ဆာလံကျမ်း - ၂၂

အော်ဟစ်ခြင်းနှင့်ထောမနာသီချင်း
1အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။ 2အကျွန်ုပ်ဘုရား၊ နေ့အခါ အကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညအခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။ 3ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။ 4အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ်တင်တော်မူ၏။ 5သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကိုကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။
6အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖြစ်ပါ၏။ လူများကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဖို့ ဖြစ်ပါ၏။ 7အကျွန်ုပ်ကို မြင်သမျှသောသူတို့သည် ပြက်ရယ်ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။ 8သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကိုနုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။ 9သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲကဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်းအကြောင်းကို ပယ်ရှင်းတော်မူ၏။ 10အကျွန်ုပ်သည် ဖွားကတည်းကပင် လက်တော်သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင် ဖြစ်တော်မူပါပြီ။ 11အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ ဘေးအန္တရာယ်ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။ 12နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြပါ၏။ 13ကိုက်ဖြတ်၍ ဟောက်တတ်သောခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပါးစပ်ဟကြပါ၏။ 14အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကိုခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက်ရှိပါ၏။ 15အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ။ 16ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ။ 17ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက်နေကြပါ၏။ 18အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။ 19အိုထာဝရဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။ 20အကျွန်ုပ်အသက်ကို ဓားဘေးမှလည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှလည်းကောင်း ကယ်လွှတ်တော်မူပါ။ 21ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော်မူပါ။ 22အကျွန်ုပ်သည် သတင်းတော်ကို ညီအစ်ကိုတို့အားကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်။
23ထာဝရဘုရားကို ကြောက်ရွံ့သောအချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဖော်ပြကြပါလော့။ ဣသရေလအမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။ 24အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည် မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင်တော်မူပြီ။ 25အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့ရှေ့မှာ၊ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။ 26နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြလိမ့်မည်။ ထာဝရဘုရားကို ရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအားဖြည့်ရလိမ့်မည်။ 27မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ်အပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။ 28အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။ 29မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကို မစောင့်နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွှတ်ပျပ်ဝပ်တွား ကြလိမ့်မည်။ 30သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏သတင်းတော်ကို ကြားရကြလိမ့်မည်။ 31ဤသို့စီရင်တော်မူပြီဟု သူတို့သည် ပေါ်လာ၍၊ တရားသောအမှုတော်ကို ဖွားသောလူမျိုးအား ဖော်ပြရကြလိမ့်မည်။

ဆာလံကျမ်း - ၂၂ (အနက်ဖွင့်)

ဆာ ၂၂၊ ဆင်းရဲဒုက္ခနှင့် ဘုန်းတန်ခိုးကြားမှခရစ်တော်

စွန့်ခွာသွားလေပြီဘုရားရှင်က ခွဲခွာသွားလေပြီ။အာဒံ၏အပြစ်က ဖြောင့်မတ်သောသားတော်နှင့်ခမည်းတော်ဘုရားကြား နေရာလုယူပြီ။မှန်ပေ၏ ဧမာနွေလဘုရား၊အမိမဲ့သား ရေနည်းငါး ဖြစ်ရရှာ။ကိုယ်တော်၏ အော်သံကြောင့် စကြာဝဠာခွင်တပြင်လုံးတုန်လှုပ်။မိုးကြိုးသံသမျှ ပဲ့တင်ထပ်မြည်“ကိုယ်တော်ဘုရာ။ အဘယ့်ကြောင့် စွန့်ပစ်တော်မူသနည်း”နှုတ်ခမ်းတော်မှ အတော်ထွက်ပေါ်လာပျောက်ဆုံးရတော့မည်လား။မယုံကြည်သူများက နားမလည်မသိကြရှာ။

