ဟေရှာယအနာဂတ္တိကျမ်း - ၅၀
ဟေရှာယအနာဂတ္တိကျမ်း - ၅၀ (အနက်ဖွင့်)
၂။ တပည့်တော်စင်စစ်မေရှိယ(အခန်း၅၀)
၅၀:၁-၃ ယေဟောဝါဘုရားကဣသရေလလူမျိုးတို့နှစ်ကိုယ်ကြားပြောစ ကားဖြစ်သည်။ ပြောစကားနားမထောင်လျှင် ကွာရှင်းပစ်မည်ဟုသတိပေး သည်။ (သို့သော်ကွာရှင်းခြင်းအလျဉ်းမပြုယေ၃:၈) နမူနာအဖြစ်ခါလဒဲတပါး အမျိုးသားများလက်ထဲသို့ထည့်ခဲ့သည်။ ထိုသို့ပြုခြင်းမှာခေါင်းမာ၍ဒုစရိုက်ပြု ကြသောကြောင့်ဖြစ်သည်။ မည်သည့်တိုင်းနိုင်ငံသားကမှကိုယ်တော်အားလက် ခံကြိုဆိုခြင်းမပြု၊ ခေါ်သံလည်းမထူးကြ။ အစွမ်းတန်ခိုးမရှိဟုထင်မှတ်ကြလေ ရော့သလား။ ပင်လယ်နီနှင့်ယော်ဒန်မြစ်ကိုခမ်းခြောက်စေနိုင်စွမ်းဟုထင်မှား ကြသလား။ ကောင်းကုန်တန်ဆာမထိုက်တန်ဟုထင်ယောင်မှားကြသလား။
၅၀:၄-၉ မေရှိယသခင်အကြောင်းနောက်တစ်ခုမှာဓမ္မဟောင်းကာလမှ ယေဟောဝါသည်ဓမ္မသစ်ကာလတွင်ယေရှုဖြစ်လာသည်ကို တိုင်းနိုင်ငံသားများသိ ကြားစေချင်သည်။ စစ်မှန်သောတပည့်တော်ဖြစ်သည်နှင့်အညီဘုရားသခင်၏ နှုတ်တော်ထွက်စကားများကိုသာပြန်လည်ဖောက်သည်ချသည်။ နှုတ်ကပတ် တော်အတိုင်းသွန်သင်သည်။ နံနက်မိုးလင်းတိုင်းတနေ့တာလုပ်ငန်းဆောင် တာကို ခမည်းတော်ဘုရားသခင်ထံမှနာခံသည်။ ညွှန်ကြားချက်ရယူသည်။ ဘု ရားသခင်၏အလိုတော်အတိုင်း ကျေနပ်စွာလိုက်လုပ်သည်။ အလိုတော်ရှိသည့် အတိုင်းလက်ဝါးကပ်တိုင်သို့သွားသည်။ အရှက်တကွဲအကျိုးနည်းခဲ့၍လက်ဝါး ကပ်တိုင်လမ်းမှနောက်ပြန်မလှည့်။ ဘုရားသခင်ကိုအပြည့်အဝယုံကြည်ကိုးစား သည်။ ယေရုရှလင်ဘက်သို့အစဉ်အမြဲမျက်နှာတော်ပြုသည်။ ရှင်ပြန်ထမြောက် ခြင်းဖြင့်သက်သေပြသည်။ ယခုရန်မူသူများကိုစိန်ခေါ်နေပြီ။ စာတန်ကကိုယ် တော့်ကို မလိုတမာပြစ်တင်ရှုတ်ချသည်(ယနေ့ခေတ်ကာလတွင်လည်းယုံ ကြည်သူများထိုကဲ့သို့ခံစားရသည် ရော ၈:၃၁-၃၉)။ ကိုယ်တော်၏ရန်သူများ သည်အချိန်ကြာလာသည်နှင့်အမျှသံချေးပိုးရွကိုက်စား၍ပျက်စီးကြပေမည်။
၅၀:၁၀ နောက်ဆုံးကျမ်းပိုဒ်နှစ်ခုတွင်လူတန်းစား(၂)ရပ်အကြောင်းရှင်း ပြသည်။ ပထမလူတန်းစားမှာဘုရားသခင်အပေါ်တွင်မှီကိုးအားထားသူများ ဖြစ်သည်။ ဘုရားသခင်၏လမ်းညွှန်မှုကိုအပြည့်အဝနာခံသည်။ ဘုရားသခင်၏ နာမတော်ကိုယုံကြည်သည်။ ဘုရားသခင်ကိုကိုးစားကြသည်။ ဘဝတစ်ခုလုံးဘုရားသခင်၌အပ်နှံထားကြသည်။
၅၀:၁၁ ဒုတိယလူတန်းစားမှာဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းမရှိ။ မိမိအစွမ်းအစကိုယုံကြည်သူ၊မိမိသာလျှင်မိမိဘဝ၌အရှင်သခင်ဟုခံယူသူများ ဖြစ်သည်။ ဘုရားသခင်၏လမ်းပြစရာမလို။ မိမိတန်ခိုးအလင်းဖြင့်လမ်းမြင်သူ များဖြစ်သည်။ ထိုသူများသည်ခလုတ်ကန်သင်းအသေးအမွှားတိုက်မိသည်နှင့် ချော်လဲမည့်သူများဖြစ်သည် အားပြတ်လဲကျမည့်သူများဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။