ဟေရှာယအနာဂတ္တိကျမ်း - ၄၀

ဇိအုန်သို့နှစ်သိမ့်ခြင်း
1သင်တို့၏ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။ 2စစ်မှုကို ထမ်းရသောအချိန်စေ့ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသောစကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရပြီ။
3တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။ 4ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ 5ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတ္တံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။
6တစ်ဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။ 7ထာဝရဘုရား၏လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။ 8မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလစဉ်အမြဲတည်၏ဟု ဆိုသတည်း။
9ဇိအုန်တောင်သို့ ဝမ်းမြောက်စရာသတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကိုလွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အားပြောလော့။ 10ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီးသောတန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ပါလျက်၊ ဆုလာဘ်တော်သည် ရှေ့တော်၌ရှိ၏။ 11မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။
ဣသရေလတို့၏အနှိုင်းမဲ့သောဘုရားသခင်
12ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုးကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်လည်းကောင်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်လည်းကောင်း ချိန်သောသူကား အဘယ်သူနည်း။ 13ထာဝရဘုရား၏ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။ 14အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကိုပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။ 15လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက်ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။ 16လေဗနုန်တောသည် မီးမွေးဖို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာယဇ်ဖို့ မလောက်။ 17ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ရှေ့တော်၌ဖြစ်ကြ၏။ အဘယ်မျှမဟုတ်သော အရာထက်သာ၍ ငယ်သကဲ့သို့လည်းကောင်း၊ အနတ္တကဲ့သို့လည်းကောင်း မှတ်တော်မူ၏။
18သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဌာန်တူသည်ဟု ဆိုရအံ့နည်း။ 19ပန်းတဉ်းသမားသည် ရုပ်တုကိုသွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။ 20အဖိုးထိုက်သော အလှူကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကိုရွေးကောက်ပြီးမှ၊ မြဲမြံသောရုပ်တုကို လုပ်စေခြင်းငှာ၊ လိမ္မာသောလက်သမားကို ရှာတတ်၏။ 21သင်တို့သည် မသိကြသလော။ မကြားကြသလော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဖော်မပြသလော။ မြေကြီးတည်သည် အကြောင်းကို နားမလည်ကြသလော။ 22မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊ 23မင်းတို့ကို ရှုတ်ချ၍၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသောသူပေတည်း။ 24အကယ်စင်စစ် သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေပွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။
25သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။ 26အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။
27အို ယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အို ဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။ 28ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း၊ သင်သည် မသိမကြားဖူးသလော။ 29ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ 30လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ 31ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။

ဟေရှာယအနာဂတ္တိကျမ်း - ၄၀ (အနက်ဖွင့်)

၃။ အနာဂတ်ဖမ်းဆီးခံရခြင်းထဲမှငြိမ်သက်ဆောက်တည်ရာ(အခန်း၄၀-၆၆)

ပြီးခဲ့သောအခန်း(၃၉)စုသည်ဓမ္မဟောင်းသန့်ရှင်းသူများနှင့်သက်ဆိုင် သည်ဟုရည်မှတ်နိုင်လျှင်လာမည့်အခန်းပေါင်း(၂၇)ခန်းသည်ဓမ္မသစ်ကျမ်း နှင့်ပတ်သက်သည်။ မေရှိယသခင်ယေရှုနှင့်ဆက်စပ်သည်ဟုခံယူနိုင်ပါသည်။

ဤအခန်းများ(အခန်း၄၀-၆၆)သည်ယုဒများဗာဗုလုန်မှပြန်လည်ကြွ လာသည့်တိုင်အောင်တိုင်းပြည်ထူထောင်ကြရမည့်အကြောင်းဖြစ်သည်။

(က)ဣသရေလတို့ကယ်ထုတ်ခြင်းခံရမည့်အကြောင်း(အခန်း၄၀-၄၈)

၁။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းနှင့်ငြိမ်သက်ခြင်းဘဝ(၄၀:၁-၁၁)

၄၀:၁-၂ ဖမ်းဆီးခံရသူများပြန်လည်ရောက်ရှိလာမည့်မင်္ဂလာသတင်းဖြင့် သင်ခန်းစာ စာမျက်နှာဖွင့်လှစ်ထားသည်။ ယေရုရှလင်၏ဘေးဒုက္ခများချုပ် ငြိမ်းလွန်မြောက်ကုန်ပြီ။ သင်၏အပြစ်ဖြေရှင်းပြီ။ ……..ထာဝရဘုရားလက် တော်၌နှစ်ဆခံရပြီဟုဆိုထားသည်။ အပြစ်ဒုစရိုက်များခွင့်လွှတ်သင်ပုန်းချေပြီး ဖြစ်သည်။ ထိုခံစားရမည့်နှစ်ဆသောကောင်းကြီးမင်္ဂလာများသည်ခရစ်တော်ဘု ရားဒုတိယအကြိမ်ပြန်လည်ကြွလာသောအခါအားလုံးပြည့်စုံမည်။ ထိုကာလ တွင်ဤကမ္ဘာအိုနှင့်အသင်းတော်သည်လည်းငြိမ်သက်ချမ်းမြေ့ကြသည်။ ယုံ ကြည်သူတစ်ယောက်တိုင်းသည်ကိုယ်တော်ဘုရားအတွက်ဖြစ်ကြမည်။ ဘုရားသခင်၏လူများအဖြစ်သွားကြမည်။

