ရှင်ယောဟန်ခရစ်ဝင် - ၂

ကာနမြို့မင်္ဂလာဆောင်ပွဲ
1သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။- 2ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။- 3စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။- 4ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။- 5မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။- 6ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖို့အလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။- 7ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။- 8ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။- 9ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊- 10အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။- 11ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
12ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊မ၊ ၄:၁၃။
ဗိမာန်တော်သို့၀င်သွားခြင်း
(မ၊ ၂၁:၁၂-၁၃။ မာ၊ ၁၁:၁၅-၁၇။ လု၊ ၁၉:၄၅-၄၆)
13ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။-ထွ၊ ၁၂:၁-၂၇။ 14ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသော သူတို့ကိုလည်းကောင်း၊ ပွဲစားများ ထိုင်လျက်ရှိသည်ကိုလည်းကောင်း တွေ့တော်မူလျှင်၊- 15ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊- 16ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏။- 17ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။ဆာ၊ ၆၉:၉။
18ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။- 19ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။-မ၊ ၂၆:၆၁၊ ၂၇:၄၀။ မာ၊ ၁၄:၅၈၊ ၁၅:၂၉။ 20ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။- 21ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။- 22ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက် ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့်၊ ကျမ်းစာကိုလည်းကောင်း၊ ယေရှု၏ နှုတ်ကပတ်တော်ကိုလည်းကောင်း ယုံကြ၏။
လူအကြောင်းကိုသိခြင်း
23ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- 24သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- 25လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။

ရှင်ယောဟန်ခရစ်ဝင် - ၂ (အနက်ဖွင့်)

(ဃ) ပထမ နိမိတ်လက္ခဏာ။ ရေကိုဝိုင်အဖြစ်သို့ပြောင်းလဲခြင်း (၂:၁-၁၁)

၂:၁ တတိယနေ့ဆိုသည်မှာ ဂါလိလဲတွင်တည်းသည့် တတိယနေ့ဖြစ်သည်။ ၁:၄၃ တွင် သခင်ဘုရားသည် ဂါလိလဲဒေသသို့ သွားသည်ဟုဆိုသည်။ ကာနမြို့၏ နေရာကို အတအကျမသိရသော် လည်း အငယ် ၁၂ကိုကြည့်ခြင်းအားဖြင့် ကပေရနောင်မြို့အနီး တောင်ပေါ်မြို့ဖြစ်သည်။

ထိုမြို့တွင် မင်္ဂလာဆောင်ပွဲတခု ကျင်းပသည်။ ယေရှု၏မယ်တော်သည်လည်း ပါဝင်သည်။ ယေရှု၏ မယ်တော်မာရိဟု သုံးနှုန်းခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ယေရှုသည် အပျို ကညာမေရိ၏ သားဖြစ်သောကြောင့် လူသိမများပါ။ သို့သော်လည်း မာရိသည် သခင်ဘုရား၏ မွေးသမိခင် မယ်တော်ဖြစ်သောကြောင့် လူသိထင်ရှားကျော်ကြားသည်။ သမ္မာကျမ်းစာကမူ မယ်တော်မာရိထက် ခရစ်တော်အားဦးစားပေးသည်။

၂:၂ ယေရှုနှင့် တပည့်တော်များတို့လည်း ထိုမင်္ဂလာဆောင်ပွဲသို့ ချီးမြှင့်ကြသည်။ ထိုမင်္ဂလာအောင်ပွဲသို့ သခင်ခရစ်တော်အား ဖိတ်ကြားခြင်းသည် လိမ္မာပါးနပ်၍ မင်္ဂလာရှိသော ဖိတ်ကြား ကြခြင်းဖြစ်သည်။ ယခုခေတ်မင်္ဂလာဆောင်ပွဲတွင်လည်း ခရစ်တော်အားဖိခေါ်သင့်သည်။ ခရစ်တော်ကို ဖိတ်ခေါ်သောကြောင့် သတို့သားနှင့် သတို့သမီးတို့သည် ယုံကြည်သူဖြစ်သွားကြသည်ဟုယူဆရသည်။ ထိုအကြင်လင်မယာ၏ ဘဝကြင်ဖော်အိမ်ထောင်ရေး အသက်တာသည် ကိုယ်တော်ဖြစ်စေချင်သော အိမ်ထောင်မိသားစုဘဝဖြစ်သွားကြသည်ဟု ထင်မြင်ယူဆရသည်။

