဖလားအား မြစ်ရေပေါ်သို့ သွန်းလောင်းရာ အသွေးဖြစ်သွားသည်။

          ၁၆: ဤတကြိမ်တွင်မူ ကောင်းကင်တမန်များက ဘုရားသွန်းလောင်းစေသော အပြစ်ဒဏ်များအား လူတို့ခံထိုက်သည်ဟုဆိုကြသည်။ လူသည်သူလုပ်ခဲ့သော အပြစ်အတိုင်း ခံထိုက်ပါသည်။ သို့သော် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေ:ကို သွန်းလောင်းကြသည်ဖြစ်၍ သူတို့အား အသွေးတော်ခံထိုက်ပါသည်ဟု ကောင်းကင်တမန်များက လျှောက်ထားသည်။

          ၁၆: ယဇ်ပလ္လင်သည် အထူးသဖြင့် သန့်ရှင်းသူ မာတုရများ၏ ဝိညာဉ်များကို ပုံဆောင်သည် (၆:၉)။ သူတို့အား ညှဉ်းပန်းနှိပ်စက်သူများ၏ အပြစ်ဒဏ်သင့်မည့် ကာလကို စောင့်မျှော်သည်းခံသည်မှာ ကြာညောင်းလေပြီ။

          ၁၆: စတုတ္ထဖလားအား နေပေါ်သို့ လောင်းချသောအခါ နေသည် အပူပြင်းထန်လျက် အပူလောက်စေကုန်သည်။ ရေဒီယို သတ္တိလှိုင်းကြွမှု ဖြစ်ပေါ်စေသည်။ သို့သော်လည်း နောင်တမရကြ။ နောင်တရမည့်အစား ဘုရားသခင်ကိုသာ ကျိန်ဆဲကြသည်။

          ၁၆:၁၀၁၁ ပဉ္စမ ကောင်းကင်တမန်က သားရဲရင်ဘတ်ပေါ်သို့ ဖလားတော် လောင်းချသောအခါ ထိုသားရဲ၏ နိုင်ငံတော်သည် မှောင်မိုက်အတိကျသွားသည်။ ထိုမှောင်မိုက်၏ ဆိုးကျိုးကို လူသားများက ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် တနေရာနှင့်တနေရာ ကူးလူးဆက်ဆံခြင်း မပြုနိုင်ကြတော့ပါ။ သို့သော်လည်း နှလုံးသိမ်မွေ့ခြင်း ရှိမလာကြ။ ဘုရားသခင်အား မုန်းတီးစိတ်သာ ပိုမိုပြင်းထန်လာသည်။

          ၁၆:၁၂ ဆဌမဖလား သွန်းချသောအခါ ဥဖရတ်မြစ်ရေ ခမ်းခြောက်သွားလျက် အရှေ့အရပ်မှ တပ်တော်သည် ဣသရေလ အရပ်ဆီသို့ ဖြတ်သွားနိုင်ကြသည်။

          ၁၆:၁၃၁၄ ထို့နောက် သားကောင်ကဲ့သို့သော ဝိညာဉ်ဆိုးများ၊ နဂါး၊ သားရဲနှင့် မိစ္ဆာပရောဖက် ပါးစပ်များမှ ထွက်လာကြသည်။ စာတန်၏ သုံးပါးတစ်ဆူ တုန့်ပြန်မှုဖြစ်သည်။ နတ်ဆိုးများဖြစ်၍ လောကအုပ်စိုးသူများကို လှည့်ဖျား၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ရန် စုဝေးပြင်ဆင်ခြင်းဖြစ်သည်။

          ၁၆:၁၅ ထိုတိုက်ပွဲဆင်နွဲမည့် ကာလတွင် ဘုရားသခင်သည် ဘေးဒဏ်ကြီးကာလ သန့်ရှင်းသူများ ကိုယ်တော်ဘုရား ပြန်လည်ကြွလာခြင်းကို မျှော်လင့်သူများ၊ ရုပ်တုဆင်းတုကို ကိုးကွယ်ခြင်း  မပြုသူများအား အထူးကောင်းကြီးမင်္ဂလာ ပေးထားသည်။ ကယ်တင်ခြင်း မရသူများထံသို့ သူခိုးသဖွယ် အလစ်အငိုက်တွင် ရောက်လာပါမည်။ မမျှော်လင့်သော အချိန်တွင် အငိုက်မိကြသဖြင့် ပျက်စီးခြင်းသို့ ကျရောက်မည်။

၁၆:၁၆ လောကီစစ်သားများသည် ဟေဗြဲဘာသာစကားဖြင့် အာမဂေဒုန်ဟုခေါ်သော အရပ်၌ စုဝေးစစ်ပြင်ကြမည် (NKJV Margin)၂၈ ထိုအရပ်သည်  Esdraelon အနောက်လွင်ပြင်နှင့် ဆက်စပ်လျက် Megiddo အရပ်၏ တောင်ဘက်စွန်းတွင်ရှိသည်။ နပိုလီယန်က ကမ္ဘာ့ကြက်ဖင်ဆီဘူး ဟုခေါ်သော အရပ်ဖြစ်၍ စစ်တလင်းပြင် ဖြစ်လာမည်။

          ၁၆:၁၇ သတ္တမမြောက်ဖလား သွန်ချလာသောအခါ ပြီးပြီဟု အသံထွက်လာသည်။ ဘေးဒဏ်ကြီးကာလနှင့် ဆက်စပ်သော ဘုရားသခင်၏ အမျက်ဒေါသလည်း ပြေငြိမ်းသွားသည်။

၁၆:၁၈ သတ္တမမြောက်ဖလား သွန်းလောင်းခြင်း အပြီးတွင် လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေငလျင်ကြီးလှုပ်ခြင်း ဖြစ်ပေါ်လာသည်။

          ၁၆:၁၉ ဘုရားသခင်၏ အမျက်ဒေါသကြောင့် ဗာဗုလုန်မြို့ကြီးသည် သုံးဖြာကွဲသွား၏။ ရုပ်တုဆင်းတု ကိုးကွယ်ခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ဘာသာရေးရှုတ်ထွေးမှုကြောင့် တိုင်းနိုင်ငံများသည် ထိုတချိန်တည်းတွင် ပြိုလဲကုန်ကြသည်။

၁၆:၂၀ ရေလည်ကျွန်းများနှင့် တောင်များသည်လည်း ကွယ်ပျောက်ကုန်သည်။

၁၆:၂၁ ပေါင်တစ်ရာအလေးချိန်ရှိသော မိုးသီးမိုးပေါက်များ ကျလာသော်လည်း လူများသည်နောင်တ မရသည့် အပြင် ဘုရားသခင်ကို ကျိန်ဆဲမြဲကျိန်ဆဲ နေကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။