Elizabeth B. Browning

၂၂း၁-၂ ဤဆာလံကျမ်းသည် တည်ငြိမ်လေးနက်၍ ကြည်ညိုဘွယ်ရာအတိဖြစ်သည်။ အဘယ်သို့ဆိုသော် ကမ္ဘာမြေပေါ်တွင် ထို့ထက်မြင့်မြတ်စင်ကြယ်သော နေရာဟူ၍မရှိစဘူး။ သိုးများအဘို့သိုးထိန်းကြီး အသက်စွန့်ရာ ဂေါလဂေါသမြေပေါ်သို့ခြေချလေပြီ။ ကမ္ဘာမြေကြီးသည် (၃)နာရီလုံးလုံးဗူးထဲထည့်လိုက်သကဲ့သို့ မှောင်ပိတ်ခဲ့သည်။ ဧမာနွေလဘုရားသည် ယခုအော်မြည်နေရသည်။ စကြာဝဠာတခုလုံးသို့ အသံတော်ပဲ့ပြင်ထပ်လေပြီ။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း”၊ထိုစဉ်ကာလတွင် ကယ်တင်ရှင်သခင်ထံတော်မှထာဝရဘုရားသခင်သည် အမှန်တကယ်စွန့်ခွာခဲ့သည်။ ခမည်းတော်ဘုရား၏ စိတ်နှလုံးတော် အစဉ်အမြဲရွှင်လန်းစေသော ထာဝရသားတော်သည် စွန့်ပစ်ခြင်းခံနေရပြီ။ အလိုတော်ကို အမြဲဖြည့်ဆည်းပေးသောပြီးပြည့်စုံသည့် လူသားတော်သည် ဘုရားရှင်၏စွန့်ပစ်ခြင်းခံရသောကြောင့် ကြောက်မက်ဘွယ်ရာ ဘေးရန်ရင်ဆိုင်နေရသည်။အဘယ်ကြောင့် နည်း။ စင်ကြယ်မြင့် မြတ်၍အပြစ်မဲ့သော ဘုရားသားတော်သည် (၃)နာရီလုံးလုံးအဘယ်ကြောင့် ကြောက်မက်ဘွယ်ရာ ရင်ဆိုင်နေရသနည်း။ သမ္မာကျမ်းစာတွင် အဖြေရှိပါသည်။ ပထမဆုံးအချက်မှာ ထာဝရဘုရားသခင်သည် မြင့်မြတ်စင်ကြယ်သည်၊ ဖြောင့်မတ်သည်၊ ကရားမျှတသည်။ သို့ကြောင့် မည်သည့်နေရာတွင်မဆို တွေ့ ရှိသောအပြစ်ဒုစရိုက်ကို အရေးယူလည်။ ဘုရားရှင်သည် အပြစ်စရိုက်ကို နည်းများမဆိုခွင့်မလွှတ်။ ဒုကီယအချက်အနေဖြင့် သခင်ကိုယ်တိုင်၌ အပြစ်မရှိသော်လည်း လူတို့၏အပြစ်များကို သယ်ပိုးထားသည်။ လူတို့၏အပြစ်အတွက် အဖိုးအခကို စေတနာသက်သက်ဖြင့်အပ်ပေးသည်။ လူတို့၏ အပြစ်အကြွေးများကို လိုလိုလားလားဆပ်ပေးသည်။ ဘုရားရှင်က မည်သို့အရေးယူဆောင်ရွက်သနည်။ လူတို့၏ အပြစ်များက ဖုံးလွှမ်းသောကြောင့် အရေးယူခြင်းခံရသည်။ လွှတ်လိုက်သောဆိတ်ကဲ့သို့ အပြစ်သားများ လွှတ်ဖို့ရန် သားတော်ကအသေမိသည်။ ဘုရားရှင်၏ အချစ်ဆုံးသားတော်သည်လူသားများ၏ အပြစ်အမှိုက်များကို သယ်ဆောင်လေပြီ။ တပါးတည်းသော သားတော်ပေါ်သို့ လူတို့၏အပြစ်များကိုမြန်သောအခါ မည်သို့လုပ်ဆောင်တော်မူသနည်း။အခုလုပ်သည်မှ သေချာသည်။ ဘုရားရှင်သည်မမက်တော်မူသည့်အတိုင်း သားတော်ပေါ်သို့အမျက်ဒေါသကျရောက်သည်။ အပြစ်မဲ့သော လူသားတော်ပေါ်သို့ပုံကျနေပြီ။ လူတို့၏ အပြစ်ကြောင့် ခရစ်တော်သည် စွန့်ပစ်ခြင်းခံရသည်။ထို့ကြောင့် လူသားများသည် နောက်တခါ စွန့်ပစ်ခြင်းခံရတော့မည်မဟုတ်။လူသားများအတွက် ခံစားရသော ခရစ်တော်၏ဆင်းရဲဒုက္ခသည် ရင်မှာ မချိအောင် နာကျင်သည်။ကိုယ်တော်ပြောသော စကားတော်တိုင်းသည် လူသားကို ယ် ဖြစ်သည်။ လူသားများကိုယ်စားစွန့်ပစ်ခြင်းမ် ရပြီ။ ကိုယ်တော်သည် “အကျွန်ုပ်ကိုမကယ်တင် ဘဲ အကျွန်ုပ်အော်ဟစ်သောအသံကိုနားမထောင် အဘယ် ကြောင့် အဝေးမှာ နေတော်မူသနည်။” ဟုဆိုသည်။ ထိုစကားတော်သည် စာရှုသူနှင့် စာရေးသူတို့အတွက်ဖြစ်သည်။ ကိုယ်တော်၏အသံကို ကောင်းကင်ဘုံက အဖြေမပေး။ နေ့နေ့ညည တိတ်ဆိတ်နေသည်။

