ယောရှုမှတ်စာ - ၂၀

မှီခိုရာမြို့များ
1တစ်ဖန် ထာဝရဘုရားသည် ယောရှုကို ခေါ်တော်မူ၍၊ 2သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည်အတိုင်း၊ 3လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။ 4ထိုမြို့ တစ်စုံတစ်မြို့သို့ ပြေးသောသူသည် မြို့တံခါးဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြားပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။ 5သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူကား၊ ထိုသူသည် မိမိအဖော်ကို အငြိုးမထားဘဲ အမှတ်တမဲ့သတ်မိ၏။ 6ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရားစီရင်ခြင်းကို မခံမီသော်လည်းကောင်း၊ ထိုကာလ ယဇ်ပုရောဟိတ်မင်း မသေမီသော်လည်းကောင်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊ 7သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒတောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့တို့ကိုလည်းကောင်း၊ 8ယော်ဒန်မြစ်တစ်ဖက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန်မြို့တို့ကိုလည်းကောင်း ရွေးထားကြ၏။ 9ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေသောသူလက်နှင့် လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မီတိုင်အောင် ပြေးရသောအခွင့်ရှိစေခြင်းငှာ ရွေးထားသောမြို့ ဖြစ်သတည်း။

ယောရှုမှတ်စာ - ၂၀ (အနက်ဖွင့်)

(ဘေးမဲ့မြို့ကြီးများ (အခန်း ၂၀)

          သူတစ်ပါးအသက်ကို သတ်မှားမိသောကြောင့် ကျန်ရစ်သူ ညီအစ်ကိုများက အသက်သွေးချက်ချင်းပြန်လည် မတောင်းဆိုရအောင် ခိုလှုံဖို့ ယော်ဒန်မြစ်တစ်ဘက်ကမ်းတွင် ဘေးမဲ့မြို့()မြို့စီထူထောင် သတ်မှတ်ကြသည်။ လူတစ်ဦးအား မတော်တဆ သတ်မိလျှင် ကျန်ရစ်သော ဆွေမျိုးများက သွေးဆူ၍ အသက်ရန်ရှာကလဲ့စားချေလေ့ရှိကြသည်။ ထိုလူသတ်မှု ကျူးလွန်မှားသူသည် အဆိုပါ ဘေးမဲ့မြို့သို့ ပြေးခို၍ ပြေးခိုသည့်ပုရောဟိတ်ကြီးတစ်သက် ခိုလှုံနေရသည်။ ထိုယဇ်ပုရောဟိတ်ကြီး ကံကုန်လျှင် မိမိနေရပ်မြေသို့ ပြန်လာခွင့်ရှိသည်။

ဘေးမဲ့ခိုလှုံရာမြို့များ

ဓမ္မဗေဒအရ စိတ်ဝင်စားဖွယ်ကောင်းသော မြို့များဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Mac Learက ဤသို့အသေးစိတ်ရှင်းပြသည်။

ယုဒကျမ်းတတ်ပညာရှင်က ဤသို့ ရှင်းပြသည်။ နောက်ပိုင်းတွင်မူ လူအစုလိုက်အပြုံလိုက် သေစေသူများ ခိုလှုံသူများသည်။ (ကထိုမြို့ထဲရှိလမ်းများသည် အစဉ်ချောမွေ့ဖြောင့်ဖြူးသည်။ ၄၈ပေခန့်ကျယ်သည်။ (ဖြောင့်ဖြူးချောမွေ့အောင် လုပ်ထားသဖြင့် အရှိန်ဖြင့်ပြေးဝင်နိုင်သည်။ ()တောင်ကုန်း၊ ချိုင့်ကွက်၊ ရေမြောင်း၊ တံတားမထား။ ()လမ်းအကွေ့အဝိုက်များတွင် မြင်သာအောင် “ဘေးမဲ့” ဟူသော စာတမ်းချိတ်ဆွဲထားကြသည်။ ()ထိုနေရာသို့ ပြေးဝင်ခိုလှုံသူများကို ဒေသခံမြို့သူမြို့သားများက ကျွေးမွေး စောင့်ရှောက်ကာ အသက်ဘေးလုံခြုံရေးတာဝန်ယူပေးရသည်။၁၄

