ဆာလံကျမ်း - ၁၃
ဆာလံကျမ်း - ၁၃ (အနက်ဖွင့်)
ဆာ ၁၃၊ အဘယ်မျှကာလပတ်လုံး
ဒါဝိဒ်နှုတ်ဖျားမှ လေးကြိမ်တိုင်တိုင် “အဘယ်မျှကာလပတ်လုံး” ဟု ညီးတွားသည်။ ရန်သူက (ရှောလုဖြစ်နိုင်သည်) နောက်မှ ထပ်ချပ်မကွာလိုက်လာစဉ်ဘုရားသခင်၏ စစ်ကူရထားလုံးပျံသည် နှေးကွေးလွန်းလှသည်ဟု ဒါဝိဒ်ထင်သည်။ ရန်သူက လေးကြိမ်လေးခါလိုက်လို့မမှီတမှီဖြစ်နေသည်။ သူ့ကို ဘေးရန်လွန်ခွင့်မပေးတော့ဘူးလားဟု ဆိုသည်။ဘုရားသခင်က သူ့ကိုမေ့ရော့လေသလားဘုရားသခင်က မနှစ်သက်တော့၍ ဖြတ်တောက်လေရော့သလားနေ့စဉ်နှင့်အမျှ နှလုံးကြွေပြုန်းမတတ်နာကျင်လှသည်အရှုံးသမားဘဝဖြင့် မျက်နှာညှိုးငယ်စွာ ခံစားနေရသည်။
၁၃း၁-၄ ဘုရားသခင်သည် ဒါဝိဒ်၏အော်ဟစ်သံကို နားထောင်၍ အမြန်ဆန်းစစ်ရာ ဘေးဒုက္ခနှစ်ခုတွေ့ရသည်။ ပထမအချက်မှာ ဒါဝိဒ်သေခြင်းဖြစ်၍ ဒုတိယအချက်မှာ ရန်သူများလက်ခမောင်းခတ်အောင်ပွဲခံခြင်းဖြစ်သည်။ အကယ်၍ ဘုရားရှင်ကဒါဝိဒ်၏မျက်စိကို မှိတ်စေလျှင် ထာဝရကာလပတ်လုံးသေလွန်သွားမည်။ အကယ်၍ ယေဟောဝါဘုရားရှင်က အခြေအနေပြောင်းပြန်လှန်လိုက်လျှင် ဒါဝိဒ်ကငကြွားများအား အပြတ်အသတ်အောင်ပွဲဆင်ပေမည်။
၁၃း၅-၆ အဖြေမှန်ထွက်လာပြီ။ ဆာလံဆရာက အရောက်လာတော့မည်ဟု မျှော်လင့်သည်။ ကရုဏာတော်ကို ကိုးစားသည့်အတိုင်း ရန်သူများလက်မှ လွတ်မြောက်၍အသက်ဆက်ရှင်ဦးမည် ဟုယုံကြည်သည်။ ထို ကယ်တင်ခြင်းကြောင့် ဘုရားသခင်၏ ဆုံးစမသပ်နိုင်သော ချစ်ခြင်းမေတ္တာကိုချီးမွမ်းထောမနာပြုပါတော့မည်။ဤဆာလံသီချင်းကဲ့သို့ပင် ယုံကြည်သူများ သည်ဘုရားရှင်တဲတော်မှ စုံစမ်းခြင်းအမျိုးမျိုးကြုံဆုံရတတ်ပါသည်။ ငိုခြင်းမှအစပြုရသော်လည်း တေးသီချင်းဖြင့် အဆုံးသတ်ရပါသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။