တောလည်ရာကျမ်း - ၇

အနွယ်သူကြီးမင်းတို့၏ပူဇော်သကာ
1မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊ 2စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးအသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊ 3မင်းတစ်ပါးနွားထီးတစ်ကောင်စီ၊ မင်းနှစ်ပါး အမိုးပါသောရထားတစ်ခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရဘုရားအား ပူဇော်သကာပြုကြ၏။ 4-5ထာဝရဘုရားကလည်း သင်သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာဖို့ခံယူ၍ အမှုကိုဆောင်ရွက်ရသည်အတိုင်း လေဝိသား အသီးအသီးတို့အားပေးလော့ဟု မိန့်တော်မူ၏။ 6မောရှေသည် ရထားနှင့်နွားတို့ကိုခံယူ၍ လေဝိသားတို့အားပေးသဖြင့် 7အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်သောဂေရရှုန်သားတို့အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကိုလည်းကောင်း၊ 8မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ်ကောင်တို့ကိုလည်းကောင်း ပေးလေ၏။ 9သန့်ရှင်းရာဌာနတော်အမူကို စောင့်ရသော ကောဟတ်သားတို့သည် မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့်နွားတို့ကိုမပေး။
10ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သကာကို ပြုကြ၏။ 11ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဖို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သကာကိုပြုရကြမည်ဟု မောရှေအားမိန့်တော်မူ၏။ 12ထိုသို့နှင့်အညီ၊ ပထမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သကာဟူမူကား၊ 13အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 14မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 15မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 16အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 17မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို အမိနဒပ်သားနာရှုန်သည် ပူဇော်လေ၏။
18ဒုတိယနေ့၌ ဣသခါအမျိုးတွင်မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သကာဟူမူကား၊ 19အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 20မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း 21မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 22အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 23မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ၏။
24တတိယနေ့၌ ဇာဗုလုန်အမျိုးတွင်မင်းဖြစ်သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သကာဟူမူကား၊ 25အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 26မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 27မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 28အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 29မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဟေလုန်သားဧလျာဘသည် ပူဇော်လေ၏။
30စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒုရသားဧလိဇုရဆက်သော ပူဇော်သကာဟူမူကား၊ 31အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 32မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 33မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 34အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 35မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ရှေဒုရသားဧလိဇုရသည် ပူဇော်လေ၏။
36ပဉ်စမနေ့၌ ရှိမောငျအမြိုးတှငျမငျးဖွစျသော ဇုရိရှဒ်ဒဲသား၊ ရှလေုမြလေဆကျသော ပူဇောျသကာဟူမူကား၊ 37အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 38မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 39မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 40အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 41မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေလုမျေလသည် ပူဇော်လေ၏။
42ဆဋ္ဌမနေ့၌ ဂဒ်အမျိုးတွင်မင်းဖြစ်သော ဒွေလသား၊ ဧလျာသပ်ဆက်သော ပူဇော်သကာဟူမူကား၊ 43အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 44မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 45မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 46အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 47မိတ်သဟာယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။
48သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင်မင်းဖြစ်သော အမိဟုဒ်သားဧလိရှမာဆက်သော ပူဇော်သကာဟူမူကား၊ 49အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 50မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 51မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 52အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 53မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှမာသည် ပူဇော်လေ၏။
54အဋ္ဌမနေ့၌ မနာရှေအမျိုးတွင် မင်းဖြစ်သောပေဒါဇုရသား ဂါမလျေလဆက်သော ပူဇော်သကာဟူမူကား၊ 55အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 56မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 57မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 58အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 59မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ပေဒါဇုရသားဂါမလျေလသည် ပူဇော်လေ၏။
60နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင်မင်းဖြစ်သော ဂိဒေါနိသားအဘိဒန်ဆက်သော ပူဇော်သကာဟူမူကား 61အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 62မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း 63မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 64အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 65မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊
66ဒသမနေ့၌ ဒန်အမျိုးတွင်မင်းဖြစ်သော အမိရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သကာဟူမူကား၊ 67အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 68မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 69မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 70အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 71မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။
72ဧကာဒသမနေ့၌ အာရှာအမျိုးတွင်မင်းဖြစ်သော ဩကရန်သား ပါဂျေလဆက်သောပူဇော်သကာဟူမူကား၊ 73အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊ 74မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 75မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 76အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 77မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော်လေ၏။
78ဒွါဒသမနေ့၌ နဿလိအမျိုးတွင်မင်းဖြစ်သော ဧနန်သားအဟိရဆက်သော ပူဇော်သကာဟူမူကား၊ 79အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်။ 80မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊ 81မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊ 82အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ 83မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဧနန်သားအဟိရသည် ပူဇော်လေ၏။
84ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။ 85ငွေအင်တုံအချိန်ကား တစ်လုံးလျှင် တစ်ပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား တစ်လုံးလျှင် ခုနစ်ဆယ်စီရှိ၍၊ ငွေချိန်ပေါင်းကား အကျပ်တော်အလိုက်၊ အခွက်နှစ်ဆယ်လေးပိဿာ ရှိသတည်း။ 86မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား အကျပ်တော်အလိုက် ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တစ်ပိဿာနှစ်ဆယ်ရှိသတည်း။ 87မီးရှို့ရာယဇ်ဖို့ ဘောဇဉ်ပူဇော်သကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါလည်သော သိုးသငယ်ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင်၊ 88မိတ်သဟာယယဇ်ဖို့နွားပေါင်း နှစ်ဆယ်လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါလည်သော သိုးသငယ်ခြောက်ဆယ် ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ကိုဆီလူးသောနောက်၊ အနုမောဒနာပြုဖို့ ဆက်သောပူဇော်သကာပေတည်း။ 89မောရှေသည် ဘုရားသခင်ကိုလျှောက်ခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်သောအခါ၊ ခေရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သော အဖုံးအထက်က၊ ဘုရားသခင်ခေါ်တော်မူသံကို မောရှေသည်ကြား၍ ထူးလေ၏။

