ယေရမိအနာဂတ္တိကျမ်း - ၄၉
ယေရမိအနာဂတ္တိကျမ်း - ၄၉ (အနက်ဖွင့်)
(ဃ) အမ္မုန်အမျိုး (၄၉:၁–၆)
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး နောက်ပိုင်းတွင်အမ္မုန် လူမျိုးသည် ရုဘင်နှင့်ဂဒဲနယ်ကိုပိုင်ဆိုင်ကြသည်။ ထိုလူမျိုးသည် မာနထောင် လွှားခြင်း၊ မိမိကိုယ်ကို အားကိုး ယုံကြည်လွန်းခြင်းအတွက် တရားစီ ရင်ခြင်းခံရသည်။ သို့သော် မျိုးတုံးမျိုးကန်းခြင်းသို့ မရောက်ရ။
(င)ဧဒုံအမျိုး (၄၉:၇–၂၂)
ဧဒုံလူမျိုးသည် ဉာဏ်ပညာ ထက်မြတ်သောကြောင့် မာန တတ် ကြသည်။ မိမိကိုယ်ကို ကျောက်ကြားတို့၌ နေ၍ တောင်ထပ်ကို ခိုလှုံသူဟု ထင်မှတ်ကြသည်။ သို့သော် ထိုဉာဏ်ပညာမာနကို ဘုရား သခင်က အသိအမှတ်မပြု။ Williamn က အပိုဒ်ငယ် ၁၂ အစ ပိုင်း သည် ဣသရေလလူမျိုး၊နောက်ပိုင်းသည် ဧဒုံလူမျိုးဖြစ်သည်။ ဘုရားသခင်သည် သူ့သားသမီးများကို ဆုံးမတော်မူလျှင် ဘုရားသားသမီး မဟုတ်သူများကို မည်မျှ အရေးယူမည်နည်း” ဟု ကောက်ချက်ချထားသည်။ ဧဒုံလူမျိုး ပြန်လည်းပေါ်ပေါက် ထွန်းကားမည့်အကြောင်း ကတိတော်မတွေ့ရပါ။
(စ) ဒမာသက်အမျိုး (၄၉:၂၃–၂၇)
ဒမာသက်(ဆီးရီးယား) များသည်လည်း ပြားပြားဝပ်ပျက်စီးကြမည်။ လူငယ်လူရွယ်များလမ်းမပေါ်တွင် ပျက်စီးကြ၍ စစ်သားများသည်လည်း ပျက်စီ:ခြင်းခံရမည်။ ဒမာသက်မြို့လည်း မီးလောင်မည်။ အပိုဒ်ငယ် (၂၅)တွင် ပါရှိသည့်မြို့သည် ဘုရားသခင်ကိုယ်တိုင်ထက် ဘုရားသခင်၏မြို့များကို ဆိုလိုဟန်ရှိသည်ဟု “M”ကျမ်းမူနှင့်”MKJV” ကျမ်းမူတို့က ဆိုထားသည်။၄၁
(ဆ)ကေဒါနှင့်ဟာဇော်အမျိုး (၄၉:၂၈–၃၃)
၄၉:၂၈–၂၉ ကေဒါမျိုး(အာရေဗျ) ကိုလည်း ဗာဗုလုန်သားများက တိုက်ခိုက်အနိုင်ယူမည်။
၄၉:၃၀–၃၃ ဟာဇော်လူမျိုးကလည်း ခုခံတွန်းလှန်ခြင်းမပြုနိုင်။ နေဗု ခပ်နေဇာမင်းသည် မိမိအိမ်ကဲ့သို့ ဟာဇော်အမျိုးပြည်သို့ ဝင်ရောက်၍ရှိ သမျှ ပစ္စည်းကို သိမ်းပိုက်မည်။ ဟာဇော်ပြည်သည် ခြောက်သယောင်းထ အထီးကျန်မည်။
(ဇ)ဧလံအမျိုး (၄၉:၃၄–၃၉)
ဧလံလူမျိုး (ပါရှန်း) များသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့ကွဲလွင့်ကြမည်။ သို့သော် တစ်နေ့သောအခါ ဘုရားသခင်က ပြန်လည်စုစည်းမည်။ ဧလံအမျိုး တွင်ရာဇပလ္လင်တည်မည်။ ဘုရားသခင်က တရားတော်နှင့်အညီ စီရင်အုပ် စိုးမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။