ရှင်မဿဲခရစ်ဝင် - ၁၇

အဆင်းသဏ္ဌာန်ပြောင်းလဲခြင်း
(မာ၊ ၉:၂-၁၃။ လု၊ ၉:၂၈-၃၆။)
1ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍၊ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။-၂ပေ၊ ၁:၁၇-၁၈။ 2သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။- 3မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။- 4ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။- 5ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-က၊ ၂၂:၂။ တရား၊ ၁၈:၁၅။ ဆာ၊ ၂:၇။ ဟေရှာ၊ ၄၂:၁။ မ၊ ၃:၁၇၊ ၁၂:၁၈။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။ 6တပည့်တော်တို့သည် ကြားရလျှင်၊ ပျပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်း ရှိကြ၏။- 7ယေရှုသည်လာ၍ သူတို့ကို လက်နှင့် တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊- 8သူတို့သည် ကြည့်မျှော်သဖြင့်၊ ယေရှုတစ်ယောက်တည်း မှတစ်ပါး၊ အဘယ်သူကိုမျှ မမြင်ကြ။
9တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- 10ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊-မာလ၊ ၄:၅။ 11ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။- 12ငါဆိုသည်ကား၊ ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟု မိန့်တော်မူသော်၊-မ၊ ၁၁:၁၄။ 13ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။
ဝက်ရူးနာစွဲသူကိုကုသခြင်း
(မာ၊ ၉:၁၄-၂၉။ လု၊ ၉:၃၇-၄၃က။)
14လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက်လျက်၊ သခင်၊- 15အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။- 16တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည် ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊- 17ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ၏။- 18ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။
19ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊- 20သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှု မရှိ။-မ၊ ၂၁:၂၁။ မာ၊ ၁၁:၂၃။ ၁ကော၊ ၁၃:၂။ 21သို့သော်လည်း ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်ဟု မိန့်တော်မူ၏။
အသေခံရမည့်အကြောင်းထပ်မံဖော်ပြခြင်း
(မာ၊ ၉:၃၀-၃၂။ လု၊ ၉:၄၃ခ-၄၅။)
22ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန် နီးပြီ။ 23သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ၏။
ဗိမာန်တော်အခွန်ပေးခြင်း
24ကပေရနောင်မြို့သို့ ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကို ခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည် ဒိဒြမ္မကို မပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။ထွ၊ ၃၀:၁၃၊ ၃၈:၂၆။ 25ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာ ခံကြသလော။ သူတစ်ပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊ 26ပေတရုက၊ သူတစ်ပါးမှာခံကြပါသည်ဟု လျှောက်သော်၊ ယေရှုကလည်း သို့ဖြစ်လျှင် သားမူကား လွတ်ရ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့် မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ ငါးမျှားကိုချလော့။ 27ရှေ့ဦးစွာရသောငါးကို ယူ၍ ပါးစပ်ကိုဖွင့်လျှင်၊ သတာတဲတစ်ပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဖို့နှင့် သင့်အဖို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင် - ၁၇ (အနက်ဖွင့်)

(ဃ) ရုပ်ပြောင်းရုပ်လွဲပြုမည့် အကြောင်း တပည့်တော်များပြင်ဆင်စေခြင်း (၁၇:၁-၈)

၁၇:၁-၂ ဖိလိပ္ပိကဲသရိတွင် ခြောက်ရက်နေထိုင်ကြပြီးနောက်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့တပည့်တော်သုံးဦးကို ခေါ်ဆောင်၍ သခင်ယေရှုသည် တောင်ပေါ်တနေရာသို့ ကြွသွားတော် မူသည်။ အချို့ကျမ်းစာပညာရှင်များက ခြောက်ရက်ဟူသော စကားကို အဓိပ္ပါယ်ကောက်ကြသည်။ Gaebelein က ခြောက်ရက်သည် လူတို့၏ ကိန်းဂဏန်းသင်္ကေတဖြစ်သည်။ အလုပ်လုပ်ရက်ကို ရည်ညွန်း သည်။ ခြောက်ရက်လွန်မြောက်ပြီး နောက်တနေ့သည် ဘုရားသခင်အတွက် နေ့ရက်ဖြစ်သည် ဟုအဓိပ္ပါယ် ယူသည်။