၂:၃ ဧည်ခံသည့်ဝိုင်မလောက်သောအခါ ယေရှု၏ မယ်တော်သည် အိုးကမပူစလောင်း ကပူနေသည်။ သားတော်ကိုအားကိုးယုံကြည်သည်။ ဝိုင်လုံလောက်အောင် ဖန်တီးနိုင်စွမ်းရှိသည်ဟု ယုံကြည်သည်။ လူပုံအလယ်မှာလည်း သူသားအား ဘုရားသားတော်ဖြစ်ကြောင်း အထင်းအရှားပြသစေ ချင်သည်။ ကျမ်းစာတွင် ဝိုင်ကို ပျော်ရွှင်ခြင်းဟု မကြာခဏဖော်ပြသည်။ မယ်တော် မာရိက ဝိုင်ကုန်နေပြီ ဟုဆိုသည်။ ဝိုင် ပျော်ရွှင်ခြင်းဆိုသည်မှာ ယုံကြည်သူများအတွက်မဟုတ်။ မယုံကြည်သူများအတွက်သာ ဖြစ်သည်။

၂:၄ သခင်ဘုရားက မယ်တော်အားအေးတိအေးစက်၊ ခပ်တည်တည်ဖြင့်ပြန်ဖြေသည်။ သို့သော် အပြစ်တင်ညူညင်ခြင်းမဟုတ်။ သုံးနှုန်းသော ဝေါဟာရသည် ယဉ်ကျေး ပျူငှာသည်။ ဤအမှုအ ရာနှင့် ဘာများပတ်သက်စေချင်သနည်းဟုဆိုသည်။ ကိုယ်တော်အတွက် ဘုန်းတန်ခိုးရှိပါသည်။ သို့သော် ကိုယ်တော်၏ မိခင်၏ ညွန်ကြားမှုအောက်၌ မရှိ။ ကောင်းကင်ဘုံရှင်အဘ ဘုရား၏ အလိုတော်အတိုင်း သာဖြစ်သည်။ မယ်တော်က သားတော်အား ဘုန်းတန်းပြစေချင်သည်။ သို့သော် အချိန်ကာလမကျရောက် သေး။ အရာခပ်သိမ်းကို အောင်မြင်တော်မူသော ခရစ်တော် မပေါ်ထွန်းမှီ၊ ဦးစွာ ယဇ်ပလ္လင်၌ ပူဇော် သက္ကာ ပြုရသည်။ ထိုသို့ပြုသည့်အတိုင်း ကရာနီကုန်းပေါ်၌ လည်းပြုခဲ့သည့်အတိုင်း ဖြစ်သည်။

ထိုအကြောင်းကို William က ဤသို့ထောက်ပြခဲ့သည်။

အကျွန်ုပ်ဘာပြုစေချင်သနည်း ဟူသောစကားကို ကျမ်းစာထဲတွင် ကြိမ်ဖန်များစွာ တွေ့ရှိ သည်။ ဆိုလိုသည်မှာ ဘာလုပ်ခိုင်းသနည်း ဟုဖြစ်သည်။ ဘာမှ မခိုင်းပါဟု ဖြေပါသည်။ ဒါဝိဒ်ကလည်း သူဝမ်းကွဲ ယေရှုရ၏သားအား ထိုစကား (၂)ကြိမ် ပြောသည်။ ဝိညာဉ်ရေးရာနှင့် အမျှ ကင်းလွတ်သွားကြ သနည်း။ ဧလိရှဲကလည်း ၂ရာနှင့် ၃ရာတွင် သူနှင့် အာဟပ် သားယေဟု ရမ်အကြားဆက်ဆံရေးတွင် လေးနက်စွာ သုံးခဲ့သည်။ စာတန်က ယေရှုခရစ်အား ဘာမှမလုပ်ဆောင်နိုင် ကြောင်းပြောဆိုရာတွင်လည်း (၃)ကြိမ်တိတိသုံးခဲ့သည်။ ယခုနောက်ဆုံးအကြိမ် သခင်ယေရှုက မယ်တော်မာရိသို့ ပြောရာတွင်လည်း ဤစကားသုံးသည်။ ကိုယ်တော်၏ အပြစ်မဲ့သောဇာတိတော်နှင့် အပြစ်သား လူ့ဘဝအကြားမှာ ထိုစကား သည် နားရှိ၍ သာကြားရခြင်းဖြစ်သည်။ အပြစ်လူက ဝိညာဉ်လူကို မည်သို့ ခိုင်းစားနိုင် မည်နည်း