တောလည်ရာကျမ်း - ၇ (အနက်ဖွင့်)

(မင်းမျိုးမင်းနွယ်ခန့်အပ်ခြင်း (အခန်း၇)

       : ထွ ၄၀:၁၇ပါ တဲတော်စိုက်ထူခြင်း အကြောင်းမှ အစပြန်ကောက်သည်။ လူမျိုးစုခေါင်းဆောင်များသည် ဣသရေလတို့၏ခေါင်းဆောင်ဖြစ်ကြသည်။ ခေါင်းဆောင်များ၏ နာမည်စာရင်းကို (တော ၁:၁၅-၁၆ နှင့် တော၂)တွင် ဖော်ပြထားပါသည်။ ပထမဦးဆုံးရထား (၆)ခုနှင့် နွားထိး(၁၂)ကောင် ယဇ်ပူဇော်ကြသည် (ငယ်၃)။ မောရှေက ဂါရရှုံသားများသို့ ရထား()စီးနှင့် နွားထီး()ကောင်၊ မေရာရိသားများသို့ ရထား()စီးနှင့် နွားထီး()ကောင် တို့အား တဲတော်ဆောက်လုပ် သယ်ဆောင်ခြင်းအတွက် လက်ဆောင်ပေးသည်။ ကောဟတ်သားများသို့မူ လက်ဆောင်မပေး။ အဘယ်ကြောင့်ဆိုသော် အဖိုးတန် စင်ကြယ်သော အသုံးအဆောင်များကို ပုခုံးဖြင့်ထမ်းသူများ ဖြစ်သည်။

:၁၀၈၃ လူမျိုးစုခေါင်းဆောင်များသည် (၁၂)ရက်လုံးလုံး ယဇ်ပလ္လင်ပူဇော်သက္ကာပြုဖို့ရန် လူများစဉ်လိုက် တစ်နေ့ချင်းရောက်ရှိလာကြသည်။ ပူဇော်သက္ကာပြုပုံစာရင်းကို အောက်တွင်ကြည့်ပါ။

နေ့မင်းလောင်းနာမည်လူမျိုးကျမ်းကိုး
နာရှန်ယုဒငယ် ၁၂-၁၇
နာသနေလဣသခါငယ် ၁၈-၂၃
ဧလျာဘဇေဗုလုန်ငယ် ၂၄-၂၉
ဧလိဇုရရုဗင်ငယ် ၃၀-၃၅
ရှေလုမွေလရှိမောင်ငယ် ၃၆-၄၂
ဧလျာသပ်ဂဒ်ငယ် ၄၂-၄၇
ဧလိရှမာဧဖရိမ်ငယ် ၄၈-၅၃
ဂါမယျေလမနာရှေငယ် ၅၄-၅၉
အဘိဒန်ဗင်္ယာမိန်ငယ် ၆၀-၆၅
၁၀အဟေဇာဒန်ငယ် ၆၆-၇၁
၁၁ပါဂျေလအာရှာငယ် ၇၂-၇၇
၁၂အဟိရနဿလိငယ် ၇၈-၈၁

:၈၄၈၉ ပေးလှူခြင်း စုစုပေါင်းတန်ဖိုးကို ငယ် ၈၄-၈၈တွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်အတွက် ပေးလှူချက်များကို ဘုရားရှင်သည် ဘယ်သောအခါမှမမေ့။ အသေအချာ မှတ်တမ်းတင်ထားသည်။ ထိုသို့ ပေးလှူကြပြီးသောအခါ မောရှေသည် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်ထဲသို့ ဝင်ရောက်၍ ဘုရားသခင်၏ အသံတော်ကို နားစွင့်သည်။ ကရုဏာပလ္လင်တော်ပေါ်မှ စကားသံကို မျှော်လင့်နေသည်။ ဣသရေလခေါင်းဆောင်များ၏ အလှူဌာန (ငယ် ၁၉)ကို ဆက်ကပ်ခြင်းလည်း ဖြစ်နိုင်သည်။ မောရှေသည် လေဝိအမျိုးဖြစ်သော်လည်း ယဇ်ပုရောဟိတ်မဟုတ်။ ဤနေရာတွင် အသန့်ရှင်းဆုံးဌာနတော်ထဲသို့ မောရှေဝင်ရောက်ခွင့်ရခြင်းသည် အရေးပေါ်ကိစ္စကြောင့် ဘုရားသခင်က ချို့ယွင်းချက်အဖြစ် ခွင့်ပြုထားသည်။         ထွ ၂၅း၂၁-၂၂

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။