၂၂း၃ ဘုရားရှင်၏ စွန့်ပစ်ခြင်းခံရသော်လည်း ကိုယ်တော်ကို ချီးမွမ်းသည်။ “ကိုယ်တော်မူဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ကိန်းဝပ်လျှက် သန့်ရှင်းခြင်း ရှိတော်မူ၏” အပြစ်၏အဖိုးအခပေးရသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မြင့်မြတ်စင်ကြယ်သည်။ သားတော်ကိုယဇ်ကောင်အဖြစ် တင်လှူပူဇော်ရန်ပေးတော်မူပြီ။တရားမျှတတော်မူသည့်အတိုင်း မျက်နှာသာလိုက်ခြင်းမရှိ။

၂၂း၄-၅ နားထောင်ကြည့်ပါဦး။ ကယ်တင်သောအရှင်က ခမည်းတော်ဘုရားထံသို့ ထပ်မံလျှောက်လဲပြန်သည်။ ဘိုးဘေးများသည် ဘယ်သောအခါမှမစွန့်လွှတ်ကြ။ ယုံကြည်ချက်ဖြင့် ဆုတောင်းသံများသည် အဖြေမရဘဲမနေကြ။ အော်မည်ဆုတောင်းတိုင်းတကြိမ်တခါမှ စိတ်ညစ်စရာမကြုံရကြ။ အပြစ်များရှိကြပါသော်လည်း ဘုရားသခင်ကစွန့်လွှတ်ရိုးမရှိ။ထိုစကားသည်အပြစ်မဲ့သော ဘုရားရှင်၏သိုးသငယ်ကအထူးတောင်းဆိုသောစကားဖြစ်သည်။

၂၂း၆-၇ ဘုရားသခင်က စွန့်ပစ်တော်မူသည့်အပြင် သူ့လူများကလည်း ငြင်းပယ်စွန့်ခွာသွားကြသည်။ ခရစ်တော်၏ လက်တော်ဖြင့် ဖန်ဆင်းထားသော လူများကပင်လျှင် လူကဲ့သို့ သဘောမထားကြ။ပြီ ၊ ကဝင် ပမာသဘောလဆက် ဆံကြသည်။ကိုယ်တော်ကယ်တင်ဖို့ ရည်ရွယ်လားသော လူများကခါးသီးစွာ ဆက်ဆံ၍ ငြင်းပယ်ကြသည်။ ခရစ်တော်ကိုကားတိုင်ပေါ်သို့ တင်သည့်အခါ လာရောက်ကြည့်ရှုသူများက သရော်လှောင်ပြောင်ကြသည်။ ဟားတိုက်ရယ်မောကြသည်။ ထာဝရဘုရား၏ သားတော်ကိုစော်ကားကြသည်။ ကိုယ်တော်၏ ဘုရားသခင်ယုံကြည်ခြင်းကို သီချင်းလုပ်ဆို၍ သရော်ကြသည်။


