ဟေရှာယအနာဂတ္တိကျမ်း - ၄၂
ဟေရှာယအနာဂတ္တိကျမ်း - ၄၂ (အနက်ဖွင့်)
၄။ ဘုရားသခင်၏အစေခံတော်(အခန်း၄၂)
၄၂:၁-၄ ပရောဖက်ဟေရှာယ မေရှိယသခင်ကိုအမည်နာမ“အစေခံတော်” ဟုတင်စားသုံးနှုန်းထားသည်။ ဣသရေလလူမျိုး၊ဘုရားသခင်ရွေးကောက် သောလူနည်းစုအတွက်အစေခံခြင်း(၄၃:၁၀)ဖြစ်သည်။ ကုရုမင်းအတွက်လည်း ဖြစ်သည်။ ဤကျမ်းချက်၏အနှစ်သာရသည်မြင်သာထင်လာရှိပါသည်။ အပိုဒ် ငယ်၁-၄သည်သခင်ယေရှုကိုရည်ညွှန်းသည်။ ဘုရားသခင်ရွေးကောက်ခန့်အပ် ထားသူ၊သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဘိသိက်ပေးထားသူဖြစ်သည်။ တပါးအမျိုးသားများကိုလည်းတရားသဖြင့်ဖြောင့်မတ်စင်ကြယ်စွာဆက်ဆံသူဖြစ်သည်။ မြေကြီးပေါ်တွင်နိုင်ငံတော်မတည်မခြင်းစိတ်ပျက်အားငယ်ခြင်းမရှိဘဲသူ့စ ကားကိုကြားချင်သိချင်ကြမည်။
၄၂:၅-၉ ဘုန်းတန်ခိုးကြီးသောအနန္တဘုရားသခင်ကမေရှိယသခင်နှင့်ထိုမေ ရှိယသခင်သည်ဖြောင့်မတ်စင်ကြယ်သောသူဖြစ်သည်။ ဘုရားသခင်သည်ဘုန်းတန်ခိုးတော်ကိုသူများအားမျှဝေပေးခြင်းမရှိ။ ဘုရားရှင်ကဲ့သို့သောတုနှိုင်းစရာတန်ခိုးရှင်မရှိ။ လူလက်ဖြင့်ပြုလုပ်သောအရုပ်ဘုရားများ၌တန်ခိုးပေးအပ်ခြင်းမရှိ။ အတိတ်ကာလသမိုင်းတွင်တန်ခိုးပြသခဲ့သကဲ့သို့အနာဂတ်ကာလတွင် လည်းထင်ရှားစေဦးမည်။
၄၂:၁၀-၁၃ ဘုရားသခင်ကဣသရေလလူမျိုးလောကလူမျိုးတော်အဖြစ် ရွေးချယ်ခေါ်ယူထားသည်။ ရန်သူများကိုအမှုစီရင်ပေးသောတန်ခိုးရှင်၊ခွန်အား ကြီးသောသူ၊မေရှိယသခင်ပေါ်ထွန်းစေသည်။ ကေဒါနှင့်သေလမှာအာရေဗျစ ကားဖြစ်သည်။ အသစ်သောသီချင်းဟုအနက်ရသည်။
၄၂:၁၄-၁၇ ယေဟောဝါဘုရားသခင်ကဣသရေလလူမျိုးအားလူ့သမိုင်း တလျှောက်စောင့်ထိန်းပုံကိုထောက်ပြထားသည်။ အတိတ်ကာလတွင်စောင့် ရှောက်ခဲ့သည်။ ပစ္စုပ္ပန်ကာလတွင်ဣသရေလရန်သူများကိုနှိမ်နှင်းပေးသည်။ အနာဂတ်ကာလတွင်ယုံကြည်သူဣသရေလလူနည်းစုအားယုယပြုစုဦးမည်။ အရုပ်ဘုရားကိုးကွယ်သူများကိုနောင်ကြဉ်စေဦးမည်။
၄၂:၁၈-၂၂ အပိုဒ်ငယ်၁၉တွင်ပါရှိသည့်အစေခံသည်မေရှိယကိုဆိုလိုသည် မဟုတ်။ ဣသရေလလူမျိုးဖြစ်သည်။ ယေဟောဝါဘုရားသခင်ကိုမသိရှိကြသော ဣသရေလနားပင်း၊ငကန်းများကိုဆိုလိုသည်။ “ထာဝရဘုရား၏ကျွန်ကဲ့သို့ မည်သူနားကန်းသနည်း။ ” ‘ငါ့ကိုမယုံကြည်၊မသိရှိအောင်မည်သူကန်းသ နည်း’ဟုတမျိုးအားဖြင့်ဆိုနိုင်သည်။ သို့မဟုတ်“ငါ့ထံတွင်ငြိမ်သက်ခြင်းမရ နိုင်အောင်မည်သူသည်စုံလုံကန်းသနည်း”ဟုဆိုနိုင်သည်။ ဣသရေလလူမျိုးကို မေရှိယသခင်နှင့်ပေါင်းဖက်နီးစပ်ဖို့ခေါ်ယူထားပါသည်။ ပဋိညာဉ်ဖွဲ့ထားပါ သည်။ သို့သော်ဘုရားသခင်နှင့်ငြိမ်းချမ်းစွာတူယှဉ်လက်တွဲခြင်းမပြု။ ဘုရား သခင်ကဣသရေလအမျိုးကိုပညတ်တရားပြဌာန်း၍ချီးမြောက်ထားသည်။ ထိုသို့ပြဌာန်းခြင်းမှာဘုရားသခင်ကိုချစ်ကြောက်ရိုသေရန်ဖြစ်သည်။ သို့သော် ဣသရေလတို့ကလက်မခံ။ နားမထောင်။ ထိုသို့နားမထောင်သဖြင့်လုယက်စီး နင်းခြင်း၊အနိုင်ကျင့်ခြင်းဖမ်းဆီးခြင်းခံရသည်။
၄၂:၂၃-၂၅ ထို့ကြောင့်ဟေရှာယက“အဘယ်သူသည်ဤစကားကိုနား မထောင်မည်နည်း။ လုယူရာဖြစ်စေခြင်းငှာယာကုပ်ကို၎င်း၊ဓါးပြတို့လက်သို့ ဣသရေလကို၎င်း၊ဘယ်သူအပ်သနည်း။ ငါတို့ပြစ်မှားသောအရှင်ထာဝရဘု ရားအပ်တော်မူသည်မဟုတ်လော”ဟုဆိုသည်။ ဘုရားသခင်က က္ကသရေလလူမျိုးတို့အပေါ် အမျက်ဒေါသပုန်းအောင်းမည်။ တိုက်ပွဲမီးလျံများ တောက်လောင်စေမည်။ သို့သော် ဣသရေလတို့ သည်ထိုအဖြစ်အပျက်မှာဘုရားသခင်၏ဆုံးမဖြတ်ဖြစ်ကြောင်းနားမလည်ကြ။ နှလုံးသွင်းခြင်းမရှိကြ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။