ဇာခရိအနာဂတ္တိကျမ်း - ၁၁

1အို လေဗနုန်တောင်၊ သင်၏အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှာ သင်၏တံခါးတို့ကို ဖွင့်လော့။ 2အို ထင်းရှူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့် မြည်တမ်းကြလော့။ 3သိုးထိန်းတို့သည် မိမိတို့အသရေပျက်သောကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ်၏ ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက်သောအသံကို ကြားရ၏။
မိုက်သောသိုးထိန်း
4ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သတ်ဖို့ရာထားသော ဤသိုးစုကို ကျွေးမွေးလော့။ 5ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည်ကို မသိကြ။ ရောင်းစားသော သူတို့ကလည်း၊ ငါရတတ်သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။ 6ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တစ်ဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့လည်းကောင်း၊ ရှင်ဘုရင်လက်သို့လည်းကောင်း အပ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကို နှိပ်စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲနေမည်ဟု မိန့်တော်မူ၏။
7ထိုသို့ သတ်ဖို့ရာထားသော သိုးစုတည်းဟူသော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝှေးနှစ်စင်းကိုယူ၍၊ တစ်စင်းကို ကျေးဇူးဟူ၍လည်းကောင်း၊ တစ်စင်းကို အနှောင်အဖွဲ့ဟူ၍လည်းကောင်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။ 8သိုးထိန်းသုံးယောက်ကိုလည်း တစ်လတွင် ငါပယ်ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။ 9နောက်တစ်ဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင်တို့သည် တစ်ကောင်ကိုတစ်ကောင် စားပါလေစေဟု ငါဆိုလျက်၊ 10ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏တောင်ဝှေးကို ယူ၍ ချိုး၏။ 11ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။ 12တစ်ဖန် ငါက၊ ငါရထိုက်သော အခကိုပေးအံ့သောငှာ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလိုမရှိလျှင် မပေးကြနှင့်ဟု ဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှာ ငွေသုံးဆယ်ကို ချိန်ကြ၏။ 13ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်းသမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဖိုးဖြတ်၍ ငွေများလှသည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ်ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်းသမားရှေ့မှာ ပစ်ချ၏။ 14ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့သော မိတ်သဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိသော အခြားတောင်ဝှေးကို ငါချိုး၏။
15တစ်ဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏တန်ဆာတို့ကို သိမ်းယူလော့။ 16အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတစ်ဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသော အကောင်ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသောအကောင်ကို အနာပျောက်စေခြင်းငှာ မပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့်မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။ 17သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာ ရှိစေသတည်း။ သူ၏လက်ရုံးနှင့် လက်ယာမျက်စိ၌ ဓားဘေး ရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ယာမျက်စိသည် အကုန်အစင်မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။

ဇာခရိအနာဂတ္တိကျမ်း - ၁၁ (အနက်ဖွင့်)

(မယုံကြည်သူအစိုးရများ အပြစ်ဒဏ်ခံရမည် (၁၁:)

          အခန်း(၁၁)တွင် မေရှိယအား ငြင်းပယ်ခြင်း၊ ယေရုရှလင်မြို့အား ရောမတို့ဖျက်ဆီးခြင်းနှင့် အန္တိခရစ် ပေါ်ထွန်းလာမည့်အကြောင်းဖြစ်သည်။

ပထမပိုင်း အပိုဒ်ငယ်(၃)ခုသည် ဣသရေလ(လေဗနုန်)တောတောင်၊ ကုန်းမြင့်နှင့် မြေပြန့်ချိုင့်ဝှမ်းအား လုံးပျက်စီးရမည့်အကြောင်း ဖြစ်သည်။ ယော်ဒန်မြစ်ရိုးတလျှောက် စားကျက်မြက်ခင်းများ ပျက်စီးကုန်၍ သိုးအုပ် များကျက်စားစရာမရှိတော့သဖြင့် သိုးထိန်းများ ငိုညည်းမြည်တမ်းကြရသည်။ အချို့က ဤကျမ်းပိုဒ်ကို အေဒီ-၇၀ ပြည့်နှစ်တွင် ရောမတို့က ယုဒပြည်အား အလုံးစုံဖျက်ဆီးမည့်အကြောင်း အတိတ်စိမ်းဟု မှတ်ယူကြသည်။

(သိုးထိန်းစစ် မေရှိယသခင် ပေါ်ထွန်းခြင်း (၁၁:)

          ၁၁: ဘုရားရှင်က ဇာခရိအား သိုးအုပ်ကို သတ်စားသော သိုးထိန်းများအကြောင်းသတိပေးသည်။ သိုးထိန်း၏ဝတ္တရားကို ရှင်းပြသည်။ ဇာခရိသည် ခရစ်တော်ကဲ့သို့သော သိုးထိန်းဖြစ်သည်။ သိုး (ရွေးနှုတ်ခံ ဣသရေလ)ကို သိုးထိန်းဆိုး(အုပ်စိုးသူမင်း)က သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ထိုဆိုးညစ်သူတို့အား သူတို့က မိမိတို့ရှင်ဘုရင်အဖြစ် ကြွေးကြော်သော ရောမဧကရာဇ်လက်ထဲအပ်နှံဖို့ ဘုရားသခင်က ဆုံးဖြတ်လိုက်ခြင်းဖြစ် သည် (ယေ၊ ၁၉:၁၅)။