၂:၅ ထိုစကား၏ အရိပ်အခြေကို မယ်တော်သဘောပေါက်သောကြောင့် အစေခံများအား ကိုယ်တော်စေခိုင်းသည့်အတိုင်းလုပ်ဆောင်ဖို့ မှာကြားလိုက်သည်။ ထိုမယ်တော်၏ စကားသည် ယုံကြည် သူများအတွက် လည်းတန်ခိုးရှိသောစကားဖြစ်သည်။ သို့စကားအတိုင်းသော်၎င်း၊ သူများခိုင်းသည့် အတိုင်း သော်၎င်း၊ လိုက်လုပ် ဖို့မပြောပါ။ သခင်ယေရှု၏ စကားတော်ကိုသာ နာခံလုပ်ဆောင်ဖို့ ညွန်ပြ သည်။ ထိုစကားမျာ ဓမ္မသစ်ကျမ်းစာမျက်နှာများတွင် ဖတ်ရှုရသော ယေရှုနှုတ်ထွက် စကားများ ဖြစ်သည်။ ထိုကျမ်းစာများကို ဖတ်လေ၊ မယ်တော်မာရိ၏ ကိုယ်တော်စေခိုင်းသည့်အတိုင်း လုပ်ပါ ဟူသောစကား ကို အမှတ်ရနေကြပေမည်။

၂:၆ ထိုမင်္ဂလာဆောင်အခမ်းအနားတွင် ဂါလံ (၃၀)ခန့်ဝင်သော ကျောက်စည်ဝိုင်း (၆)ခု ရှိသည်။ ထိုကျောက်စည်သည် ယုဒများ မစင်ကြယ်သောအခါ ဆေးကြောသန့်စင်ရန် ရေထည့်သော ကျောက်စည်ဖြစ် သည်။ ဥပမာ အားဖြင့် ယုဒများသည် မသာ အလောင်းအား ကိုင်တွယ် ထိတွေ့သောအ ခါ နောက်တခါပူဇော်သက္ကာမပြုမချင်း မစင်ကြယ်။

၂:ရ ထိုကျောက်စည်များထဲသို့ ရေဖြည့်ရန် သခင်ယေရှုအမိန့်ရှိလိုက်သည်။ အစေခံများ ကလည်း ချက်ချင်းဖြည့်လိုက်သည်။ သခင်ခရစ်တော် သည် ဘုန်းတော်ထင်ရှားပြသရန် အရာဝတ္ထုတခုခု ကို အသုံးပြုလေ့ရှိသည်။ ဗလာချည်းပြရိုးမရှိ။ ကျောက်စည်ထဲတွင် ရေများဖြည့်ဆည်းပြီးကြသောအခါ ထိုရေများသည် ရုတ်ခြည်းစပျစ်ဝိုင်အဖြစ်သို့ အံ့ဩဖွယ်ရာ ပြောင်းလဲကုန်သည်။ ထိုရေဖြည့် သူများမှာ ခရစ်တော် ၏ တပည့်တော်များ နောက်လိုက်နောက်ပါများမဟုတ်။ ရပ်သူရွာသားများ ဖြစ်သည်။ သို့ကြောင့် ခရစ်တော်ဘုရား မျက်ညှည့်ပြခြင်း မဟုတ်ပါ။ ထည့်ထားသော ရေများသည်လည်း ဖိတ်လျှံ မတတ်ပြည့်နေသောကြောင့် အပေါ်ယံတွင် စပျစ်ဝိုင် ထပ်လောင်းခြင်းမဖြစ်နိုင်။

၂:၈ အံ့ဘွယ်နိမိတ်ကား ပြည့်စုံသွားပြီ။ ထို့ကြောင့် အစေခံများအား ထိုစပျစ်ဝိုင်ကို ကိုခပ် ထုတ်၍ ပရိသတ်များဝေငှဖို့အိုး သူကြီးကို သတင်းပိုခိုင်းသည်။ ထိုမျှတိုတောင်းသော ကာလတွင်  ရေများ စပျစ်ရည်ဖြစ်လာစရာအကြောင်းမရှိ။ သို့သော် ထိုနေရာတွင် အထင်အရှားဖြစ်ခဲ့သည်မှာ သာဓက။ ထို့ကြောင့် ကဗျာဆရာတဦးက အသိတရားမရှိသော ရေများသည် ပင်လျှင် ဘုရားရှင်၏ အလိုကို သိကြပြီ တကားဟု စပ်ဆိုခဲ့သည်။

၂:၉ အိုးသူကြီးဆိုသည်မှာ မင်္ဂလာပွဲတွင် ဧည့်ခံမြည်းစမ်းသောအခါ သဘာဝဖြစ်စဉ် ထက် ထူးခြားနေသည်။ ထိုစပျစ်ဝိုင်ဘယ်ကရောက်လာသည်မသိ။ အရသာချိုမြိန် လွန်းသောကြောင့် သူတို့သား ကဗျာကသီသွားခေါ်လိုက်သည်။

