ဟေရှာယအနာဂတ္တိကျမ်း - ၆၄
1ကိုယ်တော်သည် မိုးကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။ 2မီးသည် အမှိုက်ကိုလောင်သကဲ့သို့လည်းကောင်း၊ ရေကို ဆူစေသကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ရန်သူတို့သည် နာမတော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။ 3အကျွန်ုပ်တို့ မျှော်လင့်သည်ထက်၊ အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။ 4ကိုယ်တော်ကို မျှော်လင့်သော သူတို့အဖို့အလိုငှာ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့် မမြင်စဖူးပါ။ 5ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့်သောသူ၊ တရားတော်လမ်းတို့၌ ကိုယ်တော်ကို အောက်မေ့သောသူတို့နှင့် ကိုယ်တော်သည် မိတ်သဟာယဖွဲ့တော်မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ်သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါမည်လော။ 6အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။ 7နာမတော်ကို ပတ္ထနာပြုသောသူ၊ ကိုယ်တော်ကိုမှီဝဲခြင်းငှာ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တစ်ယောက်မျှမရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။ 8သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ 9အို ထာဝရဘုရား၊ ပြင်းစွာအမျက်ထွက်တော်မမူပါနှင့်။ ပြစ်မှားမိသောအပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ရှိသမျှသည် ကိုယ်တော်၏လူဖြစ်ကြပါ၏။ 10သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့လည်း ပျက်စီးပါပြီ။ 11ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့ နှစ်သက်ဖွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက် ရှိကြပါ၏။ 12အို ထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူမည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန်ဆင်းရဲစေတော်မူမည်လော။
ဟေရှာယအနာဂတ္တိကျမ်း - ၆၄ (အနက်ဖွင့်)
၆၄:၁-၅ ၆၃:၁၅ မှအစပြုသောဆုတောင်းချက်သည်ယခုအခါဝန်ချခြင်း သို့ပြောင်းလဲလာသည်။ ကိုယ်တော်ဘုရားသည်ရွေးကောက်ထားသူများ ကောင်းစားဖို့၊သူတို့ရန်သူများနှိမ်နှင်းပေးနိုင်ဖို့ကောင်းကင်တံခါးကိုဖွင့်လှစ်၍ ဆင်းသက်လာသည်။ ဘုရားသခင်ထံတော်သို့ခေါ်ဆောင်သည်။ မျှော်လင့်သည် ထက်အံ့ဩဖွယ်ရာအမှုပြုတော်မူသည်။ ဣသရေလလူမျိုးကိုဘုရားသခင်၏ စိတ်တော်ထိတွေ့မည့်သူ၊ဖြောင့်မတ်သန့်ရှင်းသူများဖြစ်စေချင်သည်။ သို့သော် အပြစ်ဒုစရိုက်ထဲတွင်ဗွက်လူးနေကြသဖြင့်အမျက်တော်ရှခဲ့သည်။ ထိုလူများအ တွက်ကယ်တင်ခြင်းမျှော်လင့်ချက် တစုံတရာရှိနိုင်ပါသလား။
၆၄:၆-၇ မစင်ကြယ်သူများဖြစ်ကြောင်းဝန်ခံရမည်။ သန့်ရှင်းစင်ကြယ် ခြင်းဟုထင်မှတ်ခဲ့သောအကောင်းဆုံးအကျင့်သီလများသည်ဘုရားသခင်ရှေ့ တွင်ညစ်ညမ်းသောဆီသည်မ လက်သုတ်ပုဝါဖြစ်ကြောင်းသိရှိလာရမည်။၆၉ လေ တိုက်ရာလွင့်ပါသွားသောယော်ရွက်ကြွေများဖြစ်ကြသည်။ ဝိညာဉ်ရေးရာအ သေကောင်များဖြစ်သည်။ ဘုရားသခင်နှင့်စေ့စပ်ငြိမ်းချမ်းစေမည့်သူမရှိ။ အဘယ်ကြောင့်ဆိုသော်သူတို့အပြစ်ဒုစရိုက်များကိုရွံရှာသောကြောင့်ဘုရားသ ခင်ကစွန့်လွှတ်သည်။
၆၄:၈-၉ သို့သော်လည်းဘုရားသခင်သည်သခင်အဖြစ်ရပ်တည်နေဆဲ။ အိုးထိန်းသည်ရွှံ့မြေကိုစိတ်ကြိုက်ပြုပြင်နိုင်သည်ဟုမျှော်လင့်ချက်ထားနေကြ ဆဲ။ ထို့ကြောင့်အမျက်တော်ဖြေလျှော့ဖို့တောင်းပန်အသနားခံကြသည်။ အပြစ် များကိုခွင့်လွှတ်မေ့လျှော့ဖို့လျှောက်လဲကြသည်။ ဘုရားသခင်၏လူများအဖြစ် ဆက်လက်အသိအမှတ်ပြုစေချင်ကြသည်။
၆၄:၁၀-၁၂ ညစ်ညမ်းသောအကျင့်စရိုက်များကိုစွန့်လွှတ်ကြပြီ။ နောင် တရကြပြီဖြစ်၍ယေရုရှလင်နှင့်ဗိမာန်တော်ကိုထောက်ထားတော်မူပါ။ သူ့လူ များ၏ဆိုးသွမ်းဖောက်ပြန်မှုကိုခွင့်လွှတ်၍အမျက်ဒေါသဖြေလျှော့ရန်ပရော ဖက်ဟေရှာယကလည်းတောင်းလျှောက်ပေးသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။