ဟေရှာယအနာဂတ္တိကျမ်း - ၈
ဟေရှာယအနာဂတ္တိကျမ်း - ၈ (အနက်ဖွင့်)
၂။ အံ့ချီးဖွယ်ရာမေရှိယနယ်မြေ(အခန်း၈-၁၀)
၈:၁-၄ ဘုရားသခင်ကဟေရှာယအား“ဟေရရှာလဟာရှဗတ်”စကား လုံးကိုပီပီသသရေးခိုင်းသည်။ သက်သေအဖြစ်ယဇ်ပုရောဟိတ်ခုရိယနှင့်ယေဗရခိ၏သားဇာခရိကိုလည်းခေါ်ခိုင်းထားသည်။ ရေးထားသောစာ၏အဓိပ္ပာယ် မှာ“အသော့အလုအယက်မြန်မြန်ဖျက်လော့”ဟုအနက်ရသည်။ အာရှုရိယများ က ရှုရိယပြည်နှင့်ဣသရေလပြည်တိုက်ခိုက်ဖျက်ဆီးမည့်အကြောင်းဖြစ်သည်။ ဟေရှာယ၏ဒုတိယသားကင်ပွန်းတပ်ရာတွင်ပေးမည့်အမည်နာမအနက်အဓိ ပ္ပါယ်ဘုရားသခင်ကဖွင့်ပြခြင်းဖြစ်သည်။
၈:၅-၁၀ ဣသရေလနှင့်ပက်သက်သောစကားတခွန်းကိုလည်းဘုရားသ ခင်ကအမိန့်ရှိသည်။ အဘယ်ကြောင့်ဆိုသော်မြောက်ပိုင်းနိုင်ငံသားများသည် ဘုရားသခင်ပေးသော ရှိလောင် ချောင်းကိုငြင်းပယ်ကြသောကြောင့်ရေစီးအဟုန် ပြင်းသောမြစ်ရေကိုစီးဆင်းဖြတ်သန်းစေသည်။ (ရှိလောင်ကိုယော၉:၇တွင် လည်းတွေ့ရသည်။) ထိုရေသည်ယေရုရှလင်မှလျှို့ဝှက်စွာစီးဆင်းသောရေဖြစ် ၍၊ ဘုရားသခင်နှုတ်ကပတ်တော်သင်္ကေတအမှတ်အသားဖြစ်သည်။ သို့မဟုတ် ဘုရားသခင်အားယုံကြည်ကိုးစားခြင်းးလက္ခဏာဖြစ်သည်။ ဥဖရတ်မြစ်ရေသည်ဣသရေလနှင့်ရှုရိပြည်ကိုအနိုင်ယူအောင်မြင်မည့် အာရှုရိပြည် သင်္ကေတဖြစ်သည်။ ယုဒပြည်ကိုလည်းအောင်မြင်လွှမ်းမိုးမည်။ ဧမာနွေလ ဘုရားနယ်မြေသို့ပျံ့နှံ့မည်။ သို့သော်အားလုံးဝါးမြိုမည်မဟုတ်။ လည်ပင်းထိသာ နစ်မြုပ်မည်။ ယုဒတို့၏ရန်သူများသည် ဆင်ကြံကြံသော်လည်းကြံစည်သည့်အ တိုင်းမအောင်မြင်နိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ယုဒလူမျိုးကိုဘုရားသခင်က သံယောဇဉ်မပြတ်။
၈:၁၁-၁၅ ဘုရားသခင်ကဟေရှာယအားသူ့လူများသို့သတိပေးခိုင်းထားသည်။ ကြောက်အား လန့်အားဖြင့်စစ်မရောက်မီမြှားကုန်၍ ရန်သူများထံသို့အညံ့ ခံပူပေါင်းခြင်းမပြုရန်နှင့်ဘုရားသခင်ကိုခိုလှုံကြလျှင်လုံခြုံကြမည်။ ဣသရေလလူမျိုးကျောက်ခလုတ်ကန်သင်းအားတိုက်မိသူများသည်လဲကျကြမည်။
