၁သက် - ၃

1ထိုကြောင့် ငါသည် တစ်ဖန် မအောင့်နိုင်သောအခါ၊ အာသင်မြို့၌ တစ်ယောက်တည်းကျန်ရစ်၍ နေခြင်းငှာ အလိုရှိ၏။- 2ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏အမှုတော်ကို လုပ်ဖော်ဆောင်ဖက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။- 3ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း၊ သင်တို့ကိုမြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှာ သူ့ကို ငါလွှတ်လိုက်၏။- 4ထိုဆင်းရဲခြင်းကို ခံစေမည်အကြောင်း၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင် သိကြ၏။ အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့်အတူရှိစဉ်အခါ ငါတို့ပြောနှင့် ကြပြီ။ ထိုသို့ပြောသည်အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ၏။- 5စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှာ ငါစေလွှတ်၏။
6ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်း တည်သည်ဟူ၍လည်းကောင်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကိုလွမ်း၍၊ အစဉ်မပြတ် ကောင်းမွန်စွာ အောက်မေ့ကြသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသည်ရှိသော်၊- 7ညီအစ်ကိုတို့၊ ငါတို့သည် အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည်တွင်၊ သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ ရောက်ကြ၏။- 8ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။- 9ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။- 10သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညမပြတ် အလွန်တရာ ဆုတောင်းပတ္ထနာပြု၍ နေကြ၏။
11သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ်သည် ပြင်ဆင်တော်မူပါစေသော။- 12ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြံခိုင်ခံ့စိမ့်သောငှာ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကိုလည်းကောင်း၊ သူတစ်ပါးအပေါင်းတို့ကိုလည်းကောင်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။

၁သက် - ၃ (အနက်ဖွင့်)

(သက်သာလောနိတ်သို့ တိမောသေစေလွှတ်ခြင်း(:၁၀)

သင်၏ ယုံကြည်ခြင်းဟူသော စကားလုံးကို အခန်း၃ (ငယ် ၂၊ ၅၊ ၆၊ ၇၊ ၁၀)တို့၌ (၅)ကြိမ်တိတိ သုံးထားသည်။ ထိုစကားလုံးသည် အဓိကသော့ချက် ဖြစ်ကြောင်း နားလည်ရမည်။ သက်သာလောနိတ်သားများ ညှဉ်းပန်းနှိပ်စက်ခြင်း မုန်တိုင်း ခံကြရသည်။ ထိုစုံစမ်းခြင်းအတွက် ရှင်ပေါလု စိတ်ပူသည်။ ဤအခန်းသည် ထိုစုံစမ်းခြင်း၏ အရေးကြီးသော သင်ခန်းစာဖြစ်သည်။ အပြစ်သားများကို ကယ်တင်ရှင်ထံသို့ ခေါ်ဆောင်ပေးခြင်းသည် မလုံလောက်သေးပါ။ ဘုရားသခင်ကို သိကျွမ်း၍ ကျေးဇူးတော်၌ ကြီးထွားရန် ပြုစုပျိုးထောင်ရဦးမည်။

: သက်သာလောနိတ်သားများအတွက် ရှင်ပေါလု၏ရတက်မအေး၊ တနုံ့နုံ့ခံစားရပုံကို တွေ့ရှိရမည်။ အာသင်မှာရှိနေစဉ်၊ အသက်တာပြောင်းလဲသူ သက်သာလောနိတ်သားများ၏ အသက်တာကိုအမြဲ နားစွင့်နေသည်။ ကိုယ်တိုင်သွားရောက်ဖို့ကလည်း စာတန်က တားဆီးသည်။ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်သောကြောင့် တိမောသေအား စေလွှတ်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက် ချသည်။ အာသင်တွင် တကိုယ်တော် လွမ်းမောဖွယ်ရာ အထီးကျန်တော့မည်။ အာသင်မြို့၏ ကြီးကျယ်ခန်းနားခြင်းက ပေါလုကို မနှစ်သိမ့်နိုင်ပါ။ အသင်းတော်အရေးက ဝန်ပိနေသည်။

