ဟောရှေအနာဂတ္တိကျမ်း - ၅
ဟောရှေအနာဂတ္တိကျမ်း - ၅ (အနက်ဖွင့်)
(င) ယဇ်ပုရောဟိတ်၊လူထုပရိသတ်နှင့် တော်ဝင်မိသားစုတို့၏ ဆိုးညစ်သော အပြုအမူများ(၅:၁–၇)
ဘုရင်၊ ယဇ်ပုရောဟိတ်နှင့် လူထုပရိသတ်များက ရုပ်တုကိုးကွယ်ကြ၍ ဣသရေလတမျိုးသားလုံးအား ညစ်ညမ်းစေသဖြင့် တန်းတူအပြစ်ပြုကြမည်။ ဧဖရိမ်သည် ပြည့်ဆာမဖြစ်လေပြီ။ ဣသရေလနှင့် ယုဒအမျိုးသားနှစ်ပါးစလုံးသည် ဘုရားသခင်အား သစ္စာမရှိ၊ ကတိချိုးဖောက်ကြသောကြောင့် အရေးယူအပြစ်ပေးခံကြရမည်။ ယဇ်ပူဇော်ရာသိုးစု၊ နွားစုဆောင်ယူလျက် ဘုရားသခင်ကို ရှာဖွေကြသော်လည်း တွေ့ကြမည်မဟုတ်။
(စ) ဣသရေလနှင့် ယုဒလူများကို တရားစီရင်မည့်သတိပေးချက်နှင့် နောင်တရရန် အချိန်ပေး စောင့်မျှော်နေခြင်း (၅:၈–၁၅)
၅:၈–၁၂ ဤကျမ်းပိုဒ်၏ နောက်ခံသမိုင်းကြောင်းကို ၄ရာ၊၁၆တွင် အကျယ်တွေ့ရှိနိုင်သည်။ ဣသရေလတို့က ယုဒများကို စစ်ကူပေး တိုက်ခိုက်ကူညီသဖြင့်နယ်နိမိတ်အဆုံးထိ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဗင်္ယာမိန်အမျိုးတို့နေထိုင်သော မြို့ကြီး(၃)မြို့အား တရားစီရင်မည့်အကြောင်း ဤသို့ကျမ်းစကားရှိထားသည်။ “ဂိဗာမြို့၌ ခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း၊ မှုတ်ကြလော့၊ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့” (ငယ်၈)။ “ထိုကြောင့်ငါသည်ဧဖရိမ်၌ ကိုက်တတ်သောပိုးကောင်၊ ယုဒမြို့၌စားတတ်သော အနာကဲ့သို့ဖြစ်မည်” (ငယ်၁၂) ဟုဆိုထားသည်။
၅:၁၃–၁၅ ဧဖရိမ်သည် မိမိအနာရောဂါကို တွေ့မြင်သောအခါ အာရှုရိမင်းကို အကူအညီတောင်းမည်။ သို့သော်အကူအညီမပေးနိုင်။ ယုဒက အာရှုရိကို ငှါးရမ်းပြီးလေပြီ (ဘုရားသခင်၏ အစီစဉ်ဖြစ်သည်)။ ထိုသို့ငှါးရမ်းခြင်းမှာ ဧဖရိမ်တို့ကို တိုက်ခိုက်ချေမှုန်းဖို့ ဖြစ်သည်။ ဘုရားသခင်သည် မိမိနေရပ် ဌာနသို့ပြန်မည်။ ဣသရေလလူမျိုးနှင့် ယုဒလူမျိုးများ မိမိတို့အပြစ်များကို ဝန်ချ၍ မျက်နှာတော်ရှာဖွေစေရန် စောင့်စားနေသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။