ရှင်မာကုခရစ်ဝင် - ၁၃

ဗိမာန်တော်ပြိုပျက်မည့်အကြောင်း
(မ၊ ၂၄:၁-၂။ လု၊ ၂၁:၅-၆)
1ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊- 2ယေရှုက၊ ဤကြီးစွာသော တိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရဟု မိန့်တော်မူ၏။
ဒုက္ခဆင်းရဲနှင့်ညှဉ်းပန်းခြင်းများ
(မ၊ ၂၄:၃-၁၄။ လု၊ ၂၁:၇-၁၉)
3ထိုနောက် သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှု ထိုင်တော်မူစဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့က၊- 4ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းမည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ၏။- 5ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- 6အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။- 7သင်တို့သည် စစ်တိုက်ကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။
8လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦး ဖြစ်သတည်း။- 9သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။-မ၊ ၁၀:၁၇-၂၀။ လု၊ ၁၂:၁၁-၁၂။ 10ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှာ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။- 11ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏချင်းတွင် သင်တို့ရသောစကားကိုသာပြောကြလော့။ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏။- 12ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ သေစေကြလိမ့်မည်။- 13လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။မ၊ ၁၀:၂၂။
ရွံရှာဖွယ်သောအရာ
(မ၊ ၂၄:၁၅-၂၈။ လု၊ ၂၁:၂၀-၂၄)
14ပရောဖက်ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။-ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။ 15အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်းစေနှင့်။ အိမ်ထဲက တစ်စုံတစ်ခုကို ယူခြင်းငှာ မဝင်စေနှင့်။-လု၊ ၁၇:၃၁။ 16လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။- 17ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- 18သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့။- 19အကြောင်းမူကား၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။-ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။ 20ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။
21ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- 22အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်နိမိတ်လက္ခဏာ အံ့သြဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။- 23သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာ ရှိသမျှကို ငါပြောနှင့်ပြီ။
လူသားကြွလာတော်မူမည့်အကြောင်း
(မ၊ ၂၄:၂၉-၃၁။ လု၊ ၂၁:၂၅-၂၈)
24ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂။ 25ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။-ဟေရှာ၊ ၃၄:၄။ ယောလ၊ ၂:၁၀။ ဗျာ၊ ၆:၁၃။ 26ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။ 27ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
(မ၊ ၂၄:၃၂-၃၅။ လု၊ ၂၁:၂၉-၃၃)
28သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။- 29ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- 30ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- 31ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
ထိုအချိန်နာရီကိုမည်သူမျှမသိ
(မ၊ ၂၄:၃၆-၄၄)
32ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။-မ၊ ၂၄:၃၆။ 33ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။- 34ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီး ခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊-လု၊ ၁၂း၃၆-၃၈။ 35အိမ်ရှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- 36သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကို တွေ့လိမ့်မည်။- 37စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။

ရှင်မာကုခရစ်ဝင် - ၁၃ (အနက်ဖွင့်)

၆။ သံလွင်တောင်ပေါ် မိန့်မျာချက်များ (အခန်း ၁၃)

(က) ဗိမာန်တော်ပြိုပျက်မည့်အကြောင်း မိန့်တော်မူခြင်း (၁၃:၁-၂)

၁၃:၁ ဗိမာန်တော်မှ ကြွတော်မူစဉ်တပည့်တော်တဦးက ဗိမာန်တော်ခိုင်ခံ့ပုံ၊ ဗိသုကာလက် ရာမြောက်ပုံတို့ကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်သည်။ တပည့်တော်များသည် ကြီးမားသော ကျောက်တုံး၊ ကျောာက်ဆောင်များဖြင့် တည်ဆောက်ထားသော လက်ရာကို ရင်သပ်ရှုမောကြသည်။

