တရားသူကြီးမှတ်စာ - ၁၅
တရားသူကြီးမှတ်စာ - ၁၅ (အနက်ဖွင့်)
၃။ ရှံဆုန်လက်တုံ့ပြန်ခြင်း (အခန်း ၁၅)
၁၅:၁–၆ ရှံဆုန်သည်သူများနှင့် ပေးစားခဲ့သော သူ့မိန်းမအား တဖန် လာရစ်ပြန်သည်။ ယောက္ခမက မောင်းထုတ်သောအခါ စိတ်ဆိုး၍ ကလဲ့စားပြန်ချေသည်။ မြေခွေးသုံးဆယ်ကို အတွဲလိုက်အမြီးစုချည်ပြီး မီးတုတ်ထည့်ချည်ကာ လယ်ကွင်းပြင်ထဲသို့ မောင်းထုတ်လိုက်သည်။ ထိုမြေခွေးများသည် လယ်ကွင်းပြင်ထဲသို့ ပြေးလွှားကြသောအခါ စပျစ်ခင်း၊ သံလွင်တောနှင့် စပါးပင်များ မီးလောင်ပျက်စီးကုန်သည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းသိရှိကြသောအခါ ဖိလိတ္တိလူကြီးများက ရှံဆုန်၏ ယောက္ခမဟောင်းအား စိတ်ဆိုးကြ၍ တစ်အိမ်သားလုံး မီးရှို့ပစ်ကြသည်။
၁၅:၇–၁၃ ဖိလိတ္တိလူအတုံးအရုံးသေမှ အေးမည်ဟု ရှံဆုန်သည် ကြွေးကြော်အော်ဆဲလျက် ယုဒပြည်နယ်စပ်ရှိ ဧတံကျောက်ဆောင်ထိပ်ပေါ်သို့ သွားနားသည်။ ရုန်းရင်းဆန်ခတ်မှု ဆိုးသထက်ဆိုးလာသည်။ ဖိလိတ္တိလူတို့ အလုံးအရင်းဖြင့် လိုက်လာကြသောအခါ ယုဒလူများက ဖိလိတ္တိလူများသည် ယုဒလူတို့၏ အရှင်သခင်ဖြစ်ပါ၍ အဘယ်ကြောင့် ထိုသို့လာကြကြောင်း မေးမြန်းကြသည်။ ရှံဆုန်၏ ဂြိုဟ်မွှေခြင်းကိစ္စဖြစ်ကြောင်း သိရှိကြသောအခါ၊ ယုဒလူများက ရှံဆုန်အား ကြိုးသစ်နှစ်ချောင်းဖြင့် တုပ်နှောင်ကြလျှင် ကြိုးဆတ်နှောင်ခြင်း နာခံမည်ဟု သဘောတူသည်။ ယုဒတို့သည် ဘုရားသခင်၏ မိမိညီအကိုထက် သူစိမ်းသရံ မိမိလူမျိုးနှိပ်ကွပ်သူများကို မဟာမိတ်ပြုကြပြီ။
၁၅:၁၄–၁၇ ရှံဆုန်ဘဝတွင် ဘုန်းတော်ထင်ရှားသော အမှတ်တရ အဖြစ်အပျက် တစ်ခုဖြစ်သည်။ ကြိုးဖြင့် တုတ်နှောင်၍ ဖိလိတ္တိတို့က ခေါ်ဆောင်သွားကြစဉ် ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှံဆုန်အား ခွန်အားသစ်ထပ်မံပေးသည်။ ချည်နှောင်ထားသော ကြိုးအလိုလို ပြတ်ထွက်လျက် ရှံဆုန်လွတ်မြောက်သည်။ မြည်းမေးရိုးကိုယူ၍ ဖိလိတ္တိလူ တစ်ထောင်အား ရိုက်သတ်ပစ်သည်။ ထိုရိုက်သတ်သည့်နေရာဒေသကို ရာမဇလေဟိ (မေးရိုးကုန်းNKJV)ဟု ခေါ်တွင်စေသည်။
ဟုတ်တိပတ်တိ စစ်လက်နက်ပစ္စည်းမဟုတ်သော မြည်းမေးရိုးဖြင့် ဘုရားသခင်သည် ရှံဆုန်ကို စစ်သူကြီးအင်အားပေးခဲ့သည်။ ဘုရားသခင်က ရှံဆုန်အား မစင်ကြယ်သောအရာ မထိပါးဖို့ မွေးစကပင် တားမြစ်ထားသော်လည်း တိရစ္ဆာန်အသေကောင်၏ မေးရိုးကိုသုံးသည်။ သို့သော်ဤနေရာတွင် ထိုမစင်ကြယ်သော အရာသုံးစွဲခြင်းထက် တန်ဖိုးအစွမ်းအစ မရှိသောပစ္စည်းကို ဘုရားသခင်အသုံးပြုလျှင် အစွမ်းထက်မြတ်ကြောင်း သင်ခန်းစာပေးလိုခြင်းဖြစ်သည်။ ထို့ကြောင့် တော်မှတတ်မှ ဘုရားသခင်အသုံးပြုသည် မဟုတ်။ သာမန်ပုံမှန်ပစ္စည်း၊ အစွမ်းအစများကိုလည်း ဘုရားရှင်အသုံးပြုကြောင်း သိရှိနားလည်ရသည်။
၁၅:၁၈–၂၀ ထိုသို့လူတစ်ထောင်ရိုက်သတ်သောကြောင့် ရှံဆုန်သည် မောပန်း၍ ရေဆာငတ်သည်။ ထို့ကြောင့် ဘုရားသခင်ထံ ရေတောင်းခံရာ မေးရိုးကုန်းမှ အံ့ဩဖွယ်ရာ စမ်းရေထွက်ပေါ်ထွန်းလာသည်။ ထိုစမ်းရေထွက်ကို ‘ဆုတောင်းပြည့်စမ်းရေတွင်း’ (NKJV)ဟု ခေါ်တွင်ကြသည်။
ရှံဆုန်အသက်တာတွင် ဘုရားသခင်၏ဝိညာဉ်တော်ပေါ်လွင် ထင်ရှားသည် နှစ်ပေါင်း(၂၀)ကာလ အဖြစ်အပျက်များဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။