၁သက် - ၄

ဘုရားသခင်နှစ်သက်သောအကျင့်
1ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။- 2အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။- 3ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊- 4ဘုရားသခင်ကိုမသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊- 5သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိ ထိန်းတတ်စေခြင်းငှာလည်းကောင်း၊- 6ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။- 7ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။- 8ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
9ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြ၏။- 10ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့်၊- 11-12ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊ ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှာ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။
သခင်ဘုရားကြွလာတော်မူခြင်း
13ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ၊- 14ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။- 15သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။- 16သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။- 17ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။- 18သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့။

၁သက် - ၄ (အနက်ဖွင့်)

၃။ ထိရောက်သောတိုက်တွန်းနှိုးဆော်ချက်(::၂၂)

(ကအလိုတော်၌စင်ကြယ်မှု ပြည့်စုံခြင်း(:)

: ကြွင်းသေးသောစကားဟု ဆိုရာတွင် စာဆုံးတော့မည်ဟု ဆိုလိုခြင်း မဟုတ်။ သင်ခန်းစာ ခေါင်းစဉ် ပြောင်းတော့မည့်အကြောင်း ဖြစ်သည်။

အခန်း ၃ တွင် အဓိကစကားလုံး (၃)ခု ရှိသည်။ ဖြောင့်မတ်စင်ကြယ်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ကိုယ်တော်ဘုရား ကြွလာမည့်အကြောင်း ဖြစ်သည်။ အခန်းကြီး(၄)၏ အခြေခံဥပဒေသများလည်း ဖြစ်သည်။ (၁)ဖြောင့်မတ်စင်ကြယ်ခြင်း (ငယ် ၁-၈)၊ (၂) ချစ်ခြင်းမေတ္တာ (ငယ်၉၊ ၁၀)၊ (၃) ကိုယ်တော်ကြွလာခြင်း (ငယ်၁၃-၁၈) အခြားစိတ်ပါဝင်စား လုပ်ဆောင်ရမည့် အကြောင်း (ငယ် ၁၁၊၁၂)။

ဖြောင့်မတ်စင်ကြယ်စွာ ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဖြင့် အခန်းကြီး ၄ ကို ဖွင့်၍ သန့်ရှင်းသူများ ချီဆောင်ခြင်းဖြင့် အဆုံးသတ်ထားသည်။ (၁)ဧနောက်သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသည် (က၅:၂၄)၊(၂) ဧနောက်သည် စိတ်တော်နှင့် ထိတွေ့သူ ဖြစ်သည် (ဟေဗြဲ ၁၁:၅)၊ (၃) ဧနောက်သည် ချီဆောင်ခြင်းခံရသည် (က ၅:၂၄၊ ဟေဗြဲ ၁၁:၅)။ တမန်တော်ကြီးက ယုံကြည်သူများအား ယုံကြည်ခြင်း၌ အသစ်သော ပြည့်စုံခြင်း ရှိကြရန် အားပေးတိုက်တွန်းသည်။ ဖြောင့်မတ်စင်ကြယ်ခြင်းသည် အောင်မြင်ခြင်းမဟုတ်၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။

: သူတို့နှင့်အတူ နေထိုင်ခဲ့စဉ် သခင်ယေရှု၏ အခွင့်တော်နှင့်အညီ အမှုတော်ပေးအပ်သည်။ အသက်တာ စင်ကြယ်ခြင်းဖြင့် စိတ်တော်နှင့် ထိတွေ့ရန်အားပေးခဲ့သည်။

: ဘုရားရှင်၏ အလိုတော်မှာ သူ့လူများ ဖြောင့်မတ်စင်ကြယ်ခြင်း ဖြစ်သည်။ စင်ကြယ်ခြင်း ဆိုသည်မှာ ဘုရားရှင်၌ လုံးဝမွေ့လျော်ခြင်း ဖြစ်သည်။ တစ်မျိုးပြောရလျှင် ယုံကြည်သူများ လောကအရာ တပ်မတ်ခြင်းနှင့် ကင်းလွတ်၍ သခင်ဘုရား၌ ဆက်ကပ်ခြင်း ဖြစ်သည်။ ထိုစင်ကြယ်ခြင်းသည် ရပ်တည်မှု စင်ကြယ်ခြင်း ဖြစ်၍ ပြည့်စုံကြွယ်ဝခြင်း (၁ကော ၁:၂၊ ဟေဗြဲ ၁၀:၁၀) ဖြစ်သည်။ ယုံကြည်သူများသည် အကျင့်တရား၌ စင်ကြယ်ရသည်။ ယုံကြည်သူများ ကွယ်လွန်သည်အထိ သို့မဟုတ် ကိုယ်တော်ကြွလာသည့်အချိန်ထိ ထိုသို့စင်ကြယ်ရသည်။ ထိုအကြောင်းအရာသည် (ငယ် ၃) ၏ အဓိကအချက် ဖြစ်သည်။ သိသာထင်ရှားသော အပြစ်မှာမတရားသော မေထုန်မှီဝဲခြင်း ဖြစ်သည်။ သူများသားမယား ပြစ်မှားခြင်းလည်း အကြုံးဝင်သည်။ ထိုအပြစ်သည် ဤလောက၏ အထင်ကရ အပြစ်ကြီး ဖြစ်သည်။ ပထမရာစုနှစ် အသင်းတော်များသို့ ညစ်ညမ်းသော မေထုန်မှီဝဲခြင်းမှ ရှောင်ကြဉ်ပါ ဟူသော ပညတ်ချက်သည် ယနေ့အသက်တာတွင်လည်း အကြုံးဝင် ပတ်သက်နေပါသည်။

: ခရစ်ယာန်များသည် ဖြောင့်မတ်စင်ကြယ်ခြင်းရှိရန် ကိုယ်ပိုင်တန်ဆာ အသီးသီး ရှိကြရသည်။ ဤနေရာတွင် တန်ဆာဆိုသည်မှာ ကာမပိုင်လင် သို့မဟုတ် မယား သို့မဟုတ် လူ့ခန္ဓာကိုယ်ကို ဆိုလိုသည်။ (၁ပေ ၃:၇)တွင် မယားဟုဆို၍၊ (၂ကော ၄:၇)တွင် ခန္ဓာကိုယ်ဟု ဆိုသည်။