ရှင်လုကာက ထိုသို့ ရုပ်ပြောင်းရုပ်လွဲပြုရက်သည် (၈)နှစ်မြောက်နေ့ (၉:၂၈)ဟုဆိုသည်။ လမ်းလျှောက်ခြင်းနေ့ရက်လည်းပါဝင်ရေတွက်ပုံရသည်။ ရှစ်ဂဏန်းသည် ပြည့်စုံခြင်းသင်္ကေတ၊ ရှင်ပြန်ထ မြောက်ခြင်း အဓိပ္ပါယ်ဖြစ်သည်။ ဘဝသစ်စခြင်းဖြစ်သည်။ နိုင်ငံတော်သစ်စခြင်းဖြစ်သည်ဟု ရှင်လုကာက အဓိပ္ပါယ်ကောက်ယူပုံရသည်။

ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သခင်ဘုရား ရုပ်ပြောင်းရုပ်လွဲပြုတော်မူပုံကို မျက် ဝါးထင်ထင်တွေ့မြင်ရသည့် အခွင့်အရေးထူးကြုံကြိုက်သူများဖြစ်သည်။ ဘုန်းတန်ခိုးကခန္ဓာကိုယ်တခုလုံး အား လွှမ်းခြုံသွားသည်။ မျက်နှာတော်နှင့် ဝတ်ရုံတော်များသည် နေကဲ့သို့ တောက်ပသည်။ ဓမ္မဟောင်း ကျမ်းတွင်မူ ဘုရားရှင်၏ ဘုန်းတန်ခိုးအား တိမ်တောင်တိမ်လိပ်သဖွယ်ပြခဲ့သည်။ ထိုကဲ့သို့ ကိုယ်တော် ဘုရားအားဖူးမြင်ကြရမည့်ပုံကို နမူနာပြခြင်းဖြစ်သည်။ အပူဇော်ခံ သိုးသူငယ် ယဇ်ကောင်ကဲ့သို့ မြင်ရတော့ မည်မဟုတ်။ မကြာသော ကာလမှာ ယုဒတို့၏ ကေသရာဇာခြင်္သေ့အဖြစ်မြင်ရတော့မည်။ မြင်ရသူအပေါင်း သည် ဘုရားသခင်၏ သားတော်၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်မှန်း သိရှိသွားကြ သည်။

၁၇:၃ မောရှေနှင့် ဧလိယတို့သည်လည်း ပေါ်ထွန်းလာပြီးယေရုရှလင်တွင် ကိုယ်တော် ဘုရားနှင့် အသေခံတော်မူမည့်အကြောင်း ပြောဆိုကြသည် (လု ၉:၃၀-၃၂)။ မောရှေနှင့် ဧလိယသည် ရှေးသန့်ရှင်းသူများကို ကိုယ်စားပြုသည်။ မောရှေသည် ပညတ်တရားများ၏ သင်္ကေတဖြစ်၍ ဧလိယသည် ရှေးပရောဖက်များ၏ အမှတ်အသားဖြစ်သည်။ ခရစ်တော် ဘုရားပေါ်ထွန်း၍ ဆင်ရဲဒုက္ခခံစားမည့်အ ကြောင်းကြိုတင်ဟောကြားဖော်ပြချက်များကို အမှတ်ပေးခြင်းဖြစ်သည်။ မောရှေသည် သေလွန်သော ယုံကြည်သူများသည် အနှစ်တထောင်ကာလ၌ ပြန်လည်ထမြောက်မည့်အကြောင်းနှင့် ဧလိယသည် ကောင်းကင်နိုင်ငံရောက်ရှိမည့်သူများ ရုပ်ပြောင်းရုပ်လွဲရှိကြမည့်အကြောင်းအတိတ်နိမိတ်ပေးခြင်းဖြစ်နိုင် သည်။

တပည့်တော်ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ဓမ္မသစ်ကာလသန့်ရှင်းသူများကို ယေဘူယျကိုယ်စားပြုခြင်းဖြစ်သည်။ ကိုယ်တော်ဘုရားသည် ဒုတိယအကြိမ်ကြွလာသောအခါ ရွေးနှုတ် ခြင်းခံရသော ယုဒလူမျိုးများ ဖူးမျှော်ခွင့် ရမည့်အကြောင်း၊ အတိတ်နိမိတ်ဖြစ်သည်။

