ယောဘ၀တ္ထု - ၁

ယောဘနှင့်မိသားစု
1ယောဘအမည်ရှိသောသူ တစ်ယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ 2သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။ 3သူ၏ဥစ္စာကား၊ သိုး ခုနစ်ထောင်၊ ကုလားအုတ် သုံးထောင်၊ နွားယှဉ် ငါးရာ၊ မြည်းမ ငါးရာ၊ ငယ်သားအတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာ အရပ်သားတကာတို့ထက် သာ၍ကြီးသောသူ ဖြစ်၏။
4ယောဘ၏သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသော နေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်း ခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ 5ပွဲခံသောနေ့ရက် လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။
ယောဘကိုတိုက်ခိုက်ခြင်း
6ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏။ 7ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်က လာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ 8ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အားမိန့်တော်မူ၏။ 9စာတန်ကလည်း၊ ယောဘသည်အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ 10ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ 11ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 12ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
ယောဘ၏မိသားစုကိုတိုက်ခိုက်ခြင်း
13တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင် စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊ 14ယောဘထံသို့ တစ်မန်တစ်ယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ၊ 15ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 16ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ဘုရားသခင်၏မီးသည် မိုးကောင်းကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍ သူတို့သည် ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 17ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 18ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကိုသောက်လျက် နေကြသောအခါ၊ 19တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 20ထိုအခါ ယောဘသည်ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ 21အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ 22ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။

ယောဘ၀တ္ထု - ၁ (အနက်ဖွင့်)

၁။နှုတ်ခွန်းဆက်စကား။ယောဘအားစုံစမ်းခြင်(အခန်း၁၊၂)

(က)ဖြစ်စဉ် ၁    ။ဥဇပြည်(၁:၁-၅)

၁:၁-၃ ယောဘသည် ဥဇပြည်မှသူဌေးသူကြွယ်တစ်ဦးဖြစ်သည်။မြည် ၂၄:၂၁ အရ ဥဇပြည်သည် ပါလက်စတိုင်း အရှေ့တောင်ဘက် ဧဒုံဒေသတွင်ရှိသည်။၃ ဘုရားတရားကွညျညိုကိုငျးရှိုငျး၍ သား (၇)ဦး၊ သမီး(၃)ဦး ထှနျးကားသူလညျးဖွစျသညျ။ အိမျမှေးတိရစာ်ဆနျမြားအုပျလိုကျသငျးလိုကျပေါျကွှယျဝသညျ။ သို့ကွောငျ့ အရှေ့တိုငျးပွညျတှငျအခမြျးသာဆုံးသူဖွစျသညျ။

၁:၄-၅ သိမှတ်ဖွယ်ရာအရေးကြီးဆုံးအချက်မှာ ထိုခေတ်ကာလသည် ဖခင်များအုပ်စိုးသောခေတ်ဖြစ်သည်။ အိမ်ထောင်ဦးစီး ဖခင်သည် မိသားစုယဇ်ပုရောဟိတ်လည်းဖြစ်သည်။ သို့ကြောင့်ယောဘသည် သူ့သားများအတွက် မီးရှို့သက္ကာပူဇော်ပေးသည်။ သာမန်အားဖြင့်ပွဲတော်ကျင်းပခြင်းသည် ပျော်ရွှင်ခြင်းအထိမ်းအမှတ်ဖြစ်သော်လည်း ချွတ်ချော်တိမ်းပါးခြင်း မရှိဖို့အရေးကြီးသည်။ အန္တရာယ်နှင့်လည်းနီးကပ်သည်။ ထိုကဲ့သို့ပင် ခရစ်စမတ်ပွဲတော်နှင့် ပတ်သတ်၍ C.H Spurgeon ကမှတ်သားဖွယ်ရာခေတ်ကာလ အကြောင်းကို ဤသို့ရှင်းပြသည်။

ဖခင်များအုပ်စိုးသောခေတ်တွင် မိသားစုအလိုက်ပွဲတော်ကျင်းပပြီးသည့်နောက်တနေ့ မည်သို့ရှိကြသနည်း။ ကုန်လွန်ခဲ့သောနေ့က ပင်ပန်းခဲ့သမျှအတိုးချ အနားယူကြသည်။မိသားစုအလိုက် ပြန်လည်စုစည်းပြီး အပြစ်ဒုဇရိုက်များ ဖယ်ရှားခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းသာကြသည်။ အပြစ်များကိုမေ့လျှော့ကြသည်။ ခရစ်ယာန်အသက်တာတွင် ပွဲတော်များသည် သန့်ရှင်းစင်ကြယ်သော်မင်္ဂလာပွဲများဖြစ်သင့်သည်။ သို့သော် လက်လွတ်စပယ်မဖြစ်သင့်။ သန့်ရှင်းသော မင်္ဂလာဆိုသည်မှာ စိတ်နှလုံးကြေကွဲခြင်းဖြစ်သည်။ အယူအဆမမှားကြစေလို။ ပျော်ပွဲရွှင်ပွဲဆင်နွှဲရခြင်းထက် စိတ်နှလုံးကြေကွဲ၍ မျက်ရည်ဖြင့်ဆေးကြောခြင်းက ပို၍တန်ဖိုးရှိပါသည်။ယုံကြည်သူညီအကိုများ သင့်ယနေ့မှာ မည်သည့် အ့ပြစ်ဒုစရိုက်ကျူးလွန်မိပါသလဲ။ အခြားလူများအား အမှားသရုပ်ပြ ပြမိပါသလား။ အပြစ်ကိုယ်ဝန်ခံ၍ ချက်ချင်းပူဇော်သက္ကာပြုလိုက်ပါ။ သိုးသငယ်၏ အသွေးဖြင့် အပြစ်များကို သန့်စင်ဆေးကြောနိုင်ပါသည်။ သင့်အပြစ်ဒုစရိုက်များနှင့် နေမော်နမဲ့စည်းကမ်းပျက်မှုများကိုလည်း စင်ကြယ်စေပါသည်။