RSV ကျမ်းမူက “စင်ကြယ်သောအသက်တာရှိရန် လူတိုင်းခင်ပွန်းရှိရသည်”ဟုဆိုသည်။

NEB ကျမ်းကမူ “ခန္ဓာကိုယ်ဆိုသည်မှာ မိမိအသွေးအသားကို စိုးမိုးသောအရာ၊ ဦးစားပေးသောအရာ” ဟု ဖွင့်ဆိုသည်။

မည်သို့ပင်ဖြစ်စေ တန်ဆာကို မယားဟု သိမှတ်ကြရမည်။ တရားဝင် လက်ထပ်ထိမ်းမြားခြင်း မပြုသော မိန်းမနှင့် အတူတူနေခြင်းသည်လည်း မစင်ကြယ်ပါ။ ထို့ကြောင့် (၁ကော ၇:၂) ကျမ်းချက်ကို အလေးထားရသည်။

: ခရစ်ယာန်များ အိမ်ထောင်ပြုခြင်းသည် မယုံကြည်သူများ၏ အိမ်ထောင်ရေးနှင့် ဆန့်ကျင်သည်။ ဆရာကြီးတစ်ပါးက “ယေရှု၏ လက်သည် ထိုမိန်းမပေါ်သို့ တင်သောအခါ ထိုမိန်းမသည် ဖြောင့်မတ်၍ (လု၁၃:၁၃)၊ ရုပ်တုကိုးကွယ်သူက လက်တင်သောအခါ ထိုမန်းမသည် ကွေးကောက်သွားသည်” ဟုဆိုဘူးသည်။

တပါးသူများက ကာမတဏှာသည် ရမ္မက်အာသာဖြေခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုသူများအတွက် ပဲ့ပြင်ဆုံးမခြင်းသည် အကျိုးနည်းသောအလုပ်၊ အိမ်ထောင်ပြုခြင်းသည် တရားဥပဒေနှင့်အညီ အပြစ်လုပ်ခြင်း ဖြစ်သည်။ သို့သော် ထိုသူများ၏ ညစ်ညမ်းသော တလွဲအယူအဆသည်၊ အုတ်နံရံများပေါ်တွင် မဖွယ်မရာ လျှောက်ရေးခြင်းမျိုး ဖြစ်၍ အရှက်တရားသာ ဖြစ်သည်။

: မတရားသော မေထုန်သည် ဘုရားသခင်၏ ဝိညာဉ်တော်အား ဆန့်ကျင်သော အပြစ် (၁ကော၆:၁၈)နှင့် အခြားသူများကိုလည်း ပြစ်မှားခြင်း ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက “ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာ အလိုတော်ရှိ၏”ဟု ထပ်ဖြည့်ထားသည်။ တစ်နည်းပြောရလျှင် ခရစ်ယာန်များသည် ဘုရားသခင်ရှေ့တွင် လက်ထပ်ထိမ်းမြားသူမှအပ မဆက်ဆံရ။ အကောက်ကြံ၍ ညီအစ်ကိုများ၏ မယားကို လုံးဝမချဉ်းရ။ ထိုအမှုမျိုး ယနေ့ခေတ်ကာလ၌ ဥပဒေအရ အရေးယူအပြစ်ပေးခြင်း နည်းပါးသော်လည်း သခင်ဘုရား မုန်းတီးရွံရှာသည်။ မေထုန်အပြစ်သည် စိတ်ကျန်းမာခြင်းနှင့် ကိုယ်ကျင့်သိက္ခာ နှစ်ခုစလုံးကို ထိခိုက်စေပါသည်။ ထို့ကြောင့် ရှင်ပေါလုက သက်သာလောနိတ်သားများအား ကြပ်တည်းစွာတားမြစ်သည်။

၁၉-ရာစုနှစ်တွင် နာမည်ကျော်အင်္ဂလိပ်စာရေးဆရာကြီးတစ်ဦး မတရားသော မေထုန်မှုကြောင့်ထောင်ကျ၍ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့သည်။ ထိုသူက ဤသို့ရေးခဲ့သည်။

ရုပ်တုဆင်းတုများက ကျွန်တော့လိုအပ်ချက်များကို အကုန်ဖြည့်ပေးသည်။ သို့သော် ကျွန်တော်ကိုယ်တိုင်က အဓိပ္ပါယ်မဲ့ တလွဲဆံပင်ကောင်းခဲ့သည်။ ပင်ပန်းကြီးစွာ အထက်အမြင့်သို့ တက်ရောက်ခဲ့ပြီး အနက်နဲဆုံးသော အရာကို ရှာဖွေခဲ့သည်။ အခြားသူများ၏ ဘဝကို ဂမစိုက်ခဲ့။ ပျော်ရွှင်မှုများကိုသာ ရှာဖွေ၍ ထိုပျော်ရွှင်မှုများက ကျွန်တော့်ကို ဖြတ်သန်းသွားကြသည်။ ထိုဧရာမသေးဖွဲအရာများက ကျွန်တော့်ကို ကောင်းသောဂုဏ်သိက္ခာ ပေးသလား၊ မပေးသလား မမှတ်မိပါ။ သို့သော် မှတ်မိသည်က အိမ်ထိပ်ဝမှ တရားရုံးသို့ ပို့ဆောင်သည်။ နာကျည်းစွာ အော်ဟစ်ခိုင်းသည်။ ကျွန်တော်ကို အုပ်စိုးသောအရှင်သခင်ကို ရပ်နားခိုင်းလိုက်ပြီး။ မကြာခင် ကျွန်တော့်ဝိညာဉ်၏ သခင် သိရတော့မည်။ ပျော်ရွှင်ခြင်းကို အရှင်သခင် ခန့်အပ်ခဲ့ခြင်းသည် အဆုံးတွင် ရှက်ကြောက်ဖွယ်ရာသာဖြစ်တော့သည်။၁၁

ထိုသူ၏ အခြားသူများဂရုမစိုက်ခြင်းသည် ရှင်ပေါလု၏ ညီအစ်ကိုများအားပရိယာယ်ဖြင့်ပြစ်မှား
ခြင်း စကားအတိုင်းဖြစ်သည်။

