တရားသူကြီးမှတ်စာ - ၃

ခါနာန်ပြည်တွင်ဆက်လက်နေထိုင်သူများ
1-2ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလ အမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ စစ်မှုကိုမသိသော ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများဟူမူကား၊ 3ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။ 4ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်းကျင့်မည် မကျင့်မည်ကိုထင်ရှားစေခြင်းငှာ ဣသရေလအမျိုးကို စုံစမ်းဖို့ရာ ဖြစ်သတည်း။
5ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင်နေ၍၊ 6သူတို့သမီးနှင့် စုံဖက်ခြင်းကိုပြုလျက်၊ မိမိတို့သမီးကိုပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
သြသံယေလ
7ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊ 8ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင်ခုရှံရိရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ကျွန်ခံရကြ၏။ 9နောက်တစ်ဖန် ထာဝရဘုရားကိုအော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဖို့ ပေါ်ထွန်းစေတော်မူ၏။ 10ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကိုအုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရားအပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။ 11အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
ဧဟုဒ
12တစ်ဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ မောဘရှင်ဘုရင်ဧဂလုန်ကို ဣသရေလအမျိုးတစ်ဖက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။ 13ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက်ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊ 14ဣသရေလအမျိုးသားတို့သည် တစ်ဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။ 15နောက်တစ်ဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သောသခင်၊ လက်ယာလက်ကိုမသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင်ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။ 16ဧဟုဒသည် အလျားတစ်တောင်ရှိသော သန်လျက်ကိုလုပ်၍ လက်ယာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊ 17မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသောသူဖြစ်၏။ 18ဧဟုဒသည် လက်ဆောင်ကိုဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊ 19ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်းရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာနေကြဟု အမိန့်တော်ရှိသည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။ 20ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တစ်ယောက်တည်းနေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။ 21ဧဟုဒသည် လက်ဝဲလက်ကိုဆန့်လျက် သန်လျက်ကို လက်ယာပေါင်မှထုတ်၍ ရှင်ဘုရင်၏ဝမ်းကိုထိုးသဖြင့်၊ 22လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနုတ်နိုင်အောင် ဆီဥသည် သန်လျက်ကိုလွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။ 23ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။ 24ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည်လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက်ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊ 25ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာလဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။ 26ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကိုလွန်၍ စိရပ်ရွာသို့ရောက်ပြီးမှ၊ 27ဧဖရိမ်တောင်ပေါ်မှာ တံပိုးကိုမှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်လျက် တောင်ပေါ်ကဆင်းကြ၏။ 28သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူ မောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစ်စုံတစ်ယောက်ကိုမျှ မကူးစေရ။ 29ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတစ်ယောက်မျှ မလွတ်ဘဲ၊ လူတစ်သောင်းကိုသတ်၍၊ 30မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တစ်ပြည်လုံး ငြိမ်းလေ၏။
ရှံဂါ
31ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။

တရားသူကြီးမှတ်စာ - ၃ (အနက်ဖွင့်)

: ဣသရေလတို့အား စုံစမ်းစစ်ကြောရန်ချန်လှပ်ထားသောသူ ခါနန်အပိုဒ်ငယ် (၃)စာရင်းတင်ထားသည်။ ဖိလိတ္တိမင်းငါးပါးအစရှိသောခါနန်လူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင် လေဗနုန်တောင်ပေါ်မှာ ကျင်လည်ကျက်စားနေကြသော ဟိဝိလူဟုဆိုသည်။

တဖန်ထိုခေတ်ကာလ လူတို့၏ အကျင့်အပြစ်ဒုစရိုက် (ငယ် ၅-၇)၊ သူ့ကျွန်ခိုင်းဖတ် (ငယ်၈)၊ အသနားခံခြင်း (ငယ် ၉က)၊ ကယ်တင်ခြင်း (ငယ် ၁၆-၁၈)တို့ကို တွေ့ရပြန်သည်။

: ဣသရေလသားတို့ ရှိနေချိန်တွင် ရုပ်တုကိုးကွယ်သူများ၏ ဘုရားတုများကို ရေတွက်ပြထားသည်။ အပိုဒ်ငယ် ၃တွင် မှတ်တမ်းတင်ထားသည့် လူမျိုးများ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိနှင့် ယေဗုသိ လူတို့ကိုတွေ့ရသည်။ နောက်တစ်မျိုးမှာ ယောရှု ၃း၁၀၊ ၂၄း၁၁ တွင်ပါရှိသည့် ဂိရဂါရှိလူမျိုးဖြစ်သည်။

ဣသရေလလူတို့ ကျဆင်းစရာအကြောင်းရင်းများကို Dr.Chohen က ဤသို့ထောက်ပြသည်။

ဣသရေလလူတို့သည် မောရှေ၏ သတိပေးစကားကို မေ့လျော့နေကြသည် (တရား ၇:၃)။ ဒေသခံလူများနှင့် သွေးနှောအိမ်ထောင်ပြုကြသည်။ ထိုမျှနှင့် မကျေနပ်သေး။ ရုပ်တု ဘုရားတုများကိုပါ ကိုးကွယ်ကြသည်။