: တိမောသေ၏ အမည်နာမဂုဏ်ပုဒ်ကို ကြည့်ပါ။ “ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြောသူ၊ ဘုရားသခင်၏ အမှုတော်၌ လုပ်ဖော်ဆောင်ဘက်ဖြစ်သူ၊ ငါ့ညီ” ဟု ဆိုသည်။ ဤနေရာ၌ ဟောပြောသူဆိုသည်မှာ အခြားဓမ္မသစ်ကျမ်း၌ အစေခံဟုသုံးနှုန်းထားသည်။ ကြာလာသောအခါ အမှုတော်မြတ်၌ ပြောင်းလဲမြှင့်တင်ခြင်း ဖြစ်နိုင်သည်။

ရှင်ပေါလု၏ညီအဖြစ် အမှုတော်၌ ပါဝင်ခွင့်ရခြင်းသည် တိမောသေအတွက် ဘုရားပေး အထူးအခွင့်အရေး ဖြစ်သည်။ ယခု မိမိကိုယ်ကို ယုံကြည်စိတ်ချစွာဖြင့် သက်သာလောနိတ်သို့ မျက်နှာလွှဲခြင်းခံနေရ
ပြီ။

ခရီးစဉ်ရည်ရွယ်ချက်မှာ သန့်ရှင်းသူများဆောက်တည်ရာရဖို့၊ ယုံကြည်ခြင်း၌ အားပေးတိုက်တွန်းဖို့ ဖြစ်သည်။ သက်သာလောနိတ်သားများသည် ခရစ်တော်ကို ဝန်ခံသောကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရသည်။ လူငယ်လူရွယ် ပြောင်းလဲသူအတွက် ဤပြဿနာသည် အဆုံးအဖြတ် ပေးသောကိစ္စ ဖြစ်သည်။ ခရစ်ယာန် ယုံကြည်ခြင်းသို့ သက်ဝင်မိသည့်အတွက် မှားလိုက်လေခြင်းဟု နောင်တရကြရန် စာတန်က ဆုံးမနေချိန်
ဖြစ်သည်။

ထိုသတင်းစကားများသည် တိမောသေအတွက် သတ္တိသွေး ဖြစ်စေသည်။ ပျော်ရွှင်မှုဖြစ်စေသည်။ တိုက်တွန်းအားပေးရန် လိုအပ်သည်။

: ထိုသို့ ညှင်းပန်းနှိပ်စက်မှု ခံရခြင်းသည် စိတ်ပျက်အားငယ်ပြီး ဘုရားသခင်အား ကျောခိုင်းရန်
လွယ်ကူသော စာတန်၏ လုပ်ဆောင်ချက်ဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခြင်းသည် ခရစ်ယာန်များအတွက် အထူးအဆန်းမဟုတ်၊ ရိုးအီနေကြောင်း တိမောသေကို ရှင်းပြအားပေးစေသည်။ ထို့ကြောင့် တုန်လှုပ်ခြင်းမရှိဘဲ၊ စိတ်သက်သာရာ ရကြသည်။

: ရှင်ပေါလု ကိုယ်တိုင်ကလည်း သက်သာလောနိတ်တွင် ရှိနေခဲ့စဉ်၊ ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခြင်း ခံရမည့်အကြောင်း ကြိုပြောခဲ့သည်။ ကြိုတင်ဟောပြောခဲ့သည်အတိုင်း အမှန်တကယ် ဖြစ်လာသည်။ သိသည့်အတိုင်း ဖြစ်လာသည်မဟုတ်လား။

ယုံကြည်သူ အသက်တာတွင် အောက်ပါအတိုင်းစုံစမ်းခြင်းရောက်ရှိလာနိုင်သည်။

၁။ အတုအယောင်ပေါင်းမြက်များ ဖယ်ရှားရန် နှင့်ယုံကြည်မှု ခိုင်မာစေရန်(၁ပေ ၁:၇)