၁၁:(ကသိုးထိန်းကောင်းတစ်ဦးအဖြစ် ဇာခရိသည် တောင်ဝှေးနှစ်ချောင်းကို ကိုင်ဆောင်သည်။ တောင်ဝှေးတစ်ချောင်းမှာ “ကျေးဇူး”(ကောင်းချီးမင်္ဂလာ)ဟု အမည်ရှိ၍၊ အခြားတစ်ချောင်းမှာ “အနှောင်အဖွဲ့” (ပေါင်းစည်းခြင်း)ဟု အမည်ရသည်။ ၎င်းတောင်ဝှေးနှစ်ချောင်းအားဖြင့် လူမျိုးတော်အပေါ် ကောင်းချီးသွန်း လောင်းလိုသော ဘုရားရှင်အလိုဆန္ဒကို ပြသ၍ ယုဒနှင့်ဣသရေလူမျိုးအား ပြန်လည်ပေါင်းစည်းသင့်မြတ်စေမည် ဟု ဖော်ပြသည်။ ဇာခရိက မှားယွင်းသော သိုးထိန်း()ဦးကို ပယ်ရှားသည်။ မှားယွင်းသောသိုးထိန်းဆိုသည်မှာ ဘုရင်၊ ယဇ်ပုရောဟိတ်နှင့် ပရောဖက်အရာဌာနဖြစ်သည်။ (Ungerက သိုးထိန်းသုံးဦးကို ယုဒပြည်၏အာဏာပိုင် သုံးရပ်ဖြစ်သော နိုင်ငံအာဏာ-အုပ်စိုးသူမင်း၊ ဘာသာရေးအာဏာ-ယဇ်ပုရောဟိတ်များနှင့် မြို့ပြအာဏာ-ရောမအရာထမ်း အမှုထမ်းများဟု ပုံဖော်သည်။ တစ်လအတွင်းဆိုသည့်အချိန်ကာလမှာ ဣသရေလခေါင်းဆောင် များ ယုံကြည်ခြင်းရပ်စဲ၍ သခင်ဘုရားကို ကားစင်တင်သတ်ဖြတ်သည့်ကာလဟု ဖွင့်ဆိုသည်။)၁၂

(ဋ္ဌလူမျိုးတော်ကမေရှိယအား ငြင်းပယ်ကြခြင်း (၁၁:၈ခ၁၄)

          ၁၁:၁၁ သိုးများက သိုးထိန်းကို လက်မခံ ငြင်းပယ်ကြသောအခါ သိုးထိန်းက ကိုယ့်ထိုက်ကိုယ်ကံ နေရစ်ကြတော့ဟု စွန့်ခွာခဲ့သည်။ သို့နှင့် ဇာခရိသည် ပထမတောင်ဝှေးတည်းဟူသော ကျေးဇူးကိုနှစ်ပိုင်း ချိုးပစ် လိုက်သည်။ လူမျိုးတော်အပေါ် ကျေးဇူးတော်ရုပ်သိမ်း၍ တပါးအမျိုးသားများက ဖိစီးနှိပ်စက်ခြင်းအား အခွင့်ပြုခဲ့သည်။ ဆင်းရဲဒုက္ခရောက်သောအခါကျမှသာ သိုးတို့သည် ဘုရားသခင်လုပ်ဆောင်ချက်အား ဆင်ခြင် နားလည် သဘောပေါက်ကြမည်။

၁၁:၁၂၁၃ ဇာခရိက ရသင့်ရထိုက်သော လုပ်အားခတောင်းဆိုသောအခါ ငွေဒင်္ဂါးအစ(၃၀)ပေးကြသည်။ ထိုခေတ်ကာလ ကျွန်တယောက်၏တန်ဖိုးဖြစ်သည်။ နွားထီးတစ်ကောင်နှင့် ညီမျှသည်။ ထိုဒင်္ဂါးသုံးဆယ်သည် နောင်အခါ ယုဒရှကာရုတ်က သခင်ယေရှုအား၊ ထိုငွေကြေးပမာဏဖြင့် သစ္စာဖောက်မည့်အကြောင်း နိမိတ်ပုံ ဆောင်သည်။

၁၁:၁၄ ထို့နောက် ဇာခရိကတဖန် ဒုတိယတောင်ဝှေးအား နှစ်ပိုင်းဖြစ်အောင် ထပ်ချိုးပစ်လိုက်သည်။ ၎င်းမှာ ယုဒနှင့်ဣသရေလလူမျိုးတို့၏ ညီအစ်ကိုချစ်ခြင်း (စည်းလုံးမှု)ပြိုကွဲ ပြတ်တောက်ခြင်း၊ စိတ်ဝမ်းကွဲ ပြားခြင်းဖြစ်သည်။

(အငှါးသိုးထိန်းထံမှ ကယ်နှုတ်မည် (၁၁:၁၅၁၇)

          Feinbergက အပိုဒ်ငယ် ၁၄နှင့်၁၅ အကြားတွင် အသင်းတော်ခေတ်ကာလ ထိန်ဝှက်ထားသည်ဟု ထောက်ပြသည်။၁၃

ဣသရေလတို့သည် ကောင်းသောသိုးထိန်းကို လက်မခံ၊ ငြင်းပယ်ကြသောကြောင့် သိုးထိန်းဆိုးရရှိကြ သည်။ သိုးသိန်းဆိုး၏အမူအကျင့်နှင့် ကြန်အင်လက္ခဏာကို ဇာခရိက ရှင်းပြသည်။ သိုးထိန်းဆိုးသည် သိုးများ ကို ကျွေးမွေးစောင့်ရှောက်ခြင်းမပြု။ သတိဖြတ်မည့်သူဖြစ်၏။ ပေါ်ထွန်းလာမည့်အန္တိခရစ်ဖြစ်၏။ မျက်စိနှင့် လက်ရုံးသည် ဓါးဘေးသင့်မည်။ စစ်ပွဲတွင်ညာဖက်မျက်စိကန်းမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။