၁၃:၂ ထိုစကားကို သခင်ဘုရားကဤဗိမာန်တော်သည် မူလ နေရာတွင် ကျောက်တုံးတတုံး မှ ကျန်ရှိသည့်တိုင်အောင် ပြိုလဲပျက်စီးဦးမည်ဟု မိန့်တော်မူသည်။ ထိုဗျာဒိတ်တော်အတိုင်း အေဒီ ၇ဝနှစ် တွင် ရောမ စစ်သားများက ထိုဗိမာန်တော်ကို လုံးဝဖျက်ဆီးချေမှုန်းပစ်သည်။ အတိတ်ပုံရိပ်များသည် အမှန် တကယ်ဖြစ်ပျက်လာပါတကား။

(ခ) ဆင်းရဲဒုက္ခအစပြုခြင်း (၁၃:၃-၈)

သံလွင်တောင်ပေါ်တွင် ယေရှုသည် တပည့်တော်များအား ပို၍ လေးနက်သော စကားမိန့်မှာ သည်။ အချို့ပရောဖက်ပြုချက်များသည် ယေရုရှလင်ပျက်သုဉ်းမည့်အကြောင်းဖြစ်သည်။ အထူးသဖြင့် အေဒီ ၇ဝခုနှစ်သည် ဘေးဒဏ်ကြီးကာလဖြစ်မည့်အကြောင်း နှင့် ခရစ်တော် ဘုန်းတန်ခိုးနှင့် ပြန်လည် ကြွလာမည့်အကြောင်းလည်းပါသည်။ စကားတော်များအရ ယနေ့ယုံကြည်သူများအမြဲ ဆင်ခြင်ရမည့် အချက်များရှိသည်။ (၁) သူတပါးလှည့်ဖြားခြင်းမခံရဖို့ ငယ် ၅၊ ၂၃၊ (၂) မထိပ်လန့်ကြဖို့ ငယ် ၇၊ (၃) တည်ကြည်မြဲမြံဖို့ ငယ် ၁၃၊ (၄) ဆုတောင်းဖို့ ငယ် ၁၈-၃၃၊ ၉၅) သတိဖြင့်စောင့်ကြည့်ဖို့ ငယ် ၉၊ ၃၃၊ ၃၅၊ ၃ရ လိုသည်။

၁၃:၃-၄ ထိုစိတ်မချမ်းမြေ့ဖွယ်ရာ ဗိမာန်တော်ပျက်သုဉ်းမည့် သတင်းစကားကို ပေတရု၊ ယာကုပ်၊ ယောဟန်နှင် အန္ဒြေတို့က မေးကြသည်။ မည်သည့်အချိန်တွင် ပျက်စီးမည့်အကြောင်း နှင့် ထိုသို့ ပျက်စီးမည့်အကြောင်းမည်ကဲ့သို့ ကြိုတင်သိရှိနိုင်မည်နည်းဟု ဆိုကြသည်။ သခင်ဘုရားက ထိုအဖြေစ ကားအား ဒုတိယအကြိမ်ကြွလာမည့်အကြောင်းနှင့် ပေါင်းဖက်အဖြေပေးခဲ့သည်။

၁၃:၅-၆ ပထမဦးစွာ သတိပြုရန်မှာ မေရှိယအတု လူလိမ်လူညာများပေါ်ထွန်းလာမည်။ လိမ် လည်လှည့်ဖြားခြင်းမခံကြနှင့်ဟု သတိပေးသည်။ အတုအယောင်များ ပေါ်ထွန်းလာမည်။ ဘာသာရေးဆ ရာများမှိုလိုပေါက်၍ ခရစ်တော်ကို ဆန့်ကျင်လာကြမည်။

၁၃:၇-၈ ဒုတိယအနေဖြင့် တိုက်ပွဲသတင်းနှင့် စစ်မက်ရေးရာကောလဟာလသတင်းများ ဖောင်းပွလာမည်။ ငတ်မွတ်ခေါင်းပါးခြင်း ကပ်ဆိုက်မည်။ သဘာဝဘေးအန္တရာယ်ကြီးများပေါ်ထွန်းလာ မည်။ မြေငလျှင်လှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းများ ပေါ်ထွန်းမည်။ ထိုလက္ခဏာများ သည်မီးနေသည်၏ ဆင်းရဲ့ဒုက္ခမျိုးဖြစ်၍ အချိန်ကာလနီးပြီဟု မှတ်ယူရမည်။