၂။ စုံစမ်းခြင်းခံရသူများအား အချင်းချင်းအားပေးကူညီခြင်းဖြင့် ပိုမိုရင်းနှီးကျွမ်းဝင်ကြရန်(၂ကော၁:၄)

၃။ စိတ်ရှည်သီးခံခြင်းဖြင့် ကျေးဇူးတော်ခံစားကြောင်း သက်သေထူရန် (ရော ၅:၃)။

၄။ ဧဝံဂေလိတရား၌ ပိုမိုစိတ်အားထက်သန်ခြင်းရှိစေရန်(တ၄:၂၉၊ ၅:၂၇-၂၉၊၈:၃-၄)

၅။ မစင်ကြယ်သောအရာများ အသက်တာထဲမှပျောက်ကွယ်သွားရန်(ယောဘ ၂၃:၁၀)

: (ငယ်၁နှင့်၂)ကို ပြန်ကောက်ထားသည်။ ကိုယ်တိုင် မလာရောက်နိုင်သဖြင့် မုန်တိုင်းထန်သည့် အကြားတွင် တိမောသေကို စေလွှတ်ကြောင်း ရေးပြထားသည်။ မကောင်းဆိုးဝါးများက နည်းအမျိုးမျိုးဖြင့် ညှင်းဆဲ၊
သွေးဆောင်၍ ခရစ်ယာန် အသက်တာ ပြန်လည်ဆုံး ရှုံးမှာကို လွန်စွာ စိုးရိမ်မိသည်။ မျက်မှောက်ခံစားနေရသော ညှင်းပန်းနှိပ်စက်ခြင်းသည် သရဖူ ဆုလက်ဆောင် အပ်နှင်းခြင်းခံရမည့် ကားတိုင်လမ်း ဖြစ်သည်။ “အဘဘုရားသခင်၊ ဤနာကျင်သော ဝေဒနာလမ်း ခေါင်းဆောင်ခြင်းမှ မရှောင်ရှားပါနှင့်။ မည်သို့ပင် ခရီးကြမ်းတမ်းစေကာမူ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းဖို့ ခွန်အားပေးသနားတော်မူပါ” ဟု မည်သူ ဆုတောင်းနိုင်သနည်း။

စာတန်က သန့်ရှင်းသူများအား နောက်ဆုတ်ခိုင်းသော်လည်း ရှင်ပေါလု၏ညီ ရောက်ရှိလာသောကြောင့် ဘာမှ မတတ်စွမ်းနိုင်ပါ။

: ကောရိန္သုသို့ မင်္ဂလာသတင်းများ ယူဆောင်လျှက် တိမောသေ ရောက်ရှိလာသည်။ ပထမဦးစွာ သက်သာလောနိတ်သားများ၏ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာက ရှင်ပေါလုကို စိတ်အေးစေသည်။ခရစ်တော်
ယုံကြည်ခြင်း၌ ခိုင်မာစွာရပ်တည်ကြသည်သာမက ချစ်ခြင်းမေတ္တာ၌လည်း ထူးကဲစွာ အသေခံကြသည်။ထိုအ
စစ်ခံခြင်းသည် ရှေးရိုးခရစ်ယာန်များ၏ ထုံးစံအတိုင်းမဟုတ်။ “ယုံကြည်ခြင်းနှင့်ဆိုင်သောချစ်ခြင်းမေတ္တာ”(ဂ
လာ၅:၆)ဖြစ်သည်။ “ယေရှုခရစ်ကိုယုံကြည်ခြင်းဖြင့် သန့်ရှင်းသူများကို လည်းချစ်ခင်ခြင်း”(ဧ ၁:၁၅)ဖြစ်သည်။