: “ဘုရားသခင်သည် ငါတို့အား ညစ်ညမ်းစေခြင်းငှာ ခေါ်တော်မူသည်မဟုတ်” စင်ကြယ်ဖြောင့်မတ်သော အသက်တာရှိဖို့ ခေါ်ခြင်း ဖြစ်သည်။ ညစ်ညမ်းသော နိမ့်ကျသော ကျွဲခြေရာခွက်ထဲမှ ကောက်နှုတ်၍ အထံတော်ပါး၌ မြင့်မြတ်စုံလင်သထက် စုံလင်ချမ်းသာအောင် ရှိစေချင်သည်။

: ထို့ကြောင့် ရှင်ပေါလုသွန်သင်ချက်များကို ငြင်းပယ်သူများသည် ရှင်ပေါလုနှင့် အပေါင်းအပါများကို ငြင်းပယ်ခြင်း မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးသနားတော်မှုသော အရှင်ကို ငြင်းပယ်ခြင်း ဖြစ်သည်။ ဤနေရာတွင် သန့်ရှင်းသော ဝိညာဉ်တော်ဟု ဆိုရာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် မတရားသော မေထုန်နှင့် မည်သို့ပတ်သက်နိုင်သနည်း။

ဤကျမ်းပိုဒ်တွင် သုံးပါးတစ်ဆူ အကြောင်း ရေးထားသည်။ (၁)ခမည်းတော် (ငယ်၃)၊ သားတော်(ငယ်၂)၊ သန့်ရှင်းသော ဝိညာဉ်တော်(ငယ်၈)တို့ ဖြစ်သည်။ အံ့ဖွယ်ရာတည်း။ ထိုသုံးပါးသည် ဘုရားသခင်၏ ဦးဆောင်မှု၌ စုစည်းလျက် ယုံကြည်သူများကို သန့်ရှင်းစင်ကြယ်စေသည်။

မေထုန်အကြောင်း (ငယ်၁-၈)မှ ချစ်ခြင်းမေတ္တာ (ငယ်၉-၁၂)အကြောင်းသို့ သင်ခန်းစာ ကူးပြောင်းသည်။ ရှောင်ကြဉ်ခြင်းမှ တိုက်တွန်းချက်သို့ ပြောင်းလဲသွားသည်။

()ချစ်ခြင်းမေတ္တာသည် သူများအတွက်(:၉၊၁၀)

: ယုံကြည်သူများသည် မိမိကိုယ်ကို ထိန်းချုပ်ခြင်း ရှိရမည်သာမက အခြားသူများကိုလည်း မေတ္တာစိတ် ထားရှိရသည်။ ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်အသက်တာတွင် အပြစ်များကို အရည်ပျော်စေသော
သော့ချက် စကားဝှက် ဖြစ်သည်။

ဤအကြောင်းနှင့် ပတ်သက်၍ သက်သာလောနိတ်သားများအား အထွေအထူး တိုက်တွန်းစရာ မရှိပါ။ ဘုရားသခင် သွန်သင်ပေးသည့်အတိုင်း ညီအစ်ကိုမောင်နှမများကို ချစ်ခင်မြတ်နိုးသူများ (၁ယော ၂:၂၀၊ ၂၇) ဖြစ်သည်။ သက်သာလောနိတ် ယုံကြည်သူများသည် အချင်းချင်း ချစ်ခင်ကြသည်သာမက မာကေဒေါနိသားများကိုလည်း ချစ်ခင်ကြသည်။ ထို့ကြောင့် ရှင်ပေါလုကလည်း အမြဲအမှတ်ရခြင်း ဖြစ်သည်။

:၁၀ ညီအစ်ကိုများအား ချစ်ခင်ခြင်းသည် တစ်ပွဲတိုးမဟုတ်။ လက်တွေ့ စဉ်ဆက်မပြတ် လုပ်ဆောင်ဖွယ်ရာ ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက ကျေးဇူးတော် သာ၍သာ၍ ခံစားဖို့နှိုးဆော်သည်။

ညီအစ်ကိုများ ချစ်ခင်ရန် အဘယ်ကြောင့် အရေးကြီးပါသနည်း။ ချစ်ခင်မြတ်ခြင်းရှိလျှင် စည်းလုံးညီညွတ်သည်။ စည်းလုံးညီညွှတ်ခြင်း ရှိလျှင် ဘုရားသခင် ကောင်းကြီး မင်္ဂလာ ခံစားရသည် (ဆာ ၁၃၃:၁၊၃)။

(အသက်တာကသူများကို စကားပြောခြင်း(:၁၁၊၁၂)

ရှင်ပေါလုက သန့်ရှင်းသူများအား (၃)ခု တိုက်တွန်းအားပေးထားသည်။ ထို(၃)ချက်ကို စကားစမြည် ပြောကြပါစို့။

၁။ သူများ၏ ဦးစားပေးခြင်းကို မရှာဖွေနှင့်။ ရောင့်ရဲတက်ပါစေ။ “အနည်းငယ်သာ သိခြင်း” သည်ဘုရားသခင် မြတ်နိုး၍ ဆုချီးမြှင့်ရာ ဖြစ်သည်။

၂။ မိမိစိတ်ထင်သည့်အတိုင်း လုပ်မည့်အစားသူများကို ဦးစားပေးပါ။

၃။ မိမိကိုယ်ကို အားကိုးပါ။ အခြားသူများသို့ ကပ်ပါး မှီတွယ်ခြင်း မပြုနှင့်။

:၁၂ ခရစ်ယာန်များသည် ကိုယ်တော်ဘုရား ကြွလာခြင်းကို မျှော်လင့်နေသူများ ဖြစ်သောကြောင့် နေ့စဉ်အသက်တာ ဝတ္တရားကို မပေါ့ဆနှင့်။ပတ်ဝန်းကျင်ကကြည့်နေသည်ကိုသတိပြုပါ။ ကျွန်ုပ်တို့ အပြုအမူကြောင့် လောကသားများက ကယ်တင်ရှင်ကို မစီရင်ပါစေနှင့်။ မယုံကြည်သူများအား ဝေးဝေးရှောင်ပါ။ငွေကြေးအကူအ
ညီမှစ၍ အမှီအခိုမပြုနှင့်။

()မျှော်လင့်ခြင်းကယုံကြည်သူများအားနှစ်သိမ့်ခြင်း(:၁၃၁၈)