(ဂ) တပည့်တော်များ ညှဉ်းပန်းနှိပ်စက်ခံရခြင်း (၁၃:၉-၁၃)

၁၃:၉ တတိယချက်အနေဖြင့် ကိုယ်တော်ဘုရားအတွက် သက်သေခံကြရမည့်အကြောင်း ကို ဗျာဒိတ်ပေးသည်။ ကိုယ်တော်၏ နာမတော်ကြောင့် တပည့်တော်များသည် ဘာသာရေးဆရာများ၏ စစ်ကြောခြင်းနှင့် နယ်ဘက်တရားရုံးများတွင် တရားစွဲဆိုခြင်းခံကြရမည်။

ဤကျမ်းချက်သည် ကာလတလျောက်ခရစ်ယာန်များ၏ သက်သေခံချက်များဟု ဆိုလိုသည် အထူးသဖြင့် ယုဒယုံကြည်သူ ၁၄၄,၀၀ဝ ခရစ်တော်နှင့် အတူလောကမြေ၌ စိုးစံမည့်သများကိုရည်ညွန်း ဟန်ရှိသည်။

၁၃:၁ဝ ဤကျမ်းပိုဒ်ကို ချီဆောင်ခြင်းကာလမရောက်မီလူမျိုးတိုင်းသို့ ဧဝံဂေလိတရား ရောက်ရှိရမည်ဟု အဓိပ္ပါယ်မကောက်နိုင်ပါ။ ကမ္ဘာအနှံ့သို့ ပျံ့နှံ့နိုင်ပါသည်။ သို့သော ပျံ့နှံ့ရမည်ဟု ကျမ်း သွန်သင်ချက်မရှိပါ။ ခရစ်တော်ဘုရားသန့်ရှင်းသူများအတွက် မကြွာမီ ပရောဖက်ပြုချက် ပြည့်စုံရမည် ဟုလည်း မဆိုပါ။ ကိုယ်တော်ဘုရား အချိန်မရွေးရောက်ရှိလာနိုင်သည်။

၁၃:၁၁ ယုံကြည်သူများသည် နာမတော်မြတ်၌ ညှဉ်းပန်းနှိပ်စက်ခြင်း ခံစားကြရမည် သော် လည်းဘုရားရှင်၏ ဘုန်းတန်ခိုးအားဖြင့် ခုခံနိုင်စွမ်းရှိပါမည်။ မိုးပြိုမှာကြောက်၍ တစ်တီတူးငှက်ကဲ့သို့ ခြေထောက်အပေါ် ထောင်အိပ်စရာမလိုပါ။ ဖမ်းဆီးခံရ၍ စစ်ကြောခြင်းခံရသောအခါတွင်လည်း ဘာပြောရ မည်နည်း ဟုတွေးမပူကြနှင့်။ ပြောသင့် ပြောထိုက်သည်ကို ပြောပါ။ သန့်ရှင်းသော ဝိညာဥ်တော်က သွန်သင်ပါမည်။ ဤကျမ်းစကားသည် ကြိုတင်ပြင်ဆင် ခြင်းမရှိဘဲ၊ နမော်နမဲ့နေဖို့ နောင်ခါလာ နောင်ခါ ဈေးကြုံသလိုလုပ်ဖို့ သွန်သင်ခြင်းမဟုတ်ပါ။ အနာဂတ်အ တွက် တွေးပူခြင်းမရှိဖို့၊ သခင်ဘုရားကိုယ်တော် ကအာမခံချက်ပေးထားသည့်အကြောင်း ရှင်းပြခြင်းဖြစ်သည်။ အမှုတော်ဆောင်များအတွက် မဟုတ်။ မတုရများအတွက်ဖြစ်သည်။