၂၂း၉-၁၁ ယခုတွင်မူ လူသားတော်သည်လူသားဘဝမှ ဘုရားထံသို့ရောက်လေပြီ။ ဗက်သလင်ကို ပြန်သွားကြစို့။ ဘုရားရှင်အပျိုကညာ၏ဝမ်းထဲမှဖြစ်သွားစေပြီ။ ကာလလရေကြည်မှစ၍ သူငယ်တော်ဘဝကို ဘုရားရှင်က ကွယ်ကာစောင့်ရှောက်သည်။သူငယ်တော်ဘဝ၊ လူငယ်လူရွယ်ဘဝတလျှောက်လုံးကြည့်ရှုသည်။ ထိုသို့ ချစ်ခင်စောင့်ရှောက်ခဲ့လာသမျှယခုအချိန်တွင် ခရစ်တော်သည် စုံစမ်းခြင်းကာလရောက်နေပြီ။ စိုးရိမ်ပူပန်စရာ ကြုံတွေ့နေရပြီ။

၂၂း၁၂-၁၃ ကရာနီကုန်းပေါ်တွင် မုန်းတီးစိတ်ဖြင့် စုစည်းသော ပရိသတ်ကြီးမှာ ဣသရေလလူမျိုးဖြစ်သည်။ ခွန်းကြီးမားသော ဗာရှန်နွားလားဥဿဘ နှယ် ဝန်းရံနေကြပြီ။ ဗာရှန်နွားဆိုသည်မှာမြက်ခင်းလွင်ပြင်ပေါများသော မော်ဒန်မြစ်အရှေ့ဘက်ကမ်းရှိ တိရစ္ဆာန်ကြီးများကို ဆိုလိုသည်။ အာမုတ်ကလည်း ဣသရေလလူများကို ဗာရှန်နွားများ (အာ၄း၁၂ဟု ဆိုခဲ့သည်။ သခင်ယေရှုက ဗာရှန်နွားများဟုဆိုရာတွင် သူ့ကိုသတ်ဖို့စိုင်းပြင်းနေကြသော မိမိရပ်သူရွာသားများကို ရည်ညွှန်းသည်။ နွားသိုးများကဲ့သို့မာန်ဖီ၍ ဝှေ့ဖို့ရန်ဆောင်ကြသည်သာမက ခြင်္သေ့များကဲ့သို့လည်း ကိုက်သတ်ဖို့သွားရေတမြမြရှိနေကြသည်။ဣသရေလတို့၏ မေရှိယသခင်ရောက်ခြေပြီ။ သို့သော်ဆည်းကပ်ကိုးကွယ်မည့်အစာ ခြင်္သေ့များနှယ်အမဲဖြတ်ဖို့ဟန်ရေးပြင်ကြသည်။

၂၂း၁၄-၁၅ ခရစ်တော်၏ ခန္ဓာကိုယ်တွင်ခံစားရသော ဝေဒနာများသည် ပြောမပြနိုင်အောင်ဖို့ ဟန်ရေးပြင်ကြသည်။နာကျင်လှသည်။ မကောင်းသော ရေများသွန်ပစ်သည့် နှယ် လူ့ဘဝတွင်အရာမဝင်သကဲ့သို့ဖြစ်သည်။ကားတိုင်ပေါ်မှာ ချိတ်ဆွဲစဉ် အရိုးအဆစ်များပြုတ်ထွက်မတတ်နာကျင်ခဲ့သည်။ ခန္ဓာကိုယ်တခုလုံး ပုံမှန်အနေထားတွင်မရှိ၊ နှလုံးသည် ရင်ထဲတွင်ဖယောင်းပမာ အရည်ပျော်ကုန်သည်။ ရှိသမျှအားအင်ခမ်းခြောက်၍ အိုးပုတ်အိုးပဲ့သို့နှယ်ဖြစ်၏။ လျှာသည်လည်း မလှုပ်ရှားနိုင်။ ပါးစောင်မှာကော်ကပ်ထားသည်သို့နွမ်းရိခြောက်ကပ်နေ၏။ ဘုရားသခင်က သေခြင်းဖုံမှုန့်ထဲတွင် ပစ်ထားလေရော့သလား။

