တရားသူကြီးမှတ်စာ - ၁၂

ယေဖသနှင့် ဧဖရိမ်အမျိုးသားများ
1ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး၍ မြောက်သို့ချီသွားလျှင်၊ ယေဖသအား သင်သည် ငါတို့ကိုမခေါ်ဘဲ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှာသွားသနည်း။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော်၊ 2ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနုတ်ဘဲ နေကြ၏။ 3မကယ်မနုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကိုစွန့်စားလျက် အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာသွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှာ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊ 4ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဖူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။ 5ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊ 6သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဖမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ်၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင်သေကြ၏။ 7ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှသေ၍ ဂိလဒ်မြို့တစ်မြို့၌ သင်္ဂြိုဟ်လေ၏။
ဣဗဇန်၊ ဧလုန်၊ အာဗဒုန်
8ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။ 9ထိုမင်းသည် သားသုံးဆယ်၊ သမီးသုံးဆယ်ရှိ၏။ သမီးများကို အခြားတစ်ပါးသို့ စေလွှတ်၍ ချွေးမသုံးဆယ်ကို သိမ်းထား၏။ 10ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဗက်လင်မြို့၌ သင်္ဂြိုဟ်လေ၏။ 11ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသား ဧလုန်သည်၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး၏။ 12ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။ 13ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ၏သား အာဗဒုန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။ 14ထိုမင်းသည် သားလေးဆယ်၊ မြေးသုံးဆယ်ရှိ၍ သားမြေးတို့သည် ခုနစ်ဆယ်သော မြည်းသငယ်တို့ကို စီးကြ၏။ 15ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည်၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှသေ၍ ဧဖရိမ်ခရိုင်၊ ပိရသုန်မြို့၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ၏။

တရားသူကြီးမှတ်စာ - ၁၂ (အနက်ဖွင့်)

၄။ ယေဖသက ဧဖရိမ်လူများအားသတ်ဖြတ်ခြင်း (၁၂:၁ )

          ၁၂: ယေဖသ၏အောင်နိုင်မှုကို ဧဖရိမ်လူတို့က မနာလိုဖြစ်နေကြသည်။ ဧဖရိမ်အမျိုးကို စစ်ကူမခေါ်ဘဲ အမ္မုန်တိုက်ခိုက်သိမ်းပိုက်မှုအား အပြစ်ရှာကြသည်။ အမ္မုန်တို့ ဒဏ်ရာဒဏ်ချက်အောက်တွင် ပိပြားနေကြစဉ် အကူအညီတောင်းခဲ့တုန်းက အကူအညီမပေး လက်ပိုက်ကြည့်နေကြသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ဧဖရိမ်တို့အား စစ်ကူမခေါ်ဟု ယေဖသဆိုသည်။ ဧဖရိမ်လူတို့သည် ဂိလဒ်အမျိုးအား အမျိုးမစစ်သူဟု စော်ကားခဲ့သည် (စင်စစ် ဧဖရိမ်အမျိုးပြဿနာရှာခြင်းဖြစ်သည်။ ဂိဒေါင်က မိဒျန်တို့အား အနိုင်ယူစဉ်တွင်လည်း ပြဿနာမီးမွှေးခဲ့ကြဖူးသည် (အခန်း ၈)။ ယခုအကြောင်းမရှိ အကြောင်းရှာ၍ ယေဖသကို ပြဿနာလုပ်ကြပြန်သည်)။