၁၃:၁၂-၁၃ ထိုကာလရောက်သောအခါ ကိုယ်တော်ဘုရား၏ သစ္စာရှင်များသည်လည်း သစ္စာဖောက်လာကြမည်။ ယုံကြည်သူမိသားစုများသည် အကွဲကွဲ အပြားပြားဖြစ်ကြမည်။ ခရစ်ယာန်ဝါဒကို ဆန့်ကျင်သောအယူဝါဒများလှိုင်းလုံးကြီးပမာ ကမ္ဘာတဝှမ်းခက်ထန်သောင်းကန်လာမည်။ ထိုကာလတွင် အဆုံးတိုင်အောင် တည်တံ့မြဲမြံသူများသည် ကယ်တင်ခြင်းရရှိကြလိမ့်မည်။ ထိုသိုပ စိတ်ရှည်သီးခံကြသော ကြောင့် ထာဝရအသက်တာရရှိကြမည်ဟု မဆိုလို။ မှားယွင်းသော သွန်သင်ချက်များမှ လွတ်မြောက် မည့် အကြောင်းဆိုလိုခြင်းဖြစ်သည်။ သစ္စာရှိသော ယုံကြည်သူများသည် ရုပ်ခန္ဓာဆင်းရဲခြင်း၊ သေခြင်းမှ ကင်း လွတ်ကြမည့်ဟုဆိုလိုခြင်းလည်းမဟုတ်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ သက်သေခံချက်အတိုင်း သွေးက စကားပြောပါသည်။ စိတ်ရှည်သီးခံခြင်းက ဆုံးခန်းတိုင်ပို့ဆောင်ပေးပါသည်။

(ဃ) မဟာဘေးဒဏ်ကြီးကာလ (၁၃:၁၄-၂၃)

၁၃:၁၄-၁၈ ငယ် ၁၄သည် မဟာဘေးဒဏ်ကြီးကာလ၏ အစပိုင်းဖြစ်သည်။ ဒံ ၉:၂ရနှင့် ယှဉ်ဖတ်ပါ။ ထိုကာလတွင် ယေရုရှလင် ဗိမာန်တော်ကြီးညစ်ညမ်းခြင်းသရဖူဆောင်ပါမည်။ လူအများလာ ရောက်ကိုးကွယ်ကြမည်။ သို့မဟုတ် အသတ်ခံကြရမည်။ ယုံကြည်သူများက ကိုးကွယ်ရန်ငြင်းပယ်ကြမည်။

ထိုရုပ်တုဆိုးကြီးအား အတင်းအဓမ္မမကိုးကွယခြင်းသည် မဟာ ညှဉ်းပန်းနှိပ်စက်ခြင်း အစပြု ကြောင်းအချက်ပေးခြင်းဖြစ်သည်။ သမ္မာကျမ်းကို လေ့လာဖတ်ရှုသူတိုင်း ယုဒပြည်မှ ထွက်ခွာသည့် အချိန်ကို မှတ်မိကြလိမ့်မည်။ ကိုယ်ပိုင် ဥစ္စာ၊ ပစ္စည်းများစုသိမ်းရန် အချိန်မရကြ။ ကိုယ်ဝန်ဆောင် မိန်းမ များနှင့် သားသည် မိခင်များလည်းအော်မြည်ငိုကြွေးကြမည်။ ထိုနေ့ရက်များသည် ဆောင်းဥတုဖြစ်ခဲ့လျှင် ပို၍ခံစားကြရမည်။

၁၃:၁၉ ထိုမျှဆိုးဝါးထိတ်လန့်ဘွယ်ရာ ဘေးဒဏ်ကြီးမျိုးဘယ်သောအခါမှ မကြုံဖူးဘူး။ ထပ် မန်ကြုံစာရာအကြောင်းမရှိ။ မဟာဘေးဒဏ်ကြီးဖြစ်သည်။ ထိုဘေးဒဏ်ကြီးများကို ယုံကြည်သူများ အသက်တာတွင် ကြုံတွေ့ခဲ့ဘူးကြောင်း၊ သခင်ဘုရား ပုံဥပမာပေးခြင်း မရှိ။ ရှားပါးထူးခြားသော ကာလတာဖြစ်သည်။

