ဆာလံကျမ်း - ၁၅

သန့်ရှင်းသောတဲတော်၌နေထိုင်သူများ
1အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊ 2ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊ 3သူတစ်ပါး၏အသရေကို ပျက်စေခြင်းငှာပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကဲ့ရဲ့ခြင်းကိုရှောင်ထသော၊ 4ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ်လျက်၊ ထာဝရဘုရားအားကြောက်ရွံ့သောသူကို ရိုသေထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသော သစ္စာကတိကိုမဖျက်၊ 5ကိုယ်ငွေကိုချေး၍ အတိုးမယူ၊ အပြစ်မရှိသောသူ၏တစ်ဖက်မှ တံစိုးကိုမခံဘဲကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်သတည်း။

ဆာလံကျမ်း - ၁၅ (အနက်ဖွင့်)

ဆာ ၁၅၊ ဘုရားရှင်တော် ရွေးချယ်ရာလူ

၁၅း၁ – ဆာ ၁၅တွင် ဘုရားသခင်က လူတိုင်းအား အဖေါ်မိတ်သဟာအဖြစ် ရွေးချယ်ထားကြောင်းတွေ့ရသည်။ ထိုသို့ရွေးချယ်ကြောင်း ပွင့်လင်းစွာ မရေးသားသော်လည်း ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ဝင်ရောက်ဖို့ရန် အသစ်တဖန်မွေးဖွားရမည့်အကြောင်းအခြေခံအရည် အချင်းအဖြစ် ပြဒါန်းထားသည်။အသစ်တဖန်မွေးဖွားခြင်းမရှိသူသည် နိုင်ငံတော်ထဲသို့ဝင်ရောက်ခွင့်အလျဉ်းမရှိ။ ထိုအသစ်တဖန် မွေးဖွားခြင်းသည် ယုံကြည်ခြင်းရှိသူများ ကျေးဇူးတော်ဖြင့်ရရှိခြင်းဖြစ်သည်။ လူ့အစွမ်းအစဖြင့် ရရှိခြင်းမဟုတ်။ဆာလံဆရာက ကယ်တင်ခြင်းသည် လူ့ဖြောင့်မတ်ခြင်း၊ ကိုယ်ကျင့်တရား။ အကျင့် သီလနှင့် ဆက်စပ်ပတ်သက်သည်ဟု ဆိုသည်။ သို့သော် သမ္မာကျမ်းစာတွင် ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်း ရရှိကြောင်း။ထိုယုံကြည်ခြင်းကို စင်ကြယ်သောဘ၀ဖြစ်စေကြောင်းထုတ်ဖေါ်ထားပါသည်။ ရှင်ယာကုပ်ဩဝါဒစာကဲ့သို့ပင်မိမိယုံကြည်မှုကို အကျင့်သီလကောင်းခြင်းဖြင့် သက်သေထူရသည်ဟု ဆာလံဆရာဒါဝိဒ်ကလည်း ဆိုထားသည်။ဆာလံ ဆရာက ဇိအုန်တောင် သားများ၏ဂုဏ်အင်ကျက်သရေများကို အပြည့်အစုံ မရေးထားပါ။သို့သော်လည်း ထင်သာမြင်သာရှိပါသည်။

၁၅း၂ ပထမဆုံးအချက်မှာ ဇိအုန်တောင်သားများသည် သစ္စာရှိကြသည်။ သစ္စာရှိသူများသည်စိတ်ဓါတ်ခိုင်မာမြင့်မြတ်ကြသည်။ အစစ အရာရာပြီးပြည့်စုံသည်။ ချင့်ချင့်ချိန်ချိန်ရှိသည်။ ပြီးပြည့်စုံသည်။ဒုတိယအချက်တခုမှာ ဇိအုန်တောင်သားများသည် အမှန်ကိုသာလုပ်တတ်သည်။ ဘေးရန်များကိုကြိုမြင်၍ ရှောင်ရှားကြသည်။ လူ့လောကမှာ ဆိုးသွမ်းနေခြင်းထက် ကောင်းကင်ဘုံတွင် စိမ်ပြေနားပြေနေချင်သည်။ထိုသူသည် စိတ်ကောင်းနှလုံးကောင်းရှိသောကြောင့် သမ္မာစကားပြောဆိုလေ့ရှိသည်။ ပြောသည့်စကားအတိုင်းတည်သည်။ အမှန်ကို အမှန်တိုင်းဝန်ခံ၍ မမှန်လျှင်မမှန်ကြောင်း ပြောဆိုတတ်သည်။