တိမောသေ ယူဆောင်လာသော မင်္ဂလာသတင်းသည် သက်သာလောနိတ်သားများ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း ဖြစ်သည်။ သို့သော် မျှော်လင့်ခြင်းတရား မပါရှိပါ။ ခရစ်တော် ဘုရားပြန်လာခြင်းကို မျှော်လင့်ချက်မရှိအောင် စာတန်က ဖုံးကွယ်ထားပါသလား။ William Linco-In က “ထိုအသိတရား ယုံကြည်သူများ စိတ်တွင် မြဲမြံမည်စိုးသောကြောင့် စာတန်က မုန်းမိနေသည်”ဟု ဆိုသည်။ အကယ်၍ မျှော်လင့်ချက် အားနည်းနေကြပါက ဤကျမ်းစာတွင် ချက်ချင်းရှင်းပြပါမည်။

သက်သာလောနိတ်သားများက လွမ်းဆွတ်ကြောင်း ကြာသိရသောကြောင့် ပေါလု၊ သိလနှင့်တိမောသေတို့ အဖွဲ့ကလည်း လွမ်းဆွတ်သတိရကြသည်။

: ဤမင်္ဂလာသတင်းသည် ရှင်ပေါလုအတွက် ရေငတ်ချိန်တွင် ရေတွင်းထဲ လိမ့်ကျခြင်း ဖြစ်သည် (သု ၂၅:၂၅)။ ပေါလု၏ စိုးရိမ်သောကများကို ဖြေဖျောက်သည့်အပြင် အားသစ်အင်သစ် နေ့သစ်ဖြစ်ထွန်းစေသည်။

: “ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏ဟု ဆိုသည်။ ပူပန်သောကများ သေကုန်ပြီ။ ကြားသမျှသည် မင်္ဂလာသတင်း ဖြစ်သည်။ ဘုရား၏ ထိုလူသားသည်အဘယ်မျှလောက် အတ္တကင်းဝေးပါသနည်း။

: ကြားသိရသောမင်္ဂလာသတင်းသည် ပေါလု၏ပူပန်သောနှလုံးသားကို အရည်ပျော်ဝင်စေသည်။
ကျေးဇူးတော်ချီးမွမ်းရာဖြစ်စေသည်။ပေါလု၏ ပျော်ရွှင် ခြင်းခွက်ဖလားသည် ဘုရားသခင်ရှေ့တော်၌ပြည့်လျှံ
သည်။

:၁၀ နေ့ညဉ့်မပြတ် ရှင်ပေါလုက ဆုတောင်းပေးသည်။ စဉ်ဆက်မပြတ် ဆုတောင်းပေးချက်မှာ သူတို့ မျက်နှာကို မြင်ရမည့်အကြောင်း၊ယုံကြည်ခြင်း၌ လိုလေသမျှ စုံလင်မည့်အကြောင်းဖြစ်သည်။

()ရှင်ပေါလု၏ အထူးဆုတောင်းချက်(:၁၁၁၃)

:၁၁ သက်သာလောနိတ်သို့ ပြန်သွားဖို့ ပေါလု အထူးဆုတောင်းသည်။ ချစ်ခြင်းမေတ္တာ ကြီးမားကြောင်း ပြသချင်သည်။ ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ်သည် ပြင်ဆင်တော်မူပါစေသော ဟု ဆုတောင်းသည်။ ထိုစကားသည် ခရစ်တော်၏ ဇာတိတော်နှင့် ဘုရားသခင်နှင့် တလုံးတဝတည်း ဖြစ်ခြင်းကို
ထုတ်ဖော်ပြသခြင်း ဖြစ်သည်။

