ယောဘ၀တ္ထု - ၂၅

ဘုရားသခင်ရှေ့၌ အဘယ်သို့ကုသိုလ်ရနိုင်သနည်း
1တစ်ဖန် ရှုအာအမျိုးသားဗိလဒဒ်မြွက်ဆိုသည်ကား၊ 2ဘုရားသခင်သည် အာဏာတော်နှင့်လည်းကောင်း၊ ကြောက်ရွံ့ရိုသေဖွယ်သော ဂုဏ်တော်နှင့်လည်းကောင်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။ 3ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကို မလင်းဘဲနေသနည်း။ 4သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဖွားမြင်သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။ 5လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။ 6ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဖွယ်ရာရှိသနည်းဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၂၅ (အနက်ဖွင့်)

၃။ဗိလဒတ်၏ တတိယစကားထိုးစစ် (အခန်း ၂၅)

ဤနောက်ဆုံးအချီ တတိယခေါက်တွင် ဇောဖာမပေါ်လာတော့ပါ၊ ရှူဘာလူမျိုး ဗိလဒတ်က နှစ်ယောက်စာပြောလေရော့သလား။ ဗိလဒတ်၏ တတိယစကားသည် ယောဘကျမ်းတွင် လေကြောအတိုဆုံးဖြစ်သည်။

ဗိလဒတ်၏စကားသည် အသစ်အဆန်းများမဟုတ်သော်လည်း လက်တွေ့ကျသည်။ ရဲရင့်ပြတ်သားသည်။ ယောဘ၏မိတ်ဆွေများသည် ဧကန္တလေကြောင်းပြောင်းလဲချင်ဟန်ရှိသည်။ သူ့စကားသည် အတွေးသက်သက်မဟုတ်ပဲ စကားကြီးစကားကျယ်ဖြစ်သည်။ အရည်အသွေးရှိသည်။ ထိမိသည်။ ရိုးစင်းသော်လည်း ကျက်သရေရှိသည်။ မဂ်လာရှိသည်။ အားရှိသည်။ တင်စားချက်များပါရှိသော်လည်း ထိရောက်သည်။ သို့သော်လည်း ဘဝရပ်တည်ချက်ကား လူမှန်နေရာမှန်မဟုတ်သေး။၂၆

စကားဖောင်ဖွဲ့ ၊ လေကြောရှည်သော်လည်း အကျိုးအာနိသင်မရှိပုံကို သဘေပေါက်သောကြောင့် အချက် ၂ ချက်သာပြောဆိုဟန်ရှိသည်၊ ဘုရားသခင်၏ ကြီးမြတ်ခြင်း (ငယ် ၁-၃) နှင့် လူ၏တန်ဖိုးမဲ့ပုံကို (ငယ် ၄-၆) တို့ကို ဝန်ခံသွားသည်။

၂၅:၁-၃ ဘုရားသခင်သည် အာဏာတန်ခိုးနှင့်ပြည်စုံသောကြောင့် ချစ်ကြောက်ဖွယ်ဖြစ်သည်။သူ့တဘက်တွင်ရှိသော ရန်သူများကို မှုစရာမလို။

၂၅:၄-၆ ဘုရားသခင်ရှေ၌လနှင့်ကြယ်များသည်လည်း မဖြူစင်ပါ။ မိုးယံနက္ခတ်တာရာများ၌ထိုသို့သော အင်္ဂါရပ်ရှိလျှင် လူမိန်းမက မွေးသော လူသတ္တဝါများသည် အဘယ်မှာဆိုဖွယ်ရာရှိတော့မည်နည်း။ လောက်ကောင် တီကောင်များသာဖြစ်သည်။ ဗိလဒတ်၏စကားသည် သွေးထွက်အောင်မှန်သော်လည်း ချစ်ခြင်းမေတ္တာမပါ။ ဖြေဆည်စရာမရှိသဖြင့် ယောဘအတွက်အဟာရမဖြစ်ထွန်းစေပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။