၂၂း၁၆-၁၇ နွားသားဥဿဘ၊ ခြင်္သေ့နှင့်တူသော ယုဒလူများက အမဲဖျက်ဖို့ဝိုင်းအုံကြသကဲ့သို့ခွေးနှင့်တူသော တပါးအမျိုးသားများကလည်းဝိုင်းဟောင်ကြပြန်သည်။ ခွေးဆိုသည်မှာ ယုဒလူများတပါးအမျိုးသားများကို နာမည်ပြောင်ခေါ်နေကြေစကား (မ ၁၅:၂၁-၂၈)ဖြစ်သည်။ ဤနေရာတွင်မူကိုယ်တော်ကို ဝိုင်းရံနေကြသည့် ရောမစစ်သားများကိုရည်ညွှန်းသည်။ အရိုးပေါ်အရေတင် ကျန်ရှိသဖြင့်အရိုးများကို တချောင်းခြင်း ရေတွက်နိုင်သည်။လက် များနှင့် ခြေထောက်များရှိ ဒဏ်ရာများကိုကြည့်ခြင်းဖြင့် လူဆိုးတို့၏ ရက်စက်မှုကိုသိသာနိုင်သည်။ ထိုသို့အရိုးပြိုင်းပြိုင်းရှိသည်ကို လူဆိုးသူယုတ်များက ကျေနပ်ပျော်ရွှင်ကြသည်။

၂၂း၁၈ သခင်ယေရှု၏ဝတ်လုံတော်ကိုစစ်သားများက မဲနှိုက်ကြမည့်ပရောဖက်ပြုချက်ဖြစ်၍ အံ့သြဘွယ်ရာကောင်းလှသည်။ ထိုပရောဖက်ပြုချက်အတိုင်း နှစ်ပေါင်းရာချီကြာလာသောအခါ အမှန်တကယ်ဖြစ်ပျက်လာသည်။“စစ်သူရဲတို့သည် ယေရှုကို ကားတိုင်၌ရိုက်ထားပြီးမှ အဝတ် တော်ကို လေးပိုင်းပိုင်း၍တယောက်တပိုင်းစီ ယူကြ၏။ အတွင်းအင်္ကျီမူကား မချုပ်ဘဲအထက်စွန်းမှ အောက်စွန်းတိုင်ရက်ထားသော အင်္ကျီဖြစ်သောကြောင့်မဆုတ်ကြနှင့်၊ စာရေးတံချကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျတ်စားလာသည်က သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍စာရေးတံချကြပါ၏ဟူသော စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏” (ယော၁၉း၂၃-၂၄)။

၂၂း၁၉-၂၁ နောက်ဆုံးပိုင်းတွင် ကယ်တင်ရှင်သခင်က ဘုရားသခင်ထံသို့ ဆုတောင်းသည်။သူနှင့်အတူနေ၍ ဖေးမကူညီရန် လျှောက်လဲသည်။ဓါးဘေးရန်နှင့် ခွေးဘေးရန်မှ ကယ်နှုတ်ရန်တောင်းဆိုသည်။ထိုဘေးရန်နှစ်ခုစလုံးသည် တပါးအမျိုးသားလက်ချက်ကို ဆိုလိုသည်။ ဓါးသည် အာဏာစက်ကိုအထိမ်းအမှတ် (ရော ၁၃း၄၂)ဖြစ်သည်။ ရောမအစိုးရ၏ အာဏာစက်ကို ရည်ညွှန်းသည်။ ခွေးဆိုသည်မှာတပါးအမျိုးသား စစ်သားများကို ဆိုလို ကြောင်းအထက်တနေရာတွင် ရှင်းပြပြီးဖြစ်သည်။ အပိုဒ်ငယ်၂၁တွင် ခြင်္သေ့ပါးစပါမှ ကယ်နှုတ်၍ ကြံ ဦးချိုထဲမှခေါ်သံနားထောင်ခိုင်းသည်။ အငယ် ၁၂၊၁၃သည်ယုဒလူများက ပိလက်မင်းထံသို့ ပြောစကားဖြစ်သည်။“အကျွန်ုပ်တို့၌ရှိသော ဓမ္မသစ်အတိုင်း သေထိုက်သည်”(ယော ၁၉း၇)ဟု လျှောက်တင်ကြသည်။“နားထောင်တော်မူပြီ”ဟူသော စကားသည်အငယ် ၂၁နှင့် ၂၂အကြားအောင်နိုင်ခြင်းစကားဖြစ်သည်။ အထက်ပိုဒ်နှင့် အောက်ပိုဒ် ဆက်စပ်သောစကားစုဖြစ်သည်။ ဆာလံတေးသည် ဆုတောင်းခြင်းမှ တေးသီချင်းသို့ ပြောင်းလာသည်။ သခင်ယေရှုခံစားရသော ဆင်းရဲဒုက္ခများ လွန်မြောက်ကုန်ပြီ။ ရွေးနှုတ်ခြင်းအမှုပြီးပြီ။ လက်ဝါးကပ်တိုင်မှ သရဖူအဖြစ်သို့ပြောင်းလဲနေပြီ။ကျမ်းနှစ်ပိုဒ်ကြားထဲတွင် ခရစ်တော်ဘုရားပထမအကြိမ်ကြွလာခြင်းမှ ဒုတိယအကြိမ်ကြွလာခြင်းကရာနီမှသံလွင်တောင်သို့ ရောက်ချေပြီ။ ဆာလံဆရာကမူ ထိုအချက်များကို ချန်လှပ်ထားသည်။ ချန်လှပ်ထားသော်လည်း ကိုယ်တော်၏အသေခံခြင်း၊ သင်္ဂြိုလ်ခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ပြန်လည်ကြွမြန်းခြင်း အပါအဝင် အသင်းတော် ကာလရှိနေကြောင်းများ ဆိုထားသည်။