ဘုရားသခင်ထံမှငြိမ်သက်ခြင်းအစုံရရှိကြမည်အကြောင်း

ယုံကြည်သူတိုင်းရရှိခံစားရာတည်း။

ကရုဏာတော်မြည်းစမ်းကြပါစို့

စိတ်နှလုံးရှိဝန်ထုတ်ဝန်ပိုးများ

ခရစ်တော်ဘုရားကနှစ်သိမ့်စေမည့်တကား။

A.E.Hamilton

၄၀:၃-၅ ဗတ္တိဇံယောဟန်ကခရစ်တော်ဘုရားပထမအကြိမ်ကြွရောက် လာမည့်အကြောင်းကို“ထာဝရဘုရားကြွလာမူရာလမ်းကိုပြင်ကြလော့”ဟု ရှေ့တော်ပြေးစကားအဖြစ်တော်၌ဟစ်ကြော်ထားသည်(မ၃:၃)။ ဒုတိယကြွလာ မည့်အကြောင်းကိုဧလိယကလမ်းရှင်းပေးမည်ဟု(မာလ၄:၅-၆)တွင်ဆိုထား သည်။ ခရစ်တော်ဘုရားကြွလာမည့်လမ်းရှင်းပေးထားခြင်းသည်မညီညွတ် သောမြေပြင်အားညှိခိုင်းခြင်းမဟုတ်။ အကျင့်စာရိတ္တနှင့်ဝိညာဉ်ရေးရာလမ်း တာအားပြင်ဆင်ခိုင်းခြင်းဖြစ်သည်။ ထိုအကြောင်းကိုMorganကဤသို့ဆို ထားသည်။

ယုံကြည်သူများကကိုယ်တော်ဘုရားကြွလာရာလမ်းကိုဖြောင့်ဖြူးစွာ ပြင်ဆင်ထားကြသည်။ ကိုယ်တော်ဘုရားကိုဖူးမြင်ချင်လှသောကြောင့်စိတ် အားထက်သန်ကြသည်။ သစ္စာရှိကြသည်။ ကိုယ်တော်ကိုသာမှီကိုးကြသည်။၄၇  တောင်ကြီးတောင်ငယ်များသည်လူတို့၏မာန်မာနထောင်လွှားခြင်း၊မိုက်ရိုင်း ခြင်းကိုဆိုလိုသည်။ ချိုင့်ဝှမ်းဆိုသည်မှာနိမ့်ကျသောလူတန်းစားဘဝကိုဆိုလို သည်။ မညီညာ၊ကြမ်းတမ်းသော၊အဖုအထစ်၊ခလုတ်ကန်သင်အားလုံးကိုချော့ မွေ့စေမည်။ ထာဝရဘုရား၏ဘုန်းတော်ပေါ်ထွန်း၍လူအပေါင်းတို့သည်အတူတကွဖူးမျှော်ခွင့်ရကြမည်။

၄၀:၆-၈ လူ့စိတ်သဘောသည်ပြောင်းလဲလွယ်သော်လည်း၊ဘုရားသခင် ၏နှုတ်ကပတ်တော်သည်နိစ္စထာဝရပြောင်းလဲတည်မြဲကြောင်းဘုရားသခင်က ပရောဖက်ဟေရှာယအားကြွေးကြော်ခိုင်းသည်။ ဤကျမ်းပိုဒ်တွင် “လူအပေါင်း သို့”ဟုဆိုသော်လည်းအဓိကပစ်မှတ်သည်ဣသရေလအမျိုးဖြစ်သည်။

“ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်သည်အစဉ်အမြဲတည်သည်”ဤကျမ်းစကားကိုခရစ်ယာန်ဓမ္မသင်တန်းကျောင်းများတွင်ဆောင်ပုဒ်အဖြစ် ယူထားလေ့ရှိသည်။ လက်တင်ဘာသာစကားအားဖြင့် Verbum Dei Manet in aetenam ဟုဆိုသည်။ William  Kelly ကဤသို့ဆိုထားသည်။

နောက်ဆုံးအချိန်နီးကပ်သထက်နီးကပ်လာပြီဖြစ်သောကြောင့်ာ်နှုတ်ကပတ်တော်၌တည်သင့်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ် တော်တွင်အားနည်းသောအချက်များရှိသည်ဟုထင်ကောင်းထင်ကြမည်။ ဝန်ခံ ရန်အခက်အခဲရှိကောင်းရှိမည်။ သို့သော်မိုးနှင့်ကမ္ဘာမြေထက်နှုတ်ကပတ်သည် တည်ငြိမ်သည်။၄၈