:၁၃ ရှေးဦးယုံကြည်သူများသည် သေခြင်းအကြောင်းနှင့် ပတ်သတ်၍ ပြည့်စုံလုံလောက်စွာ မသိရှိခဲ့ကြ။ Sheolသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်ဖြစ်စေ ရောက်ရှိမည့်နေရာဟု တထစ်ချ ယုံကြည်ထင်မှတ်ကြသည်။

သေလွန်သူတိုင်းသည် ကမ္ဘာကုန်ဆုံးသည့်နေ့ရက်၌ အားလုံးတပြိုင်တည်း ထမြောက်လျက် တရားစီရင်ခြင်း ခံရမည်ဟု ယုံကြည်ခဲ့ကြသည်။ မာသပြောသည့်စကားကို နားထောင်ကြည့်ပါ။ “နောက်ဆုံးတည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” (ယော ၁၁:၂၄)။

သခင်ယေရှုက အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားဖြင့် ထင်ရှားစေတော်မူသည် (၂တိ ၁:၁၀)။ ယနေ့ကာလတွင် ယုံကြည်သူများသည် သေဆုံးသောအခါ ယေရှုခရစ်တော်ထံတော်သို့ ရောက်ရှိကြောင်း နားလည်ကြရသည် (၂ကော ၅:၈၊ ဖိ ၁:၂၁-၂၃)။ မယုံကြည်သူများသာ မရဏသေရွာသို့ သွားရသည် (လု ၁၆:၂၂-၂၃)။ ယုံကြည်သူများအားလုံး သေကြရမည်မဟုတ်၊ အားလုံးရုတ်ချည်း ပြောင်းလဲကြမည် (၁ကော ၁၅:၅၁)။ ထမြောက်ခြင်းကာလသည် တစ်ကြိမ်တစ်ခါသာမဟုတ်။ ချီဆောင်ခြင်း ကာလတွင် ယုံကြည်သူများသာ ထမြောက်ကြမည် (၁ကော ၁၅:၂၃၊ ၁သက် ၄:၁၆)။ သေလွန်သော မယုံကြည်သူများသည် အနှစ်တစ်ထောင် အုပ်စိုးခြင်းအပြီးတွင် ထမြောက်ကြမည် (ဗျာ ၂၀:၅)။

သက်သာလောနိတ်သို့ ရှင်ပေါလု ပထမဆုံးအကြိမ်ရောက်ရှိခဲ့စဉ် ခရစ်တော်ဘုရားပြန်လည်
ကြွလာမည့်အကြောင်း၊ နိုင်ငံတော်တည်ထောင် အုပ်စိုးမည့်အကြောင်း ဟောကြားခဲ့သည်။ ထိုအချိန်တွင်သေလွန်သော သန့်ရှင်းသူများ၏ ထမြောက်ခြင်းအကြောင်း မေးစရာဖြစ်လာသည်။ သူတို့ခန္ဓာကိုယ်သည် နောက်ဆုံးနေ့ရက်တိုင်အောင် ရှိနေမည်လား။ ခရစ်တော်ကြွလာသည့်အခါ ပါလာ၍ နိုင်ငံတော်တွင်လည်း ရှိနေကြမှာလား။ ထိုမေးခွန်းအား ပူပန်စိတ်ကင်းဝေးစေရန် ခရစ်တော် ကြွလာမည့်အကြောင်းကို ရှင်းပြသည်။

ထို့ကြောင့် သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိဟု ဆိုသည်။ အိပ်ပျော်သောသူ ဆိုသည်မှာ သေလွန်သော ယုံကြည်သူများ ဖြစ်သည်။ အိပ်ပျော်ခြင်းဆိုရာတွင် ခန္ဓာကိုယ် အိပ်ပျော်ခြင်းသာ ဖြစ်သည်။ စိတ်ဝိညာဉ်များ မပါပါ။ လူသေသည် အိပ်ပျော်သူကဲ့သို့ လှုပ်ရှားမှု မရှိသောကြောင့် သဘောပေါက်လွယ်အောင် ခေါ်ဆိုခြင်း ဖြစ်သည်။ အင်္ဂလိပ်စကား သုဿန်၊ သင်္ချိုင်းကုန်းသည် ဂရိဝေါဟာရ (Koimeterion) အိပ်ပျော်သောနေရာဟု အဓိပ္ပါယ်ရသည်။ အိပ်ပျော်ခြင်းဆိုသည်မှာ ညတိုင်း အိပ်ရပြီး၊ နံနက်မိုးလင်းတိုင်း အိပ်ယာထကြရသည်။ သေခြင်းနှင့် ထမြောက်ခြင်းလည်း ထိုကဲ့သို့ ဖြစ်သည်။

လူသေနေသည့်အချိန်တွင် ဝိညာဉ်လည်း အိပ်ပျော်နေသည်ဟု ကျမ်းစာသွန်သင်ချက် မရှိပါ။ သူဋ္ဌေးကြီးနှင့် လာဇရုတို့သည် သေနေကြသည့်အခါ အသိစိတ်ရှိကြသည် (လု ၁၆:၁၉-၃၁)။ ယုံကြည်သူ သေသည့်အခါ “သခင်ဘုရားထံတွင် ရှိနေသည်” (၂ကော ၅:၈)။ သေခြင်းသည် ခရစ်တော်၌ သွားရောက်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုကသာ၍ ကောင်းသောနေရာတွင်နေခြင်း (ဖိ ၁:၂၁-၂၃)ဟု ဆိုသည်။ အကယ်၍ ဝိညာဉ်များလည်း အိပ်ပျော်နေကြလျှင် ထိုသို့ဖြစ်နိုင်ပါမည်လား။

သမ္မာကျမ်းစာက အရာရာချုပ်ငြိမ်းသော သုညကမ္ဘာအကြောင်း သွန်သင်ချက်လည်း မရှိပါ။ သေခြင်းသည် လက်မြှောက်အရှုံးပေးခြင်း မဟုတ်ပါ။ ယုံကြည်သူများ ထာဝရပျော်ရွှင်ရာ နေရာ (မာ ၁၀:၃၀) ဖြစ်သည်။ မယုံကြည်သူများအတွက် ထာဝရအပြစ်ဒဏ် ခံစားရာနေရာ (မာ ၉:၄၈၊ဗျာ ၁၄:၁၁) ဖြစ်သည်။

