ယောဘ၀တ္ထု - ၁၈

ဆိုးသောသူကိုဆုံးမခြင်း
1တစ်ဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည်ကား၊ 2ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။ 3သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ 4အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။ 5အကယ်စင်စစ် ဆိုးသောသူ၏အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံ မတောက်ရ။ 6သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။ 7ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။ 8ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။ 9ဂိုင်းပြုတ်၍ ခြေကိုမိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။ 10မြေ၌ဂျမ်းကြိုးကို သူ့အဖို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။ 11ကြောက်မက်ဖွယ်သော အခြင်းအရာတို့သည်ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။ 12သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်းဘေးနှင့် တွေ့လုလျက်ရှိ၏။ 13ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ 14သူခိုလှုံရာအကြောင်းကို သူ၏နေရာမှပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ရှင်ဘုရင်ထံသို့ ဆောင်သွားရ၏။ 15သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။ 16သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။ 17မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ်ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။ 18သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှနှင်ထုတ်ရ၏။ 19သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူအိမ်သားတစ်ယောက်မျှ မကျန်ရစ်ရ။ 20သူ၏လက်ထက်၌ရှိသောသူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ 21အကယ်စင်စစ် ဆိုးသောသူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူသည် ထိုသို့သောနေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။

ယောဘ၀တ္ထု - ၁၈ (အနက်ဖွင့်)

၃။ ဗိလဒတ်၏ဒုတိယစကား (အခန်း ၁၈)

၁၈:၁-၄ ရှုအာအမျိူးသားဗိလဒတ်က ယောဘနှင့်သူကိုယ်တိုင် အလေးအနက်စကားပစ်ထည့်သည်။ သူ့စကားများသည် အခြားမိတ်ဆွေနှစ်ဦးထက် လိုရင်းတိုရှင်းရောက်သည်။သူ့မိတ်ဆွေ ယောဘ၏ အတော်မသတ်နိုင်သော ပြောမဆုံးပေါင်တောသုံးတောင်စကားကို အပြီးသတ်ဖို့ ပြတ်ပြတ် သားသား ပြောခြင်းဖြစ်သည်။

၁၈:၅-၂၁ လူဆိုးများသည်မိမိခင်းထားသော ဒုစရိုက်ထောင်ချောက်တွင် ပြန်မိသည်ဟု စကားကျော့သည်။ သို့ဖြင် အပြစ်ဒုစရိုက်သမားများ အကုသိုလ်ဝဋ်လည်ပုံကို တခုခြင်းရှင်းပြသည်။ မတရားသူ၊ သူယုတ်မာများသည် မိမိတို့ပြုမှားခဲ့သောအပြစ်များကြောင့် ဆင်းရဲဒုက္ခရောက်ရသည်ဟုဆိုသောကြောင့် ယောဘသည်လည်း အပြစ်ဒုစ

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။