ယနေ့ခရစ်ယာန်လောကတွင် စပျစ်ဝိုင်ကို မည်သို့သဘောထားကြသနည်း။ တခါတရံတွင် ဓါတ်စားအဖြစ်မှီဝဲနိုင်ကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသည်  (၁တိ ၅:၂၃)။ ရိုးရာယဉ်ကျေးမှုအရ လည်းဧည့်ခံပစ္စည်းအဖြစ် သုံးစွဲတတ်ကြသည်။ မိမိစိတ်ဆန္ဒဖြေဖျော်မှုမဟုတ်ဘဲ၊ ဘုန်းတော်ထင်ရှားဖို့ အသုံးပြုနိုင်ပါသည်။ ဘုရားသခင်ပေးသော လက်ဆောင်များကို မငြင်းပယ်သင့်ပါ။ သို့သော် မူးယစ်ခြင်းကို ကျမ်းစာ ကတားမြစ်ပိတ်ပင်ကြောင်းမှတ်ထားပါ။ (ရောမ ၁၃:၁၃၊ ဂလာ ၅:၂၁၊ ဧ ၅:၁၈၊ ၁ပေ ၄:၃)။ ပျက်စီးခြင်း တရားအားလုံးကို တားမြစ်ကြောင်း ၁ကော ၆:၁၂ တွင် တဖန်ရေးထးသည်။ နောက်ဆုံးတွင် မူသူတပါးထိမိစရာဖြစ် သောအရာများကို ရှောင်ကြဉ်ဖို့ တားမြစ်ထားပါသည် (ရော ၁၄:၂၁)။

၂:၁ဝ ယေရှု၏ ဘုန်းတန်ခိုးလုပ်ဆောင်ချက်ကြောင့် မင်္ဂလာဆောင်ဧည့်ခံကျွေးမွေးခြင်း အစဉ်အလာသည် ပြောင်းပြန်ဖြစ်သွားသည်။ လုပ်ရိုးလုပ်စဉ် ဧည့်ခံခြင်းမှာ အကောင်းဆုံးစပျစ်ဝိုင်ကို ဦးစွာ တိုက်၍ နောက်ပိုင်းတွင် ပေါ့သောစပျစ်ဝိုင်ဖြင့် ဧည့်ခံလေ့ရှိသည်။ သောက်ထားသော အကောင်းဆုံး စပျစ် ဝိုင်ကို နောက်မျ သောက်ရသည်။ ထိုဖြစ်ရပ်သည် ကျွန်ုပ်တို့အတွက် ဝိညာဉ်ရေးရာ သင်ခန်းစာဖြစ်ပါသည် လောကသားများသည် လောကတွင် အပျော်လွန်ပြီးမှ ဘုရားရှင်ထံလာကြသည်။ အထူးသဖြင့် လူငယ်လူ ရွယ်များဖြစ်တာအချိန်ဖြုန်းကြပြီး၊ အရွယ်သာအိုမင်းလွန်ကုန်ကြသည်။ ခရစ်ယာန် အသက်တာသည် ဆန့်ကျင်ဘက်ဖြစ်သည်။ တချိန်လုံးတွင်သာ၍ ကောင်းမွန်တိုးတက်ရသည်။ ပွဲလမ်းသဘင်သည် ပထမပိုင်း ကိုဦးစားပေးသော်လည်း ခရစ်တော်သည် စပျစ်ဝိုင်ကို နောက်ဆုံးအချိန်ထိထိန်းထားသည်။

သမ္မာကျမ်းစာက ဣသရေလလူမျိုးများ၏ ဘဝကို တိုက်ရိုက်လက်ညှိုးထိုးပြခြင်းဖြစ်သည် ထိုခေတ်ကာလတွင် ယုဒထုံးတမ်းစဉ်လာ၏ စစ်မှန်သော ပျော်ရွှင်ခြင်းမရှိ။ ရိုးရာထုံးတမ်းစဉ်လာ၏ စစ်မှန် သော ပျော်ရွှင်ခြင်းမရှိ။ ရိုးရားထုံးတမ်းစဉ်လာနှင့် ဘာသာရေးပွဲတော်များ တွင် ပျားပန်းခတ်နေကြသော် လည်း အသတာမှာ အဓိပ္ပါယ်မရှိသော လူများဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာတွင် တလွဲဆံပင် ကောင်းသူများဖြစ်သည်။ ခရစ်တော်ဘုရားက သူ့ကို ယုံကြည်ကြဖို့ လာရောက်ရှာဖွေသည်။ ပျော်ရွှင်ခြင်း အစစ်အမှန်မြည်းစမ်းစေချင်သည်။ ယုဒအစဉ် အလာနှင့် ပွဲလမ်းသဘင်နေ့များကို ခရစ်တော်၌ စစ်မှန် သော ပျော်ရွှင်ခြင်း စပျစ်ဝိုင်ဖြစ်စေချင်သည်။