ဘေးဒဏ်ကြီးသည် အဓိကအားဖြင့် ယုဒလူမျိုးကို အခြေခံကြောင်း မှတ်ထားပါ။ ဗိမာန်တော် (အငယ် ၁၄၊ မ ၂၄:၁၅ကိုယှဉ်ဖတ်ပါ။ ယုဒပြည်အငယ် ၁၄၊ ယာကုပ်၏ ဆင်းရဲဒုက္ခ ယေ ၃၀:၇) တွင်ဖတ်ပါ။ ဤကျမ်းပိုဒ်များတွင် အသင်းတော်တွေ့ရမည်မဟုတ်။ သခင်ဘုရား၏ အုပ်းစိုခြင်း ထိုအရာများသည် ကောင်းကင်နိုင်ငံသို့ ချီဆောင်ရန် အသင့်ပြင်ဆင်ခြင်းဖြစ်သည်။ (၁သက် ၄:၁၃-၁၈၊ ၁သက် ၅:၁-၃နှင့် ယှဉ်ဖတ်ပါ။ )

၁၃:၂ဝ ထိုနေ့ရက်တွင် ဘုရားသခင်၏ အမျက်ဒေါသဖလားတော်ကို ကမ္ဘာလောကသို့ သွန်းလောင်းမည်။ ဘေးဒဏ်သင့်၍ သွေးရူးသွေးတမ်းဖြင့် ကစဥ့်ကလျားဟိုပြေးသည်ပြေးယောက်ယက် ခတ်ကြမည်။ အကယ်၍ ဘုရားသခင်ကသာ ထိုနေ့ရက်ကာလကို တိုအောင်မလုပ်လျှင် လူတယောက်မှ ကျန်တော့မည်မဟုတ်။

၁၃:၂၁-၂၂ မှားယွင်းသော မေရှိယပေါ်ထွန်းလျှင် မဟာဘေးဒဏ်ကြီးစပြီဟု မှတ်ယူရမည်။ လူများသည် ကတိကောင်းကောင်းပေးနိုင်သူများထံသို့ ခိုလှုံကြမည်။ သို့သော်ယုံကြည်သူများ သိမှတ် ရန်မှာ ခရစ်တော်သည်။ ထိုကာလတွင် တိုးတိုးတိတ်တိတ်ရောက်လာမည်မဟုတ်။ မှားယွင်းသော မေရှိယ အတုအယောင်များ ပေါ်ထွန်းလာကြမည်ဖြစ်သော်လည်း စစ်မှန်သောယုံကြည်သူများက လက်ခံကြမည် မဟုတ်။ ထိုလူများထံပြသော နိမိတ်လက္ခဏာများသည် စာတန်မှ ပေးထားသော တန်ခိုးများဖြစ်သည်။

နိမိတ်လက္ခဏာအမျိုးမျိုးပြသကြသော်လည်း ထိုနိမိတ်လက္ခဏာများသည် စာတန်၊ နတ်ဆိုး ကောင်းကင်သားများ၏ တန်ခိုးသာဖြစ်သည်။ သူယုတ်မာတို့သည် စာတန်၏ တန်ခိုးယူ၍ ထူးဆန်းသော နိမိတ်အမျိုးမျိုးပြုကြမည် (၂သက် ၂:၉)။

၁၃:၂၃ ထို့ကြောင့်ယုံကြည်သူများသည် လိမ်လည်လှည့်ဖြားခြင်းမခံရအောင် သတိထားရ ပေမည်။

(င) ဒုတိယအကြိမ်ကြွလာခြင်း (၁၃:၂၄-၂၇)

