တရားဟောရာကျမ်း - ၂၄

ပဋိညာဉ်ကိုအတည်ပြုခြင်း
1တစ်ဖန်ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။ 2သင်တစ်ယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူမတက်ရကြဟု မောရှေအားမိန့်တော်မူ၏။ 3မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်းကောင်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တစ်သံတည်းပြန်ပြောကြ၏။ 4မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ယဇ်ပလ္လင်ကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ 5ဣသရေလအမျိုးသားလူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရားရှေ့မှာ မီးရှို့သောယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ 6မောရှေသည်လည်း၊ အသွေးတစ်ဝက်ကို အင်တုံ၌ထည့်၍၊ တစ်ဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းလေ၏။ 7ပဋိညာဉ်စာကိုလည်းယူ၍၊ ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။ 8မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာဖျန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။
9ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့သည်တက်၍၊ 10ဣသရေလအမျိုး၏ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့လည်းကောင်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့လည်းကောင်း ထင်လေ၏။ 11ဣသရေလအမျိုးသားမှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကိုမြင်ရသော်လည်း၊ စားသောက်လျက်နေကြ၏။
သိနာတောင်ပေါ်သို့
12ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ 13မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။ 14အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့သွားစေဟု မှာထားလေ၏။
15မောရှေသည်တောင်တော်ပေါ်သို့တက်၍၊ မိုးတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။ 16ထာဝရဘုရား၏ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုးတိမ်သည် ခြောက်ရက်ပတ်လုံးလွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကိုခေါ်တော်မူ၏။ 17ထာဝရဘုရား၏ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သောမီးကဲ့သို့ ထင်၍၊ ဣသရေလအမျိုးသားတို့သည် မြင်ရကြ၏။ 18မောရှေသည် မိုးတိမ်အထဲသို့ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာနေလေ၏။

တရားဟောရာကျမ်း - ၂၄ (အနက်ဖွင့်)

(၁၁လင်မယားကွာရှင်းခြင်းနှင့်နောက်အိမ်ထောင် (၂၄:)

          ၂၄: မစင်ကြယ်သော မယားအား စိတ်တိုင်းမကျလျှင် ပြတ်စာပေး၍ ပြတ်စဲနိုင်သည်။ ထိုသို့ ပြတ်ဆဲပြီးသောကြောင့် နောက်ထိုမိန်းမသည် နော်ကအိမ်ထောင်ပြုခွင့်ရှိသည်။ ဒုတိယလင်နှင့် တဖန်ကွဲ၍ ဖြစ်စေ၊ သေဆုံး၍ ဖြစ်စေ၊ ပထမလင်နှင့် ပြန်မပေါင်းရ။ ယေဟောဝါဘုရားရှင်သည် အမျိုးသားများအား မယားကွာရှင်းခွင့်ပြုထားသည် (ယေ ၃:၁-၈)။ ယုံကြည်ခြင်းသစ္စာရှိသော ထိုမိန်းမကို တစ်နေ့သောအခါ ဘုရားရှင်က သိမ်းပိုက်ပါမည်။ လူများမချစ်နိုင်သောသူကိုလည်း ဘုရားသခင်က ချစ်ခင်မြတ်နိုးသည်။ မေတ္တာတော် လေးနက်ကြီးမားလှပေစွ။

(၁၂လူမှုတရားအထွေထွေ (၂၄:၂၄:)

          ၂၄: ချစ်ခင်စညားခါစယောက်ျားအားပထမနှစ်အတွင်းတွင် စစ်မြေပြင်သို့မလွှတ်ရ။ မိသားစုဘဝသစ် အိုးသစ်အိမ်တည်ထောင်ဖို့၊ အချိန်ပေးရသည်။ အကယ်၍ စစ်မြေပြင်တွင် တိမ်းပါးသွားပါက သူ၏အမည်ဆက်ခံမည့် သားမရှိသဖြင့် ဣသရေလအမျိုးအနွယ်စာရင်းမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုကျန်ရစ်သော မုဆိုးမအသစ်ကလေးကို အနီးစပ်ဆုံးယောက်ျားသားက အမွေစားအမွေခံနာမည်မပြတ်စေရန်၁၆ သိမ်းပိုက်ရသည်။ ထိုမိန်းမမွေးသော ပထမဆုံး သားဦးသည် သေဆုံးသွားသော လင်သား၏ နာမည်ခံရသည်။ ထိုသို့ဖြင့် ဆွေမျိုးမိသားစုနာမည် တည်တံ့စေရသည်။