၂:၁၁ ဤနိမိတ်လက္ခဏာသည် သခင်ခရစ်တော်၏ ပထမဆုံးအကြိမ် နိမိတ်လက္ခဏာ ပြခြင်းဖြစ်သည်။ သခင်ခရစ်တော် ထိုကဲ့သို့ ကလေးသူငယ်က ဘုန်းတန်ခိုးပြခြင်းသည် ဘာသာရေးကို ပြစ်မှားရာရောက်သည်ဟု “ရှင်တရုခရစ်ဝင်ကျမ်း” ကဲ့သို့သော ကျမ်းစာအတုများကစွပ်စွဲကြသည်။ သခင် ဘုရား၏ ဇာတိတော်နှင့် ဂုဏ်သိက္ခာများကို သန့်ရှင်းသော ဝိညာဉ်တော်က ငယ်စဉ် တောင်ကျေးဘဝ မှစ၍ ကာကွယ်စောင့်ရှောက်နေပါသည်။

ရေကို စပျစ်ဝိုင် အဖြစ်သို့ ပြောင်းလဲစေခြင်းသည် နိမိတ်လက္ခဏာတခုဖြစ်၍ အဓိပ္ပါယ်ရှိ သည်။ လူ့စွမ်းအားလွန် ဝိညာဉ်ရေးရာ အဓိပ္ပါယ်ဖြစ်သည်။ ထိုနိမိတ်လက္ခဏာက ယေရှုသည် ခရစ်တော် ဘုရားဖြစ်ကြောင်း သက်သေခံခြင်းဖြစ်သည်။ ဤနိမိတ်လက္ခဏာကိုယ်တော်၏ ဘုန်းတန်ခိုးကြွယ်ဝပုံ ပြသည်။ ဘုရားစစ် ဘုရားမှန်ဖြစ်ကြောင်း သက်သေထူခြင်းဖြစ်သည်။ တပည့်တော်များက ကိုယ်တော်ကို ယုံကြည်ကြသည်။ နဂိုရ်ကတည်းက ယုံကြည်ကြသော်လည်း ဤနိမိတ်လက္ခဏာတွေ့သောအခါ ယုံကြည် ခြင်းပိုမိုခိုင်မာသည်။ ပို၍ သစ္စာရှိကြသည်။ ထိုအကြောင်းကို C.Jones က ဤသို့ထောက်ပြသည်။

မောရှေ၏ ပထမဆုံးနိမိတ်လက္ခဏာမှာ ရေကိုအသွေးသို့ပြောင်းလဲခြင်းဖြစ်သည်။ ထိုနိမိတ်လက္ခဏာသည် အနှုတ်လက္ခဏာပြသခြင်းဖြစ်သည်။ သို့သော် ခရစ်တော်၏ အံ့ဖွယ်နိမိတ်လက္ခ ဏာမူကား ရေမှစပျစ်တိုင်သို့ ပြောင်းလဲ စေခြင်းဖြစ်သည်။ စိတ်ငြိမ်းချမ်းရာ ဖြေသိမ့်ခြင်း အပေါင်းလက္ခ ဏာဖြစ်သည် 

(င) ဘုရားသားတော်က ခမည်းတော်၏ အိမ်တော်ကို သန့်ရှင်းစေခြင်း (၂:၁၂-၁၇)

၂:၁၂ ကယ်တင်သောအရှင်သည် မယ်တော်ညီတော်များ တပည့်တော်များ နှင့် အတူကာ နမှ ကပေရနောင် သို့ထွက်ခွာသွားကြသည်။ ကပေရနောင်တွင် ရက်အနည်းငယ် သာနေပြီး သခင် ဘုရား သည် ယေရုရှလင်သို့ခရီးဆက်ပြန်သည်။

