ဇာခရိအနာဂတ္တိကျမ်း - ၁၂

ယေရုရှလင်မြို့အောင်ပွဲ
1ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော်တည်းဟူသော၊ မိုးကောင်းကင်ကို ကြက်၍ မြေကြီးတိုက်မြစ်ကို ချတော်မူထသော၊ လူအထဲ၌ လူ၏ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလအမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ 2ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့အား တုန်လှုပ်စေသော ဖလားဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည်ကိုလည်း ထိုအတူ ဖြစ်စေမည်။ 3ထိုကာလအခါ၌လည်း ထိုမြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက်ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူအပေါင်းတို့သည် ကျိုးပဲ့ကြေမွ ကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တစ်ဖက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ 4ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှာလည်းကောင်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှာလည်းကောင်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တစ်ပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်မည်။ 5ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အားဖြစ်ကြ၏ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည်။ 6ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့လည်းကောင်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့လည်းကောင်း ဖြစ်စေသဖြင့်၊ လက်ယာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။ 7ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည်တစ်ဖက်၌ မဝါကြွားရ။ 8ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့လည်းကောင်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင် ကဲ့သို့လည်းကောင်း သူတို့ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ထိုးဖောက်ခံရသူအတွက်မြည်တမ်း
9ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှာ ငါသည် အားထုတ်မည်။ 10ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပတ္ထနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦးအတွက် အဘသည် နာကြည်းရကြလိမ့်မည်။  11မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။ 12တစ်ပြည်လုံး အမျိုးအနွယ်အသီးအသီး တစ်မျိုးတခြားစီ ငိုကြွေးမြည်တမ်း ကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ 13လေဝိ၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ ရှိမိ၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ 14ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တစ်မျိုးတခြားစီ၊ သူတို့မိန်းမများ တစ်စုတခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။

ဇာခရိအနာဂတ္တိကျမ်း - ၁၂ (အနက်ဖွင့်)

၆။ ဒုတိယဗျာဒိတ်၊ မေရှိယ ဒုတိယအကြိမ်ကြွလာခြင်း (အခန်း ၁၂၁၄)

(ကတိုင်းနိုင်ငံသားများအဖို့ ယေရုရှလင်သည် ပြဿနာအရင်းအမြစ် (၁၂:)

          တနေ့သောအခါ တပါးအမျိုးသားများသည် ယေရုရှလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် လေးဘက်လေး တန်မှ ချီတက်လာကြမည်ဟု ထပ်မံသတိပေးသည်။ ယေရုရှလင်မြို့ကို ရန်ပြုသူများသည် မိမိဒုက္ခ မိမိရှာဖွေခြင်း သာ ဖြစ်လိမ့်မည်။ လေးလံသောကျောက်တုံးကြီးကို မနိုင်မနင်းမသကဲ့သို့ မိမိခြေပေါ် ကျောက်တုံး ပြန်ပြုတ်ကျ သွားမည်။

(ယုဒများက ဘုရားရှင်အား သိကျွမ်းလာကြမည် (၁၂:)

          ထိုနေ့ရက်တွင် ကျူးကျော်စစ်ပြုတိုက်ခိုက်လာသူများအား ဘုရားရှင်စီရင်မည်။ မြင်းများကို လန့်ဖြတ်တွေဝေစေ၍ မြင်းစီးသူရဲကောင်းများကို ရူးသွပ်စေမည်။

(ယုဒများက ဘုရားရှင်အား သိကျွမ်းလာကြမည် (၁၂:)

          ယေရုရှလင်ပြင်ပရှိ ယုဒအုပ်စိုးသူမင်းများက ယေရုရှလင်သားတို့၏ ဘုရားသခင်သည် အမှန်တကယ် ခွန်အားကြီးပါပေသည်ဟု ကြိတ်၍ ချီးမွမ်းကြမည်။

(ယုဒလူမျိုးဆန့်ကျင်သော ရန်သူများအား ဖျက်စီးမည့်အကြောင်းနှင့် ပထမဆုံးအောင်ပွဲခံကြရမည့် အကြောင်း (၁၂:)

