ဝတ်ပြုရာကျမ်း - ၁၁
ဝတ်ပြုရာကျမ်း - ၁၁ (အနက်ဖွင့်)
၄။ စင်ကြယ်ခြင်းနှင့်မစင်ကြယ်ခြင်း (အခန်း ၁၁–၁၅)
လာမည့်အခန်း(၅)ခုတွင် ဝတ်ပြုကိုးကွယ်ခြင်းတွင် စင်ကြယ်ခြင်းနှင့် မစင်ကြယ်ခြင်းအမှုအရာများ အကြောင်း ပြဌာန်းထားသည်။ ယုဒများ၏ ဝတ်ပြုထုံးနည်းနာများသည် အခြေခံစိတ်သဘောထား ခံယူချက်ဖြင့် မှားယွင်းသည်မဟုတ်။ ယုဒအယူအဆ ထုံးတမ်းစဉ်လာရောဖက်ခြင်းကြောင့် လမ်းလွှဲခြင်း ဖြစ်သည်။ ထိုသို့ရိုးရာအယူအဆထည့်သွင်းစွက်ဖက်သောကြောင့် ဘုရားရှင်ရှေ့တော်တွင် မသင့်လျော်၊ မစင်ကြယ်ခြင်းဖြစ်သည်။ သန့်ရှင်းသောသူသည် ဘဝတစ်သက်တာနေရာတကာတွင် အမြဲတမ်း စင်ကြယ်ရသည်။ သို့ကြောင့် ဘုရားသခင်က စင်ကြယ်သောအစာနှင့် မစင်ကြယ်သောအစာများကို နမူနာပြ၍ ခွဲခြားပြသသည်။
(က) စင်ကြယ်သောအစာ၊ မစင်ကြယ်သောအစာ (အခန်း ၁၁)
၁၁:၈ စင်ကြယ်သောသတ္တဝါသည်သာမန်အားဖြင့် ခွာကွဲ၍ စားမြုံပြန်တတ်ကြသည်။ “သာမန်အားဖြင့် ခွာကွဲသောသတ္တဝါများအား စားသုံးနိုင်သည်” စင်ကြယ်သောသတ္တဝါများမှာ နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ သမင် အစရှိသည့် သတ္တဝါများ နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ သမင် အစရှိသည့်သတ္တဝါများဖြစ်သည်။ မစင်ကြယ်သောသတ္တဝါများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် စားမြုံ့ပြန်ခြင်းနှင့် ခွာကွဲခြင်းကို ဝိညာဉ်ရေးရာရှုထောင့်ဖြင့် ဆင်ခြင်အောက်မေ့ရသည်။
ဘုရားသခင်သည် လူသားများ၏ ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း စောင့်ရှောက်သည်။ ရောဂါဖြစ်သော တိရစ္ဆာန်အသားများမစားဖို့၊ သဘာဝအတိုင်း မဟုတ်ဘဲ ဆေးဝါးဗေဒသုံး၍ မွေးမြူသောအသားများကို ဆင်ခြင်ဖို့ သတိပေးထားသည်။
၁၁:၉–၁၂ စင်ကြယ်သော ငါးသည် အရိုးတောင်နှင့် ကြေးခွံများရှိသည်။ မတ်ကရယ်ငါး၊ ငါးရှဉ့်၊ အခွံမာရေသတ္တဝါများ မစားကောင်း။ ငါးကြေးခွံများသည် ခရစ်ယာန်များ၏ လက်နက်ပုံဆောင်သည်။ ပတ်ဝန်းကျင်၏ တိုက်ခိုက်နှောင့်ယှက်မှု ဘေးဒဏ်ကွယ်ကာရန်ဖြစ်သည်။ ကြေးတောင်များသည် ဝိညာဉ်တန်ခိုးပုံဆောင်သည်။ ရေယက်၍ လှုပ်ရှားသွားလာရသကဲ့သို့ ပတ်ဝန်းကျင် အမှောင်အား ဖြိုခွင်းသွားလာဖို့ ဝိညာဉ်တန်ခိုးရှိရသည်။
၁၁:၁၃–၁၉ ယေဘူယျအားဖြင့် အသားစားငှက်အမျိုးအနွယ်များသည် မစားကောင်း။ ဥပမာ၊ လင်းယုန်၊ စွန်ရဲ၊ လင်းတ၊ လင်းနို့ (လင်းနို့သည် ငှက်မဟုတ်။ သို့သော် ဟေဗြဲကျမ်းမူတွင် ပျံတတ်သောအကောင်များဟု ဆို၍ အင်္ဂလိပ်ဝေါဟာရထက် ပိုမိုကျယ်ပြန့်အကြုံးဝင်သည်)။
