ဟေရှာယအနာဂတ္တိကျမ်း - ၄၁

ဣသရေလတို့အတွက်အာမခံချက်
1တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။
2ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူအမျိုးမျိုးတို့ကို သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှာ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ၏ဓားရှေ့မှာ မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့လည်းကောင်း အဘယ်သူဖြစ်စေသနည်း။ 3ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဖူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။ 4ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသောသူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရားပေတည်း။
5တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သောစိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။ 6အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် မစ၍၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။ 7ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသောသူသည်၊ ပေပေါ်မှာရိုက်သောသူကိုလည်း နှိုးဆော်၍၊ ဂဟေကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်းငှာ သံချွန်နှင့် ရိုက်ထားတတ်၏။
8ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊ 9မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ခေါ်သောသူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ ဟူ၍လည်းကောင်း၊ သင့်ကိုငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ် ဟူ၍လည်းကောင်း၊ ကတိကိုခံရသောသူ၊ 10မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။ 11သင်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းရှိကြလိမ့်မည်။ သင်၌ ရန်ပြုသောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ 12သင်နှင့် ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့လည်းကောင်း၊ အနတ္တသက်သက်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 13အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ယာလက်ကို ကိုင်မည်။ 14အို တီကောင်ယာကုပ်၊ အမျိုးငယ်ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူဖြစ်၏။ သင့်ကို ရွေးနုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 15ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ် ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကိုနယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။ 16သူတို့ကိုလှေ့၍၊ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားလိမ့်မည်။
17ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာသွေ့ခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့စကားကို နားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကိုမစွန့်။ 18မြင့်သောအရပ်တို့၌ မြစ်ကိုလည်းကောင်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကိုလည်းကောင်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကိုလည်းကောင်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေတွင်းများကိုလည်းကောင်း ငါဖြစ်စေမည်။ 19တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကိုလည်းကောင်း၊ လွင်ပြင်၌ ထင်းရှူးပင်၊ တဒေရပင်၊ တာရှုရပင်များကိုလည်းကောင်း ရောနှောလျက် စိုက်မည်။ 20သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင်၍၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား ဖန်ဆင်းတော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။
ဘုရားအတုအယောင်များကိုစိန်ခေါ်ခြင်း
21သင်တို့၏အမှုကို စောင့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ရှင်ဘုရင် မိန့်တော်မူ၏။ 22ထုတ်ဖော်၍ အနာဂတ္တိအရာတို့ကို ငါတို့အားပြကြစေ။ အရင်ဖြစ်ဖူးသောအရာတို့သည် အဘယ်သို့ဖြစ်သည်ကို ငါတို့ဆင်ခြင်၍၊ ထိုအရာတို့၏အဆုံးကို သိရမည်အကြောင်း ဖော်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတ္တံ့သောအရာတို့ကို ငါတို့အား ဟောပြောကြစေ။ 23သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့သိရမည်အကြောင်း၊ ဖြစ်လတ္တံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုတွေ့မြင်မည် အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစ်စုံတစ်ခုကို ပြုကြလော့။ 24သင်တို့သည် အဘယ်မျှမဟုတ်သော အရာထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သောအမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသောသူသည် ရွံရှာဖွယ်ဖြစ်၏။
25မြောက်မျက်နှာ၌ လူတစ်ယောက်ကို ငါပေါ်ထွန်းစေ၍၊ သူသည်လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကိုပတ္ထနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကိုနင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေအမှတ်နှင့် ကျော်နင်းလိမ့်မည်။ 26ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဖော်ပြသောသူ တစ်ယောက်မျှမရှိ။ ဟောပြောသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားသောသူ တစ်ယောက်မျှမရှိ။ 27ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေ့ဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရုရှလင်မြို့သို့ ငါစေလွှတ်၏။ 28သူတို့ကို ငါကြည့်ရှုသောအခါ၊ တစ်စုံတစ်ယောက်မျှ မရှိ။ သူတို့တွင် သတိပေးသောသူ တစ်ယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှာ သူတို့ကို ငါမေးမြန်းသော်လည်း၊ 29သူတို့သည် အကြွင်းမဲ့ အနတ္တဖြစ်ကြ၏။ သူတို့အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တုတို့လည်း အတ္တမရှိ၊ လေသက်သက် ဖြစ်ကြ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၄၁ (အနက်ဖွင့်)