၂၂း၂၂ ခရစ်တော်သည် ကမ္ဘာလောကသို့ရှင်ဘုရင်အဖြစ် အုပ်စိုးရန် တဖန်ကြွလာတော်မူမည်။ခရစ်တော်အုပ်စိုးမည့် အနှစ်တထောင်တိုင်းပြည်တွင်ရွေးနှုတ်ထားသည့် ဣသရေလလူနည်းစုတို့ ဝင်ရောက်ကြမည်။ ဣသရေလတို့၏ မေရှိယသခင်က ယုဒလူများအား ယုံကြည်ခြင်းသစ္စာဆန်းစစ်ရန် အဆင်သင့်ရှိနေပြီ။ ခရစ်တော်သည် ထိုပရိသတ်တို့ ၏အလယ်မှာ ဘုရားရှင်အား ချီးမွမ်းထောမနာပြုမည်။

၂၂း၂၃-၂၄ ဤအပိုဒ်ငယ်(၂)ခုတွင် အနှစ်တထောင်တိုင်းပြည်၌ ခရစ်တော်က ရွေးနှုတ်ထားသော ဣသရေလလူမျိုးသို့ ပြောကြားမည့်စကားတွေ့ရသည်။ စကားကြီး(၃)ခွန်းဖြင့် ဝိသေသပြု ခေါ်ဆိုသည်။“ဘုရားသခင်ကို ချစ်ကြောက်သူတို့” “ယာကုပ်အမျိုးပေါင်းတို့” “ဣသရေလအမျိုးအပေါင်းတို့”ဟုဆိုသည်။ ပြီးနောက် “ဘု ရားရှင်အားချီးမွမ်းကြလော့” “ဂုဏ်ကျေးဇူးတော်ကို ထုတ်ဖေါ် ကြလော့”“ချစ်ကြောက်ကြလော့” ဟု မိန့်မှာသည်။ အဘယ်သို့ဆိုလိုသနည်း။ ကရာနီကုန်းပေါ်မှာ မှောင်မိုက်ကျစဉ်ဆုတောင်းသံများကို ဘုရားသခင်က အဖြေပေးသည်။တပါးတည်းသောသားတော်ခံစားသည့် ဝေဒနာများကိုခမည်းတော်ဘုရားက ဥပေက္ခာ ပြု၊ မကြားချင်ယောင်ဆောင်မနေ၊ ပစ်ပယ်မလား။“ဘု ရားသခင် သည်ကိုယ်တော်ကို အလွန်ချီးမြှောက်၍ နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့ကို ပေးသနားတော်မူ၏။ ကောင်းကင်အောက်မြေကြီးအောက်ရှိ သတ္တဝါများသည် ဒူးထောက်၍ ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူ၏ဟုဝန်ခံသဖြင့် ခမည်းတော်ဘုရား သည် ဘုန်းအသရေတော်သို့ ထင်ရှားစေကြပြီ” (ဖိ၂း၉-၁၁)။

၂၂း၂၅ မေရှိယသခင်က ထာဝရဘုရားသခင်အား “မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍…”ပါမည်ဟု ဝန်ခံသည်။ ပရိသတ်ဗိုလ်ပုံအလယ်မှာ ချီးမွမ်းပါမည်ဟု ဖြောင့်ဆိုထားသည်။ကိုယ်တော်ကို ချစ်ကြောက်သူ၊ သစ္စာရှိသူများရှေ့မှောက်မှာ ကျိန်ဆိုပါမည်။