ဣသရေလတို့၏ ထိုဘေးမဲ့မြို့များသည် ခရစ်တော်ပုံဆောင်သည်။ ခရစ်တော်ထံသို့ ခိုလှုံသူများသည် သန့်ရှင်းရာဌာနတော်သို့ ခိုလှုံခြင်းဖြစ်၍ လုံခြုံကြရသည်။ D.L.Moody က “လေးမဲ့မြို့များသည် ခရစ်တော်နှင့် ပုံတူကြသည်။ ခရစ်တော်နှင့် နာမည်ချင်းဆက်စပ်နေသည်၁၅ဟု ဆိုသည်။

ဘေးမဲ့မြို့များ၏ အဓိပ္ပါယ်ကို ကြည့်ရအောင်။ အနောက်ဘက်ကမ်းရှိမြို့များ –

ကေဒေရှ                        –           စင်ကြယ်ခြင်း

ရှေခင်                            –           ခွန်အား

ကိရယသောဖါ               –           မိတ်သဟာယ (သို့မဟုတ်) ဟေဗြုန်

အရှေ့ဘက်ကမ်းရှိမြို့များ –

ရာမုတ်−ဂိလဒ်               –           မြှောက်စားခြင်း

ဂိုလန်                            –           ပျော်ရွှင်ခြင်း

ဗေဇာ                            –           လုံခြုံခြင်း

ပညတ်ချက်ရာ ဓာတ်သက်ပါဆိုစကားအတိုင်း ထိုဘေးမဲ့မြို့ပြကြီးများကို ခိုလှုံသူတိုင်းသည် ကောင်းကြီးမင်္ဂလာ ခံစားကြသည်။ မြေပုံကြည့်လျှင် ထိုမြို့ကြီးများသည် စစ်နည်းဗျူဟာအချက်အချာကျသော နေရာများတွင် တည်ရှိကြသည်။ မိုင်ပေါင်း (၃၀)ထက် အလှမ်းဝေးကွာသော နေရာမှ သေလုမျောပါး ပြေးလွှားစရာ နေရာမရှိ၊ D.L.Moody က ဤသို့ထောက်ခံထားသည်။

ဘေးမဲ့မြို့ပြကြီးများသည် အရပ်ရှစ်မျက်နှာလက်လှမ်းမှီနိုင်သည့် အကွာအဝေးတွင် ရှိကြသည်။ ခရစ်တော်အား လူသားတိုင်း လက်လှမ်းမှီသည့်နေရာတွင် ရှိနေခြင်းမျိုးဖြစ်သည် (၁ယော၂:)၁၆

လူသတ်မှု ကျူးလွန်မိသောသူများ အသက်အန္တရာယ် ယာယီလုံခြုံမှုနှင့် အပြစ်သားများအား ခရစ်တော်ထံ ထာဝရခိုလှုံခြင်းကို ယှဉ်ပြထားသည်။ ဘေးမဲ့မြို့သို့ ပြေးဝင်ရာလမ်းသည် လုံခြုံချောမွေ့ဖြောင့်ဖြူးသကဲ့သို့ ကယ်တယ်ခြင် းအသက်တာလမ်းသည်လည်း အမှားအယွင်းအပြစ်အနာမရှိ၊ ပျောက်ဆုံးသောအသက်တာများကို ဘေးမဲ့လုံခြုံစေပါသည်။ ခရစ်တော်က လူတိုင်းအား ဖိတ်ခေါ်လက်ခံသကဲ့သို့ အပြစ်သားတိုင်း ဘေးမဲ့မြို့သို့ ပြေးဝင်ခိုလှုံနိုင်ကြပါသည်။ ဘေးမဲ့မြို့သို့ အချိန်မရွေး၊ လူတိုင်းခိုလှုံနိုင်သကဲ့သို့ ခရစ်တော်ထံပါးသို့ အချိန်မရွေးတိုးဝင်ချဉ်းကပ်နိုင်ပါသည်။ အပြစ်ကျူးလွန်မိသူအတွက် ဘေးမဲ့မြို့မှ လွဲ၍ လုံခြုံသောနေရာမရှိပါ။ ထိုကဲ့သို့ပင် ဘုရားသခင်၏ အမျက်ဒေါသမှ ဘေးကင်းလုံခြုံရာနေရာသည် ခရစ်တော်ထံမှ လွဲ၍ အခြားနေရာမရှိပါ (ယော ၃:၃၆)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။