ယေရမိအနာဂတ္တိကျမ်း - ၄၈
ယေရမိအနာဂတ္တိကျမ်း - ၄၈ (အနက်ဖွင့်)
(ဂ)မောဘအမျိုး (အခန်း၄၈)
၄၈:၁–၁၀ မော ဘပြည်ကို လည်းဗာဗုလုန်သားများ၏ ခြေဖဝါး အောက်သို့ ကျရောက်မည်။ မြို့ကြီးပြကြီးများကို ပြိုလဲစေသည်။ အရပ် ရပ်အပြည်ပြည်တွင် ငိုချင်းရှည်ကြမည်။ လူဆိုးလူပျက်များ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး၊ လူတို့ပစ္စည်းများကို နောက်ပိုင်းမှ သိမ်းယူကြမည်။ စည်းစိမ်ဥစ္စာများ တန်ဖိုးထားခြင်းသည် အချည်းနှီးဖြစ်ကြောင်း သိရှိသွားကြရမည်။ သူတို့ဘုရား Chemosh သည်လည်း ဗာဗုလုန်ပြည် သားတို့ ယူဆောင်သွားခြင်းခံရမည်။ အပိုဒ်ငယ်(၁၀)သည် လက်လွှတ်စ ပယ်လုပ်တတ်သော ကျူးကျော်သမားများကျိန်စာတိုက် သည့်ကျမ်း ချက်ဖြစ်သည်။ ယနေ့ခေတ်ကာလယုံကြည်သူများက သင်ခန်းစာယူ ထိုက်သည်။ ဘုရားသခင်၏ တရားတော်နှင့်မညီသော ကိစ္စရပ်များ ရှောင်ရှားသတိထားရမည်။
၄၈:၁၁–၁၇ မောဘများသည် သမိုင်းကြောင်းအစဉ်အလာကောင်း ရှိသူများမဟုတ်။ အိုးတစ်လုံးပြီးတစ်လုံး ပြောင်းထည့်ထားသောစပျစ်ရည် အသစ်နှင့်တူသည်။ သို့ကြောင့် စနစ်တကျ နေသားကျခြင်းမရှိ။ သူတို့ယုံ ကြည်ကိုးစားခဲ့သော ခါလဒဲသားများက သတ်ဖြတ်ကြဦးမည်။ ဣသရေလများက ဗေသေလနွားရုပ်ကိုးကွယ်သကဲ့သို့ မောဘများက ဃ့နသျ အရုပ်ကို ကိုးကွယ်ကြသောကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ကြမည်။ ဝမရှိဝိလုပ်ကြသောကြောင့် အောက်ခြေမှစ၍ လဲကျမည်။ ထောင်လွှားဝါကြွားသူများ ပြိုလဲဆုံးရှုံးကြမည်။ တိုင်းသူ ပြည် သားများရောက်တက်တက်ရာရာ ထွက်ပြေးကြမည်။ မြို့ကြီးမြို့ပြကြီး များပျက်စီး၍ လွင်တီးခေါင်ပြင်ဖြစ်ကြမည်။ အဘယ်ကြောင့်ဆိုသော် မောဘလူများသည် ဣသရေလများကို ပြက်ယယ်ပြုရယ်မောဟားတိုက် ခဲ့ကြသဖြင့် ဘုရားသခင်၏ အမျက်တော်ဖလားတလှည့် သောက်သုံး ကြရမည်။
၄၈:၂၈–၃၉ တစ်ချိန်က ဆောင့်ကြွားကြွားဖြင့်သွေးနားထင်ရောက်ခဲ့ သူများသည် ယခုအခါ ကြက်ကလေးများ၊ ငှက်ကလေးများပမာ ပုန်းအောင်းနေကြသည်။ ထိုသူများ၏ မောက်မာ ဟော့ရမ်းခဲ့မှုများသည်လည်း ပျက်စီးပျောက်လွှင့်ကုန်သည်။ ပျော်ရွှင် အူမြူးခြင်းများသည်လည်း တိမ်ကော ပပျောက်ကုန်သည်။ မောဘပြည်အနှံ့အပြား၌ ငိုကြွေး ကြမည်။ ရုပ်တုဆင်းတု ကိုးကွယ်ခြင်း၏အပြစ်ဒဏ် ခံကြရမည်။ ကိရဟရက်မြို့သားများသည် ဆုံးရှုံးရသော ဥစ္စာပစ္စည်းများအတွက် နှမြောတသစွာဖြင့် အော်ဟစ် ငိုယိုကြသည်ဆိုခြင်းမှာ မောဘသားများ ကြေကွဲဝမ်းနည်းကြမည့်အကြောင်း တင်စားထားသည်။
၄၈:၄၀–၄၇ ဗာဗုလုန်သားများသည် မိုးယံထက်တွင် ရွှေလင်းယုန် အုပ်ပျံဝဲသကဲ့သို့ မောဘပြည်သို့ အရှိန်အဟုန်ဖြင့် ပျံဝဲလာကြသည်။ တမြို့နယ်လုံး ဖျက်ဆီးပစ်မည်။ လွတ်မြောက်သူတစုံတစ်ယောက်မှ မရှိရ။ ပြည်သူပြည်သားများ ထွက်ပြေးတိမ်းရှောင်သွားကြသော်လည်း တစ်နေ့သောအခါ ပြန်လည်စုစည်း စည်ပင်ဝပြောကြမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။