၂:၁၃ ဤကျမ်းအစတွင် သခင်ဘုရားယေရုရှလင်မြို့သို့ ချီတက်ကြောင်းသာ ရေးထား သည်။ အမှုတော်လုပ်ဆောင်ချက်များကို (၃:၂၁) တွင်ရေးထားသည်။ အမှုတော်စတင်ခြင်းနှင့် ပသခါနေ့ တွင် ဗိမာန်တော် ရှင်းလင်းခြင်းအကြောင်းကို (မ ၂၁:၁၂-၁၃၊ မာ ၁၁:၁၅-၁၈၊ လု ၁၉:၄၅-၄၆) တို့နှင့် ယှဉ်ဖတ်ပါ။ ပသခါပွဲတော်သည် နှစ်စဉ်ကျင်းပသောပွဲတော်ဖြစ်သည်။ ဣသရေလများ အဲဂုတ္ထုပြည် ကျွန် ဘဝမှ လွတ်မြောက်ခြင်း၊ ပင်လယ်နီနှင့် ကန္တာရ တောကြမ်းကို ဖြတ်သန်းခြင်း၊ ကတိတော်မြေသို့ခြေချခြင်း အထိမ်းအမှတ်ဖြစ်သည်။ ပထမဆုံး ပသခါပွဲ ကျင်းပပုံကို ထွက်မြောက်ရာကျမ်း အခန်း ၁၂တွင် တွေ့ရသည်။ ယုဒပြက္ခဒိန်အရအရေးကြီးသော ဘာသာရေးအစဉ် အလာပွဲဖြစ်သောကြောင့် ခရစ်တော် ယေရှုသခင်လည်း ယေရုရှလင်သို့ ကြွရောက်ခြင်းဖြစ်သည်။

၂:၁၄ ဗိမာန်တော်သို့ ရောက်သောအခါ ဗိမာန်တော်သည် ဈေးပွဲတော်ဖြစ်နေသည်။ နွား၊ သိုး၊ ချိုးများရောင်းဝယ် ဖောက်ကားကြသည်။ ငွေကုန်သည်များကလည်း ထိုးမပေါက်အောင် ရှုပ်ရှက် ခတ်နေကြသည်။ တိရစ္ဆာန်များနှင့် ငှက်များကို ပူဇော်သက္ကာပြုဖို့ ရောင်းခြင်းဖြစ်သည်။ ငွေကုန်သည် များမှာ နိုင်ငံရပ်ခြားမှ ရောက်လာသူများအား ဗိမာန်တော်ဝင်ခွင့် အခွန်ပေးဆောင်ရန်၊ ဈေးဝယ်ရန် ငွေလဲ လှယ်ပေးခြင်းဖြစ်သည်။ ထိုငွေကုန်သည်များသည် ရပ်ဝေးမြေခြားရောက်လာသူများအား အဆမတန် ငွေ ကြေးနှိမ့်ချ၍ လဲလှယ်အနိုင်ကျင့်ကြသည်။

၂:၁၅ သခင်ဘုရားက ထိုသူများကို ရိုက်ထုတ်မောင်းနှင့်ရန်ကြိုးငယ်သီးသန့် ကိုင်ဆောင် ထားသည်။ ထိုကြိုးဖြင့် တကယ်မရိုက်ပစ်ပါ။ ကိုယ်တော်အတွက် လုပ်ပိုင်ခွင့် အာဏာရှိကြောင်းပြသရန် ကိုင်ဆောင်ခြင်းဖြစ်သည်။ ကြိုးတရမ်းရမ်းနှင့် သူတို့ရှေ့တွင် လျှောက်ပြသည်။ ချိုးငှက်များကို လွှတ်ပစ် သည်ငွေကုန်သည် များ၏ စားပွဲများကိုလည်းတွန်းလှန်မှောက်လဲပစ်သည်။

၂:၁၆ ဆင်းရဲသားများအား ချိုးငှက်ဖြင့် အပြစ်ဖြေနိုင်ကြောင်း ပညတ်တော်ပြ ဌာန်းထား သည်။ ငွေကြေးချို့တဲ့သူများသည် ချိုးငှက်ဖြင့် အပြစ်ဖြေပူဇော်ကြရ သည်။ သခင်ဘုရားက ထိုတိရိစ္ဆာန် များကို အကုန်မောင်းထုတ်ခိုင်းသည်။ အဘခမည်းတော်၏ အိမ်တော်ကို ပွဲဈေးတန်းမလုပ်ဖို့ တားမြစ် သည်။ ထိုကာလတွင် ဗိမာန်တော်သည် ချမ်းသာကြွယ်ဝဖို့ ငွေရှာပေါက်ဖြစ် နေသည်။ ဗိမာန်တော်တွင် ပြုသမျှသည် မတရားမှုနှင့် ရက်စက်မှုမရှိ။ အားလုံးမျှတသည်ဟု ယူဆကြသည်။