:၁၂ သက်သာလောနိတ်သားများသည် မေတ္တာစစ်မေတ္တာမှန်၊ ခရစ်ယာန်ချစ်ခြင်းမေတ္တာ ရှိကြောင်း ပြသခဲ့ကြသည်။ ထို့ထက်လေးနက်သထက် လေးနက်အောင် အဘဘုရားသခင်က ချစ်ခြင်း မေတ္တာနှင့်ကြွယ်ဝ ပြည့်စုံမည့်အကြောင်း ပြုတော်မူပါစေသော် ဟု ဆုမွန်ကောင်း တောင်းပေးသည်။ ထိုသူများ၏ချစ်ခြင်းမေတ္တာသည် ယုံကြည်သူတိုင်းနှင့် လူတိုင်း အပါအဝင် ရန်သူများအတွက်လည်း ဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာမျိုးသည် ယုံကြည်သူတိုင်း ရှိသင့်ရှိအပ်သောမင်္ဂလာတရားဖြစ်သည်။

:၁၃ ဤဘဝ၌ ချစ်ခြင်းမေတ္တာ ရှိခြင်းသည် နောင်ကာလတွင် အပြစ်ဖို့စရာကင်းစင်ခြင်းဖြစ်သည်။ အခြားသူများကို ချစ်ခြင်းမေတ္တာ ရှိခြင်းသည် ဘုရားသခင်ရှေ့တော်၌ အပြစ်တင်စရာကင်းမဲ့ခြင်း၊ သန့်ရှင်းသူများနှင့် ကိုယ်တော်ဘုရား ကြွလာသောအခါ ကိုယ်တော်ပေးသော ပညတ်တော်နှင့် ပြည့်စုံကြောင်း သက်သေပြစရာ ဖြစ်သည် (ရော၁၃:၈၊ယာ၂:၈)။

အခန်း၂တွင် ခရစ်တော်ဘုရား ကြွလာမည့်အကြောင်းကို အဆင့်ဆင့်၊ အကန့်လိုက် ရှင်းပြခဲ့ပြီး ဖြစ်သည်။ အစနိဒါန်းပိုင်း၊ အကြောင်းအရင်း၊ ထုတ်ဖော်ပြသခြင်းနှင့် ဇာတ်လမ်း၏ အထွဋ်အထိပ် ဟု ဆိုခဲ့သည်။ ထိုတတိယအဆင့် ထုတ်ဖော်ပြသခြင်းကို (ငယ်၁၃) က ပြန်ညွှန်းထားသည်။ သန့်ရှင်းသူများနှင့် အတူခရစ်တော်ဘုရား ပြန်လည်ကြွလာမည်။ တရားပလ္လင်တော်ကို ကောင်းကင်တွင် အဆင်သင့် ပြင်ထားပါမည်။ ဆုလက်ဆောင်များကိုလည်း အဆင်သင့်ပြင်ထားသည်။ ထိုဆုလက်ဆောင်များသည် ကယ်တင်ရှင်ဘုရား၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင် အဖြစ်ပေါ်ထွန်းသောအခါ အထင်အရှားပြသပါမည်။

သန့်ရှင်းသူများဆိုသည်မှာ ချီဆောင်ခြင်းတွင် ပါသွားသော သန့်ရှင်းသူများ ဖြစ်သည် (၁သက်၄:၁၄)။ အချို့က ထိုသန့်ရှင်းသူများမှာ ကောင်းကင်တမန်များဟု ယူဆကြသည်။ Vinicntကမူ “စင်ကြယ်ဖြောင့်မတ်၍ ဘုန်းအသရေရှိသော ဘုရားသခင်၏ လူများ”ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဤကျမ်းစာစောင်တွင် ကောင်းကင်တမန်များအကြောင်း မပါရှိပါဟု ထောက်ပြသည်။ ထိုသူများသည် သက်သာလောနိတ်သားများနှင့် နီးစပ်သည်။ သို့သော် ဤစကားက သခင်ဘုရား ကြွလာသောအခါ ကောင်းကင်တမန်များ မပါရှိဟု ဆိုလိုရာ မရောက်ပါ။ (၂သက် ၁:၇)တွင် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့် အတူဟု ဆိုထားပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။