ထို့ကြောင့် ယုံကြည်သူများကွယ်လွန်လျှင် ဝမ်းနည်းကြေကွဲစရာ မဟုတ်ဟု တမန်တော်ကြီးက သွန်သင်ခြင်း ဖြစ်သည်။ မျှော်လင့်ချက်ကုန်ဆုံးခြင်းလည်း မဟုတ်။ ခဏအကြာတွင် ထမြောက်စေမည် ဟု ကိုယ်တော်သိသော်လည်း လာဇရု၏ အုတ်ဂူတွင် ယေရှုမျက်ရည်ကျခဲ့သည် (ယော ၁၁:၃၅-၄၄)။ သို့သော် ကောင်းကင်နိုင်ငံ မျှော်လင့်ချက်မရှိသော စိတ်အားငယ်ခြင်းကို လာဇရုချေဖျက်ခဲ့သည်။

မျှော်လင့်ချက်မရှိသူများ၏ အသုဘ အခမ်းအနားများကို ပတ်ဝန်းကျင်တွင် အမျိုးမျိုးတွေ့ဘူးကြပါသည်။ “အမေ၊ အမေရယ်၊ သမီးကိုထားပစ်ခဲ့သလား”ဟူသော ငိုကြွှေးသံများသည် မျှော်လင့်ချက်မဲ့သူများ၏ ပဲ့တင်သံဖြစ်ကြောင်း သတိထားမိကြလိမ့်မည်။

:၁၄ ယုံကြည်သူများ၏ မျှော်လင့်ချက်သည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတွင် အခြေပြုပါသည်။ ယေရှုခရစ်တော်သည် သေပြီးမှ ရှင်ပြန်ထမြောက်တော်မှုကြောင်းကို စိတ်ချလက်ချ ယုံကြည်လျှင် ယေရှုခရစ်တော်၌ သေလွန်သူများသည် ခရစ်တော် တဖန်ကြွလာသောအခါ ခရစ်တော်နှင့် အတူပြန်လည်ပါရှိလာကြမည်ဟု သေချာသည်။ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည့်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့” (၁ကော ၁၅:၂၂)။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် အောင်ပွဲနှင့် ကျွန်ုပ်တို့အတွက် အာမခံချက် ပေးထားခြင်းဖြစ်သည်။

ထို့ကြောင့်ယုံကြည်သူများ ကွယ်လွန်လျှင် “ခရစ်တော်၌ အိပ်ပျော်ခြင်း၊” “ယေရှုထံသို့ အိပ်ပျော်ခြင်း” ဟု သုံးနှုန်းသည်ကို သတိပြုပါ။ သေလွန်သူများ၏ ရုပ်ခန္ဓာအိပ်ပျော်နေချိန်တွင် ဝိညာဉ်များအထံတော်ပါး၌ ရှိနေသည်ဟု ဆိုလိုပါသည်။

ခရစ်တော်၌ အိပ်ပျော်ခြင်းသည် ဘုရားသခင်က အထံတော်ပါးသို့ ခေါ်ဆောင်ခြင်း ဖြစ်သည်။ ထိုအကြောင်းကို (၂)မျိုး နားလည်နိုင်သည်။

၁။ ချီဆောင်ခြင်းကာလ ရောက်သောအခါ ယုံကြည်သူများ၏ ခန္ဓာထမြောက်စေပြီး၊ သခင်ဘုရားနှင့်အတူ ကောင်းကင်နိုင်ငံသို့ ခေါ်ဆောင်သွားမည်။

၂။ သို့မဟုတ် ခရစ်တော်ဘုရား လောကကြီးကို အုပ်စိုးဖို့ တဖန် ကြွရောက်လာသောအခါ ယုံကြည်ခြင်း၌ သေလွန်သူများသည် ခရစ်တော်နှင့်အတူ ပါလာကြမည်။ တစ်နည်းပြောရလျှင် တမန်တော်ကြီးက “နိုင်ငံတော် တည်ထောင်သောအခါ ထိုသေလွန်သူများ မေ့လျှော့မှာကို စိတ်မပူကြပါနှင့်။ သခင်ယေရှုဘုန်းတန်ခိုးနှင့် ကြွလာသောအခါ ဘုရားသခင်က ခေါ်ဆောင်လာပါမည်” ဟုဆိုထားပါသည် (ဤအချက်သည် ခြုံငုံခြင်းဖြစ်သည်)။

သို့သော် မည်သို့ ဖြစ်နိုင်မည်နည်း။ သူတို့ ရုပ်ခန္ဓာများသည် သင်္ချိုင်းဂူထဲတွင် ရှိနေကြသည်။
ယေရှုနှင့်အတူ မည်ကဲ့သို့ ပါလာကြမည်နည်း။ (ငယ် ၁၅-၁၇)တွင် အဖြေပေးထားပါသည်။ ခရစ်တော်ဘုရားနိုင်ငံတွင် အတူတကွ စိုးစံဖို့ ဦးစွာ လာရောက် ခေါ်ဆောင်ပါမည်။ ထို့နောက်မှ ထိုသူများနှင့်အတူ ပြန်လာမည်။

:၁၅ ရှင်ပေါလုက မည်သို့ သိရှိနိုင်သနည်း။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် သိရှိပါသည်။ သခင်ဘုရားက အဖြေစကား တိုက်ရိုက် ပေးထားပါသည်။ မည်သို့ မည်ပုံရရှိသည်ကိုမူ မပြောပြပါ။ ရူပါရုံဖြင့်လား၊ အသံတော်အားဖြင့်လား၊ သန့်ရှင်းသော ဝိညာဉ်တော်က သိစိတ်ပေးခြင်းဖြင့်လား မသိပါ။ သို့သော် ယနေ့ထက်တိုင် သာမာန်လူသားများ မသိနိုင်သော သမ္မာတရားဖြစ်သည်မှာ သေချာသည်။

နောက်ခရစ်တော်ဘုရား ကြွလာသောအခါ အသက်ရှင်နေသေးသော သန့်ရှင်းသူများသည် အိပ်ပျော်သွားသော သန့်ရှင်းသူများထက် ဦးစွာ နေရာရကြမည် မဟုတ်ဟု ဆိုသည်။