၈:၁၆-၁၈ ဘုရားသခင်ဖော်ပြသောနှုတ်ကပတ်တော်ရှိသမျှအားလုံးပြီး ပြည့်စုံသည့်အခါသမယမရောက်မချင်းစိတ်နှလုံးတွင်မြဲမြံစွာစွဲမှတ်ကြဖို့ ဟေရှာယကိုမိန့်မှာခိုင်းသည်။ ဟေရှာယကလည်းသူ့လူများအပေါ်ဘုရားသခင်က ထူးခြားစွာပေးထားသောဗျာဒိတ်များအားပြီးပြည့်စုံသည့်အချိန်ထိမျှော်လင့် ချက်ဖြင့်စောင့်မျှော်သည်။ ဟေရှာယ(ယေဟောဝါဘုရား၏အစေခံ) Shearjashub(အနည်းငယ်သာပြန်လာမည်)။ မဟေရရှာလလဟာရှဗတ်(မြန် မြန်ဖျက်)ဟူသောထူးထူးခြားခြားအမည်နာမများသည် ဣသရေလတို့အပေါ် ဘုရားသခင်၏ ကရုဏာတော်နှင့်ရန်သူများအပေါ်တရားစီရင်မည့်အကြောင်းအချက်များဖြစ်သည်။
၈:၁၉ ဟေရှာယကသူ့လူများအားမန္တန်သရဇ္စျာယ်တတ်သောနတ်ဝင်နှင့် စုန်းကဝေများကိုမဆည်းကပ်ရန်သတိပေးလိုက်သည်။ လူမှန်လျှင်အသက်ရှင် သောဘုရားသခင်ကိုသာကိုးစားရသည်။ အသက်မရှိ၊အသေကောင်များကိုကိုး ကွယ်ခြင်းသည်လည်းထိုအမှုအကျင့်များနှင့်ထူးမခြားနားဖြစ်နေသည်။
ကြီးမားသောအခက်အခဲတိုင်းသည်လူ့ဝိညာဉ်ရေးရာနောက်ဆက်တွဲ ပေါက်ကွဲမှုများဖြစ်သည်။ ထိုအတိုင်းပင်ယုဒနှင့်ဣသရေလတို့ဖမ်းဆီးခြင်းမခံ ကြမီဝိညာဉ်ရေးရာအသိရှုပ်ထွေးခဲ့သည်။ ထို့ကြောင့်လည်းခရစ်တော်ဘုရားလူ့ဇာတိခံယူခြင်းနှင့်အသေတော်ခံတော်မူခြင်းအကြောင်းဖန်လာသည်။ ယနေ့ ခေတ်ကာလတိုင်အောင်ထိုအတိုင်းဖြစ်နေကြသည်။ ထို့ကြောင့်ဘုရားသခင်ကလိုအပ်သောလမ်းညွှန်မှုနှင့်ဝိညာဉ်ရေးရာလိုအပ်ချက်များကိုသမ္မာကျမ်းစာ တွင်ရေးသားပေးခြင်းဖြင့်စောင့်ရှောက်ထောက်မနေပါသည်(၂တိ၃:၁၆၊၁၈)။၁၉
၈:၂၀-၂၂ ဓမ္မသစ်ဆရာဟူသမျှသည်ဘုရားသခင်၏နှုတ်ကပတ်ဖြင့်စစ် ဆေးစမ်းသပ်ခြင်းခံရမည်။ သင်ကြားပို့ချက်များသည်သမ္မာကျမ်းစာနှင့်မကိုက် ညီလျှင်“အခြားသူများအားအလင်းပေးနိုင်မည်မဟုတ်”။ အမှားမှားအယွင်း ယွင်းသည်ငတ်မွတ်ဆင်းရဲခြင်းဖိစီးမှုဒဏ်ခံကြမည်။ ဘုရားသခင်ကိုပြစ်မှား ကြမည်။ ဘုရားသခင်ကိုတလွဲအထင်မှားကြမည်။ သို့သော်ရှာသာရှာသည်၊ အဖြေမှန်တွေ့မည်မဟုတ်။ ဒုက္ခဆင်းရဲနှင့်မှောင်မိုက်အထိသာရောက်သွား မည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။