တောင်ခြေရှိလူထုပရိသတ်ကြီး (ငယ် ၁၄နှင့် လု ၉:၃ရတို့ကို ယှဉ်ဖတ်) သည်ခရစ်တော် ဘုရားအနှစ်တထောင်အုပ်စိုးခြင်းဘက်ကာလ၌ တပါးအမျိုးသားများ ပါဝင်မည့် အကြောင်း အတိတ်စိမ်း ပေးခြင်းဖြစ်သည်။

၁၇:၄-၅ ပေတရုသည် ထိုအဖြစ်အပျက်ကို မိန်းမောစိတ်စွဲလန်းသောကြောင့် အတွေးတခု ပေါ်လာသည်။ ထိုတောင်ကုန်းပေါ်တွင် သခင်ယေရှု၊ မောရှေနှင့် ဧလိယ တို့အတွက် တဲတလုံးစီဆောက် ပေးမည်ဟု သခင်ဘုရားအား ကမ်းလှမ်းသည်။ သခင်ယေရှု၏ နာမတော်ကို ဦးစားပေးခေါ်သော်လည်း အယူအဆမှားနေသည်။ သခင်ယေရှုသည် မောရှေ၊ ဧလိယတို့နှင့် တန်းတူမဟုတ်။ အရာခပ်သိမ်းထက် ကြီးမြတ်သူဖြစ်သည်။ ထိုအခိုက်တွင် ဘုရားသခင်က ထိုတောင်ကုန်းတခုလုံးအား မိုးတိမ်ဖြင့် အုပ်လိုက်၍ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်းဟု အမိန့်တော်ရှိလိုက်သည်။ ဘုရားသခင်၏ နိုင်ငံတော်တွင် သခင်ယေရှုသည် အချုပ်အခြာအာဏာပိုင်၊ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့် ရှိသူ ဖြစ်သည်။ ယနေ့ ယုံကြည်သူများ စွဲမှတ်အပ်သော ကျမ်းစကားဖြစ်သည်။

၁၇:၆-၈ တိမ်ဖုံး၍ဘုရားသခင်၏ အသံတော်ကြားကြသောအခါ တပည့်တောသုံးဖော်သည် ကြောက်လန့်၍ မြေပေါ်သို့မျက်နှာအုပ်ပြပ်ဝပ်ကြသည်။ သခင်ယေရှုက စိုးရိမ်ခြင်းမရှိဖို့ ပြောသောအခါ မော့ကြည့်ကြရာ သခင်ယေရှုမှ တပါးအခြားသူများမမြင်ရတော့ပါ။ သခင်ယေရှုသည် ယုံကြည်သူများနှင့် အတူရှိနေတော်မူသော ဧမာနွေလဘုရား၊ အနန္တဘုန်းတန်ခိုးရှင် ဘုရားအမှန် ဖြစ်ပေသည်။

(ဃ) ရှေ့တော်ပြေးအကြောင်း (၁၇:၉-၁၃)

၁၇:၉ တောင်ပေါ်မှဆင်းသက်လာစဉ် သခင်ယေရှုက တပည့်တော်သုံးဖော်အားဤဖြစ်စဉ် အကြာင်းအရာကို ရှင်ပြန်ထမြောက်ခြင်းနေ့ရက်မတိုင်မီ အခြားသူများထံ ပြောကြားခြင်း မပြုရန် တားမြစ် ထားသည့် ယုဒများကမူ မေရှိယသခင်အား ရောမဖိနှိပ်မှုအောက်မှ ကယ်တင်ပေးမည့်သူအဖြစ် မျှော်လင့် အားထားကြသည်။ အပြစ်မှ ကယ်တင်မည့် အရှင်သခင်အား အလိုရှိသည်မဟုတ်။ မျှော်မှန်းသည့်အတိုင်း မဟုတ်သဖြင့် သခင်ယေရှုအား မေရှိယအဖြစ် လက်မခံနိုင်ကြ။ ရှင်ပြန်ထမြောက်ပြီးသောအခါ မှသာလျှင် မေရှိယ သခင်အမှန်ဖြစ်ကြောင်း၊ ကမ္ဘာတဝှမ်းက သိမြင်လာကြသည်။