၂။ တရားသူကြီးများလက်ထက် (:၇ – ၁၆:၃၁)

(ကဩသံယေလ (:၁၁)

          : ဘုရားသခင်၏လူများသည် ရုပ်တု၊ဘုရားတုကိုးကွယ်ခြင်းနှင့် ဘုရားတုဝါဒီများ သွေးနှောထိမ်းမြားခြင်း အပြစ်ဒုစရိုက်ပြုနေကြသည်။ မတရားသော မေထုန်မှီဝဲခြင်း (ငယ် ၆)၊ ရုပ်တုကိုးကွယ်ခြင်း (ငယ်၇) ပြုကြသည်။ ခါနန်ပြည်သားတို့၏ အကျင့်ဆိုး အတုမယူကြရန် ဘုရားသခင်က ရှေးရှေးကတည်းက သတိပေးထားသော်လည်း မလိုက်နာကြ။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားထိုက်သူများသည် စင်ကြယ်သော အသက်တာရှိကြရသည် (တရား ၇:၃-၆)။ ဘုရားသခင်သည် ဣသရေလတို့အား ဆုံးမ အပြစ်ပေးသည့်အနေဖြင့် မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် မင်းလက်ထဲသို့ ()နှစ်ကြာ အပ်နှံခဲ့သည်။ ခုရှံဆိုသည်မှာ နှစ်ထပ်ကွမ်း ဆိုးသွမ်းခြင်းဟု အနက်ရသည်။

:၁၁ ခုရှံမင်း၏ ရက်စက်မှုဒဏ်မခံနိုင်ကြသူများ၏ ငိုကြွေးသံအား ဘုရားသခင်ကြားသိသဖြင့် ကာလက်၏တူ ဩသံယေလ (ခြင်္သေ့တို့၏ဘုရားဟုအနက်ရသည်)အား ပေါ်ထွန်း၍ နှစ်ပေါင်း(၄၀)ကြာ တိုင်းပြည်အား ငြိမ်ဝပ်စွာအုပ်စိုးသည်။ ဩသနေလသည် ကိရယာသေဖာ (စာအုပ်စာပေများ၏မြို့တော်) မှ ဒေဗိရ (အသက်ရှင်သော ဗျာဒိတ်စကား) မြို့တိုင်အောင် စိုးမိုးသည်။ ဘုရားသခင်၏ စကားတော်စောင့်ထိန်းသူများ အပေါ် ယုံကြည်ခြင်း ပြည့်ဝမှုရလဒ်ဖြစ်သည်။

() ဧဟုဒ (:၁၂၃၀)

:၁၂၂၄ ဣသရေလတို့သည် ဖောက်ပြန်ကြပြန်သောကြောင့် မောဘဘုရင် ဧဂေလုန်မင်း လက်ထဲသို့ ကျွန်()နှစ်ခံကြစေပြန်သည်။

:၁၅၃၀ ဘုရားသခင်၏ ဣသရေလတို့၏ ငိုကြွေးသံကို လက်ပိုက်မကြည့်ရက်နိုင်သဖြင့်       ဗင်္ယာမိန်အမျိုးမှ ဘယ်သန် ဧဟုဒ စစ်သူရဲကောင်း ပေါ်ထွန်းစေပြန်သည်။ ဧဂလုန်မင်းကို လုပ်ကြံအနိုင်ယူခွင့်ပေးသည်။ အသွားနှစ်ဖက်ထက်မြက်သောဓားမြှောင်ကိုဝတ်ရုံထဲတွင် ဝှက်ယူလျက် ဘုရင်ထံချဉ်းကပ်သည်။ လက်ဆောင်ပဏ္ဏာဆက်သပြီး၊ တစ်ယောက်ချင်း တွေ့ဆုံခွင့်တောင်းသည်။ လျှို့ဝှက်သတင်းပေးစရာရှိကြောင်း သံတော်ဦးတင်သည်။ ဘုရင်ကြီးက သူ့စကားကို ယုံစား၍ မှူးမတ်ဗိုလ်ပါများဖယ်ရှားပြီးသောအခါ ဧဟုဒ သည် ရသမျှ အခွင့်ကောင်းယူပြီး ဘုရင်ကြီးကိုထိုးကာ တံခါးပိတ်ပြီးထွက်ပြေးသွားသည်။ ဣသရေလလူတစ်သောင်း ချက်ချင်းစုရုံးပြီး နန်းတော်အား ဝင်စီးကြသည်။ ထိုသို့ဖြင့် ဣသရေလတို့သည် ဘယ်သန်ဧဟုဒ လက်အောက်၌ ()နှစ်ကြာ လွတ်လပ်စွာနေကြရန်ပြန်သည်။