၂၂း၂၆ နောက်ဆုံးအပိုဒ်ငယ်(၆)ခုတွင်မှာစကားပြောသူပြောင်းလဲသွားသည်။ သန့်ရှင်းဝိညာဉ်တော်ဖြစ်ပါသည်။ သန့်ရှင်းဝိညာဉ်တော်က အနှစ်တထောင်တိုင်းပြည်တွင် ငြိမ်သက်ချမ်းမြေ့ခြင်းနှင့်စည်းစိမ်ဥစ္စာကြွယ်ဝခြင်းသုခရှိမည့်အကြောင်း ပြောပြသည်။ ဆင်းရဲမွဲတေမှုပျောက်လွင့်၍ မရှိဆင်းရဲသားများ ဝလင်ပြည့်အင်စွာ စားသုံးကြမည်။ကမ္ဘာမြေတပြင်လုံး ချီးမွမ်းစရာဖြစ်လာမည်။ကိုယ်တော်ကို ရှာဖွေသူတိုင်း ဘုရားရှင် အားချီးမွမ်းကြမည်။ ဝိညာဉ်အသိစိတ်ဓါတ်ဖြင့် ဝတ်ပြုကိုးကွယ်သူများအား ထာဝရကာလပတ်လုံး စိတ်နှလုံးရွှင်လန်းကြမည်။

၂၂း၂၇ ကမ္ဘာတခွင်လုံးနိုးထလာမည်။ ကမ္ဘာအစွန်အဖျားရှိ လူများပါတယောက်မကျန်အောင်ကရာနီကုန်းပေါ်တွင် ခရစ်တော်ပြုခဲ့သော အမှုကိုသတိ ရကြမည်။ တိုင်းနိုင်ငံသား မိသားသူတိုင်းစုရုံးလျှက် အကြီးအကျယ် ဝတ်ပြုကိုးကွယ်ကြမည်။

၂၂း၂၈-၂၉ သခင်ဘုရားကိုယ်တိုင်က ကမ္ဘာစွန်းတိုင်အောင် အောင်မြင်ချဲ့ထွင်မည်။ ရာဇပလ္လင်ပေါ်မှာ စိုးစံ၍ တိုင်းနိုင်ငံများကို အုပ်စိုးမည်။ ကမ္ဘာ့ခေါင်းဆောင်ကြီး၊ သူဌေးကြီးများ သည် လည်းဒူးထောက်၍ ပျပ်ဝတ်ကိုးကွယ်ကြမည်။ လူ့လောကတွင် ထာဝရအသက်မရှင်ဘဲ ဖုံမှုန့်ဖြစ်သွားမည့်သူအားလုံးက ဒူးထောက်ကိုးကွယ်ကြမည်။

၂၂း၃၀-၃၁ ခရစ်တော်၏ ဂုဏ်သတင်းသညတည်တံ့နေမည်။ လူမျိုးနွယ်ဆက် အစဉ်အဆက်ကချီးမွမ်းထောမနာပြုကြမည်။ ဧဝံဂေလိသတင်းကောင်းသည် ခေတ်အဆက်ဆက်သို့ လက်ဆင့်ကမ်းသွားမည်။ခရစ်တော်၏ မဟာအမှုတော်အား ဝန်ခံကြမည်။ဆာ၂၂ သည် ကားတိုင်ပေါ်မှ စတုတ္တစကားတော် “ကယ်မဖို့ ဆုတောင်းသံ”ဖြင့် အစပြု၍ အမှုတော်ပြီးဆုံးခြင်း၌အဆုံးသတ်သည်။ ထိုစကားတော်သည် ကားတိုင်ပေါ်မှသတ္တမစကားတော် “အမှုပြီးပြီ” (ယော ၁၉း၃၀)နှင့်အဓိပ္ပါယ်အတူတူဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာတစုပြီးတစု ကုန်လွန်သော်လည်း သတင်းကောင်းသည်ခါးလယ်ပြတ်မသွား။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သွားသည်။ ခရစ်တော်၏ အမှုတော်သည်အံ့ဘွယ်ကြီးမားပေစွ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။