ဗျာဒိတ်ကျမ်း - ၁၆
ဗျာဒိတ်ကျမ်း - ၁၆ (အနက်ဖွင့်)
(ဋ) အပြစ်စီရင်ရာ ရွှေဖလားတော် ခုနှစ်လုံး (အခန်း ၁၆)
၁၆:၁–၂ ထိုကောင်းကင်တမန်ခုနှစ်ပါးအား ဘုရားသခင်၏ အမျက်ဒေါသ ရွှေဖလားများကို မြေကြီးပေါ်သို့ သွန်ချရန် ဗိမာန်တော်ထဲက အသံထွက်လာသည်။ ထိုအပြစ်စီရင်ခြင်းသည် တံပိုးမှုတ် တရားစီရင်ခြင်းနှင့် ဆင်တူရိုးမှား ဖြစ်သော်လည်း ထို့ထက်ပိုကြီးသည်။ ပထမဖလားကို သွန်းလောင်းပစ်ရာ သားရဲကိုးကွယ်သူများ၏ ခန္ဓာကိုယ်၌ အလွန်ဆိုးသော အနာစိမ်းများ ပေါက်၏။
၁၆:၃ ဒုတိယ ရွှေဖလားအား သွန်ချရာ ပင်လယ်သမုဒ္ဒရာရေသည် လူသေအသွေးကဲ့သို့ ရဲရဲနီ၏။ ရေသတ္တဝါ ဟူသမျှသေကြေပျက်ဆီးကုန်သည်။
၁၆:၄ တတိယရွှေဖလားအား မြစ်ရေပေါ်သို့ သွန်းလောင်းရာ အသွေးဖြစ်သွားသည်။
၁၆:၅–၆ ဤတကြိမ်တွင်မူ ကောင်းကင်တမန်များက ဘုရားသွန်းလောင်းစေသော အပြစ်ဒဏ်များအား လူတို့ခံထိုက်သည်ဟုဆိုကြသည်။ လူသည်သူလုပ်ခဲ့သော အပြစ်အတိုင်း ခံထိုက်ပါသည်။ သို့သော် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေ:ကို သွန်းလောင်းကြသည်ဖြစ်၍ သူတို့အား အသွေးတော်ခံထိုက်ပါသည်ဟု ကောင်းကင်တမန်များက လျှောက်ထားသည်။
၁၆:၇ ယဇ်ပလ္လင်သည် အထူးသဖြင့် သန့်ရှင်းသူ မာတုရများ၏ ဝိညာဉ်များကို ပုံဆောင်သည် (၆:၉)။ သူတို့အား ညှဉ်းပန်းနှိပ်စက်သူများ၏ အပြစ်ဒဏ်သင့်မည့် ကာလကို စောင့်မျှော်သည်းခံသည်မှာ ကြာညောင်းလေပြီ။
၁၆:၈–၉ စတုတ္ထဖလားအား နေပေါ်သို့ လောင်းချသောအခါ နေသည် အပူပြင်းထန်လျက် အပူလောက်စေကုန်သည်။ ရေဒီယို သတ္တိလှိုင်းကြွမှု ဖြစ်ပေါ်စေသည်။ သို့သော်လည်း နောင်တမရကြ။ နောင်တရမည့်အစား ဘုရားသခင်ကိုသာ ကျိန်ဆဲကြသည်။
၁၆:၁၀–၁၁ ပဉ္စမ ကောင်းကင်တမန်က သားရဲရင်ဘတ်ပေါ်သို့ ဖလားတော် လောင်းချသောအခါ ထိုသားရဲ၏ နိုင်ငံတော်သည် မှောင်မိုက်အတိကျသွားသည်။ ထိုမှောင်မိုက်၏ ဆိုးကျိုးကို လူသားများက ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် တနေရာနှင့်တနေရာ ကူးလူးဆက်ဆံခြင်း မပြုနိုင်ကြတော့ပါ။ သို့သော်လည်း နှလုံးသိမ်မွေ့ခြင်း ရှိမလာကြ။ ဘုရားသခင်အား မုန်းတီးစိတ်သာ ပိုမိုပြင်းထန်လာသည်။
