ယေရမိအနာဂတ္တိကျမ်း - ၃၂
ယေရမိအနာဂတ္တိကျမ်း - ၃၂ (အနက်ဖွင့်)
(ဃ) မြို့တော်ပြန်လည်တည်ဆောက်ကြမည့်အကြောင်း(အခန်း၃၂)
၃၂:၁–၅ ဗာဗုလုန်သားများက မြို့တော်ကို ဝိုင်းရံထားပြီး။ ဗာဗုလုန်သားများက ယေရုရှလင်မြို့အား တိုက်ခိုက်သိမ်းပိုက်မည်ဟု နိမိတ်ဖတ်ခြင်းကြောင့် ဇေဒကိမင်းက ယေရမိအား ဖမ်းဆီးထောင်ချထားသည်။ အပိုဒ်ငယ်(၄)သည် ဇေဒကိမင်းအတွက် ပရောဖက်ပြုချက်(၃)ခုအနက် တစ်ခု ဖြစ်သည်။ ဗာဗုလုန်မင်း နှင့် မျက်နှာချင်းဆိုင်ရမည်ဟု ဆိုထားသည်။ ယေဇ ၁၂:၁၃တွင် ယေရုရှလင်ကို တဖန်မြင်ရမည်မဟုတ်၊ ဗာဗုလုန်တွင် နတ်ရွာစံမည်ဟု ဆိုထားသည်။ ဤကျမ်းပိုဒ်တွင် ပရောဖက်ပြုချက် ပြည့်စုံကြောင်း တွေ့ရသည်။ နေဗုခ်နေဇာမင်းသည် ရိဗလအရပ်တွင် ဇေဒကိ၏ မျက်လုံးစုံကို ထုတ်ပစ်လိုက်သည်။ (၄ရာ၂၅:၇)။ သို့နောက် ဗာဗုလုန်သို့ ဆောင်ယူသွားသည်။ သို့ကြောင့် ဗာဗုလုန်ပြည်ကို ရှင်လျက်နှင့် မမြင်ရဘဲ ထိုပြည်တွင် နတ်ရွာစံသည်။
၃၂:၆–၂၅ ပရောဖက်ယေရမိသည် ဘုရားသခင်၏ စကားတော်နာခံသူ ဖြစ်သောကြောင့် ရူပါရုံပေးချက်အတိုင်း အာနသုပ်အရပ်ရှိ တဝမ်းကွဲညီအကို ဟာနမေလ၏ လယ်ကွက်အား ငွေဒင်္ဂါး(၁၇)ပြားဖြင့် ဝယ်ယူလိုက်သည်။ (ဟာနမေလက ထိုမြေကွက်အား ဝယ်ယူရန် ကမ်းလှမ်းသည်။ ) ထိုသို့ဘုရားသခင်က လယ်မြေကွက် ဝယ်ခိုင်းခြင်းမှာ ယုဒလူများအား ဘုရားသခင်က ဗာဗုလုန်မှ ပြန်လည်ခေါ်ယူမည့်အကြောင်း အာမခံချက်ဖြစ်သည်။ မြေကွက် အရောင်းအဝယ်စာချုပ်များကို ဗာရုတ်ထံတွင် အပ်နှံ၍ မြေအိုးဖြင့် လုံခြုံစွာ မြှပ်နှံသိမ်းဆည်းထားသည်။ ထိုအချိန်ကာလတွင် ပတ်ဝန်းကျင်ကို မျှော်ကြည့်ရာ ဗာဗုလုန်သားများက ယေရုရှလင်မြို့အား ဝိုင်းရံပိတ်ဆို့ နေကြောင်း တွေ့ရသည်။ ထိုအခါကြမှ ဘုရားရှင်က အာနသုပ်မြေကွက် ဝယ်ခိုင်းသည့်အကြောင်းကို သဘောပေါက်သည်။
၃၂:၂၆–၄၄ ယေရမိ၏ တောင်းလျှောက်သံကို ဘုရားသခင်က ဤသို့ ဖြေထားသည်။ “ငါထာဝရဘုရားသည် ခပ်သိမ်းသောသတ္တဝါတို့ကို အစိုးရသောဘုရားသခင် ဖြစ်၏။ ငါမတတ်နိုင်သော အရာတစုံတစ်ခုမှ မရှိ။
ဘုရားရှင်သည် ပြဿနာတိုင်းကို ဖြေရှင်းနိုင်သည်။ လူ့အသက်ရှင်ခြင်း၊ သေခြင်းမှ စ၍ စီရင်သည်။ သခင်ယေရှုအတွက် မဖြေရှင်းနိုင်သော ပြဿနာမရှိ၊ မလုပ်နိုင်သောအရာဟူ၍ တစုံတစ်ခုမရှိ။ ရှေးဆရာကြီးတစ်ပါး
ရုပ်တုဆင်းတု ကိုးကွယ်ကြသောကြောင့် ဘုရားသခင်သည် ယေရုရှလင်မြို့ကို ပျက်စီးသော်လည်း တဖန်ပြန်လည်စုစည်း၍ ကောင်းကြီးမင်္ဂလာ သွန်းလောင်းမည်။ ရုပ်ဝတ္ထုပစ္စည်းများသည် ရောင်းလိုက်၊ ဝယ်လိုက်လက်ပြောင်းလိုက်၊ လုပ်ရစမြဲ ဖြစ်သည်။ ဝယ်ထားသော အာနသုပ်မြေကွက်သည်လည်း တစ်နေ့အသုံးဝင် အဖိုးတန်လာမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။