တောလည်ရာကျမ်း - ၃၆

အိမ်ထောင်သည်အမျိုးသမီးများအမွေ ခံရာ
1ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီးတို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသားအဆွေအမျိုး သူကြီးတို့ထံသို့လာ၍၊ 2အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေးစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအမိန့်တော်ရှိပါ၏။ 3ထိုမိန်းမတို့သည် မိမိအမျိုးမှတစ်ပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဖက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက်အမွေမှနုတ်၍ သူတို့ဝင်သောအမျိုး၏ အမွေထဲ၌ပါသွားသဖြင့်၊ အကျွန်ုပ်တို့အမွေမြေသည် လျော့ပါလိမ့်မည်။ 4ဣသရေလအမျိုးသားတို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက်အမွေမှ အစဉ်နုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။ 5ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏စကားသည် လျောက်ပတ်ပေ၏။ 6ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဖက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှတစ်ပါး၊ အခြားသူနှင့် စုံဖက်ခြင်းကို မပြုစေနှင့်။ 7ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ နေရကြမည်။ 8ဣသရေလအမျိုး တစ်စုံတစ်မျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့မိစဉ်ဘဆက် အမျိုးသားနှင့် စုံဖက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့မိစဉ်ဘဆက် အမွေမြေကိုခံစားရကြမည်။ 9အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေရကြမည်ဟု မိန့်တော်မူ၏။
10ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဇလောဖဒ်၏သမီးမာလာ၊ 11တိရဇာ၊ ဟောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဖက်ကြ၏။ 12ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသားအဆွေအမျိုး၌ စုံဖက်ခြင်းအမှုကိုပြု၍၊ သူတို့အမွေမြေသည် သူတို့မိစဉ်ဘဆက် အမျိုးတည်နေ၏။ 13ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေအားဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။
ရှင်မောရှေစီရင်ရေးထားသော တောလည်ရာကျမ်းပြီး၏။

တောလည်ရာကျမ်း - ၃၆ (အနက်ဖွင့်)

(ထိမ်းမြားလက်ထပ်သော သမီးများအမွေဆက်ခံခွင့် (အခန်း ၃၆)

ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ကျန်ရစ်ခဲ့သော မနာရှေအမျိုးမှ ဂိလဒ်၏သားများသည် ပြဿနာတစ်ခုနှင့်အတူ မောရှေထံသို့ ရောက်လာကြသည် (တော ၁၇:၁-၁၁ ကိုလည်းကြည့်ပါ)။ ဇလောဖတ်၏ သမီးများသည် အခြားလူမျိုးနှင့်စုံဘက်၍ သူတို့ဝေစုကို ယူသွားလျှင် ဣသရေလပိုင်မြေ လျော့နည်းသွားတော့မည်။ ယုဘိလနှစ်ရောက်လျှင် ထိုပညတ်ချက်သည် အတည်ဖြစ်သွားလိမ့်မည် (ငယ်၄)ဟု ဆိုကြသည်။ မောရှေက မိန်းမတိုင်းလွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ရှိသော်လည်း မိမိအမျိုးကို ဦးစားပေးရွေးချယ်ရမည်။ ထိုသို့ မိမိအမျိုးနှင့် အိမ်ထောင်ပြုလျှင် လယ်မြေလျော့ပါးစရာအကြောင်းမရှိ (ငယ် ၅-၁၁)ဟု ဖြေရှင်းပေးသည်။ ထိုတရားကိုနာခံလျက် ဇလောဖတ်၏ သမီးများသည်လည်း မနာရေမျိုးနွယ်စု လူများနှင့် အသီးသီးထိမ်းမြား လက်ထပ်ကြသည် (ငယ် ၁၀-၁၂)။ အပိုဒ်ငယ် ၁၃သည် အခန်းကြီး တစ်ခုလုံး၏အကျဉ်းချုပ်ဖြစ်သည်။

ဤကျမ်းစာတွင် အချက်(၃)ချက်တွေ့ရှိရသည်။

၁။  မယုံကြည်သူများ၏ စိတ်နှလုံးသည် အစဉ်အဆက်မှားယွင်းဖောက်ပြန်ခြင်း။

၂။ ယေဟောဝါဘုရားရှင်သည် မြင့်မြတ်စင်ကြယ်သည်နှင့်အညီ ဒေါသကို ကရုဏာဖြင့် ထိန်းကျောင်းသည်။

