ဆာလံကျမ်း - ၁၁၇ နောက်သို့ ရှေ့သို့ https://thewisebelievers.com/wp-content/uploads/2024/02/117.mp3 ထာဝရဘုရားအားထောမနာပြုခြင်း1လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်းကြလော့။ 2အကြောင်းမူကား၊ ငါတို့၌ ကရုဏာတော်ကြီးလှ၏။ ထာဝရဘုရား၏သစ္စာတော်သည် အစဉ်အမြဲတည်၏။ ဟာလေလုယ။ ဆာလံကျမ်း - ၁၁၇ (အနက်ဖွင့်) တပါးအမျိုးသားများက ဘုရားရှင်ချီးမွမ်းခြင်းသမ္မာကျမ်းစာတအုပ်လုံးတွင် အတိုဆုံးသောအခန်းဖြစ်သည်။ ဘုရားသခင်၏ကရုဏာတော်နှင့် သစ္စာတော်ချီးမွမ်းကြရန် လူမျိုးအပေါင်းတို့အား ဖိတ်ခေါ်ထားသည်။ ဤကျမ်းချက်ကို ရော ၁၅:၁၁တွင် ပြန်လည်ကိုးကားဖော်ပြထားသည်။ မေရှိယသခင်၏ ကရုဏာတော်ကို ဣသရေလလူများက တပါးအမျိုး သားများထံ မျှဝေဖဲ့ပေးသည်ဟု ဆိုသည်။ ကိုယ်တော်သည် ရှေးယခင်က ဘိုးဘေးတို့ထံသို့ ကတိတော် ပြုခဲ့သော လူမျိုးထံသို့သာ ကြွလာသည်မဟုတ်။ တပါးအမျိုးသားများကိုလည်း ကရုဏာတော်သက်မိသည်။ကျမ်းချက်ကို အထောက်အကူပြုသည့်ကဗျာတိုတပုဒ်ဝေငှချင်သည်။မိုးကောင်းကင်ပြာမိုးကုတ်စက်ဝိုင်းအရပ်ဆီက ဖန်ဆင်းသခင်ချီးမွမ်းသံထွက်ပေါ်လာကယ်တင်သခင် နာမတော်တေးဖွဲ့ဆိုကြစို့နေရာတိုင်း ဘာသာစကားတိုင်းကျူးရင့်စို့လေ။ကရုဏာတော်သည် အစဉ်တည်မြဲလို့စကားတော်သည်သစ္စာတရားကမ်းပါးဆုံးတိုင် ကျူးဧကြစေနေထွက်မှသည်နေ၀င်သည့်တိုင် သောသောညံစေလေ။Isaac Watts ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။ နောက်သို့ ရှေ့သို့ တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။ Please enable JavaScript in your browser to complete this form.အမည် *ပါဝင်နေသောအသင်းတော်ဆက်သွယ်ရန်ဖုန်းနံပါတ်မှတ်ချက်ပြုရေးသားလိုတာကိုရေးရန်ပေးပို့မည်။ ကြည့်ရှုသူဦးရေ 0