ဆာလံကျမ်း - ၉၁

ဘုရား၏ကွယ်ကာရာ
1အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကိုခိုရလိမ့်မည်။ 2ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
3အကယ်စင်စစ် မုဆိုး၏ကျော့ကွင်းနှင့်လည်းကောင်း၊ သေတတ်သော အနာနှင့်လည်းကောင်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။ 4အတောင်တော်အမွေးနှင့် ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။ 5ညအခါဖြစ်တတ်သော ဘေးကိုလည်းကောင်း၊ နေ့အချိန်၌ ပစ်သောမြားကိုလည်းကောင်း၊ 6မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကိုလည်းကောင်း၊ သင်သည်မကြောက်ရ။ 7သင်၏အနားမှာ လူတစ်ထောင်၊ သင်၏လက်ယာဘက်မှာ လူတစ်သောင်းလဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။ 8သင်သည် ကိုယ်မျက်စိနှင့်ကြည့်၍၊ မတရားသောသူတို့၌ ရောက်ရသောအပြစ်ကို မြင်ရုံမျှသာရှိလိမ့်မည်။ 9ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသောဘုရား၌ နေရာကျသောကြောင့်၊ 10သင်၌ မကောင်းသောအနိဌာရုံ မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။ 11သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊ 12သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။ 13သင်သည် ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
14သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့်၊ သူ့ကို ငါချီးမြှောက်မည်။ 15သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ 16ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။

ဆာလံကျမ်း - ၉၁ (အနက်ဖွင့်)

ဆာ ၉၁ ငါ့ဆာလံတေး

၁၉၉၂ခုနှစ်တွင် Western Hebrides အရပ်၌ (၅)နှစ်အရွယ်ခလေးသည် ဆုံစို့နာရောဂါဖြင့် ဆေးရုံတက်နေသည်။ လည်ချောင်းထဲတွင် တစ်ဆို့နေသဖြင့် အသက်မှန်မှန်မရှုနိုင်။ သူ့ခရစ်ယာန်မိခင်သည် သူ့သားအဖြစ်ကို မကြည့်ရက်သဖြင့် အိမ်ပြန်သွားသည်။ အိမ်ထဲတွင် တယောက်တည်း ကြိတ်ငိုနေသည်။ ထိုစဉ် တံခါးခေါက်သံကြားရသည်။ ရပ်ဝေးမှ သူ့နားရောက်လာသည် “သင့်ကလေးအကြောင်း သတင်း ကောင်းပြောမလို့ပါ။ မပူပါနှင့်။ ပြန်လည်နေကောင်းမှာပါ။ တနေ့သောအခါ ဘုရားသခင်က သူ့ဝိညာဉ်ကို ကယ်တင်ပါမည်”ဟု ဆိုသည်။ မျက်လုံးအဝိုင်းသားဖြင့် “ဘာပြောနေတာလဲ၊ နားမလည်နိုင်ဘူး”ဟု ပြန်ပြောသည်။ သို့ဖြင့် သူ့ရှေ့တွင်ထိုင်၍ ဆာ ၉၁ကိုရွတ်ဖတ်ရှင်းပြသည်။ နောက်ဆုံးသုံးပိုဒ်ကို တေးဖွဲ့ထား သော ခေတ်သစ်တေးကဗျာကို ဆိုပါသည်-