၁၃:၂၄-၂၅ ဘေးဒဏ်ကြီးကာလပြီးဆုံးသည်နှင့် အထက်မိုးကောင်းကင်မှ ဆင်းရဲဒုက္ခ ရောက်လာမည်။ ကမ္ဘာမြေပေါ်တွင် နေ့နေ့ညည မှောင်မိုက်မဲမဲ ဖြစ်မည်။ ကောင်းကင်ကြယ်များသည် ကြွေကျကြမည်။ နက္ခတ် တာရာဂြိုလ်များသည်လည်း တုန်လှုပ်ကြမည်။

၁၃:၂၆-၂ရ ထိုအခါလူသားတော်သည် ကမ္ဘာမြေပေါ်သို့ ဘုန်းတန်ခိုးအပြည့်အစုံဖြင့် ကြွလာ ကြောင်း မြင်ကြရမည်။ ထိုကာလတွင် ယေရှုသခင်သည် နာဇရက်သားဘဝဖြင့် ရောက်လာခြင်းမဟုတ်။ ဘုန်းတန်ခိုးထိန်ဝါလျက် အောင်စည်အောင်မောင်းခြိမ့်ခြိမ့် သဲကြွမြန်းလာမည်။ ကောင်းကင်တမန်များ၊ သန့်ရှင်းသူများ ခြံရံလျက် မိုဃ်းတိမ်စီးပြီး ကြွလာမည်။ ဘုန်းတန်ခိုးအရှိန်အဝါ ပြည့်လျှံကြောင်း ပြသ ခြင်းဖြစ်သည်။ ကိုယတော်ဘုရားသည် ကောင်းကင်တမန်များအား အရပ်လေးမျက်နှာရှိ သန့်ရှင်းသူများကို ခေါ်ယူစုစည်းစေမည်။ ထိုသူများမှာ ဘေးဒဏ်ကြီးကာလအတွင်း သစ္စာရှိရိ ကိုယ်တော်ဘုရားအားယုံကြည် စောင့်စားသူများဖြစ်သည်။ ကမ္ဘာတစ်ခုမှတစ်ခု အရှေ့ပြည်မှ အနောက်နိုင်ငံတော်၏ အနှစ်တထောင် အုပ်စိုးခြင်း၌ ပါဝင်စိုးစံကြမည်။ ကိုယ်တော်၏ရန်သူများလည်း တပြိုင်နက်ပျက်သုဉ်းကုန်မည်။

(စ) သင်္ဘောသဖန်းပင် ပုံဥပမာ (၁၃:၂၈-၃၁)

၁၃:၂၈ သင်္ဘောသဖန်းပင်ကို ဣသရေလလူမျိုးနှင့် ပုံနှိုင်းထားသည်။ သင်္ဘောသဖန်းပင် ရွက်နုထွက်လာလျှင်နွေဦးရာသီ ရောက်တော့မည်ဖြစ်သကဲ့သို့ ခရစ်တော်ဘုရားကြွလာခါနီးတွင် ဣသရေ လအမျိုးစုစည်းကြမည်ဟုဆိုသည်။ ၁၉၄၈ခုနှစ်တွင် ဣသရေလနိုင်ငံထူထောင်သည်။ ယနေ့ကမ္ဘာ့တိုင်း နိုင်ငံအသီးသီးက ထိုနိုင်ငံကို အသိအမှတ်ပြု အလေးထားလာကြသည်။ ကမ္ဘာ့အရေးအရာတွင် ပါဝင်လာ ခြင်းသည် ရွက်နုဝေခြင်းဖြစ်သည်။ သို့သော် ခရစ်တော်ဘုရားအား မေရှိယ အရှင်အဖြစ် လက်မခံသရွေ့ အသီးသီးကြမည်မဟုတ်သေး။ အရွက်သာလျှင် ဝေဆာဦးမည်။

၁၃:၂၉ ဣသရေလနိုင်ငံပေါ်ထွန်ုးခြင်း သမိုင်းကြောင်းကို ကြည့်ခြင်းအားဖြင့် အရှင်သခင်၂၁ သည် တံခါးဝတွင်ရောက်ရောက်ရှိနေကြောင်း သိသာသည်။ ထိုသို့ အချိန်ကာလနီးစပ်နေလျှင် အသင်း တော်အတွက်ကြွလာတော်မူမည့် အချိန်သည် အလွန်နီးကပ်နေပြီ။