ဤကျမ်းပိုဒ်အရ ခရစ်တော်ဘုရား တဖန်ကြွလာသောအခါ ရှင်ပေါလုကိုယ်တိုင်လည်း အသက်ရှင်နေမည်ဟု ယုံကြည်နေပုံရသည်။ (၁ကော ၁၅:၅၁-၅၂)ကိုလည်း ကြည့်ပါ)။ မည်သို့ပင်ဖြစ်စေ (၂ကော ၄:၁၄) နှင့်(၅:၁)တွင် ထမြောက်မည့်သူများအကြောင်း ဖော်ပြထားပါသည်။ သို့ကြောင့် မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ကောင်းကင်နိုင်ငံသို့ ရောက်ရှိဖို့ရန် သခင်ဘုရား ရောက်လာမည့်အချိန် မျှော်လင့်ကြရမည်။

:၁၆ သန့်ရှင်းသူများအတွက် ခရစ်တော်ဘုရား ကြွလာမည့်အကြောင်း ရှင်းပြထားသည်။ သခင်ဘုရား ကိုယ်တော်တိုင် ကောင်းကင်မှ ဆင်းသက်လာမည်။ ကောင်းကင်တမန် စေလွှတ်ခေါ်ယူခိုင်းမည် မဟုတ်။ ကိုယ်တော်တိုင် ကြွလာမည်။

ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တော်တိုင် ဆင်းသက်တော်မှုမည်။ ထိုအသံတော်များနှင့် ပတ်သက်၍ ရှင်းပြချက် အမျိုးမျိုး ရှိကြသည်။ သို့သော် နောက်ဆုံးအကြိမ်ဟု မမှတ်ယူနိုင်ပါ။

၁။ အချို့က ထိုကြွေးကြော်ခြင်းသည် သေလွန်သူများ ထမြောက်ရန် သခင်ယေရှုကိုယ်တော်တိုင် အမိန့်ပေး ကြွေးကြော်သံ (ယော၅:၂၅၊ ၁၁:၄၃-၄၅) ဟုဆိုကြသည်။ အခြားသူများ Hogg နှင့် Vine တို့က ကောင်းကင်တမန်မင်း ကြွေးကြော်သံဟု ဆိုကြသည်။

၂။ ကောင်းကင်တမန်မင်း မိက္ခေလ၏ အသံသည် ရှေးဦးသန့်ရှင်းသူများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ဣသရေလများနှင့် နီးနီးကပ်ကပ် ဆက်ဆံရေးသည် (ဒံ ၁၂:၁၊ ယု ၉၊ ဗျာ ၁၂:၄-၇)။ ထို့ကြောင့် မိက္ခေလအသံဟုဆိုကြသည်။အချို့မူဣသရေလလူများ နိုးထဖို့ လှုံဆော်သံဖြစ်သည်ဟု ဆိုသည်။ အချို့ကမူ သခင်ဘုရားနှင့် သန့်ရှင်းသူများအား ကောင်းကင်တမန်များ အချွေအရံဖြင့် ကြွရောက်ခြင်း အသံဗလံ (လု၁၆:၂၂) ဖြစ်သည်ဟု ဆိုကြသေးသည်။

၃။ ဘုရားသခင်၏ တံပိုးမှုတ်သံဆိုသည်မှာ ၁ကော ၁၅:၅၂ပါ ချီဆောင်ခြင်းကာလ၌ အိပ်ပျော်သူများ လှန့်နိုးသည့်အသံ နှင့်အတူတူဖြစ်သည်။ ထိုအသံသည် သန့်ရှင်းသူများအား ထာဝရကောင်းကြီးပေးသည့်အသံ ဖြစ်သည်။ (ဗျာ၁၁:၁၅-၁၈)ပါ ဘေးဒဏ်ကြီးကာလအတွက် နောက်ဆုံး သွန်းလောင်းသော အမျက်တော် ဖလားနှင့် ဆိုင်သည့်တံပိုး(၇)လက်နှင့် မသက်ဆိုင်ပါ။ နောက်ဆုံးတံပိုးမှုတ်သံသည် အသင်းတော်အတွက် နောက်ဆုံး တံပိုးမှုတ်သံဖြစ်သည်။ ဗျာဒိတ်ကျမ်းမှ နောက်ဆုံး တံပိုးမှုတ်သံသည် မယုံကြည်သူများအတွက် မှုတ်ခြင်းဖြစ်သည်။

ခရစ်တော်၌ သေလွန်သူများ ရှေ့ဦးစွာ ထမြောက်ကြမည်။ ရှေးဦး သန့်ရှင်းသူများလည်း ပါဝင်သည်။ ကောင်းကင်တမန်မင်း၏ တံပိုးမှုတ်သံကြားရသူသည် ယခင်က ကြားဖူးခဲ့ကြသော ဣသရေလလူမျိုး များလည်း (ဒံ၁၂:၁)ပါဝင်မည်။ ရှေးဦးသန့်ရှင်းသူများသည် ချီဆောင်ခြင်းကာလတွင် ထမြောက်ခြင်း မရှိနိုင်။ အဘယ်ကြောင့်ဆိုသော် အသင်းတော် ကာလမတိုင်မီ သေလွန်သူများသည် ခရစ်တော်၌ အိပ်ပျော်ခြင်း မဟုတ်ဟု တွေးခေါ်သူများလည်း ရှိသည်။ ထိုသူများသည် ဘေးဒဏ်ကြီး နောက်ဆုံးတွင် ထမြောက်ကြမည် (ဒံ ၁၂:၂)ဟု ဆိုကြသည်။ သေချာသည်မှာ ထမြောက်ရာ ကာလကြီးတွင် သေလွန်သူအားလုံး ထမြောက်ကြမည်မဟုတ်။ ခရစ်တော်၌ သေလွန်သူများသာ ထမြောက်ကြမည်။