ငါ့ကိုချစ်ခင်မြတ်နိုးလို့

ငါ့ကိုကယ်တင်လွှတ်သနားပေ။

နာမတော်ကိုသိကျွမ်းသောကြောင့်

မြင့်သောအရပါမှာစိုးစံလေ။

ငါ့ကိုခေါ်သောအသံကိုကြား၍ ထိုးတော်မူသည်

ကိုယ်တော်နှင့်အတူနေ၍

ဘေးဒုက္ခကာလကွယ်ကာရ

ကိုယ်တော်အလွန်ကြီးမြတ်ပေ။

အသက်ရှိနေသရွေ့ကာလပတ်လုံး

ကိုယ်တော်ကိုချီးမွမ်းမည်

ငါကိုကာကွယ်သောအရှင်

ဖူးမျှော်ကန်တော့်ပါမည်။

Scottish Psalm

ထိုသေလုမြောပါးသောကလေးသည် တခြားသူမဟုတ်။ စာရေးသူဖြစ်သည်။ ထိုနေ့ညတွင်ပင် ဘုရားသခင်က သေရွာလမ်းမှ ပြန်လည်ခေါ်လာသည်။ နောက်(၁၃)နှစ်အကြာတွင် ကယ်တင်ခြင်း စိတ်ချမှုပြသပြီး ယခုထက်တိုင်ရှည်သောအသက် လက်ဆောင်ပေးပါသည်။ သို့ကြောင့် ဤဆာလံတေးကို ငါ့ဆာလံတေးဟု နာမည်ပေးထားပါသည်။ အသင်စာရှုသူ နားလည်ပေးနိုင်သည်မဟုတ်လား။ ထို့ထက် ရှည်လျားရလျှင် တခြားသူများထက်လည်း လက်ဆင့်ကမ်းဖောက်သည်ချ ပေးစေချင်သည်။

ထိုသို့ဆိုသော်ဓမ္မဆရာများက သဘောတူကြမည်မဟုတ်။ ဤဆာလံတေးသည် မေရှိယသခင်၏ တေးကဗျာဟု ဆိုကြပေလိမ့်မည်။ ထောက်ခံပါသည်။ သေချာလေ့လာကြည့်လျှင် ကျမ်းစာသည် ရွတ်ဖတ် သိရုံနှင့် မလုံလောက်ပါ။ မိမိဘ၀နှင့် အပ်ဆပ်ရသည်။ အသက်ရှင်ရာ သမ္မာတရားဖြစ်သင့်သည်။

၉၁: အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌါနတော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုလှုံရမည်။ ထိုသူမှာ ယေရှုခရစ်တော်ဖြစ်သည်။ ကိုယ်တော်ကဲ့သို့ အသက်ပိုင်ဆိုင်သော တခြားသူမရှိ။ ဘယ်သောအခါမှ မိမိသဘောအတိုင်းမပြု။ ခမည်းတော်ဘုရား စီမံရာအတိုင်း လိုက်လုပ်သည်။ ရာနှုန်းပြည့်ဘုရားဖြစ်သကဲ့သို့ ရာနှုန်းပြည့်လူလည်းဖြစ်သည်။ လူ့လောကမှာနေရစဉ်တွင်လည်း ကောင်းကင် ဘုံရှိ ခမည်းတော်ကို အကြွင်းမဲ့မှီခိုသည်။ ပြိုင်ဆိုင်သည့်စိတ်သဘောထားလည်းမရှိ။ ထာ၀ရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ၀န်ခံထားသည်။

၉၁: အပိုဒ်ငယ် ၃-၁၃သည် သန့်ရှင်းဝိညာဉ်တော်၏ စကားဖြစ်သည်။ သခင်ယေရှုခရစ်တော်၏ အသက်တော်လည်း ပြီးပြည့်စုံသောကြောင့် ဘေးရန်လုံခြုံစိတ်ချသည်။ ထိုသို့ ဘေးရန်လုံခြုံသည့်အကြောင်း မည်သို့အာမခံနိုင်သနည်း။ အာမခံချက်(၉)ခုပေးထားသည်။

ဘေးအန္တာရယ်များမှကွယ်ကာသည်။ မုဆိုး၏ကျေ့ာကွင်းမှ ကင်းလွတ်စေသည်။ မကောင်းမှု ဒုစရိုက်သမားများ၏အကြံအစည်မှ လွတ်မြောက်သည်။

ကာလနာ သေဘေးမှကာကွယ်သည်။ သခင်ယေရှု၏သက်တော်တစ်လျှာက်လုံးတွင်အဖျားအနာလုံး ၀မှရှိ။ ကျန်းမာရေးဒေါင်ဒေါင်မြည်သည်။