၁၅း၃ သူတပါးအသရေဖျက်စေခြင်းငှါ မပြု။ကုန်းချောခြင်း၊ စကားချဲ့ကားခြင်း၊ မမြင်ကွယ် ရာတွင်အတင်းအဖျင်းပြောဆိုခြင်းမပြု။ အခြားသူများနှင့်ရောစပ်၍ သွားပုပ်လေလွင့်မပြော။ သူ့နှုတ်ဖျားမှသူတပါးဂုဏ်သိက္ခာ ထိပါးသည့်စကား၊ ညစ်ညမ်းသည့်စကားလုံးမပြော။ သူ့လျှာကို သူနိုင်သည်။ စဉ်းစားချင့်ချိန်ပြီးမှ ပြောဆိုတတ်သည်။အိမ်နီးနားချင်းများသို့ ဆိုးသောအမှု မပြု။ယိုင်းပင်းကူညီလိုစိတ်၊ အားပေးလိုစိတ်၊ ဖေးမလိုစိတ်ရှိသည်။ သူငယ်ချင်းမိတ်ဆွေများ အပုပ်နံ့ သိုးသိုးသန့်သန့်ကြားလျှင် အမြန်ဆုံးဖြေရှင်းပေးသည်။နောက်ထပ်မဖြစ်သွားစေရန် ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ပေးသည်။

၁၅း၄ သူ့အတွေးအမြင်တွင် ယုတ်ပဲ့ညစ်ညမ်းခြင်းအလျဉ်းမရှိ။ အပြစ်နှင့် ဖြောင့်မတ်ခြင်း၊ အမှောင်နှင့်အလင်း၊ အဆိုးနှင့်အကောင်းတို့ကို ဝေခွဲပိုင်းခြားနိုင်သည်။ ဆိုးယုတ်သောသူကို အယုတ်ဟု ခွဲမှတ်သည့်အတိုင်း ဘုရားတရားနှင့် မညီသောအကျင့်များကို ထောက်ပြပဲ့ပြင်ပေးသည်။ အခြားတဘက်တွင်သူ၏ယုံကြည်ခြင်းကို ထင်ရှားစွာပြသသည်။ကတိသစ္စာမပျက်။ ငွေကြေးပမာဏထက်ဂုဏ်သိက္ခာကို တန်ဘိုးထားသည်။ ဥပမာအားဖြင့် သူ့အိမ်ကိုဒေါ်လာ ၈၅ဝဝဝဖြင့် ရောင်းချဖို့ သဘောတူသည်ဆိုပါစို့။ အရောင်းအဝယ်မဖြစ်မြောက်ခင် အခြားလူတဦးက ဒေါ်လာ ၉၀၀၀၀ဖြင့် လာဝယ်လျှင်လည်းမရောင်း။ ကတိပြုပြီးခဲ့သည့် အတိုင်း ယခင်လူသို့၈၅ဝဝဝဖြင့် ရောင်းသည်။ သူ့ဂုဏ်သိက္ခာ ကို ဒေါ်လာ၅၀၀၀ဖြင့် တန်ဘိုးမဖြတ်။

၁၅း၅ ဘုရားသခင်၏ မိတ်ဆွေများသည်ငွေတိုးချေးစားခြင်း မပြုကြ။ ဘုရားသခင်၏ အခြားအိမ်ထောင်မိသားစုများအပေါ်သို့ ဝန်ထုပ်ဝန်ပိုးမပြု။မောရှေ့စီရင်ထုံးအရ ဣသရေလသူများသည် တပါးအမျိုးသားများထံသို့ ငွေတိုးချေးစားနိုင်သည် (တရား၂၃း၁၉-၂၀)။ သို့သော် ယုဒလူအချင်းချင်းထံသို့ အတိုးမချေးစားရ (ထွ ၁၂:၂၅၊ ၀တ် ၂၅း၃၅-၃၇)။ပညတ်တရားအောက်၌ ကျင်လည်နေကြသောယုဒလူများကပင် ထိုသို့လိုက်နာကြလျှင် ကျေးဇူးတော်အောက်၌ အသက်ရှင်နေကြသော ခရစ်ယာန်များကပိုမိုလေးစားလိုက်နာသင့်သည်။နောက်ဆုံးအချက်မှာ ဖြောင့်မတ်သောသူများသည် တံစိုးလက်ဆောင်လက်ခံ၍ အပြစ်မလုပ်ရ။မတရားသဖြင့် စီရင်ခြင်းကို မကြိုက်။ လက်တလုံးခြားမလုပ်။ “လူတိုင်း သူ့တန်ဘိုးနှင့်သူ ရှိကြသည်”ဟုခံယူသည်။အချိန်နှင့်တပြေးညီ လုပ်ဆောင်တတ်၍ ထာဝရတည်တံ့သည်။ ဘုရားသခင်ထံတော်ပါးမှာ တည်တည်တံ့တံ့နေနိုင်အောင် မည်သို့ပြုရမည်ကို စဉ်းစားကြပေတော့။တ ၂း၂၅-၂၈ ကို ဖတ်ရှုပြီးမှသာလျှင် ဆာ ၁၆ကိုပိုမိုနားလည်နိုင်မည်။ ပေတရုက ခရစ်တော်ရှင်ပြန်ထမြောက်မည့်အကြောင်းကို အငယ် ၈း၁၁တွင် ရည်ညွှန်းထားသည်။ သော့ချောင်းကို တံခါးဝတွင်ထား၍ခမည်းတော်ဘုရားထံသို့ ခရစ်တော်ဘုရားက သူအသေခံမည့်အကြောင်း လျှောက်လဲသံကို နားထောင်ကြည့်ကြပါစို့။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။