၁၇:၁၀-၁၃ ခရစ်တော်ဘုရားဘုန်းတန်ခိုးအပြည့်အစုံဖြင့် ကြွလာမည့် ပုံစံကို တပည့်တော် များက နမူနာမြင်ခဲ့ကြရပြီ။ သို့သော် ရှေ့တော်ပြေးကား ပေါ်မလာသေး။ ပရောဖက်မာလခိက မေရှိယ သခင်၏ လာလမ်းအား ဧလိယမှ ကြိုရှင်းပေမည်ဟု (မာလာ ၄:၅-၆) ဆိုထားသည်။ ထို့ကြောင့် တပည့် တော်များက လမ်းရှင်းပေးမည့်သူသိလိုကြသည်။ သခင်ဘုရားကလည်း ဧလိယလမ်းရှင်းပေးမည့်အ ကြောင်းသိမည်။


ထိုကဲ့သို့ပင် ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာခါနီးတွင်လည်း ပရောဖက်တပါးပေါ် ထွန်းလာမည် သေချာသည်။ ဧလိယကိုယ်တော်တိုင်လား သို့မဟုတ် အလားတူမျိုးလားဖြစ်ပေမည်။

(စ) ဆုတောင်းခြင်း၊ အစာရှောင်ခြင်းဖြင့် အမှုတော်အတွက်ပြင်ဆင်ခြင်း (၁၇:၁၄-၂၁)

ဘဝသည် တောင်ကုန်းတောင်ထိပ်ကဲ့သို့ အမြဲတမ်းမြင့်မားမနေပါ။ အချိန်နှင့် တပြေးညီ ပြောင်းလဲနေတတ်သည်။ တောင်ကုန်းပေါ်မှ ဆင်း၍ လွင်ပြင်ချိုင့်ဝှမ်းတွင် မျိုးကြဲချိန်၊ အမှုတော်ပြုရသည့် အချိန်လည်းရှိရသည်။

၁၇:၁၄-၁၅ တောင်ပေါ်မှ ဆင်းသက်တော်မူစဉ် နတ်ဆိုးစွဲသောသူငယ်၏ ဖခင်သည် ကိုယ်တော်၏ ခြေရင်းမှာ ဒူးထောက်လျက်သူသားအား ကျန်းမာစေမည့်အကြောင်း ခွင့်ပန်သည်။ ထိုသူ ငယ်သည် ဝက်ရူးပြန်ရောဂါစွဲ၍ ရေထဲသို့ အကြိမ်ကြိမ် မီးထဲသို့ အဖန်ဖန် လိမ့်ကျဘူးသူဖြစ်သည်။ သို့ကြောင့် မီးလောင်ဒဏ်ရာ၊ ရေနစ်ခြင်းဝေဒနာပြင်းပြစွာ ခံစားသူဖြစ်သည်။ စာတန်၏ ဒဏ်ရာဒဏ်ချက်န မူနာယူလောက်အောင်ခံစားသူဖြစ်သည်။

၁၇:၁ရ ယုံကြည်ခြင်းမရှိသော ဖောက်ပြန်ခြင်းအမျိုး၊ ငါသည် သင်တို့နှင့်အတူတကွ၊ အယ်မျှကာလပတ်လုံးနေရမည်နည်း ဟုတပည့်တော်များအားဆိုလိုက်သည်။ တပည့်တော်များသည် ဝက်ရူးပြန်ရောဂါ ပျောက်ကင်းစေနိုင်စွမ်းသော ယုံကြည်ခြင်းမပြည့်ဝကြ၊ ထိုခေတ်ကာလတွင် ယုဒများ သည် ယုံကြည်ခြင်းမရှိကြပါ။

၁၇:၁၈ ဝက်ရူးပြန်ရောဂါသည်အား သခင်ဘုရားထံခေါ်ဆောင်လာကြသည်။ သခင်ဘုရား ကနတ်ဆိုးမောင်းထုတ်ပေးရာ ထိုလူနာသည် ချက်ချင်းအကောင်း ပကတိကျန်းမာသွားသည်။