၁၆:၁၂ ဆဌမဖလား သွန်းချသောအခါ ဥဖရတ်မြစ်ရေ ခမ်းခြောက်သွားလျက် အရှေ့အရပ်မှ တပ်တော်သည် ဣသရေလ အရပ်ဆီသို့ ဖြတ်သွားနိုင်ကြသည်။
၁၆:၁၃–၁၄ ထို့နောက် သားကောင်ကဲ့သို့သော ဝိညာဉ်ဆိုးများ၊ နဂါး၊ သားရဲနှင့် မိစ္ဆာပရောဖက် ပါးစပ်များမှ ထွက်လာကြသည်။ စာတန်၏ သုံးပါးတစ်ဆူ တုန့်ပြန်မှုဖြစ်သည်။ နတ်ဆိုးများဖြစ်၍ လောကအုပ်စိုးသူများကို လှည့်ဖျား၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ရန် စုဝေးပြင်ဆင်ခြင်းဖြစ်သည်။
၁၆:၁၅ ထိုတိုက်ပွဲဆင်နွဲမည့် ကာလတွင် ဘုရားသခင်သည် ဘေးဒဏ်ကြီးကာလ သန့်ရှင်းသူများ ကိုယ်တော်ဘုရား ပြန်လည်ကြွလာခြင်းကို မျှော်လင့်သူများ၊ ရုပ်တုဆင်းတုကို ကိုးကွယ်ခြင်း မပြုသူများအား အထူးကောင်းကြီးမင်္ဂလာ ပေးထားသည်။ ကယ်တင်ခြင်း မရသူများထံသို့ သူခိုးသဖွယ် အလစ်အငိုက်တွင် ရောက်လာပါမည်။ မမျှော်လင့်သော အချိန်တွင် အငိုက်မိကြသဖြင့် ပျက်စီးခြင်းသို့ ကျရောက်မည်။
၁၆:၁၆ လောကီစစ်သားများသည် ဟေဗြဲဘာသာစကားဖြင့် အာမဂေဒုန်ဟုခေါ်သော အရပ်၌ စုဝေးစစ်ပြင်ကြမည် (NKJV Margin)၂၈ ထိုအရပ်သည် Esdraelon အနောက်လွင်ပြင်နှင့် ဆက်စပ်လျက် Megiddo အရပ်၏ တောင်ဘက်စွန်းတွင်ရှိသည်။ နပိုလီယန်က ကမ္ဘာ့ကြက်ဖင်ဆီဘူး ဟုခေါ်သော အရပ်ဖြစ်၍ စစ်တလင်းပြင် ဖြစ်လာမည်။
၁၆:၁၇ သတ္တမမြောက်ဖလား သွန်ချလာသောအခါ “ပြီးပြီ“ဟု အသံထွက်လာသည်။ ဘေးဒဏ်ကြီးကာလနှင့် ဆက်စပ်သော ဘုရားသခင်၏ အမျက်ဒေါသလည်း ပြေငြိမ်းသွားသည်။
၁၆:၁၈ သတ္တမမြောက်ဖလား သွန်းလောင်းခြင်း အပြီးတွင် လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေငလျင်ကြီးလှုပ်ခြင်း ဖြစ်ပေါ်လာသည်။
၁၆:၁၉ ဘုရားသခင်၏ အမျက်ဒေါသကြောင့် ဗာဗုလုန်မြို့ကြီးသည် သုံးဖြာကွဲသွား၏။ ရုပ်တုဆင်းတု ကိုးကွယ်ခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ဘာသာရေးရှုတ်ထွေးမှုကြောင့် တိုင်းနိုင်ငံများသည် ထိုတချိန်တည်းတွင် ပြိုလဲကုန်ကြသည်။
၁၆:၂၀ ရေလည်ကျွန်းများနှင့် တောင်များသည်လည်း ကွယ်ပျောက်ကုန်သည်။
၁၆:၂၁ ပေါင်တစ်ရာအလေးချိန်ရှိသော မိုးသီးမိုးပေါက်များ ကျလာသော်လည်း လူများသည်နောင်တ မရသည့် အပြင် ဘုရားသခင်ကို ကျိန်ဆဲမြဲကျိန်ဆဲ နေကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။