ယောရှုမှတ်စာ - ၁၁
ယောရှုမှတ်စာ - ၁၁ (အနက်ဖွင့်)
(ည) မြောက်ဘက်တိုက်ပွဲ (အခန်း ၁၁)
၁၁:၁–၉ ဣသရေလတို့၏ စစ်ရေးအောင်မြင်မှုအရှိန်အဟုန် ကြီးထွားလာပုံကို ကြားသိရသောမြောက်ပိုင်းဘုရင်များသည် စိုးရိမ်ကြောက်လန့်လာကြသဖြင့် ဂါလိလဲပင်လယ်မြောက်ဘက်ရှိ မေရုံဘိုင်နားတွင် စုရုံးစစ်အင်အားဖွဲ့ကြသည်။ ယောရှုသည် ထိုရန်သူများကိုလည်း တိုက်ခိုက်နှိမ်နင်း ချေမှုန်းလိုက်ပြန်သည်။ ဘုရားသခင်၏ အမိန့်တော်အတိုင်း ယောရှုသည် ရန်သူများကို ချေမှုန်းပြီးသောအခါ ရန်သူ့မြင်းဒူးကွေးကြောများလို ဖြတ်ပစ်ကြသည်။ မြင်းလှည်း စစ်ရထားများကိုမီးရှို့ပစ် ကြသည်။ မြင်းဒူးကောက်ကွေးကြောဖြတ်ခြင်းမှာ မပြေးလွှားနိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။
၁၁:၁၀–၁၅ ထိုအရပ်ဒေသနေပြည်တော် ဟာဇော်ကို သိမ်းပိုက်ပြီးသောအခါ မီးရှို့ လောင်မြှိုက်ပြာကျစေသည်။ အခြားမြို့များကို မီးရှို့ခြင်းမပြု။ ဖျက်ဆီးရု့သာမက ဖျက်ဆီးပစ်သည်။ ထိုသို့ ဖျက်ဆီးရုံသာ ဖျက်ဆီးခြင်းမှာ (၁၁:၁–၉) ဣသရေလလူတို့ ပြန်လည် အသုံးပြုဖို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ လူများကိုမူ ကျူပင်ခုတ် ကျူငုတ်မကျန်စေအောင် ရှင်းလင်းပစ်သည်။ သိမ်းဆည်းရမိပစ္စည်းများကို ယူဆောင်သွားကြသည်။ မြေဝယ်မကျနားထောင်သူသည် အပြည့်အဝအောင်မြင်မှုရသည် (ငယ် ၁၅)။
၁၁:၁၆–၂၀ ဤကျမ်းချက်သည် ဧဒုံအရပ် (စိရ)ဟေရမုန်တောင် တောင်ဘက်၊ လေဘနုန်လွင်ပြင် အရှေ့မြောက်နှင့်အနောက်မြောက်ဒေသတခွင်တွင် ယောရှ၏စစ်ရေးအောင်ပွဲများကို ပြန်လည်စားမြုံ့ပြန်ခြင်း ဖြစ်သည်။ ဂိဗောင်မြို့သည် လွတ်ငြိမ်းချမ်းသာရာရရှိထားသည်။ ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ယေရုရှလင်မြို့သည် အောင်မြင်ခြင်းမရှိ။ (အပိုဒ်ငယ် ၁၆တွင် ပါရှိသည့် ကောရှန်သည် အဲဂုတ္တုပြည်မှ ကောရှန်မဟုတ်ပါ။ ပါလက်စတိုင်းတောင်ဘက်ရှိမြို့ဖြစ်သည်)။
၁၁:၂၁–၂၃ ယောရှုသည် ထိုအရပ်ဒေသရှိ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့များမှတပါး အာနကလူတို့၏ မြို့ပြပြည်ရွာများကို တစ်ခုတ်မကျန် ဆက်လက်သိမ်းပိုက်ချေမှုန်းပစ်သည်။ အငယ် ၂၃တွင် ပါရှိသည့် စစ်ပြေငြိမ်းဆိုသည်မှာ ဒေသခံများနှင့် စစ်ပြေငြိမ်းချင်းမဟုတ်ပါ။ တိုက်ခိုက်စရာတစ်ခုမကျန်အောင် တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။