၁၇:၁၉-၂ဝ ထိုသို့ဝက်ရူးပြန်ရောဂါကုသနို်င် စွမ်းမရှိကြသည့်အကြောင်းကို တပည့်တော် များက သခင်ဘုရားအား တိုးတိုးတိတ်တိတ်မေးကြသည်။ သခင်ဘုရားက တဲ့တိုးပြောလိုက်သည်မှာ ယုံကြည်ခြင်းအားနည်းသောကြောင့် ဖြစ်သည်ဟုဆိုသည်။ မုန်းညင်းစေ့လောက်မျှ ယုံကြည်ခြင်းရှိလျှင် တောင်ကုန်းကြီးကို ပင်လယ်ထဲသို့ လိမ့်ကျခိုင်းလျှင်လည်း လိမ့်ကျမည်ဟုဆိုသည်။ ယုံကြည်ခြင်းဆိုသည် မှာ ဘုရားသခင်၏ ကတိတော်၊ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြစ်သည်။ အချို့က ယုံကြည်ခြင်းကို အားမကိုးဘဲမိမိတို့ ဉာဏ်ပညာအစွမ်းအစဖြင့် လုပ်ဆောင်တတ်ကြသည်။ သို့သော် ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်အားကိုး၍ ယုံကြည်သည့်အတိုင်း လုပ်ဆောင်လျှင် အခက်အခဲတည်းဟူသော တောင် ကုန်းတောင်တန်းကြီးများကို ရွှေ့စေနိုင်မည်။ သေချာသည်။ ယုံကြည်ခြင်းအားကြီးသူအတွက် မဖြစ်နို်င် သောအရာဟူ၍မရှိ။

၁၇:၂၁ သို့သော်လည်းဆုတောင်းခြင်း၊ အစာရှောင်ခြင်းတပါးအဘယ်သို့သောအားဖြင့် ထိုအမျိုးသည်မထွက်တတ် ဤကျမ်းပိုဒ်ကို RSV နှင့် ခေတ်သစ်ကျမ်းများတွင် ချန်လှပ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ကနဦးကျမ်းများတွင်လည်းမပါရှိပါ။ မည်သို့ပင်ဖြစ်စေ၊ အဓိက ကျမ်းစာများတွင် တွေ့ရှိရသည်။ ကျမ်းစာ၏ အနှစ်သာရလည်းခက်ခဲနက်နဲသည်။

(ဆ) တပည့်တော်များထဲ သစ္စာဖောက်မည့်အကြောင်း (၁၇:၂၂-၂၃)

၁၇:၂၂-၂၃ ပြဇာတ်မဆန်၊ ဇာတ်လမ်းမခင်းဘဲ၊ တပည့်တော်များက သေကြောင်းကြံစည် မည့်အကြောင်း၊ ကိုယ်တော်ဘုရားက အသိပေးလိုက်သည်။ သို့သော်လည်း ကိုယ်တော်ဘုရားကသာလျှင် အောင်ပွဲခံမည်။ သုံးရက်မြောက်သောနေ့တွင်ရှင်ပြန်ထမြောက်မည်ဟုဆိုသည်။ အကယ်၍ သာထိုသို့ကြို တင်မပြောခဲ့လျှင်ကိုယ်တော်ဘုရား အသေခံခြင်းသည် ကံခေကြောင်း ဇာတ်သိမ်းခန်းမလှဘူးဟု ထင်မှတ် ကြပေမည်။ ကိုယ်တော်ဘုရားအရှက်ရမည့် အကြောင်း၊ ဆင်းရဲဒုက္ခခံရမည့်အကြောင်း မမျှော်မှန်းနို်င်ကြ။

ကိုယ်တော်ဘုရားနှင့် ခွဲခွာကြရမည့် အကြောင်း၊ ကိုယ်တော်အသတ်ခံရမည့်အကြောင်း၊ သိရှိကြသော အခါ တပည့်တော်များသည် စိတ်ထိခိုက်ဝမ်းနည်းကြသည်။ ရှင်ပြန်ထမြောက်မည့်အ ကြောင်း၊ ကတိတော်ကို မေ့လျှော့နေကြသည်။

(ဇ) ပေတရုက သူ့သခင်အတွက် အခွန်တော်ဆောင်ခြင်း (၁၇:၂၄-၂၇)