၂:၁ရ ခရစ်တော်က ထိုသို့ပြုလုပ်ကြောင်း တွေ့ကြသောအခါ တပည့်တော်များသည် (ဆာ ၆၉:၉)တွင်ပါရှိသည့် မေရှိယ ရောက်ရှိလာသောအခါ ကိုယ်တော် ၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်းရှိ မည်ဟူသော ကျမ်းစာ သားကို အသိဝင်လာကြသည်။ ယခုသခင်ယေရှုက ဗိမာန်တော်အားသန့်ရှင်း စင် ကြယ်စေသောအခါ ဆာလံဆရာ ရေးသားထားသော ကျမ်းပိုဒ်သည် ပြည့်စုံကြောင်း မြင်ကြသည်။

ထိုကဲ့သို့ပင် ခရစ်ယာန်များ၏ ခန္ဓာကိုယ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော် ဖြစ်ကြောင်း မှတ်သားရမည်။ ထို့ကြောင့် သခင်ယေရှုကလည်း ယေရုရှလင် ဗိမာန်တော်အား ခန္ဓာကိုယ် သည်လည်း မသန့်ရှင်းလျှင် သခင်ခရစ်တော်က မှောက်လှန်မည့် အကြောင်း သတိပေးရမည်။

(စ) ကိုယ်တော်အသေခံမည့်အကြောင်းနှင့် ရှင်ပြန်ထမြောက်မည့်အကြောင်း ကြိုတင် ဟောကြားခြင်း (၂:၁၈-၂၂)

၂:၁၈ ယုဒများသည် အံ့ဖွယ်နိမိတ်လက္ခဏာများကို တချိန်လုံးလိုက်လံရှာဖွေသူများဖြစ် သည်။ သူတို့ပြောနေကြစကားမှာ “သင့်မှာ တန်ခိုးအစွမ်းရှိလျှင်အံ့ဖွယ်တခုခုလုပ်ပြပါ။ အဲ့ဒါဆိုရင် ယုံကြည်လိုက်မယ်” ဟုဆိုတတ်ကြသည်။ ခရစ်တော်က နိမိတ်ပြလျှင်လည်း နောက်ထပ်တခုတောင်း ဆို ကြပြန်သည်။ သူတို့ နှုလုံးသားတံခါးကို အစဉ်ပိတ်ထားကြသည်။ ဤနေရာတွင်လည်း မည်သည့် အစဉ် ပိတ်ထားကြသည်ဟုစိန်ခေါ် ကြသည်။ မေရှိယ သခင်ဖြစ်ကြောင်း တခုခု ပြခိုင်းကြပြန်သည်။

၂:၁၉ ယေရှုခရစ်တော်က အကုန်လုံးတုန်လှုပ်အံ့ဩသွားအောင် သူသေမည့်အကြောင်း နှင့်ရှင်ပြန်ထမြောက်မည့်အကြောင်းပြောပြသည်။ ဗိမာန်တော်ကို အကုန်အစင်ဖျက်သိမ်းပြီး (၃)ရက်အ တွင်း ပြန်ဆောက်မည်ဟုဆိုသည်။ ဤကျမ်းပိုဒ်တွင် ခရစ်တော်၏ ဇာတိတော်ဖြစ်အင်တခုတွေ့ရပြန်သည် ဘုရားသခင်တပါးတည်းသာလျှင် “သုံးရက်အတွင် တည်ဆောက်နိုင်သူ”ရှိပါသည်။

၂:၂ဝ ယုဒများက ခရစ်တော်၏ စကားအဓိပ္ပါယ်သဘောမပေါက်ကြပါ။ ဝိညာဉ်ရေးရာ ထက် လောကအရာများတွင် စိတ်နှလုံးရှိနေသည်။ ဗိမာန်တော်ဆိုသည်မျာ ဟေရုဒ်မင်းတည်ဆောက် ထားသော ယေရုရှလင် ဗိမာန်တော်ဟု ထင်မှတ်ကြသည်။ ထိုဗိမာန်တော်ကို နှစ်ပေါင်း (၄၆)ကြာ ဆောက် လုပ်ခြင်းဖြစ်သည်။ (၃)ရက်အတွင်း ပြန်လည်တည်ဆောက်မည်ဆိုသော စကားကို အယုံအကြည်မရှိကြ။

၂:၂၁ သခင်ယေရှုမိန့်ဆိုသော ဗိမာန်တော်ဆိုသည်မှာ အဘဘုရားသခင် ဦးဆောင်မှုဖြင့် အရာခပ်သိမ်းပြည့်စုံရာဖြစ်သော ခန္ဓာကိုယ်ကိုဆိုလိုသည်။ ထိုယုဒလူများသည် ထိုဗိမာန်တော်ကိုပင် ညစ် နွမ်းစေပြီဖြစ်သောကြောင့် နှစ်ပေါင်းမကြမီကာလတွင် ကိုယ်တော်အား သတ်ပစ်ခဲ့ကြမည်မှာ မဆန်းတော့ ပါ။

