ရာဇဝင်ချုပ်ပဌမစောင် - ၁၃
ရာဇဝင်ချုပ်ပဌမစောင် - ၁၃ (အနက်ဖွင့်)
(ခ) ယေရုရှလင်သို့ ပဋိညာဉ် သေတ္တာသယ်ဆောင်ခြင်း (အခန်း ၁၃–၁၆)
၁၃:၁–၈ ဒါဝိဒ်မင်း ပထမဆုံးအကြိမ် ပဋိညာဉ်သတ္တောသယ်ဆောင်ရန် ကြိုးပမ်းချက်ဖြစ်သည်။ လောလောလတ်လတ် နန်းတော်သစ် သို့ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော် စိုးစံစေချင်သည်။
ရှောလုမင်း လက်ထက်တွင် ပဋိညာဉ်သေတ္တာ ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟု မအောက်မေ့ခဲ့။ ဖိလိတ္တိတို့ လက်ထဲသို့ ကျရောက်ခဲ့ပြီး (၇)လ အကြာတွင် ကိရယတ်ယာရိမ်သို့ ပြောင်းရွှေ့ထားရှိကြသည်။ ထို့နောက်လေဝိအမျိုးသား အဘိနာဒပ်နေအိမ် သို့ (၁ရာ၄-၇) သို့ရောက်ရှိသည်။ ယခုဒါဝိဒ်မင်းက အဘိနာဒပ်နေအိမ်မှ သယ်ဆောင်လာသည်။ လှည်းသစ်ပေါ်သို့တင်၍ သြဇနှင့် အဟိသြကို လှည်းနှင်စေ သည်။ အဲဂုတ္တပြည် ဂိဟောရေမြစ် ဆိုသည်မှာ အဲဂုတ္တုချောင်း ဖြစ်သည်။
၁၃:၉-၁၂ နွားများရုန်း၍ လှည်းလှုပ်ခါသောအခါ ပဋိညာဉ်သေတ္တာ လိမ့်ကျမည်စိုးသောကြောင့် သြဇက သေတ္တာတော်ကို လှမ်းဖိသည်။ မထိုက်တန်ဘဲ ကိုင်တွယ်ရသောကြောင့် ဘုရားသခင်ကရိုက်ချ၍ သြဇသည် ပွဲချင်းပြီး သေဆုံး သည်။ ယဇ်ပုရောဟိတ်မှ တပါး ပဋိညာဉ်သေတ္တာ ထိပါးကိုင်တွယ်ခြင်းမပြုရန် ပညတ်ချက်ထားရှိထားသည် (တော ၄:၁၅)။ ကောဟတ်အမျိုးတို့ ပဋိညာဉ်ထမ်းသယ်ကြစဉ်ကလည်း သေတ္တာကို မထိကြ။ ထမ်းပိုးလှန်၍ ခပ်လှန်းလှန်းမှ ပုခုံးဖြင့်ထမ်းကြခြင်းဖြစ်သည်။ ထို့ပြင် လဲကျသေဆုံးသည့်နေရာကို ပေရဇောဇ (သြဇသင်္ချိုင်းကုန်း ) ဟုခေါ်စမှတ်ပြုကြသည်။ ထိုနေအိမ်တွင် (၃)လကြာ စိုးစံရာ ထိုနေအိမ်မိသားစုသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ကြွယ်ဝသထက် ကြွယ်ဝလာသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။