၁၇:၂၄-၂၅ ကပေရနောင်တွင်ရှိနေကြစဉ် ဗိမာန်တော်အခွန်လာကောက်ကြသည်။ အခွန်ခံ ကပေတရုအားသင့်သခင် ဗိမာန်တော်အခွန်ဆောင်ပါသလားဟု မေးသည်။ ပေတရုကလည်း ဟုတ်ကဲ့ ဆောင်ပါသည်ဟုဖြေသည်။

ထိုအဖြစ်အပျက်ကို ပေတရုက သခင်ယေရှုအားမပြောပြမီ၊ အိမ်ထဲဝင်သည်နှင့် အရာခပ် သိမ်းကို သိတော်မူသော ကိုယ်တော်ဘုရားက အဘယ်သို့ထင်သနည်း လောကီရှင်ဘုရင်များသည် အဘယ်သူထံမှ အခွန်ခံကြသနည်း။ မိမိတို့ သားထဲမှ ခံကြသလား၊ တပါးသူများထံမှ ခံယူကြသလား ဟု ဆီးကြိုမေးမြန်းသည်။ ထိုမေးခွန်းသည် ထိုခေတ်အခါကို အသိပညာ အလင်းပေးသည်။ အုပ်စိုးသူအာဏာ ပိုင်းများသည် နိုင်ငံတော်အတွက် အခွန်ကောက်ကောက်ခံရာတွင် မိမိတို့ မိသားစုထံမှ မကောက်ကြပါ။ အခြားသူများထံမှသာ ကောက်လေ့ရှိသည်။ ယနေ့ ခေတ်ကာလတွင်မူ အိမ်တိုင်းယာတိုင်း အခွန်ပေး ဆောင်ရသည်။

၁၇:၂၆ အခြားသူများထံမှ ကောက်ခံကြပါသည်ဟု ပေတရုက အမှန်အတိုင်းဖြေသည်။ သားမူကားလွတ်၏ ဟုသခင်ယေရှုက ထောက်ပြသည်။ ဗိမာန်တော်သည် ဘုရားသခင်၏ အိမ်တော် ဖြစ်ကြောင်း ကိုထောက်ပြလိုခြင်းဖြစ်သည်။ ဘုရားသားတော်သခင်ယေရှုက ဗိမာန်တော်အတွက် အခွန်ခံ ခြင်းသည် မိမိကိုယ်ကို အခွန်ခံခြင်းနှင့် တူနေပေသည်။

၁၇:၂ရ သို့သော်တပါးသူများ ထိမိစရာမဖြစ်စေခြင်းငှါ အခွန်ပေးဆောင်လိုက်သည်။ အဘယ်က ပိုက်ဆံနှင့်ဆောင်သနည်း။ သခင်ယေရှုသည် ငေကြေးခြူတပြားမှ မကိုင်ဆောင်ဘူးပါ။ ပေတရုအား ဂါလိလဲအိုင်သို့ ငါးသွားမျှားခိုင်သည်။ ပထမဆုံးဖမ်းမိသော ငါးပါစပ်ထဲတွင် ပိုက်ဆံပါလာ မည်။ ထိုပို်က်ဆံဖြင့် ပေတရုနှင့် သခင်ယေရှုအတွက် တဝက်စီအခွန်ဆောင်ခိုင်းလိုက်သည်။

ဤအံ့ဖွယ်လက္ခဏာက သခင်ယေရှု၏ အရာခပ်သိမ်း သိရှိပုံကို သက်သေပြသည်။ ပင်လယ်ထဲရှိငါးပါးစပ်ထဲတွင် ပိုက်ဆံရှိကြောင်းကိုလည်း သိသည် ထိုငါးကို ပထမဦးဆုံး ပေတရုဖမ်းမိ လည်း သိသည်။

အခြားအမှုကိစ္စများအတွက်ဆိုလျှင် ထိုသို့အခွန်ဆောင်ရာအကြောင်းမရှိ။ သို့သော်သခင် ဘုရားသည် သူတပါး အနှောင့် အယှက်အတားအဆီးမဖြစ်စေလို။ သူတပါးအမြင်တွင် ထိမိစရာမဖြစ် အောင်၊ ငြိုငြင်စရာမဖြစ်အောင် နေရမည်။  ပေးသင့်ပေးထိုက်သည်ကို အခွန်ဆောင်ပြရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။