၃။ ဣသရေလတို့၏သန့်ရှင်းစင်ကြယ်သောဘုရား(အခန်း၄၁)

၄၁:၁ ဘုရားသခင်ကတိုင်းနိုင်ငံသားများအားလာရောက်မျက်နှာချင်း ဆိုင်ကြဖို့ဖိတ်ခေါ်သည်။ ထိုသို့နီးကပ်စွာရှိနေကြလျှင်အားသစ်ခွန်သစ်ပေး မည်။ အကောင်းဆုံးသောခွန်အားသစ်သတ္တိပေးပါ။

၄၁:၂-၄ ဤကျမ်းပိုဒ်တွင်ဘုရားသခင်ကအရှေ့အရပ်မှကုရုမင်းဆင့်ခေါ် ပုံကိုရှင်းပြသည်။ အချို့ကျမ်းစာသုတေသီများကအပိုဒ်ငယ်၂-၃တွင်ဖေါ်ပြထား သောသူသည်အာဗြဟံဖြစ်သည်ဟုဆိုကြသည်။ သို့သော်စစ်ပွဲအောင်မြင်ခြင်း သည်အာဗြဟံအောင်မြင်ခြင်းနှင့်အဆက်စပ်ဝေးကွာပြန်သည်။ ဤလူ(ပါရှားဘု ရင်ကုရုမင်း)သည်သမိုင်းတွင်မပျောက်နိုင်သောစစ်ရေးအောင်မြင်မှုမှတ်တမ်းရှိသည်။ စစ်ကြောင်းချီလေသမျှလမ်းတလျှောက်ကိုအောင်မြင်နိုင်သောသူအ ဘယ်မှာပေါ်ထွန်းသနည်း။ ယေဟောဝါဘုရားသခင်၏ပထမဦးဆုံး၊နောက်ဆုံး နှင့်နောက်ဆုံးမျိုးနွယ်ဆက်ဖြစ်သည်။

၄၁:၅-၇ ထိုသတင်းစကားကိုကြားသိသောတိုင်းနိုင်ငံသားများသည်စိုး ရိမ်ကြောက်လန့်သဖြင့်စုစည်းကြသည်။ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်အား ပေးကြသည်။ ရဲသွေးတင်ကြသည်။ ပျက်စီးခြင်းဘေးဒဏ်မှလုံခြုံကွယ်ကာရန် ရုပ်တုဆင်းတုကိုးကွယ်ခြင်းခေတ်စားလာသည်။ လူလက်ဖြင့်လုပ်ထားသော ဘုရားများအားထွက်မပြေးစေရန်သံမှိုနှက်ကြသည်။

၄၁:၈-၁၀ အပိုဒ်ငယ်၈-၂၀တွင်ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကြီး မားပုံ၊သူ့လူများအားဂရုစိုက်ပုံများရှင်းပြထားသည်။ ရုပ်တုဆင်းတုများကကိုးကွယ်သူများကိုအမှန်တကယ်သနားကြင်နာပါသလားဟုမေးချင်သည်။ ဘုရား သခင်ကသူ့လူများအားဥရုနှင့်ခါလဒဲများထံမှခေါ်ထုတ်၍အစေခံတော်ဖြစ်စေ ချင်သည်။ ကိုယ်တော်ဘုရားထံတွင်စိတ်ချလက်ချရှိနေစေချင်သည်။ ကိုယ်တော် နှင့်ရင်းနှီးစေချင်သည်။ ကူပံ့ကျွေးမွေးချင်သည်။ အဘယ်မျှလောက်ချစ်ခင်မြတ် နိုးကြောင်းသိကြားစေသက်သေညွှန်းချင်သည်။

မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏ မကြောက်နှင့်။ သင်၏ဘုရားသခင်ငါသည်သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက် ဖြင့်ထောက်ပံ့မည်။

၄၁:၁၁-၁၆ ရန်သူများကိုချေမှုန်းပပျောက်စေမည်။ ဘုရားသခင်သည် ယုဒတို့အားထိန်းကျောင်းသူကယ်နှုတ်သူဖြစ်သည်။ ဘုရားသခင်ဣသရေလ လူမျိုးအားစပါးနယ်ရာယန္တရားအဖြစ်အသုံးပြုမည်။ ထိုသို့ဖြင့်ဣသရေလအ မျိုးသည်ဘုရားသခင်၏ဂုဏ်ယူဝမ်းမြောက်ရာမင်္ဂလာဖြစ်သွားမည်။

