ယေရမိအနာဂတ္တိကျမ်း - ၃၁
ယေရမိအနာဂတ္တိကျမ်း - ၃၁ (အနက်ဖွင့်)
(ခ) နိုင်ငံတော် ပြန်လည်ထူထောင်ခြင်း(၃၁:၁–၃၀)
၃၁:၁–၂၀ ဣသရေလမြောက်ပိုင်းသားများ ပြန်လည်စုစည်းကြမည့် အကြောင်းအားရ ကြည်နူးဖွယ်ရာ ရေးထားသည်။ ကမ္ဘာအနှံ့အပြားရှိ ဣသရေလလူမျိုးများ ပြန်လည်စုစည်းလာကြမည်။ အလွမ်းအဆွေး မျက်ရည်များ ခမ်းခြောက်၍ ပျော်ရွှင်ခြင်းသီချင်း ဆိုကြမည်။ ရာခေလ၏ မျက်ရည်သည် ဣသရေလသားများ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကြသောကြောင့် ငိုကြောရှည်သည်။ ဣသရေလများ နောင်တရကြ၍ ဘုရားသခင်က အပြစ်ခွင့်လွှတ်သောအခခါ ထိုမျက်ရည်သည်လည်း ခမ်းခြောက်မည်။ အပိုဒ်(၁၅)ကို မ၂:၁၈တွင် ပါရှိသည့် ဟေရုဒ်မင်းက သားယောက်ျားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်စဉ် သားသည် မိခင်များ၏မျက်ရည်ကျခြင်းနှင့် ဆက်စပ်ခိုင်းနှိုင်းထားသည်။ ထိုအကြောင်းကို KELLY ကဤသို့ ဆက်စပ်ရှင်းပြသည်။
သန့်ရှင်းဝိညာဉ်တော် ဖော်ပြခြင်းဖြင့် ထိုကျမ်းနှစ်ပိုဒ် ဆက်စပ်မိသည်။ အလွန်ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ဝမ်းနည်းစရာ မရှိတော့ပါ။ တော်ဝင်မင်းသား နွားတင်းကုပ်တွင် မွေးဖွားခြင်းသည်လည်း ဝမ်းနည်းစရာ ဖြစ်ပါသည်။ ထိုသို့ မွေးဖွားခြင်းသည်လည်း ဝမ်းနည်းစရာ ဖြစ်ပါသည်။ ထိုသို့မွေးဖွားခြင်းသည် နာကျင်ဆူးရှခဲ့သော်လည်း ကြည့်တတ်လျှင် အဘက်တွင် အကြီးမြတ်ဆုံးသော ပျော်ရွှင်ခြင်း ဖြစ်သည်။ မေရှိယသခင် ဖွားမြင်တော်မူခြင်းသည် ဣသရေလမြေ ကမ္ဘာမိုးမြေတစ်ခုလုံးအား လှန့်နိုးသည့်အချက်ပေးခေါင်းလောင်းသံ ဖြစ်သည်။ ဘုရားသခင်၏ ဇာတိတော်ကို ယုံကြည်ခြင်း ရှိလျှင် အမှန်တကယ် ကောင်းကြီး ခံစားကြမည်။ သို့သော် မယုံကြည်ကြ။ ထိုသို့ မယုံကြည်သည့်အပြင် အရှက်တကွဲ အကျိုးနည်းစေကြသည်။ ဧဒုံသားကို ပလ္လင်တင်ကြသည်။ ထိုအချိန်မှ စ၍ တိုင်းပြည် မငြိမ်မသက်ဖြစ်သည်။ ဆိုးသွမ်း ယုတ်ညစ်သည်။ မိခင် ရာခေလမျက်ရည်ကျသည်။ အဘယ်သူမျှ ချောမောနှစ်သိမ့်သူမရှိ။ သို့ကြောင့် ပထမပိုင်းကျမ်းကို သန့်ရှင်းဝိညာဉ်တော်က ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ပြန်လည်ဖော်ပြထားသည်။၃၄
၃၁:၂၁–၂၂ နောင်တရ၍ ပြန်လာကြမည့် ဣသရေလများအတွက် အပြန်လမ်း တလျှောက်တွင် အမှတ်အသားတိုင်လုံးကြီးများနှင့် သင်္ကေတလက္ခဏာများ ပြထားသည်။ မယုံကြည်သော မှောင်မိုက်နေ့ရက်များ ကျော်လွန်ပြီးမြောက်သွားပြီ။ ဘုရားသခင်က ပတ်ဝန်းကျင်အသစ် ပြုပြင်ပေးထားသည်။ အမျိုးသမီး ကအမျိုးသားကို ပိုးပန်းမည်။ ဤနေရာတွင် အမျိုးသမီးသည် ဣသရေလဖြစ်၍ အမျိုးသားသည် ယေဟောဝါဘုရား ဖြစ်သည်။ ထိုအကြောင်းက WILLIAM က “ဣသရေလ ပျိုကညာသည် ရုပ်တုဆင်းတုနောက်သို့ လင်ရှာခြင်း ရပ်စဲ၍ ဧမာနွေဘုရား ရင်ခွင်သို့ ချဉ်းဝင်မည်၃၅ ဟု ဆိုသည်။
ORTHODOX အယူအဆရှိသော KELLY က အပိုဒ်ငယ်(၂၂) အကြောင်းကို ဤသို့ ရှင်းပြထားသည်။