၁၃:၃ဝ ဤကျမ်းပိုဒ်ကို ဖတ်ရှု၍ မျက်မှောက်ပစ္စုပ္ပန်သည် ခရစ်တော်ဘုရားကြွလာသည့် တိုင်အောင် အသက်ရှင်နေကြမည်ဟု အနက်ကောက်ကြသည်။ သို့သော်ထိုသို့ဆိုလိုခြင်းမဟုတ်ပါ။ အငယ် ၂၄-၂ရ တွင် ထိုကာလကိုမရည်ညွန်းကြောင်း၊ ရှင်းလင်းစွာဖော်ပြထားပါသည်။ အချို့က ၁၉၄၈ ခုနှစ်တွင် နိုင်ငံထူထောင်သော ဣသရေလနိုင်ငံသည် ထိုနေ့ရက်တိုင်အောင်ရှိနေမည်ဟုအနက်ကောက် ကြသည်။ ယခုဖြစ်သောလူဆိုသည်မှာ မျိုးရိုးစဉ်ဆက်ဖြစ်သည်ဟု ယူဆကြသည်။ ဤလူမျိုးဆက်ဆိုသည် မှာ ဤလူမျိုး (ဣသရေလ) ကိုဆိုလိုသည်ဟုစာရေးသူက သဘောတူပါသည်။ မေရှိယသခင်ကို ယုံကြည် ခြင်းမရှိဘဲ၊ ငြင်းပယ်သော ယုဒလူမျိုးကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ လူ့သမိုင်းကြောင်းအရ ဤလူမျိုး သည်ပျောက်လွင့်ခြင်းမရှိ။ လူမျိုးတမျိုးလုံးအားထူးဆန်ုးသောလူမျိုးအဖြစ်ဘုရားသခင်က မပစ်ပယ်ပါ။ ခရစ်တော်ဘုရား ဒုတိယအကြိမ်ပြန်လည်ကြွလာသည့်တိုင်အောင်ရှိနေကြမည် အမှန်။

၁၃:၃၁ ကိုယ်တော်ဘုရား၏ ဗျာဒိတ်တော်အား လူသားတိုင်း စွဲပြဲစွာ လက်ခံယုံကြည်စေချင် သည်။ ကောင်းကင်နှင့် ကြယ်တာရာနက္ခတ်များ၊ ပျောက်လွင့် ချင်ပျောက်လွင့်မည်။ ကမ္ဘာမြေကြီးပျောက် ဆုံးလျှင်ပျောက်ဆုံးမည်။ သို့သော် ကိုယ်တော်၏ စကားတော်သည် တည်မြဲလျက် တည်မြဲနေမည်ဟု မိန့် တော်မူသည်။

(ဆ) အချိန်နာရီမသိသောနေ့ (၁၃:၃၂-၃၇)

၁၃:၃၂ “ထိုအချိန်နာရီကား၊ ခမည်းတော်မှ တပါး အဘယ်သူမျှ မသိ၊ ကောင်းကင်တမန် များမသိ၊ သားတော်လည်းမသိ” ဟုမိန့်တော်မူသည်။ ထို့ကြောင့် ခရစ်တော်၏ ဆန့်ကျင်ဘက်များက ဤကျမ်းပိုဒ်ကိုးကား၍ ခရစ်တော်သည် အလုံးစုံကို သိရှိသူမဟုတ်ဟု၊ စွပ်စွဲသရော်ကြသည်။ သွန်သင်ကြ သည်။

ထိုယူဆချက်နှစ်ခုစလုံးသည် မှားသော်လည်း သစ္စာစကားဖြစ်သည်။ “သခင်ယေရှုသည် ဘုရားဖြစ်သကဲ့သို့ လူသားတော်လည်းဖြစ်သည်။ ဘုရားဇာတိတော်ရှိသကဲ့သို့ လူ့အသွေးအသားလည်း ရှိသည်။ လူ့အသွေးအသားကို ခံယူသည်” သို့သော် ဘုရားဇာတိတော်မရှိသည့် ကာလအစိတ်အပိုင်း လုံးဝ မရှိ။