(ခ)ဖြစ်စဉ် ၂။ ဘုရားသခင်ကိန်းဝပ်စံပယ်ရာ ကောင်းကင်ဘုံ(၁:၆-၁၂)

၁:၆-၁၂ ဘုရားသခင်၏သားများ(ကောင်ကင်တမန်)များ ဘုရားသခင်ရှေ့တွင် ပေါ်ထွန်းလာကြောင်းတွေ့ရသည်။ စာတန်(ဟေဗြဲဝေါဟာရဖြင့်စွဲချဟုအနက်ရသည်) လည်း ဘုရားသခင်ရှေ့သို့ရောက်လာသည်။ ဘုရားသခင်က သူ့လူယုံတော်ယောဘ၏ယုံကြည်ခြင်းသစ္စာအကြောင်း စကားဖောင်ဖွဲ့သောအခါစာတန်က မကျေနပ်။ဘုရားသခင်က ယောဘအား ဥစ္စာဓနပေါကြွယ်ဝစေသောကြောင့် ဘုရားသခင်ကို ချစ်ကြောက်ခြင်းဖြစ်သည်ဟု ဆင်ခြေပေးသည်။အကယ်၍ ပေးထားသောစည်းစိမ်ဥစ္စာများရုတ်သိမ်းကြည့်ပါလား။ဘုရားသခင်ကို ချက်ချင်းကျိန်တွယ်လိမ့်မည်ဟု စကားကွန့်လိုက်သည်။

(ဂ)ဖြစ်စဉ်၃။ ဥဇပြည်ရှိယောဘစည်းစိမ်ဥစ္စာများပျက်စီးဆုံးရှုံးခြင်း (၁:၁၃-၂၂)

၁:၁၃-၁၉ သို့ဖြင့်ယောဘ၏ဥစ္စာပစ္စည်းများ ဖျက်သိမ်း၍ ယောဘ၏ယုံကြည်ခြင်းအားဆန်းစစ်ရန် ဘုရားသခင်က စာတန်အား ခွင့်ပြုလိုက်သည် ။ သို့သော် ယောဘ၏ခန္ဓာကိုယ်၊ အသက်အန္တရာယ်မထိခိုက်စေရ။

သို့ဖြင့်ယောဘထံသို့ ကံကြမ္မာဘေးဥပါဒ်တခုပြီးတခုဆင့်ကာ ဆက်ကာပေါ်ပေါက်လာသည်။

၁။ ရှေဘအမျိုးသားများက လယ်ထွန်နွားငါးရာ နှင့်မြည်းမငါးရာလုယူသွားကြောင်း၊ သတင်းပေးဖို့ လူတစ်ယောက်မှတပါးအခြားသူများကိုလည်း သတ်ပစ်ခဲ့ကြသည်။

၂။ သိုးခုနှစ်ထောင်နှင့် သိုးထိန်းများကို မိုးကြိုးပစ်သေကုန်သည်။

၃။ခါလဒဲသားများက ကုလားအုပ်သုံးထောင်နှင့် အစောင့်များဖမ်းဆီးခေါ်ဆောင်သွားကြသည်။

၄။လေပြင်းမုန်တိုင်းက အိမ်များကို ပြိုလဲပျက်စီး စေသဖြင့်စပျစ်ဝိုင်ရေသောက်သုံးနေသောယောဘ၏သားသမီးများ ပိပြားသေစေကုန်သည်။

၁:၂၀-၂၂ ထိုသို့ဘေးဆိုး ကံကြမ္မာဆိုး တပူပေါ်နှစ်ပူဆင်သော်လည်း ယောဘသည်ယုံကြည်ခြင်းသစ္စာမပျက် “ငါသည်အဝတ်မပါဘဲ၊ အမိဝမ်းထဲသို့ပြန်သွားတော့မည်။ထာဝရဘုရားကပေး၍ ထာဝရဘုရားက ပြန်လည်ရုတ်သိမ်းသည်။ထာဝရဘုရား နာမတော်သည် မင်္ဂလာရှိပါစေသတည်း” ဟုဘုရားသခင်ထံ ဆိုနိုင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။