:၁၇ ထို့နောက် အသက်ရှင်၍ ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ ဘုရားသခင်ထံတော်သို့ ရောက်ခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရမည်။ ပထမ အဆင့်တွင် အသုံးပြုခဲ့သော “ချီဆောင်ခြင်း” ဝေါဟာရကို ဤနေရာတွင်လည်း ထပ်သုံးထားသည်။ ထိုစကားလုံးသည် လက်တင်ဘာသာမှ ယူထားခြင်းဖြစ်၍ သိမ်းဆည်းခြင်းဟု အဓိပ္ပါယ်ရသည်။ သီးသန့်နေရာသို့ ယူဆောင်သွားခြင်း ဖြစ်သည်။ ဖိလိပ္ပိက (တ ၈:၉)တွင်၎င်း၊ ရှင်ပေါလုက (၂ကော ၁၂:၂)နှင့် (ဗျာ ၁၂:၅)တွင်၎င်း သုံးထားသည်။

အာကာသဆိုသည်မှာ စာတန်နယ်မြေ (ဗျာ၂:၂)ကို လွန်မြောက်သော နေရာ၊ စာတန်၏ ဘုန်းတန်ခိုး မရောက်ရှိနိုင်သောနေရာ အောင်မြေ ဖြစ်သည်။

ဤကျမ်းပိုဒ်ပါ အကြောင်းအရာများကို စဉ်းစားကြည့်ပါ။ တစ်ခဏချင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲသွားမည်။ သေလွန်သူများ မလုပ်နိုင်သောဘဝသို့ ပြောင်းလဲလျက် ထမြောက်ကြမည်။ မြေကြီးနှင့် ပင်လယ်လည်း အော်မြည်တမ်းတကြမည်။ အာကာသသည် ကောင်းကင်နိုင်ငံသို့ ပျံသန်းမည် (၁ကော ၁၅:၅၂ ကြည့်)။

လူသည် ဖန်ဆင်းခြင်းအကြောင်း (က ၁နှင့်၂)ကို ယုံကြည်ရန် ခက်ခဲသည်။ ဖန်ဆင်းခြင်းကို လက်မခံနိုင်လျှင် ချီဆောင်ခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း။ သောင်ပြင်သဲမျှ များပြားသော သေလွန်သူများ ပြန်လည်ထမြောက်ကြလျှင် ကမ္ဘာကြီးမှာ မည်သို့နေထိုင်ကြရမည်နည်းဟု ဆိုကြသည်။

လူသည် အာကာသထဲတွင် ခရီးသွားရန် စိတ်အားထက်သန်သူ ဖြစ်သည်။ သို့သော်ထိုသူများ၏ အာကာသခရီးတို့နှင့် ယုံကြည်သူများ၏ ထာဝရကာလအတွက် အာကာသခရီးသည် အဘယ်မျှလောက်ခြား နားမည်နည်း။

ခရစ်တော်ဘုရား ကြွရောက်လာသောအခါ အသံတော် ကြားရမည်။ မျက်စိအမြင် ပသာဒလှမည်။ အံ့အားသင့်ဖွယ်ရာ ခံစားရမည်။ ပျော်ရွှင်စွာ ဆုံတွေ့ကြရမည်။ ငြိမ်သက်ချမ်းမြေ့ကြရမည်။

ဤကျမ်းပိုဒ်တွင် သုံးသော သခင်ဆိုသည့် စကားလုံးကို ကြည့်ပါ။ ဗျာဒိတ်တော် (ငယ် ၁၅)၊ ကြွလာနေသော သခင်(ငယ် ၁၅)၊ ကိုယ်တော်တိုင် (ငယ်၁၆)၊ သခင်ဘုရားထံတော် (ငယ် ၁၇)၊ သခင်ဘုရားနှင့် အစဉ်မပြတ် နေခြင်းငှာ (ငယ် ၁၇)။

သခင်ဘုရားနှင့် အစဉ်မပြတ် နေရသောအခါ ပျော်ရွှင်ခြင်းနှင့် ကောင်းကြီးမင်္ဂလာ ပြည့်စုံမည်။ ထို့ကြောင့် အချင်းချင်း တစ်ယောက်ကို တစ်ယောက် သက်သာစေကြလော့။ သခင်ဘုရားကြွလာခြင်းအတွက် ဗျာများမနေနှင့်။ စိတ်လှုပ်ရှားစရာ၊ ဝမ်းမြောက်ဖွယ်ငြိမ်သက်ခြင်း ဖြစ်ပါသည်။

နောက်ဆုံးကာလဖော်ညွှန်းချက်

ချီဆောင်ခြင်းကာလ ရောက်လုနီးပြီ ဖြစ်ကြောင်း ဖော်ညွှန်းချက် များစွာရှိပါသည်။

၁။ ဣသရေလတိုင်းပြည်ကို ၁၉၄၈ခုနှစ်တွင်ပြန်လည်တည်ထောင်သည်(လု ၂၁:၂၉)သင်္ဘောသဖန်းပင် (ဣသရေလ) အရွက်ပေါက်လာသည် (လု ၂၁:၂၉-၃၁။ ၁-ရာစုနှစ်တွင် မိမိတို့ မွေးရပ်မြေမှ ဖရိုဖရဲ ထွက်ပြေးကြသော ယုဒလူမျိုးများ ဘူမိနက်သန်သို့ ပြန်လည်စုစည်းနေကြပြီး။ ဘုရားသခင်၏ နိုင်ငံတော် နီးစပ်ကြောင်း အတိတ်နိမိတ်ဖြစ်သည်။

၂။ တိုင်းနိုင်ငံသားများစွာ ပေါ်ထွန်းလာသည် (လု၂၁:၂၉)။ သင်္ဘောသဖန်းပင်သာ အရွက်ထွက်ဟု ယေရှုက မပြောပါ။ သစ်ပင်များဟု ဆိုထားပါသည်။ ကမ္ဘာပေါ်တွင် ကိုလိုနီနိုင်ငံများ၊ လက်အောက်ခံနိုင်ငံများ လွတ်လပ်ရေးရရှိ၍ တိုင်းနိုင်ငံထူထောင်ကြသည်။ လူမျိုးသစ်၏ သမိုင်း ဖြစ်သည်။