၂:၂၂ သခင်ခရစ်တော် ကားတိုင်တွင် အသေခံပြီး၊ သေခြင်း မှ ရှင်ပြန်ထမြောက် တော်မူ သောအခါ သာလျှင် တပည့်တော်များက ကိုယ်တော်ပြောခဲ့သော သုံးရက်အတွင်း ပြန်လည် တည် ဆောက်မည်ဟူသော စကားကို သဘောပေါက်ကြသည်။ သူတို့ရှေ့တွင် ပြုခဲ့သော ပရောဖက်ပြုချက်သည် အမှန်တကယ်ပြည့်စုံကြောင်း မျက်ဝါးထင်ထင်တွေ့မြင်ကြရသည်။ သမ္မာကျမ်းစာနှင့် ယေရှုခရစ်တော် ကို ထိုအခါ ကျမှ ယုံကြည်လာကြသည်။

သမ္မာတရားသည် နားလည်ရခက်ကြောင်း မကြာခဏတွေ့ရသည်။ သို့သော် နှုတ်ကပတ် တော်များကို နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ၊ ရင်မျာ သိမ်းထားဖို့ ဤကျမ်းပိုဒ်က သွန်သင်ပါ သည်။ ယခုနားမလည်နိုင်သေးသော်လည်း တနေ့သောအခါ သခင်ဘုရားက ရှင်းလင်းလွယ်ကူစွာ ရှင်းပြ ပေးပါသည်။ သမ္မာကျမ်းစာကို ယုံကြည်လာကြသည်ဆိုသည်မှာ မေရှိယသခင် ပြန်လည်ထမြောက် မည့်အကြောင်း ဓမ္မဟောင်းပရောဖက် ပြုချက်များကို ဆိုလိုသည်။

(ဆ) ခရစ်တော်အား ယုံကြည်ရန် အကြောင်းအရာများ (၂:၂၃-၂၅)

၂:၂၃ ယေရုရှလင်မြို့ပသခါပွဲတော်တွင် အံ့ဖွယ်နိမိတ်လက္ခဏာပြသခြင်းဖြင့် လူများစွာက ယုံကြည်ကြသည်။ ထိုသို့ ယုံကြည်ခြင်းသည် အသက်တာအတွက် ယုံကြည်ကြခြင်းမဟုတ်။ ယုံကြည် သ ယောင် ရှိခြင်းဖြစ်သည်။ အမှန်တကယ်ယုံကြည်ခြင်းမဟုတ်။ အပြင်ပန်း လက္ခဏာ ယုံကြည်ခြင်းဖြစ်သည် ယနေ့ခေတ်ကာလတွင် ယုံကြည်သူခရစ်ယာန်ဖြစ်သည်ဟု မိမိကိုယ်ကို ပြောဆိုကြသော်လည်း အသက် တာပြောင်းလဲခြင်းမရှိခြင်းမျိုးဖြစ်သည်။

၂:၂၄ ထိုသို့ လူအများအပြား ယုံကြည်လာဟန်ရှိကြသော်လည်း ထိုသူများ၏ ယုံကြည် ခြင်းကို ခရစ်တော်က ယုံကြည်စိတ်ချမှုမရှိ။ အပေါ်ယံ ယုံကြည်ခြင်း သာဖြစ်ကြောင်း ခရစ်တော်ဘုရား နားလည်သည်။ အံ့ဘွယ်နိမိတ်လက္ခဏာများကို ကြည့်ရှုရန်နှင့် ပသာဒခံစားရန်သာဖြစ်သည်။ ထိုသူများ၏ အကြံအစည်နှင့် စိတ်နှလုံးကို သခင်ယေရှုက အကုန်အစင်ထွင်းဖောက်သိမြင်သည်။ သူတို့ပြုမူ လှုပ်ရှား ပုံကို ကိုယ်တော်မြင်သည်။ ယုံကြည်ခြင်း အစစ်လား၊ အတုလား ကိုယ်တော်သိနေသည်။

၂:၂၅ ဘုရားသခင်၏ အမြင်ထက် မိမိစိတ်နှလုံးကို ပိုမိုသိရှိသူမရှိပါ။ ကိုယ်တော်သည် လူ့စိတ်နှလုံးဘဝ အသက်တာကို သိမြင်သူဖြစ်သောကြောင့် မည်သူကမှ သွန်သင်ပြသစရာ မလိုပါ။ လူ့အတွေးအပြုအမူအားလုံး ကြိုသိနေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။