၉၁: ဘုရားရှင်ကိုကွယ်ကာရာအဖြစ်ခိုလှုံသည်။ ငှက်မကြီးက ငှက်ငယ်ကလေးများကို ရင်ငွေ့ဖြင့် ကြီးပြင်းစေသည့်နှယ် ဘေးရန်လုံခြုံစေသည်သာမက နွေးထွေးစေသည်။

ဘုရားသခင်သစ္စာတော်က ဘေးရန်ကွယ်ကာသည်။ ဘုရားရှင်၏ကတိတော်များသည် မြဲမြံ တည်ကြည်သည်။ ပြောသည့်အတိုင်းအမှန်တကယ်ဖြစ်လာသည်။ ယုံကြည်သူများ၏ဒိုင်းလွှားနှင့် ဘေးရန် လုံခြုံရာတည်း။

၉၁: ကြောက်ရွံ့ခြင်းကင်းသည်။ ကြောက်ရွံ့ဘွယ်ရာ ဘေးအန္တာရယ်လေးမျိုးထုတ်ဖော်ထားသည်။

ညဉ့်မှောင်ထဲတွင် အမှောင်ထုကိုအခွင့်ကောင်းယူ၍ တိုက်ခိုက်တတ်သောရန်သူ။ အဘယ်သို့ဆိုသော် ရန်သူသည် ဘယ်ကရောက်လာမှန်းမသိရှိနိုင်။

နေ့အချိန်၌ပစ်သောမြား။ စကားပြေအတိုင်းဆိုလျှင် ရှောင်လွဲ၍မရနိုင်သော ဂြိုလ်တု၊ ဒုံးပျံများ ဖြစ်သည်။  မတော်မတရားသူများက သူတပါးအသက်သတ်ဖို့ ပတ်ခတ်သည့်လက်နက်များ (Amplified ကျမ်းမူ)။

၉၁: မှောင်မိုက်၌ လှည့်လည်တတ်သောကာလနာ။ စကားပြေအတိုင်းအဓိပ္ပါယ်ကောက်ယူလျှင် နေရောင်ခြည်မရှိသောအရပ်၌ ရောဂါပိုး ပိုမိုထူပြောသည်။ နေရောင်ခြည်သည် ရောဂါပိုးကိုသေစေသည်။ အမှောင်ထုထဲတွင် လူ့စိတ်ကူးသည် ညစ်ညမ်းဆိုးယုတ်တတ်သည်။

မွန်းတည့်ချိန်ဖျက်ဆီးတတ်သောဥပဒ်။ ထိုကျမ်းစကားသည် အဓိပ္ပါယ်ကျယ်ပြန့်လွန်းသည်။ ကတိက၀တ်မတည်ခြင်း။ သစ္စာမရှိခြင်းဟုမှတ်ယူလျှင် လုံလောက်တန်ကောင်းပါသည်။

၉၁: အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဘေးရန်ကိုလည်း မကြောက်ရ။ မည်သည့်နေရာ အချိန်အခါတွင်မဆို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ကြလျှင်လည်း သခင်ယေရှုအသက်ဘေးရန်သည် လုံး၀တွေးပူရန်မရှိ။ လုံး၀ဥဿုံ လုံခြုံသည်။ လူဆိုးလူသွမ်း လူဟော့များကနှိပ်စက်ကြလျှင်လည်း ဘေးရန်ကင်းသည်။

၉၁:၁၀ ဘေးဥပဒ်ဆိုးရောက်လျှင်လည်းမပူရ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်ဘုရားသည် အမြင့်ဆုံးသောဘုရားသခင်ထံ၌ နေရာကျသည်။ အဘယ်လူရမ်းကားမှ ဘေးရန်မပြုနိုင်။ မည်သည့် ပရောဂဆိုးမှ အနားမကပ်နိုင်။