ထိုသို့ဆိုလျှင် ဒုတိယအကြိမ်ကြွလာမည့် အချိန်နာရီမသိဟုအဘယ်ကြောင့်ပြောရသနည်း။ ထိုအဖြေစကားကို (ယော ၁၅:၁၅)တွင် တွေ့ရသည်။

“…..ကျွန်မူကား ကိုယ့်သခင်ပြုသောအမှုကို မသိ” ဟုဆိုထားသည်။ ပြည့်စုံသောအစေခံ ဖြစ်သောကြောင့် သူကြွလာမည့် အကြောင်းကို အထွေအထူး ပြောမထားပါ (ယော ၁၂:၅၀၊ ၁၇:၈)။ ဘုရားသခင်သိကြောင်းကိုယ်တော်သိသည်။ ကိုယ်တော်အား အသိပေးခြင်းဖြင့် အခြားသူများကို တဆင့်မ သိစေလိုပါ။ ထိုအကြောင်းကို James H. Brookes က ဤသို့ရှင်းပြသည်။

သခင်ဘုရားသည် အလုံးစုံကိုမသိရှိကြောင်းငြင်းပယ်ခြင်းမဟုတ်ပါ။ ကိုယ်တော်၏ အစီအမံ သည် ရွေးနှုတ်ခြင်းအမှုတော်ဖြစ်သည်။ အချိန်နာရီသိရှိရန်မလို။ အချိန်နာရီသည် ခမည်းတော်၏ ချိန်းချက် သတ်မှတ်ရာဖြစ်သည်။ (တ ၁:၇) တွင်နောက်တခေါက်ပြန်လာမည်ဟု ယေရှုသိကြောင်းဖော်ပြထားသည်။ မကြာခဏလည်းမိန့်ဆိုသည်။ သို့သော် အချိန်နာရီချိန်းချက်ခြင်းမရှိပါ။ လျှို့ဝှက်ထားသည်။ အဘယ် ကြောင့်ဆိုသော် တပည့်တော်၊ နောက်လိုက်တော်များမှ မိမိမျှော်လင့်စေချင်သည်။ သစ္စာရှိစေချင်သည်။ ယုံကြည်စေချင်သည်။၂၂

၁၃:၃၃-၃ရ ကိုယ်တော်ဘုရားပြန်လာမည့် အချိန်အခါကို ဆုတောင်းလျက်စောင့် နေကြဖို့ မှာကြားတိုက်တွန်းခြင်းဖြင့် ဤအခန်းကို အဆုံးသတ်သည်။ ချိန်းဆိုထားသော အချိန်နာရီမသိရှိကြသဖြင့် အမြဲတန်းအဆင်သင့် နိုးနိုးကြားကြားရှိဖို့လိုသည်။

အိမ်ရှင်သည် ခရီးသွာခါနီးတွင် အိမ်စောင့်အားအဆင်သင့်စောင့်နေဖို့ မှာကြားခဲ့သည်။ ဘယ်အချိန်ပြန်ရောက်မည်ကို သူကိုယ်တိုင်မသိ။ ထိုသို့ ကိုယ်တော်ဘုရားက သူရောက်လာမည့်အချိန် အားယုံကြည်သူများကို မှာကြားခဲ့သည်။ ယေရှုသည် ခရီးထွက်နေသော အိမ်ရှင်ဖြစ်သည်။ ညအချိန် မတော်ပြန်ရောက်နိုင်သည်။ အိပ်ပျော်ငိုက်မြည်းခြင်းမရှိဘဲ သတိဝိရိယ ဖြင့်စောင့်နေကြရမည်။ ထို့ကြောင့် အသင့်စောင့်နေဖို့ မှာကြားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။