          ထိုနေ့ရက်ကာလတွင် ယုဒအုပ်စိုးသူမင်းများကို တောက်လောင်နေသော ထင်းစဖြစ်စေမည်။ ပတ်ပတ် လည်ရှိသမျှကို မီးစွဲလောင်ကျွမ်းစေမည်။ သို့သော် ဘုရားရှင်သည် ဦးစွာယုဒတဲတို့ကို ကယ်တင်လိမ့်မည်။ သို့အားဖြင့် ယေရုရှလင်သားများသည် ဝါကြွားစရာမရှိကြ။ ယေရုရှလင်သားများကိုလည်း ကွယ်ကာလျက် ခွန်အားကြီးမားစေမည်။ ထိုနောက်ကျူးကျော်သူ တပါးအမျိုးသားများကို ချေမှုန်းသုတ်သင်မည်။

(မေရှိယသခင်အား ငြင်းပယ်မိသည့်အတွက် တိုင်းနိုင်ငံများ သံဝေဂရကြမည် (၁၂:၁၀၁၄)

          သူတို့ငြင်းပယ်ခဲ့သောသူသည် မေရှိယသခင်ဖြစ်ကြောင်း သိမြင်လာကြသောအခါ တိုင်းနိုင်ငံသားများ သည် ခြုံးပွဲချငိုကြွေးကြမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သော ငါ့ကို(on me )ရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသော သားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့ ထိုသူအတွက် ငိုကြွေးမည်တမ်း ကြမည်။ သားဦးအတွက်အဘသည် နာကျင်သကဲ့သို့ နာကျင်ရကြမည် (ငယ်၁၀)။ ငါ့ကို  (on me)ဟူသော စကားလုံးကို မှတ်သားပါ။ သူတို့ ထိုးဖောက်ခဲ့သူမှာ ယေရှုခရစ်(ဝါ)ယေဟောဝါဘုရားဖြစ်သည်။ တစ်ဦးတည်း သားအတွက် ငိုကြွေးမြည်တမ်းခြင်းဆိုသည်မှာ ဣသရေလတို့အတွက် စိတ်နှလုံးကြွေပြုန်းမတက် အနာကျင်ဆုံး အထိခိုက်ဆုံး ဝမ်းနည်းမှုဖြစ်သည်။ မေဂိဒ္ဒေါချိုင့်ဝှမ်း ဟာဒဒြိမ္မုန်မြို့ မှာ ငိုကြွေးခြင်း(ငယ်၁၁)မျိုးကို ၆ရာ၊ ၃၅:၂၀-၂၄တွင်လည်း ကြည့်ပါ။ ငိုကြွေးသူများထဲတွင် မင်းမိသားစုတသီး တခြား၊ (နာသန်)ပရောဖက်များ တသီးတခြား၊ (လေဝိယဇ်ပုရောဟိတ်များ တသီးတခြား၊ (ရှိမိ)ရဗ္ဗိဆရာ များက တသီးတခြားနှင့် ပြည်သူပြည်သားများ အသီးသီးတသီးတခြားစီ ပါဝင်သည်။ ရှိမိဆိုသည်မှာ ရှိမောင်၁၄ဖြစ်သည်ဟု ယူဆ ကြသည်။ ရှိမောင်သည် သူ့ညီလေဝိနှင့်အတူ ရှေခင်လူများကို သတ်ဖြတ်ခဲ့သူ (က၊ ၃၅:၂၅)ဖြစ် သည်။ (ငယ်၊၁၂-၁၄)ထိတွင် တခြား(စီ)”ဆိုသော စကားလုံးကို အဖန်တလဲလဲအသုံးပြုထားသည်ကို သတိပြုပါ။ စစ်မှန်သော “အပြစ်ဝန်ချခြင်း” (confession)တွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တဦးတည်း(တသီးတခြား) အချိန်ပေးရန် လိုအပ်ကြောင်းသိစေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။