၉၁:၁၁၁၂ ကောင်းကင်တမန်များက ကိုယ်ရန်တော်တပ်အဖြစ် စောင့်ကြပ်လိုက်ပါကြသည်။ ထိုအကြောင်းကို စာတန်ကလည်း သိရှိသည်။ ထို့ကြောင့်သခင်ယေရှုအား ဗိမာန်တော်ခေါင်မိုးပေါ်မှ ခုန်ချဖို့ (လု ၄:၁၀-၁၁) သွေးထိုးစမ်းခဲ့သည်။ သခင်ယေရှုက ထိုစကားကိုမပယ်။ ကောင်းကင်တမန်များက မစောင့်ကြပ်ဟု မပြော။ ဘုရားသခင်က ခုန်ချဖို့မမှာ။ အကယ်၍သခင်ယေရှုသည် ခေါင်မိုးပေါ်မှ ခုန်ချလျှင် ဘုရားအလိုတော်နှင့်မညီ။ ကောင်းကင်တမန်များက ဘေးရန်မှ ကွယ်ကာသည်ဟူသောစကားကို ပြောကြမည်။ မရောင်ရာဆီလူး ဖြစ်သွားမည်။

၉၁:၁၃ ခြင်္သေနှင့် မြွေဟောက်ဘေးရန်လည်းနိုင်သည်။ ဤကျမ်းစကားသည် စိတ်၀င်စားဘွယ်ရာ ဖြစ်သည်။ ကိုယ်တော်သည် သူ၏ရှေ့ရေးကို ကြိုတင်သိမြင်ပြီးသားဖြစ်သည်။ သမ္မာကျမ်းစာတွင် စာတန်ကို ဟောက်သောခြင်္သေ့ (၁ပေ ၅:၈)၊ ရှေးမြွေဆိုး (ဗျာ ၁၂:၉) အဖြစ် တင်စားသမုသ်ထားသည်။ ခြင်္သေ့ကဲ့သို့ ကျယ်လောင်စွာဟောက်၍ ကြောက်မက်ဘွယ်ရာ ရုန်းရင်းဆန်ခတ်ကိုက်စားတတ်သည်။ မြွေကဲ့သို့ညှို့၍ လိမ်ညာကိုက်ဖဲ့ ဖျက်ဆီးတတ်သည်။

သို့ဖြင့် လူသားတော်သည် ပြီးပြည့်စုံသောသူဖြစ်၍ လူ့လောကသားများက နာခံထိုက်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က အာမခံချက်(၉)ရပ်ပေးထားသည်။ ခမည်းတော်ဘုရားသခင်ကလည်း၊ “ငါချစ်သောသားပေတည်း”ဟု အချက်(၆)ချက်ဖြင့် ထပ်မံအတည်ပြုထားသည်။ ယေရှုခရစ်တော်၏ သက်တော်စဉ်သည် ပြီးပြည့်စုံပါပေသည်။

၉၁:၁၄ လူ့လောကမှာ သတင်းသုံးနေစဉ် ခြောက်ပြစ်ကင်းဖြစ်သည်။ သူသည်ငါ့ကိုချစ်သောကြောင့် သူကိုငါကယ်နှုတ်မည်။ ငါ၏နာမကိုသိသောကြောင့်သူကိုငါချီးမြှောက်မည်။

၉၁:၁၅ အပြစ်ဒုက္ခများအတွက် ကိုယ်တော်ဝေဒနာခံရသည်။ သူသည်ငါ့ကိုခေါ်သောအခါ ငါထူး တော်မူ မည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာငါနေမည်။

ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့တက်ခြင်း၊ သူ၏ဘုန်းကိုလည်းထင်ရှားစေမည်။

၉၁:၁၆ လက်ယာတော်တွင်စိုးစံ၍ နိုင်ငံတော်တည်ထောင်ဦးမည်။ ရှည်သောအသက်နှင့်သူ့ကိုရောင့်ရဲ စေ၍ ငါ၏ကယ်တင်ခြင်းကျေးဇူးကိုသူ့အားပြသမည်။

