ယေရမိအနာဂတ္တိကျမ်း - ၄
ယေရမိအနာဂတ္တိကျမ်း - ၄ (အနက်ဖွင့်)
(၃) မြောက်အရပ်မှတရားစီရင်ခြင်းအမင်္ဂလာ(၄:၅–၃၁)
၄:၅–၁၃ ဘုရားသခင်ထံတော်သို့ ပြန်လာကြလျှင် ထိုသူတို့နှင့်အတူ မေရှိယသခင်ကိုယ်တိုင် စိုးစံ၍လူမျိုးများအား ကောင်းကြီးမင်္ဂလာ သွန်းလောင်းမည်။ သို့ကြောင့် ယုဒလူမျိုးနှင့် ယေရုရှလင်အား ရုပ်တုဆင်းတု ကိုးကွယ်ခြင်းပစ်ခွာကြရန် ဘုရားရှင်က ထပ်မံသတိပေးသည်။ တစ်နည်းအားဖြင့် ကျူးကျော်ရေးသမားများ (ဗာဗုလုန်)ကို ခြင်္သေ့၊ လေပူရိုင်း၊ မိုးတိမ်။ လေပွေနှင့် လင်းတငှက်များအဖြစ် ဘုရားသခင်က စေလွှတ်မည်။ ဘုရားသခင် ပေးထားသော ငြိမ်သက်ခြင်း၊ ကတိတော်နှင့် မျက်မှောက်ကာလ တရားစီရင်မည့်အကြောင်း မဆက်စပ်ပေးနိုင်မှုကိုအခန်းငယ် (၁၀)တွင် တင်ပြထားသည်။ ဘုရားသခင်သည် ဘယ်သောအခါမှ ကတိသစ္စာ မပျက်ကြောင်း ယေရမိယုံကြည်သည်။ အလင်းရောင်ထဲသို့ ရောက်ရှိသောအခါ သံသယအမှောင် တဖျောက်ကျူးလွန်ခဲ့ကြောင်း ပြန်သတိရသည်။ ယုံကြည်သူများသည်လည်း ဘေးအန္တရာယ်နှင့် စိတ်ပျက်အားငယ်ခြင်း ကြုံတွေ့သောအခါ ထိုကဲ့သို့ဖြစ်တတ်သည်ကို သတိပြုပါ။ သို့ကြောင့် ခရစ်ယာန်အသက်တာတွင် ယုံကြည်ခြင်း အပေါ် သံသယရှိခြင်းနှင့် သံသယအား ယုံကြည်ခြင်း ထက် ယုံကြည်ခြင်းအပေါ် ခိုင်မာတည်ကြည်ဖို့ နှင့်သံသယအား ပိုမိုသံသယ ထားဖို့လိုအပ်ပါသည်။
၄:၁၄–၁၈ ယုဒများသည် အကျင့်စရိုက်ဆိုး၊ ဒုစရိုက်အပြစ်မှ လွတ်ထွက် ရန်အမှန်တကယ် လိုအပ်နေပြီ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သတိပေးထားသော ယုဒများကို ချေမှုန်းဖျက်ဆီးမည့် မြောက်ပိုင်းအရပ်မှ ဒန်လူမျိုးနှင့် ဧဖရိမ်ထောင်က ချီတက်လာနေကြပြီ။ ယုဒများ၏ အပြစ်ဒုစရိုက်ထောင်လိုပုံမှု၊ ဘုရားသခင်ကို ပုန်ကန်မှုတို့ကြောင့် ယေရုရှလင်မြို့အား ဖျက်ဆီးရန် မြောက် ပိုင်းသားများအား ဘုရားသခင်က အခွင့်အရေးပေးနေပြီ။
၄:၁၉–၂၂ သူ့လူများ၏ အပြစ်ဒုစရိုက် မိုက်မဲမှုကြောင့် ပရောဖက်ယေရမိ ဝမ်းနည်းကြေကွဲပုံကို အပိုဒ်ငယ်၁၉-၂၁တွင် ဖော်ပြထားသည်။ “အို၊ ငါ့ဝိညာဉ်၊ ငါ့ဝိညာဉ်” ဆိုသည်မှာ ”ငါအသဲနာ၏။ အရေဖျားလည်းနာ၏ နှလုံးပူဆွေး၏။ အောင့်မခံနိုင်” ဟု ဆိုလိုသည်။ စစ်မက်ရေးရာ ဖြစ်ပွား၍ မီးလောင်ပြာကို ပျက်စီးကြမည့်အကြောင်း မမြင်ရက်။ တချိန်က စည်းကားသိုက်မြိုက်သော မြို့တော်အား လွင်တီးခေါင်ပြင် ဖြစ်မည် မတွေးရဲ။ အပိုဒ်ငယ်(၂၁)တွင်” အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း” ဟူသောမေးခွန်းအပိုဒ်ငယ် (၂၂)တွင်” ငါ၏ လူများထိုင်းမှိုင်းမိုက်မဲခြင်းနှင့် မကောင်းသော ဒုစရိုက်မှ ပြန်ထွက်လာသည့်တိုင်အောင်” ဟု ဖြေထားပါသည်။
၄:၂၃–၃၁ ယုဒပြည်တွင် ကပ်ဆိုးကျရောက်မည့်အကြောင်း ရူပါရုံတွေ့မြင်ပုံကို ယေရမိက ဟောကြားထားသည်။ ဘုရားသခင်က သတိပေးထားသည်။ ထိုကျရောက်မည့် ကပ်ဆိုးသည် နောက်ဆုံးအကြိမ် မဟုတ်သေးပါ။ ဘုရားသခင်၏ အကြံအစည်တော်သည် တပွဲတိုးမဟုတ်။ လှပကြော့မော့ခဲ့သော ယေရုရှလင်ထံမှ သားဘွားသည့်ညည်းသံ၊ သားဦးဖွားသောမိန်းမ၏ ဝေဒနာသံကြားကြရဦးမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။