၂၄: ကြိတ်ဆုံသည် အိမ်ထောင်တစ်ခုတွင် မရှိမဖြစ်လိုအပ်ချက် အသက်သွေးကြောဖြစ်သည်။ သို့ကြောင့် ပေါင်းနှံခြင်း မပြုရ။ အပေါ်ကျောက်ဖြစ်စေ၊ အောက်ခံကျောက်ဖြစ်စေ တစ်ခုခုကိုလည်း ပေါင်နှံခြင်းမပြုရ။ အပေါ်တွင် အောက်ကျောက်ပြားပြည့်စုံမှ ကြိတ်ဆုံမည်သည်။

၂၄: ပြန်ပေးဆွဲခြင်း၊ မိမိလူမျိုးကိုကမန်အဖြစ်ရောင်းစားခြင်းပြုလုပ်သူသည် သေဒဏ်စီရင်ခြင်း ခံရမည်။

၂၄: ကုဋ္ဌနူနာရောဂါသည်များအား ကိုင်တွယ်နည်းနာ သီးသန့် ပြဌာန်းပြီးဖြစ်၍ ထိုပြဌာန်းချက်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ရမည်။ မိရအံအား မည်ကဲ့သို့ ကိုင်တွယ်ရမည်အကြောင်း လေဝိသားများသို့ ညွှန်ကြားခဲ့ပြီးဖြစ်သည်။

၂၄:၁၀၁၃ ခွင့်ပြုချက်မရှိဘ၊ သူတစ်ပါးအိမ်ယာသို့ ကျူးကျော်ဝင်ရောက်ခြင်းမပြုရ။ မရှိဆင်းရဲသားက အဝတ်အစားလာရောက်ပေါင်နှံလျှင် အပေါင်ခံပစ္စည်းကို မိုးမချုပ်မီပြန်ပေးရမည်။ သို့မှသာလျှင် ညအချိန်တွင် အိပ်စရာစောင်ရှိမည်။

၂၄:၁၄၁၅ အလုပ်သမားငှါးရမ်းခ၊ နေ့စားခများကို နေ့တွင်းချင်းအကြေအလည်ပေးခြေရမည်။

၂၄:၁၆ လူတစ်ယောက်၏ သေဒဏ်အား အခြားမည်သည့်လူကမှ ကိုယ်စား အပြစ်ဒဏ်ခံစားခွင့် မရှိ။

၂၄:၁၇၂၂ သူစိမ်းဧည့်သည်များ၊ မိဘမဲ့များ၊ မုဆိုးမများ အပေါ်သို့ တရားတော်နှင့်အညီဆက်ဆံရမည်။ မိမိလယ်ကွက်သီးနှံကိုလည်း ပြောင်စင်အောင်မရိတ်သိမ်းရ။ ကောက်ကြွင်းကောက်ကျန်များသည် မရှိဆင်းရဲသားများနှင့် မိဘမဲ့များအတွက် ဖြစ်သည်။ သံလွင်သီး၊ စပျစ်သီး ချွေသိမ်းရာတွင်လည်း အကြွင်းအကျန်ချန်ထားပေးရသည်။ ထိုအကြောင်းကို Ronald Sider က ဤသို့ဆိုသည်။

အဲဂုတ္တုပြည်မှာ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှုနှင့် ဖိစီးနှိပ်စက်မှုများကို သတိရကိုယ်ချင်းစာနာသောအားဖြင့် မုဆိုးမများနှင့် မိဘမဲ့များကို စေတနာသဒ္ဓါရက်ရောစွာ ပေးလှူစွန့်ကြဲရသည်။၁၇

John Newton သည် အသစ်တဖန်မွေးဖွားခြင်း ခံရသောအခါ ဤပိုဒ်ငယ် ၂၂အားသတ္တုပြားပေါ်တွင် ရေးသား၍ ရောက်လေရာနေရာတွင် မြင်သာအောင် ချိတ်ဆွဲထားလေ့ရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။