ဝတ်ပြုရာကျမ်း - ၁၂

သားဖွားပြီးစမိန်းမသန့်စင်ခြင်း
1တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 2မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။ 3အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။ 4ထိုနောက် အမိသည်စင်ကြယ်စေခြင်းနှင့်ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မီတိုင်အောင် သန့်ရှင်းသောအရာကိုမကိုင်ရ။ သန့်ရှင်းရာဌာနတော်ကို မသွားရ။ 5သားမိန်းမကိုဖွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တစ်ဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။ 6သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ်ဖို့ အခါလည်သော သိုးသူငယ်တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ချိုးကလေးတစ်ကောင်၊ သို့မဟုတ် ခိုတစ်ကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ 7ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ပူဇော်၍၊ ထိုမိန်းမအဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။ 8သိုးသငယ်ကိုမတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်သူ့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည်သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမကိုဖွားမြင်သောအမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

ဝတ်ပြုရာကျမ်း - ၁၂ (အနက်ဖွင့်)

(သားဖွားပြီးနောက်သန့်ရှင်းခြင်း (အခန်း ၁၂)

          ၁၂: ဤအခန်းတွင် သားဖွား၊ မီးနေသောအမျိုးသမီးသည် မစင်ကြယ်ဟု ဆိုသည်။ သားယောက်ျားမွေးဖွားသောမိခင်သည်()ရက် ကာလတွင် မစင်ကြယ်။ ဓမ္မတာလာသည့်ကာလကဲ့သို့ မစင်ကြယ်။ သားယောက်ျားသည် (၈)ရက်မြောက်နေ့တွင် အရေဖျားလှီးရသည်။ (ငယ်၃)။ ၅ရက်မြောက်နေ့သည် သွေးထွက်သံယိုခြင်းကိစ္စတွင် စိတ်ချရဆုံး၊ သေချာဆုံးနေ့ရက် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် သွေးတိတ်ဆေးအဖြစ် ဗီတာမင် အေ သုံးကြသည်။ ထို့နောက် မိခင်သည် (၃၃)ရက်လုံးလုံး မိမိနေအိမ်တွင်း ပုန်းရသည်။ စင်ကြယ်သော အရာများကို မထိမကိုင်ရ။ သန့်ရှင်းရာနေရာသို့မသွားရ။ တဲတော်ဝင်းသို့မချဉ်းကပ်ရ။

၁၂း၅ သမီးမွေးလျှင်မူကား ()ပတ် မစင်ကြယ်။ ထိုအပြင် မိမိနေအိမ်တွင် ရက်ပေါင်း(၆၆)ရက်တိတိ အိမ်တွင်းပုန်းအောင်းရသည်။

၁၂: သတ်မှတ်ရက်စေ့သောအခါ မီးနေသည် မီးရှို့ယဇ်ပြုဖို့ရာယဇ်ပူဇော်ဖို့ရာ ချိုးငှက်သို့မဟုတ် ခိုငှက်ငယ်တစ်ကောင် ယူဆောင်လာရသည်။ အကယ်၍ သိုးသူငယ် မပူဇော်နိုင်လောက်အောင် ဆင်းရဲမွဲတေနေလျှင် သိုးသူငယ်အစား ချိုးငှက်နှစ်ကောင် ယူဆောင်ရသည်။ တစ်ကောင်ကိုမီးရှိုးရာယဇ်ပူဇော်၍ ကျန်တစ်ကောင်ကိုအပြစ်ဖြေယဇ်အဖြစ် ပူဇော်ရမည်။ သခင်ယရှု၏ မယ်တော်သည် ငှက်နှစ်ကောင်ယူဆောင်လာသောကြောင့် (လု၂:၂၂-၂၄)ယေရှုမွေးဖွားစဉ်တွေင် ကျောမွဲလူတန်းစားဖြစ်သည်ဟု နားလည်ရသည်။

သားဖွားမီးနေခြင်းကြောင့် မစင်ကြယ်ခြင်းသည် ထူးဆန်းသည်။ အကြင်လင်မယား ထိမ်းမြား လက်ထပ်ခြင်းသည် လူ့လောကသို့ အပြစ်မဝင်ရောက်ခင်ဖြစ်၍ စင်ကြယ်သည်။ ထိမ်းမြားလက်ထပ်ခြင်းသည် မင်္ဂလာတရားဖြစ်သည်ဟု သမ္မာကျမ်းစာက သွန်သင်သည်။ သားသမီးများစွာ မွေးဖွားကြဖို့ မိန့်မှာထားသည်။ သားဖွားမီးနေရာတွင် မစင်ကြယ်ခြင်းသည် ချို့ယွင်းချက်ဖြစ်သည်။ လူသားအားလုံးသည် အပြစ်ဒစရိုက်ထဲမှ မွေးဖွားလာကြသူများဖြစ်သည်(ဆာ၅၁:၅)။ သမီးမွေးလျှင် မစင်ကြယ်သည့် နေ့ရက်ပိုမိုသတ်မှတ်ခြင်းမှာ မိန်းမသည် ယောက်ျားအဘို့ ဖန်ဆင်းခြင်းဖြစ်သောကြောင့် ဖြစ်နိုင်သည်။ မိန်းမသည် အပြစ်ဒုစရိုက်ထဲသို့ ဦးစွာဝင်ရောက်သောကြောင့် အချိန်ပိုပေးခြင်းဖြစ်နိုင်သည် (နှိမ့်ချခြင်းမဟုတ်တန်ရာ)။

William ကမူ သားဖွားမီးနေသည့် သွေးသားနုနယ်သောကာလတွင် ခုခံအားနည်းကြသောကြောင့် ကူးစက်လွယ်သောရောဂါများမရရှိဖို့ ဘုရားသခင်က မိခင်များနှင့် မွေးကင်းစကလေးများ ကွယ်ကာပေးခြင်း ဖြစ်သည်ဟုဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။