၁၁:၂၀–၂၃ ဤကျမ်းချက်တွင် ပျံတတ်သော တိရစ္ဆာန်များအကြောင်းရေးထားသည်။ အတောင်ရှိသော်လည်း ခြေလေးချောင်းဖြင့်သွားသော အကောင်များကို စားသုံးနိုင်သည်။ ဥပမာအားဖြင့် နှံကောင်၊ ကျိုင်းကောင်၊ ပုရစ်တို့ဖြစ်သည်။
၁၁:၂၄–၂၈ မစင်ကြယ်သောအကောင် ထိတွေ့ကိုင်တွယ်သူသည် ထိုတစ်နေ့ နေဝင်မိုးချုပ်သည်အထိ စင်ကြယ်ခြင်းမရှိ။ ထိုတိရစ္ဆာန်အကောင်ဆောင်သူသည် မစင်ကြယ်။ ထိုသတ္တဝါများမှာ ခြေထောက်မြှင့် ကုတ်ခြစ်တတ်သောကြောင်မျိုးနွယ်စု၊ ခွေး၊ ခြင်္သေ့၊ ကျား၊ ဝံအစရှိသည့် အကောင်များဖြစ်သည်။
၁၁:၂၉–၃၈ တွားသွားသော တိရစ္ဆာန်များကိုလည်း မစင်ကြယ်။ ပွေး၊ ကြွက်၊ အိမ်မြှောင်၊ တောက်တဲ့၊ မြွေပါ၊ ကင်းလိပ်ချော၊ ပုတက် ပုတ်သင်ညိုစသည် မျိုးနွယ်စု အကောင်များဖြစ်သည်။ ထိုအကောင်များ၊ အသေကောင်များ ကိုင်တွယ်သူသည် မိုးချုပ်သည့်အချိန်ထ မစင်ကြယ်။ ထိုအကောင်တစ်ကောင်သည် ရေစည်အိုးထဲသို့ကျလျှင် ထိုရေသည်မစင်ကြယ်။ သွန်ပစ်ရမည်။ သို့သော် အိုးကိုမူ ရိုက်ခွဲစရာမလို။ စားစရာအပေါ်သို့ကျလျှင်လည်း ထိုအစားအစာသည် မစင်ကြယ်။ သို့သော်ချို့ယွင်းချက် နှစ်ခုပေးထားသည်။ ရေစီးသောနေရာတွင်ကျလျှင် ထိုရေသည် မစင်ကြယ်ခြင်း မရှိ။ စင်ကြယ်သည်။ မျိုးစေ့ပေါ်တွင် ကြဲလျှင်လည်း လွှင့်ပစ်စရာမလို။ ဆက်လက်စိုက်ပျိုး မျိုးစေ့ချနိုင်သည်။
၁၁:၃၉–၄၀ လူ့လက်ဖြင့် သတ်ခြင်းမဟုတ်။ သူ့အကြောင်းနှင့်သူ သေသော တိရစ္ဆာန်၏ အသားသည်လည်း မစင်ကြယ်။ မစားသုံးရ။ မကိုင်တွယ်ရ။ ကိုင်တွယ်ထိပါးမိလျှင် နေဝင်မိုးချုပ်သည်အထိ ထိုသူသည်မစင်ကြယ်။ အဝတ်အစားများကို စင်ကြယ်အောင်ချက်ချင်းလျော်ဖွတ်ရမည်။
၁၁း၄၁-၄၇ အငယ် ၄၁-၄၃ တွင် တီကောင် မြွေ၊ ရှဉ့်၊ ကြွက် အစရှိသည့်ကိုက်ဖြတ်တတ်သည့် သတ္တဝါခွဲခြားပြသခြင်းသည် အမြဲတမ်းစင်ကြယ်မြင့်မြတ်သော ဘုရားရှင်ကသူ့လူများအား ဘုရားရှင်ကဲ့သို့ စင်ကြယ်စေချင်သောကြောင့်ပြသခြင်းဖြစ်သည်။ (ငယ် ၄-၄၇)
မာ ၇:၁၈–၁၉ တွင် သခင်ယေရှုက အစားအစာတိုင်းသည် ပကတိအားဖြင့် စင်ကြယ်သည်ဟု မိန့်မှာသည်။ ရှင်ပေါလုက ကျေးဇူးတော်ချီးမွမ်း၍ သုံးဆောင်မည်ဆိုလျှင် ငြင်းပယ်စရာ အစားအစာမရှိဟု ၁တိ၄:၁-၅ တွင်ရှင်းပြထားသည်။ သို့ကြောင့် အစားအစာနှင့်ပတ်သက်၍ တစ်ယူသန် အစွန်းမရောက်သင့်။ စိတ်မနောကြည်လင်လျှင် စားသုံးနိုင်ပါသည်။ သို့သော် ဩတ္တပ္ပစိတ်ကြည်လင်ပါစေ။ စိတ်မဖြောင့်လျှင် မစားခြင်းက ပိုကောင်းပါသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။