ဘုရားသခင်အား အာရုံပြုအထူးဆုတောင်းကြသောအခါ ဂေရတွင် (ငယ်၁၅) ချီးမွမ်းဂုဏ်ယူစရာ (ဧဟုဒ)သားရတနာ ထွန်းကားသည်။ ထိုသားက လောကမင်း (ဧဂလုန်)အား အသွားနှစ်ဖက်ထက်သော ဓားမြှောင်နှင့်(သမ္မာကျမ်းစာ)ဘယ်လက်ဖြင့်ထိုးလိုက်ရာ ဧဂလုန်မင်း ကျဆုံးသွားသည်။

ဩသံယေလသည် ဣသရေလလူမျိုးမှာ ပေါ်လွင် ထင်ရှားသည် ယုဒအမျိုးမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ဧဟုဒသည် အသေးငယ်ဆုံးလူမျိုး ဗင်္ယာမိန်အမျိုးမှပေါ်ထွန်းသည်။ ဘုရားသခင် အသုံးပြုလျှင် အသေးငယ်ဆုံးအရာသည်လည်း မဟာအမှုဖြစ်နိုင်သည်။ ထိုလူများသည် မိမိတို့ပင်ကိုယ်စွမ်းရည်ဖြင့် မိမိလူမျိုးများအားကယ်ထုတ်သည် မဟုတ်။ ဘုရားသခင်၏ စွမ်းအားဖြင့် အောင်မြင်ကြခြင်း ဖြစ်သည်။

(ရှံဂါ (:၃၁)

          :၃၁ တရားသူကြီး ရှံဂါအကြောင်းကို ကျမ်းတစ်ပိုဒ်တည်းဖြင့်သာ ဖော်ပြထားသည်။ ဘုရားပေးခွန်အားဖြင့် တုတ်ချွန်ကိုသုံး၍ ဖိလိတ္တိလူခြောက်ရာတို့ကို ရိုက်သတ်နိုင်သည်။ အညတရနှင့် နှယ်နှယ်ရရ ပစ္စည်းကို ဘုရားသခင်အသုံးပြုလျှင်ကြီးစွာသောအမှုအရာ ဖြစ်နိုင်ကြောင်း သက်သေတစ်ခုဖြစ်သည်။ သာဝကခရီးသည်ဟု အဓိပ္ပါယ်ရသော ရှံဂါသည် ဘုရားစကားတော်ကို ကိုးစားသူဖြစ်၍ (ဒေ ၁၂:၁၁ ကိုကြည့်)။ အံ့ဘွယ်အမှု (ဖိလိတ္တိလူများသတ်ဖြတ်ခြင်း) အောင်မြင်နိုင်သည်။

တရားသူကြီးများစာရင်း

ရန်သူမင်းနာမည်အဓိပ္ပါယ်ကာလကယ်ထုတ်သူနာမည်အဓိပ္ပါယ်ကာလကျမ်းကိုး
ခုရှံရိရှသိမ်

 

မေသောပေါတာမိ

ရှင်ဘုရင်

နှစ်ထပ်ကွမ်းဆိုး

 

သွမ်းသူမာန+

ဘဝင်လေဟပ်သူ

ဩသံယေလဘုရားသခင်၏

 

ခြင်္သေ့ (ဘုရားပေးတန်ခိုးရှင်)

၄၀၃:၇-၁၁
ဧဂလုန်

 

မောဘဘုရင်

လောကစဉ်းစမ်၁၈ဧဟုဒအံ့ဩဖွယ်၈၀၃:၁၂-၃၁
ဖိလိတ္တိဘုရားလူများဒုက္ခ

 

ပေးသူ(သို့)ဇာတိ

ကိုးစားသူ

 ရှံဂါသာဝကခရီးသည် ၃:၃၁
ယာဘင်

 

ခါနန်ပြည်ဟာဇော်

ဘုရင်၊သိသရစစ်သူကြီး

သိရှိသူ(သို့)

 

ကိုဖိုးသိ

၂၀ဒေဗောရ

 

ဗာရက်

ပျားလဘို့

 

အလင်းရောင်

၄၀၄:၁-၅:၃၁
မိဒျန်လူများအငြင်းသန်

 

ရန်လို

ဂိဒေါင်

 

(ယေရုဗဗာလ)

အဘိမလက်

တော်လ

ယာဣရ

ဗာလတိုက်လှန်သူ

 

ငါ့အဖေဘုရင်

သန်ကောင်

အလင်းပေးသူ

၄၀

 

၂၃

၂၂

၆:၁-၈:၃၅

 

၉:၁-၇

၁၀:၁-၂

၁၀:၃-၅

အမ္မုန်လူများမိစ္ဆာဝါဒီ(သို့)

 

ဦးနှောက်သမား

၁၈ယေဖသ

 

ဣဗဇန်

ဧလုန်

အဒ္ဒုန်

ဖွင့်မည်

 

မသိ

မသိ

အစေခံ

 

၁၀

၁၀:၆-၁၂:၇

 

၁၂:၈-၁၅

ဖိလိတ္တိဇာတိ၄၀ရှံဆုန်နေလေး၂၀၁၃:၁-၁၆:၃၁

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။