၁၂: ယေဖသဦးဆောင်သော ဂိလဒ်လူတို့ကလည်း ဧဖရိမ်လူတို့ကို ပြန်လည်တိုက်ခိုက်သည်။ ထွက်မပြေးနိုင်အောင် ဧဖရိမ်တို့ ဆုတ်ခွာမည့်လမ်း ယော်ဒန်မြစ်ကမ်းနင်းကြမ်းကိုလည်း ပိတ်ဆို့ ဖြတ်တောက်ထားသည်။ ယော်ဒန်မြစ်ကိုကူးခွင့်အတွက် ဂိလဒ်တို့က စကားဝှက်သုံးထားသည်။ ဧဖရိမ်လူမှန်လျှင် ရှိဗောလက်ဟူသော စကားလုံးကို ပီသစွာမပြောတတ်ကြ။ ထို့ကြောင့် ဧဖရိမ်လူနှင့် အခြားလူများ ခွဲခြားသိရှိနိုင်ရန် ယော်ဒန်မြစ်ကူးမည့်သူဟူသမျှကိုဂေလဒတို့က ရှိဗောလက်ဟူသော စကားလုံးပြောခိုင်းသည်။ ရှိဗောလက်၏ အဓိပ္ပါယ်မှာ ‘ချောင်းစုန်’ ဖြစ်သည်။ ထိုသို့ဖြင့် ရှိဗောလက်ဟု လေယူလေသိမ်းပီသစွာ မပြောတတ်သော ဧဖရိမ်လူများကို သတ်ဖြတ်ရာ လူပေါင်းလေးသောင်းနှစ်ထောင်ရှိသည်။ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ဖြစ်သည်။

ဘုရားသခင်က မိမိလူများအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုကို အော့နှလုံးနာသည်။ ဧဖရိမ်တို့သွေးသည် အမ္မုန်လူသွေးများနှင့် သွေးချောင်းစီးနေပြီ။ တရားသူကြီးများထွန်းတောက်သော နေ့ရက်များတွင် သွေးချောင်းစီးသော နေ့ရက်များလည်းရှိခဲ့သည်။ ထိုအကြောင်းကို Ridout က ဤသို့ဆိုသည်။

တဆင့်စကားယုံမှားကြ၍ ညီအကို အချင်းချင်းအပေါ် ဓားလှံဆွဲလျက် တိုက်ခိုက် သတ်ဖြတ် သွေးချောင်းစီးခြင်းသည် သမ္မာတရားအတွက် ပဟေဠိမေးခွန်းကြီးဖြစ်သည်။၁၁

၁၂: ယေဖသသည် စစ်သူကြီး၊ တရားသူကြီးဘဝဖြင့် ()နှစ်ကြာ စိုးစံပြီးနောက် ကွယ်လွန်သွားသည်။ အလောင်းကို ဂိလဒဒေသတွင် မြှုပ်နှံကြသည်။ ဟေဗြဲ ၁၁:၃၂ တွင် ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်တို့နှင့် တန်းတူဖော်ပြထားသည်။ ဤလူများသည် ကိုယ်စီအပြစ်ထင်ရှားကြသူများဖြစ်သော်လည်း တစ်ချိန်တစ်ခါ တစ်ကွေ့တွင် မိမိလူမျိုးအတွက် စံပြနမူနာ သူရဲကောင်းများဖြစ်ကြသည်။

(ဣဗဇန်၊ ဧလုန်နှင့်အာဗဒုန် (၁၂:၁၅)

          ၁၂:၁၁ ဣသရေလတို့၏ တရားသူကြီး ဣဗဇန်သည် ဗက်သလင်ဇာတိ ဖြစ်၍၊ သား(၃၀)ထွန်းကားသည်။ သူ့မိန်းမများသည် အရပ်တကာမှ ဖြစ်ကြ၍ အခြားမျိုးနွယ်စုမှ ဖြစ်သည်။ ()နှစ်ကြာ အုပ်စိုးသည်။

၁၂:၁၁၁၂ ဧလုန်သည် ဇာဗုလုန်အမျိုးဖြစ်သည်။ (၁၀)နှစ်ကြာ တရားသူကြီး လုပ်ခဲ့သည်။ ကွယ်လွန်သောအခါ အာဇလုန်၌ သင်္ဂြိုဟ်ကြသည်။

၁၂:၁၃၁၅ အာဗဒုန်သည် ပိရသုန်မြို့သား ဟိလေလ၏ ရင်သွေးဖြစ်သည်။ ပိရသုန်သည် ဧဖရိမ်တို့ ပိုင်မြေ အာမလက်တောင်ကုန်းဒေသတွင် ရှိသည်။ ဣသရေလအမျိုးကို ()နှစ်ကြာ အုပ်ချုပ်သည်။ မှတ်သားဖွယ်ရာ အချက်မှာ သား(၄၀)၊ မြေး(၃၀ထွန်းကားခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။