၄၀:၉-၁၁ ဇိအုန်တောင်ပေါ်သို့မင်္ဂလာသတင်းများယူဆောင်လာမည်။ မေ ရှိယသခင်ကြွရောက်လာကြောင်းဇိအုန်တောင်သည်အခြားသူများသို့ပြော ကြားမည။ မိခင်ကြီးက သားသမီးများ မဂ်လာသတင်းပြောကြား သည့်ပမာဝမ်းသာကြမည်။ အပိုဒ်ငယ်၁၀-၁၁သည်ဘုရားသခင်၏ ကောင်းမြတ်ခြင်းကိုဖေါ်ကျူးသောကျမ်းချက်ဖြစ်သည်။ ကိုယ်တော်ဘုရား အားငြင်းပယ်ခဲ့ကြသူများကဘုရားမှန်ဖြစ်ကြောင်းဝန်ခံလာကြမည်။ သူ၏သိုး အုပ်သိုးစုများကိုလည်းဂရုတစိုက်ညင်သာစွာယုယမည်။ ဤကျမ်းပိုဒ်များသည် ခရစ်တော်ဘုရားဘုန်းတန်ခိုးဖြင့်ဒုတိယအကြိမ်ကြွလာမည့်အကြောင်းဖြစ် သည်။

၂။ ဘုရားသခင်၏ထောက်မစောင့်ရှောက်ခြင်း(၄၀:၁၂-၁၃)

၄၀:၁၂ ဘုရားသခင်ကိုးစားခြင်းနှင့်ရုပ်တုဆင်းတုဘုရားတုကိုးကွယ် ခြင်း၏ခြားနားပုံဂန္တဝင်ကျမ်းချက်ဖြစ်သည်။ ယေဟောဝါဘုရားသခင်၏အ ကြောင်းကိုလူ့အသိဉာဏ်ဖြင့်သိရှိရန်ကြိုးပမ်းခြင်းသည်ပင်လယ်ရေအား လက်ခုပ်ဖြင့်ခပ်ခြင်း၊မိုးကောင်းကင်လက်ဖြင့်ထွာခြင်းကဲ့သို့ဖြစ်သည်။ တောင် ကြီးတောင်ငယ်ကိုချိန်ခွင်ဖြင့်ချိန်ယူခြင်းမျိုးဖြစ်သည်။

၄၀:၁၃-၁၄ ဘုရားသခင်၏ဝိညာဉ်တော်ကိုစစ်ကြောနိုင်သူမည်သူမျှမရှိ။  ဘုရားရှင်ပြုတော်မူသောဖန်ဆင်းခြင်းနှင့်ပြုတော်မူသမျှသည်ပြည့်စုံသည်။ ပြီး စီးကုံလုံသည်။ မည်သူ့အကူအညီမှမပါ။


၄၀:၁၈-၂၆ ထို့ကြောင့်ဘုရားသခင်၏ကြီးမြတ်ခြင်းကိုမည်သည့်လူသား ကခန့်မှန်းရုပ်လုံးဖေါ်နိုင်မည်နည်း။ လူချမ်းသာကရုပ်ဆိုးဆင်းတုကိုအဖိုးတန် သတ္တုဖြင့်ပြုလုပ်သကဲ့သို့မရှိဆင်းရဲသားများကသစ်သားဖြင့်ထွင်းထုနိုင် သည်။ အဘယ်မျှရယ်စရာကောင်းသနည်း။ ယေဟောဝါဘုရားသခင်နှင့်ဘုန်းတန်ခိုးကြီးမားပုံကိုကြားဘူးကြပါလေစ။ ကြယ်နက္ခတ်တာရာများကိုဖန်ဆင်း တော်မူသောဘုရားသခင်ကြီးမြတ်မှုကိုမည်သို့မှန်းဆနိုင်ပါသနည်း။ ထိုဂြိုလ် နက္ခတ်တာရာများကိုနာမည်ခေါ်ထုတ်လျှင်တစ်ခုမှမကျန်ထွက်ပေါ်လာကြ သည်။

၄၀:၂၇-၃၁ အကယ်၍ဘုရားသခင်၏စောင်မမှု၊အားပေးတော်ထောက်ပံ့ မှုကိုသံသယရှိသူယုဒလူမျိုးတစ်ယောက်တလေရှိလျှင်ဘုရားသခင်ကအားသစ် အင်သစ်ဘဝသစ်ပေးကြောင်းကိုကြားသိပါစေ။ ကြယ်လနက္ခတ်တာရာများကို တစ်ခုမကျန်နာမည်စာရင်းခေါ်၍ဂရုစိုက်လျှင်ဘုရားရှင်၏လူများကိုအဘယ်မျှ အရေးမပေးစိတ်ဝင်စားမည်နည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။