ယေရမိအနာဂတ္တိကျမ်း - ၃၀
ယေရမိအနာဂတ္တိကျမ်း - ၃၀ (အနက်ဖွင့်)
၆။ ပြန်လည်စုစည်း ထူထောင်မည့်အကြောင်း ပရောဖက်ပြုချက် (အခန်း၃၀)
အခန်း၃၀–၃၃ တွင်ရွေးနှုတ်ခြင်းနှင့် မျှော်လင့်ချက် ရောင်ခြည် သန်းလာမည့်အကြောင်း ရေးထားသည်။ CLYDE T.FRANCISO က ဤသို့သရုပ်ဖော်ထားသည်။
ယေရမိအနာဂတ္တိကျမ်းတွင် ဤမျှ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသောအခန်း မပါရှိခဲ့ပါ။ ငိုခြင်း၊ ဝမ်းနည်းခြင်း၊ တရားစီရင်ခြင်းများဖြင့် ပြည့်နှက်ခဲ့သော်လည်း အနာဂတ်မျှော်လင့်ချက်ရောင်ခြည် ပေးနိုင်သည်။ ယေရမိ၏ စိတ်နှလုံး ပျော်ရွှင်မှုကို ဤအခန်းတွင် အကုန်အစင်သွန်းလောင်းထားသည်။၃၃
ဘမ်းဆီးခေါ်ဆောင်ခြင်းမှ လွတ်မြောက်လာခြင်းသည် ပရောဖက်ပြုချက် တချို့တဝက် ပြည့်စုံခြင်း ဖြစ်သည်။ ဤအခန်းများတွင် အနာဂတ်အဆုံးပိုင်းကာလနှင့် တစ်မျိုးသားလုံး ပြန်လည်စုစည်းကြမည့်အကြောင်း ရေးထားသည်။
ဣသရေလလူမျိုးများ ပြန်လည်စည်းလုံး နှိုးထကြရမည့်အကြောင်း ပရောဖက်ပြုချက်ဖြစ်၍ အရေးကြီးသော သင်ခန်းစာ ဖြစ်သည်။ ပေါ်လွင်ထင်ရှားလူ သိများသော ပဋိညာဉ်သစ်အကြောင်း ဖြစ်သည်။ ထိုအချိန်ကာလသည် “ယာကုပ်၏ ဘေးဒုက္ခ” ကာလ (ဘေးဒဏ်ကြီးကာလ နောက်ပိုင်း (၃၀:၄-၁၇) ဖြစ်သည်။ ဘုရားသခင်က အချို့ပဋိညာဉ်များကို ထိန်ဝှက်ထားသည်။ ပြန်လည် စုစည်းမည့် အကြောင်းကို ရည်ဆောင်၍ ယေရမိအား မြေတစ်ကွက် ဝယ်ခိုင်းထားသည်ကို သတိပြုပါ။
(က) သုံ့ပန်းများ ပြန်လည်စုစည်းခြင်း (အခန်း၃၀)
၃၀:၁–၁၁ ဣသရေလ နှင့်ယုဒလူမျိုးများ ပြန်လည်သင့်မြတ် ပေါင်းစည်းကြမည်။ ပထမဦးစွာ ယာကုပ်၏ ဘေးဒုက္ခ(ဘေးဒဏ်ကြီး)ကာလ ကျရောက်မည်။ ထိုအချိန်တွင် တပါးအမျိုးသားများ၏ ဘုန်းတန်ခိုး ကြီးထွားခြင်းကို ဘုရားရှင်က ရပ်စဲပစ်မည်။ ဒါဝိဒ်ဘုရင်သို့ ပြုထားသည့် ကတိတော် ပြည့်စုံမည်ဆိုသည်မှာ ဒါဝိဒ်မျိုးရိုးမှ ဆင်းသက်လာသော သခင်ယေရှု ပေါ်ထွန်းမည့်အကြောင်း ဖြစ်သည်။ အချို့ကမူ ဒါဝိဒ်ဘုရင် ပြန်လည်ထမြောက်လာကြမည်ဟု ယူဆကြသည်။
၃၀:၁၂–၁၇ တိုင်းသူပြည်သားလူများ၏ ဆင်းရဲဒုက္ခ ဝေဒနာများသည် ကုသ၍ မရောက်နိုင်။ သို့ကြောင့် ဒဏ်ရာဒဏ်ချက်များ ဘေးဒုက္ခများကို ဘုရားရှင်က အနာရောဂါ ပျောက်ကင်း ချုပ်ငြိမ်းစေမည်။
၃၀:၁၈–၂၄ ဤကျမ်းပိုဒ်များသည် အနှစ်တစ်ထောင်ကာလအတွင်း ချမ်းမြေ့ဖွယ် ကျေးလက်မြင်ကွင်း ဖြစ်သည်။ နောက်ဆုံးအပိုဒ်ငယ်(၂)ခုတွင် မကောင်းဆိုးဝါးများ အပြစ်စီရင်မည့်အကြောင်း ရေးသားထားသည်။ ထို့နောက် ရွေးကောက်ထားသော ဣသရေလလူမျိုး ကောင်းကြီးမင်္ဂလာ ခံစားကြမည့်အကြောင်း နောက်အခန်းတွင် ဆက်လက်ဖော်ပြထားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။