ဟောရှေအနာဂတ္တိကျမ်း - ၁၃
ဟောရှေအနာဂတ္တိကျမ်း - ၁၃ (အနက်ဖွင့်)
၁၃:၁ ရုပ်တုဆင်းတု မကိုးကွယ်ကြခင်က ဧဖရိမ်တို့ကို အခြားမျိုးနွယ်များက မော်မကြည့်ရဲကြ။ ဣသရေလတို့စကားပြောလျှင် နှုတ်ဆိတ်နာခံခဲ့ကြသည်။ သို့သော် ဗာလဘုရားကိုးကွယ်ကြသည့်အခါတွင်မူ အခြားသူများကလည်း သူလိုကိုယ်လိုဘဲဟု ထင်မှတ်လာကြသည်။ သူတို့ကဲ့သို့ပင် သေမျိုးဖြစ်ကြောင်း သိရှိလာသည်။
၁၃:၂–၃ အချိန်ကြာသည်နှင့်အမျှ ရုပ်တုဆင်းတုကိုးကွယ်သူ ပိုမိုများပြားလာကြသည်။ ရွှေနွားသူငယ်ရုပ်တုကို နမ်းရှုပ်သည့်အကြောင်းမမောနိုင်မပန်းနိုင်၊ စကားဖောင်ဖွဲ့ကြသည်။ သူတို့သည် မီးခိုးခေါင်းတိုင်မှထွက်သော မီးခိုးငွေ့များလေတိုက်ရာ လွင့်မျောပျောက်ကွယ်သကဲ့သို့ ပျောက်ကွယ်သွားကြမည်။
၁၃:၄–၈ ထာဝရဘုရားသခင်သည် သူတို့အား အဲဂုတ္တုပြည်၏ ကျွန်ဘဝမှ ခေါ်ထုတ်ပေးသူဖြစ်သည့်အပြင် ကန္ထာရခရီးတလျှောက်တွင်လည်း မတောင့်မတ မကြောင့်မကြအောင် ကျွေးမွေးထောက် ပံ့စောင့်ရှောက်သည်။ ယခုကာလတွင်မူ ထိုအရှင်သခင်အား မေ့လျော့ကြပြီ။ ထို့ဘုရားသခင်သည် သားရဲကဲ့သို့ပြန်လာမည်။
၁၃:၉–၁၃ ဘုရားသခင်က သားရဲကဲ့သို့ပြန်လာလျှင် အဘယ်သူကကာကွယ်တော့မည်နည်း။ ဧဖရိမ်တို့၏ အပြစ်ဒုစရိုက်များကို စာချွန်တော်တွင် ကမ္ဗည်းတင် ရေးမှတ်ထားပြီး။ တရားစီရင်ရာနေ့အထိ သိမ်းဆည်းထားသည်။ မီးနေသည်မိန်းမသည် နာကျင်စွာဝေဒနခံစားသော်လည်း ထိုကလေးသည် အပြင်သို့ထွက်မလာဘဲ သားအိမ်ထဲသို့ပြန်ဝင်သကဲ့သို့ အခံရခက်သည်။ ဆိုလိုသည်မှာ ဣသရေလတို့သည် စီရင်ခြင်းခံရမည်ကို သိကြသော်လည်း နောင်တမရ၊ ခေါင်းမာကြသည့်အကြောင်းဖြစ်သည်။
၁၃:၁၄ RSV ကျမ်းမူက ဤကျမ်းပိုဒ်အစပိုင်းကို “ဤသူများကို မရဏာနိုင်ငံ၏ တန်ခိုးလက်မှကယ်နှုတ်ရမည်လော” ဟုမေးခွန်းပုံစံဖြင့်ဖော်ပြထားသည်။ သေခြင်းမှကယ်နှုတ်မည်လား။ “မကယ်ဘူး” ဟုမဆိုပါ။ မျက်စိတော်အောက်မှာ သနားသက်ညှာစရာမတွေ့။ ကာလနာ မရဏာသေမင်းသာ ခေါ်၍ ဤလူများအား ပျက်စီးခြင်းမရဏာနိုင်ငံသို့ခေါ် သွားခိုင်းမည်။ ဤကျမ်းပိုဒ်သည် ၁ကော၊ ၁၅:၅၅ နှင့် တခြားစီဖြစ်သည်။
၁၃:၁၅–၁၆ အရှေ့လေတည်းဟူသော အာရှုရိတို့၏ လက်ချက်ကြောင့် ဣသရေလနှင့် ရှမာရိပြည်သည် ကြောက်မက်ဖွယ်ပျက်စီးမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။