ဆာလံဆရာ၏ပြောစကားများသည် မှတ်သားနာယူဖွယ်ချည်းဖြစ်သည်။ သို့သော်ပြီးပြည့်စုံလာဖို့ အချိန်ပေးစောင့်ရဦးမည်။ စကားတခွန်းမှမပြောဘဲ စဉ်းစားခန်း၀င်ကြည့်ပါ။ အရေးကြီးသောမေးခွန်းကို အဖြေထုတ်ကြည့်ပါ။ လူသားများက ထိုသူကို ကားတိုင်ပေါ်သို့ တင်ပို့သတ်ဖြတ်ခဲ့သည်ဖြစ်၍ မည်ကဲ့သို့ နှစ်ကိုယ်တူ ပြန်လည်ငြိမ်းချမ်း စေ့စပ်နိုင်မည်နည်း။

ဤဆာလံကျမ်းကို ယနေ့ယုံကြည်သူများ ဘ၀သို့သွပ်သွင်း၍ ဘေးအန္တာရယ်ရောဂါဆိုးများ တိုက်ပွဲများ လေယာဉ်ပျက်ကျမှုများဟု ယူဆနိုင်ပါသလား။

အချို့ကို အဖြေအဖြစ် ကောက်ချက်ချမှတ်နိုင်ပေမည်။ ယေဟောဝါဘုရားသခင်ပြုတော်မူသော အမှုတော်ကို မသိနားမလည်နိုင်ဘဲ ရှိနေသေးသလား။ သခင်ယေရှုက တပည့်တော်များအား ယုဒပြည်သို့ သွားခါနီးတွင် အောက်ပါအတိုင်းမိန့်မှာခဲ့သည်။

တပည့်တော်တို့အား တဖန်ယုဒပြည်သို့သွားကြကုန်အံ့ဟု မိန့်တော်မူလျှင် တပည့်တော်တို့က အရှင်ဘုရား ယုဒလူတို့က ယခုပင်ကိုယ်တော်ကိုခဲနှင့် ပစ်ကြခြင်းငှါရှာကြံလျက်ပင် ထိုအရပ်သို့ တဖန်ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။ ယေရှုကလည်း တနေ့တွင်တဆယ့်နှစ်နာရီရှိသည် မဟုတ်လော။ လူသည် နေ့အချိန်၌သွားလာလျှင် နေရောင်ကိုမြင်ရသောကြောင့် ထိမိ၍မလဲတတ်။ ညဉ့်အချိန်၌သွားလာလျှင်မူကား အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူသည် (ယော ၁၀:၁၁)

အမှုတော်မပြီးမချင်း ယုဒလူများက လူကိုသဘောပေါက် နားလည်ကြမည်မဟုတ်ကြောင်း ယေရှုသခင်သိမြင်သည်။ ယုံကြည်သူတိုင်းသည်လည်း ထိုနည်းအတိုင်းဖြစ်ကြသည်။ ယုံကြည်ခြင်းဖြင့်သာ လျှင် ဘုရားသခင်၏ဘုန်းတန်ခိုးကို သိမြင်နိုင်သည်။

ယုံကြည်စိတ်ရှိလျှင် ဘုရားသခင်က ဤဆာလံကျမ်းများကို သင့်ဘ၀အတွက် သီးခြားသင်ခန်းစာ အဖြစ် ပြသမည်။ ကြားသိတွေ့ကြုံခဲ့သည့်အတိုင်း ကတိတော်၌ တည်မှီနိုင်သည်။ လူပုဂ္ဂိုလ်၏ယုံကြည်ချက်၊ ခံယူချက်အတိုင်းသာသွားလာသည်။

နောက်ဆုံးစကားမှာ ယေဟောဝါဘုရားကိုယုံကြည်စိတ်ချပါ။ ယုံကြည်စိတ်ချသည့်အတိုင်း ကံတူ အကျိုးပေးမည်။ ဘ၀အိုးအိမ်စည်းစိမ်လုံခြုံမည်။ ချို့ယွင်းချက်မရှိ ခိုင်မာသည်။ ဘုရားသခင်၌တည်လျှင် ဘေးရန်ကင်းဝေးသည်။ လုံခြုံစိတ်ချသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။