၃။ ဘုရားသခင်နှင့် လူစပ်ကြားတွင် သံခင်းတမန်ဆောင်ရွက်ပေးသော ဘုရားသခင်၏လူ မောရှေသည်လည်း လူစိတ်ပျောက်တတ်သည်။

တောလည်ရာကျမ်းစာလာအရ လူ့စိတ်သည်ပြုပြင်ပြောင်းလဲဖို့ရန် မလွယ်။ ဘုရားသခင်၏ စိတ်တော်သည်လည်း ပြောင်းလဲခြင်းမရှိဘဲ အမြဲတမ်းကြည်လင်သည်။ သို့သော် သခင်ခရစ်တော်ပုံဆောင်သော မောရှေသည် လျှပ်တပြက်တွင် လူစိတ်ပျောက်စိတ်တိုသဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့် ၁ကော ၁၀:၁၁ တွင် ပါရှိသည့်အတိုင်း “ထိုအကြောင်းအရာ ရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှါ” သင်ခန်းစာယူကြကုန်အံ့။

မှတ်စု

၁။        (နိဒါန်း) W.Graham Scroggie, Know Your Bible, Vol.1, The Old Testament, p.35

၂။         (၃:၁၄-၃၉) George Williams, The Student’s Commentary on the Holy Scripture, p.80.

၃။        (၄:၄-၂၀) C.F.Keil and F.Delitzsch, “Numbers,” in Biblical Commentary on the Old Testament, III:25.

၄။        (၆:၁-၈) Williams, Student’s Commentary, p.82.

၅။        (၆:၂၄-၂၆) D.L.Moody, Notes from My Bible, p.41.

၆။        (၁၀:၂၉-၃၂) Quoted by John W.Haley, Al-legged Discrepancies of the Bible, p.431.

၇။        (၁၁:၁၆-၁၇) မောရှေ၏ ရပ်တည်ချက်ကို ကြည့်ရအောင် (၁) ဘုရားသခင်က မောရှေကို အပြစ်မတင်ပါ။ (၂)ဘုရားသခင်က မောရှေကို ခွန်အားပေးသည်။ လူပေါင်း(၇၀)အား ဝန်ထုပ်ဝန်ပိုး မျှကူထမ်းခိုင်းသည်။ (၃) ဘုရားသခင်ကိုယ်တိုင်က မောရှေ၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးသည် ။ (၄) မောရှေသည် သံသယများ၍ စောဒကတက်တတ်သော လူပေါင်းစုံ (၂)သန်းခန့်ကို ဦးဆောင်နေ၇သည်။ (၅) အပိုဒ်ငယ် ၁၇ ဖော်ပြချက်သည် မောရှေ၏ ဝိညာဉ်ခွန်အားကို လျော့မသွားစေပါ။ အခြားလူ ( ၇၀ )ကို ဝိညာဉ်ခွန်အားမျှဝေပေးသော်လည်း လျော့မသွား။

၈။        (၁၁:၃၁-၃၅) See International Standard Bible Encyclopedia under “Quails” IV:2512

၉။        (၁၂:၃) ဤအသုံးအနှုန်းကို နောက်ပိုင်းတွင် (ယောရှုကဲ့သို့သော)ဝိညာဉ်တော် မှုတ်သွင်းသော စာရေးသူတစုံတစ်ဦးက ဖြည့်စွက်သွားခြင်းဖြစ်ဟန်ရှိသည်။

၁၀။      (၁၂:၁၁-၁၆) Keil and Delitzsch, “Numbers” III:81.

၁၁။      (၁၉:၁၁-၁၉) Williams, Student’s Commentary, p.88.

၁၂။      (၁၉:၁၁-၁၉) J.G. Mantle, Better Things, p.109

၁၃။      (၂၀:၁၀-၁၃) G. Campbell Morgan, Search-lights from the Word, pp.47-48.

၁၄။      (၂၀:၂၂-၂၉) Matthew Henry, “Numbers” in Matthew Henry’s Commentary on the Whole Bible, 1;662.

၁၅။      (၂၅:၄-၈) Samuel Ridout, The Pentateuch, p.253.

၁၆။      (၂၆:၁-၅၁) Moody, Notes, p.43.

၁၇။      (၃၄:၁-၁၅) Chinnereth (pronounced Kin-) is Hebrew for harp, named from the Shape of the Sea of Galilee.

၁၈။      (၃၅:၂၂-၂၈) Merrill F.Unger, Unger’s Bible Dictionary, p.208.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။