၃။ ဣသရေလများ မူရင်းနေရာသို့ ပြန်လည်စုစည်း ခြင်းသည် အံ့ကြကုန်နိုင်ဖွယ် ဖြစ်သည် (ယေဇ၃၆:၂၄-၂၅)။ ပရောဖက် ယေဇကျေလက သူတို့အပြစ်များ စင်ကြယ်ပြီးမှ မူလနေရာသို့ ပြန်ရောက်ကြလိမ့်မည်ဟု ဟောကိန်းထုတ်ထားသည်။ ယနေ့ကာလတွင် ဣသရေလလူမျိုးများသည် ဘုရားတရားမယုံကြည်သူများ ဖြစ်သည်။ လက်တစ်ဆုပ်စာခန့်ကသာ ရှေးရိုးယုဒဘာသာကို လက်ခံယုံကြည်ကြသည်။

၄။ ခရစ်ယာန်တစ်ခုလုံးနှင့်ဆိုင်သော လှုပ်ရှားမှု(ဗျာ ၁၇:၁၈)ဗာဗုလုံသည် ဘာသာရေး၊နိုင်ငံရေး နိုင်ငံရေး၊ စီးပွားရေးတွင် မိုးထိအောင် လှေကားထောင်လျက် မှားယွင်းသော အယူအဆများဖြင့် ခရစ်ယာန်လုပ်စားခဲ့သည်။ ကာသိုလိပ်ဘာသာ အယူမှားများ၊ ပရိုတက်စတင့်မှားများ ပေါ်ထွန်းခဲ့သည်။ ခရစ်ယာန်လောကတွင် ဘာသာရေး အယူမှားများ (၁တိ၄:၁၊၂သက် ၂:၃) ပေါ်ထွန်းခဲ့သည်။ ကမ္ဘာခရစ်ယာန် အသင်းတော်သို့ ချီတက်ကြသည်။

၅။ ကမ္ဘာအဝှမ်းတွင် ဝိညာဉ်ရေးရာ ကြီးထွားလာသည် (၁တိ၄:၁-၃)။ ဤလှုပ်ရှားမှုသည် ကမ္ဘာအဝှမ်း၌ ပျံ့နုံ့နေသည်။

၆။ စိတ်ဓာတ်ရေးရာများစွာ ပျက်ပြားသည် (၂တိ၃:၁-၅)။ နေ့စဉ်သတင်းစာများတွင် အများအပြား တွေ့ရသည်။

၇။ မနာခံခြင်းနှင့် ရုန်းရင်းဆန်ခတ်ခြင်းများ (၂သက်၂:၇-၈)။ ဝိညာဉ်ရေးရာ မဲ့သောအကျင့် စရိုက်များ နေအိမ်တွင်၎င်း၊ လူမျိုးကြားတွင်၎င်း၊ ယုတ်ဆွအဆုံး အသင်းတော်တွင်၎င်း ဗြောင်းဆန်နေသည်။

၈။ ဘုရား၊တရားမဲ့နေကြသည်သာမက ဘုရားကိုလည်းငြင်းပယ်ကြသည်(၂တိ ၃:၅)။

၉။ အန္တိခရစ်များ ပေါ်ထွန်းလာသည် (၁ယော ၂:၁၈)။ ဘာသာရေး အယူမှားများ အများအပြား ပေါ်ပေါက်လာပြီး ခရစ်ယာန် လုပ်စားကြသည်။ ခရစ်ယာန်၏ အခြေခံ ယုံကြည်ခြင်းကို ငြင်းပယ်ကြသည်။ အတုအယောင်လုပ်၍ ညာစားကြသည် (၂တိ ၃:၈)။

၁၀။ ဘာသာရေးမှ လူမျိုးရေးသို့ ယိမ်းယိုင်လာကြသည်။ ယနေ့ခေတ်ကာလတွင် ဥရောပဘုံဈေးအဖွဲ့၊ ဝေါဆောအဖွဲ့ စသည်ဖြင့် ပေါ်ပေါက်လာသည်။ ရှေးယခင်က ရောမကို ဗဟိုပြု၍ ရောမအင်ပါယာ ထူထောင်ခဲ့ကြသည်။ ထိုအရာသည် သံခြေထောက်နှင့် မြေခြေထောက်(၁၀)ခု ဖြစ်သည်(ဒံ ၃၂:၃၅)။

၁၁။ ကမ္ဘာလောကကြီးအား တရားစီးရင်ရန် ဘုရားသခင်၏ အချိန်ကာလသည် ရောက်အံ့ဆဲဖြစ်သည် (၂ပေ ၃:၃-၄)။ ထို့အပြင် တိုင်းနိုင်ငံအနှံ့တွင် မြေငလျင်ကြီးများ လှုပ်သည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒဏ် ကျရောက်သည်။ တိုင်းနိုင်ငံတစ်ခုနှင့် တစ်ခုအကြားတွင် ရန်လိုမှု ပိုများလာသည် (မ ၂၄:၆၊၇)။ အကြမ်းဖက်သမားများက ဥပဒေများကို
ချိုးဖောက်ဖျက်ဆီးကြသည်။ ရာသီဥတု ဖောက်ပြန်သည်။ နူကလီးယားလက်နက်ကြီးများ ထုတ်လုပ်ကြသည်။
မည်သူ စစ်မက်ပြိုင်ဆိုင် မည်နည်း။ သားရဲ (ဗျာ၁၃:၄)။ ယနေ့ကမ္ဘာအနှံ့အပြားရှိ အဖြစ်အပျက်များကို အချိန်နှင့်အမျှ ရုပ်မြင်သံကြား အစီအစဉ်များတွင် တွေ့မြင်ကြရာ၊ ကျမ်းစာနှင့် ကိုက်ညီပြည့်စုံလာကြောင်း တွေ့ရသည်(ဗျာ ၁:၇)။

ထိုအဖြစ်အပျက်များသည် ခရစ်တော်ကြွလာမည့် အချိန်ကာလ ရောက်လုနီးကြောင်း နိမိတ်ပေးခြင်း ဖြစ်သည်။ ချီဆောင်ခြင်းကာလတွင် ပုံမှန်အနေအထား ရှိမည်ဟု ကျမ်းစာက မပြောထားပါ။ ဤသို့ နေ့စဉ်နှင့်အမျှ အဖြစ်ဆိုးများ တိုးပွားလာခြင်းသည် ချီဆောင်ခြင်းကာလ ရောက်လုနီးပြီဟု သတိပေးခြင်းဖြစ်ပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။