ဤကျမ်းပိုဒ်ကို ပျိုကညာ မာရီက သခင်ဘုရား မွေးဖွားခြင်းအကြောင်း ကျမ်းပိုဒ်အဖြစ် အချို့ဖခင်ကြီးများနှင့် ဒေသနာရှင်များက ကိုးကားကြသည်။ ဤပရောဖက်ပြုချက်သည် အသေးငယ်ဆုံးသော ကျမ်းချက် မဟုတ်ပါ။ အမျိုးသမီးက အမျိုးသား ပိုးပန်းခြင်းနှင့် ပျိုကညာက သားမွေးဖွားခြင်းသည် အကြောင်းအရာအားလုံး မတူညီပါ။ အမျိုးသားက အမျိုးသမီးပိုးပန်းခြင်းဖြင့် ကလေးရခြင်းသည် လုံလောက်သောအဖြေဟု မဆိုနိုင်ပါ။၃၆
၃၁:၂၃–၃၀ ယုဒများပြန်လည်စုစည်းပြီးမြို့ပြပြည်ရွာပြန်လည်ထူထောင် ကြမည်။ ထိုအခိုက်တွင်ယေရမိသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ နိုးထသူ ပမာ အားအင်ပြည့်ဝ ရွှင်လန်းသည်။ ယုဒနှင့် ဣသရေလလူမျိုးများ ပြန်လည် ကောင်းစားကြမည်။ လူများသည် မိမိတို့ ပြုကျင့်သည့်အကျင့်စရိုက်အတိုင်း အရေးယူအပြစ်ပေးခြင်း ခံကြမည်။ သို့သော် မိဘဘိုးဘွားများ၏ အပြစ်မွေ မပါ။
(ဂ) ပဋိညာဉ်သစ်ဖွင့်ပြခြင်း(၃၁:၃၁–၄၀)
ပညတ်တရားဖြင့် မဟုတ်၊ ကျေးဖူးတော်တရားဖြင့် ဣသရေလနှင့် ယုဒလူများသို့ ဘုရားသခင် ကပဋိညာဉ်သစ် ပြုမည့်နေ့ရက်သည် တစ်နေ့ပြီးတစ်နေ့ နီးသထက် နီးလာသည်။ လူများသည် အသစ်သောသတ္တဝါ ဖြစ်ကြသောကြောင့် ကမ္ဘာမိုးမြေအရှင်သခင် ဘုရားရှင်ကို သိကျွမ်းရှိခိုးကြမည် (ဟေဗြဲ၈:၈-၁၃၊ ၁၀:၁၅-၁၇ကို ကြည့်)။
ဣသရေလနှင့် ယုဒလူများအား ဘုရားသခင်က ပဋိညာဉ်သစ် ပြုမည် (ငယ်၃၁)။ ချို့ယွင်းချက် ရှိသော မောရှေပညတ်ကျမ်းကဲ့သို့ မဟုတ်။ ဘုရားသခင် လုပ်ဆောင်မည့်အချက် လူ့ဝတ္တရားများကို အသားပေးထားသည်။ အပိုဒ်ငယ် (၃၃)နှင့်(၃၄)တွင် “ငါလုပ်မည်” ဟု ဆိုသည်။ ယေရှုခရစ်တော်သည် ပဋိညာဉ်သစ် ဖော်ဆောင်သူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့် ကောင်းကြီးမင်္ဂလာ ခံစားကြ၍ ဘဝလုံခြုံရေးလည်း ရရှိကြသည်။ (ဟေဗြဲ၉:၁၅)။ ထိုပဋိညာဉ်သစ်ကို အသွေးတော်ဖြင့် ရေးသားထားသည်(လု ၁၂:၂၀)။ သို့သော် ခရစ်တော်ဘုရား ဒုတိယအကြိမ် မကြွရောက်လာမချင်း ဣသရေလလူမျိုး အတွက် အကျိုးသက်ရောက်မှု ရှိသည်။ ဥပမာအားဖြင့် နာခံခြင်းသည် ပညတ်တရားကြောင့် မဟုတ်၊ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ထိုသူများ၏ ဘုရားသခင်ဖြစ်သကဲ့သို့ ထိုသူများသည်လည်း ဘုရားသခင်၏ လူများ ဖြစ်ကြသည်။ ထိုသူများ၏ အပြစ်ဒုစရိုက် ဆိုးဝါးမှုများကို ဘုရားသခင်က အမှတ်မထား အကုန်ခဝါချသည်။ အနှစ်တစ်ထောင်ကာလ ရောက်သောအခါ ဝေနေယျသတ္တဝါအပေါင်းက ဘုရားသခင်သည် စကြာဝဠာ မိုးမြေဘုရား ဖြစ်ကြောင်း သိရှိကြမည်။ (ငယ်၃၄)
ဣသရေလလူမျိုး လူ့လောကမှ ပျောက်ကွယ်မည့်အကြောင်းကို အပိုဒ်ငယ် (၃၅၊၃၆) တွင် ရှင်းပြထားသည်။ နေကြယ်လနှင့် ပင်လယ်သမုဒ္ဒရာများ ပျောက်ကွယ်လျှင် ဣသရေလလူမျိုးများသည်လည်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားမည်။ ယခုကာလတွင် ပတ်ဝန်းကျင် မသန့်ရှင်းသောကြောင့် နောင်အနာဂတ်တွင် သန့်ရှင်းစင်ကြယ်သောဘုရားသခင်အဖို့ ယေရုရှလင်မြို့လည်း ပြန်လည်တည်ဆောက်ကြရမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။