ယေရမိအနာဂတ္တိကျမ်း - ၁၈
ယေရမိအနာဂတ္တိကျမ်း - ၁၈ (အနက်ဖွင့်)
(ဆ) အိုးထိန်းသမား အိမ်ရောက်ယေရမိ (အခန်း၁၈)
၁၈:၁–၁၂ ဘုရားသခင်ကို အိုးထိန်းသည်၊ ယုဒ (ဤနေရာတွင် ဣသရေလဟုသုံးသည်) ကို မြေအိုးအဖြစ် ပုံနှိုင်းထားသည်။ မြေအိုးများကွဲခြင်းသည် အိုးထိန်းသည် ဘုရားသခင်၏ အမှားအယွင်းမဟုတ်။ ဣသရေလတို့၏ အပြစ်ဖြစ်သည်။ ဘုရားသခင် လက်တော်ထဲရှိ ရွှံ့စေးမြေသည် အလိုတော်အတိုင်း ပြုပြင်နိုင်စွမ်း ရှိသည်။ မင်္ဂလာတရား ဖြစ်စေနိုင်သကဲ့သို့ အမင်္ဂလာလည်း ဖြစ်စေနိုင်သည်။ အကယ်၍ နောင်တရခြင်း မရှိလျှင် ဘေးအန္တရာယ် ရင်ဆိုင်ကြရမည်။ သို့သော် နောင်ကြဉ်ခြင်း မရှိ။ မိမိသဘောအတိုင်း ထင်ရာစိုင်းနေကြသည်။
၁၈:၁၃–၁၇ ယုဒတို့၏ အပြုအမူအနေအထိုင်များသည် မသင့်မလျှော်၊ လမ်းလွဲနေကြသည်ဟု ဘုရားသခင်က ရှုတ်ချသည်။ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းဖြင့် အကျင့်ဖောက်ပြန်ကြ၍ ပျက်စီးခြင်းကို လက်ယပ်ခေါ်နေကြသည်။ ထိုသူ များ၏ နေရပ်ဌာနသည် လူခြေတိတ်ဆိတ် လွင်တီးခေါင်ပြင် အဖြစ်တွေ့မြင်ဦးမည်။ RSV ကျမ်းမူက အပိုဒ်ငယ်(၁၄)ကို လေဗနုန်ရေခဲတောင်ထိပ်ရှိ ကျောက်ဆောင်များကို မည်သူစွန့်သနည်း” ဟု ဆိုသည်။ လူသည် သဘာဝ ရုပ်ဝတ္ထုပစ္စည်းအပေါ်တွင် တည်မှီသော်လည်း ဘုရားသခင်က အသက်စမ်းရေ မေ့လျှော့ကြပါစေ၊ အသက်ရှင်သော စမ်းရေကြည်သည် စီးမြဲ စီးနေမည်။၂၃
၁၈:၁၈ ယေရုရှလင်သားများသည် ပရောဖက်ယေရမိစကားကို ဆန့်ကျင်လျက် ရန်မူကြသည်။ ရှိရင်းစွဲ ပရောဖက်နှင့် ယဇ်ပုရောဟိတ်များနှင့် ပူးပေါင်းလျက်ပုန်ကန်ကြသည်။
၁၈:၁၉–၂၃ သို့သော်လည်း ယေရမိသည် ထိုသူများအတွက် ဘုရားသခင်ထံတော်သို့ ဆုတောင်းပေးသည်။ စိတ်နှလုံး ခံယူချက်များ ပြောင်းလဲစေလိုသည်။ ကျေးဇူးတော်ကာလ၌လည်း ယုံကြည်သူများ၏ ဆုတောင်းခြင်းသည် ထိုဆုတောင်းခြင်းမျိုး ဖြစ်ရမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။