၄၁:၁၇-၂၀ မရှိဆင်းရဲသားများနှင့်ချို့တဲ့ကြပ်တည်းသူများအားဘုရား ရှင်ကိုယ်တိုင်ထောက်ပံ့လုပ်ကျွေးမည်။ အနှစ်တစ်ထောင်တိုင်းပြည်တွင်ရေအ လျှံပယ်ရရှိကြသောကြောင့်ရေငတ်သောလယ်မြေနှင့်ကန္တာရဖုန်းဆိုးတောများ လည်းစိုပြေလန်းဆန်းကြမည်။ မြေဩဇာပြည့်ဝ၍သစ်ပင်ပန်းမာလ်အမျိုးမျိုးပွင့် လန်းကြမည်။ ဤကျမ်းစကားသည်ဘုရားသခင်ကလူ့လူများအပေါ်ချစ်ခင် မြတ်နိုးဂရုစိုက်သည့်အကြောင်းဖြစ်သည်။

၄၁:၂၁-၂၄ အပိုဒ်ငယ်၂၁သည်ဘုရားသခင်နှင့်သူ့လူများအကြားနားမ လည်နိုင်သည့်အကြောင်းဖြစ်သည်။ ရုပ်တုဆင်းတုထုလုပ်ခြင်းဖြင့်မည့်သည့် အကျိုးဆက်ဖြစ်မည်နည်းဟုစိန်ခေါ်သည်။ သို့မဟုတ်ရုပ်ဝတ္ထုပစ္စည်းနောက်သို့ လိုက်ဖို့ဆုံးဖြတ်ကြပြီလားဟုမေးသည်။ ပရောဖက်ပြုချက်နာခံမည်လား ကောင်းသောအကျင့်ကိုရွေးချယ်ကြမည်နည်း။ တစ်ခုခုရွေးချယ်ရမည်။ မိမိတို့ အစွမ်းအစဖြင့်ဘာမှမလုပ်နိုင်ကြပါ။ ဘာမှမလုပ်နိုင်ကြ။ လုံးဝအစွမ်းအစမရှိ ကြပါ။၄၉

၄၁:၂၅-၂၈ အပိုဒ်ငယ်(၂၅)တွင်ကုရုမင်းအကြောင်းထပ်မံဖေါ်ပြသည်။  ဤတကြိမ်တွင်မူမြောက်ဘက်အရပ်မှလူဖြစ်သည်။ သူထွက်လာသောမူလအ ရပ်ပါရှားပြည်(အငယ်၂)ဖြစ်သည်။ ထို့နောက်မြောက်ဘက်အရပ်မေဒိပြည်ကို အောင်မြင်၍ထိုမှတဆင့်ဆင်းလာခြင်းဖြစ်သည်။ ကုရုမင်းကဘုရားသခင်၏ နာမတော်ကိုခေါ်ကြသောကြောင့်ဘုရားသခင်ကတန်ခိုးအစွမ်းပေးသူဘုရားသခင်နှင့်သိကျွမ်းသူ(ဧဇ၁:၂)ဖြစ်သည်ဟုနားလည်ရသည်။ မည့်သည့်ရုပ်တုဆင်း တုဘုရားကမှကုရုမင်းအကြောင်းပြောကြားခြင်းမရှိပါ။ ဘုရားသခင်တပါး တည်းသာကသာလျှင်သူ့လူများကိုကြိုတင်ပြောပြသည်။ စကားပြောနိုင်သော ရုပ်တုဆင်းတုတစ်ခုမှရှာမတွေ့။ ရုပ်တုများသည်အမှန်စင်စစ်သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းများသာဖြစ်သည်။ ဘာတစ်ခုမှတန်ခိုးမရှိ။ ယုံကြည်စရာမရှိ။

၄၁:၂၉ အခန်းငယ်၄၁သည်ဘုရားသခင်နှင့်ရုပ်ဝတ္ထုပစ္စည်းခြားနားပုံ ရှင်းပြသည့်နောက်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ Vine ကမူရင်းကျမ်းသဘောမပျက် ဤသို့ဆိုထားသည်။

အားလုံးလိုက်ကြည့်။ အပေါ်ယံကြောသက်သက်ဖြစ်သည်။ မည်သည့်အကျိုးရလာဒ်မှမပေး။ ခြောက်ကပ်ခြင်းနှင့်စိတ်ရူးပုံရိပ်များသာဖြစ်သည်။၅၀

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။