ဟေရှာယအနာဂတ္တိကျမ်း - ၄၈

ဣသရေလတို့သစ္စာပျက်ခြင်း
1အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်းကိုခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရားသခင်ကို ချီးမွမ်းသောသူ၊ 2သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး၏ ဘုရားသခင်ကို မှီခိုသောသူတို့၊ နားထောင်ကြလော့။ 3ဖြစ်ဖူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ချင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။ 4သင်သည် ခိုင်မာသောသဘော၊ သံချောင်းလည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊ 5အထက်က သင့်အားငါဟောပြီ။ အမှုမဖြစ်မီ ငါဖော်ပြပြီ။ သို့ဖြစ်၍ သင်က၊ ငါ၏ရုပ်တုသည် ဤအမှုကိုပြုပြီ။ ငါထုသောရုပ်တု၊ ငါသွန်းသောရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသောအခွင့် မရှိ။ 6သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ကို ကြည့်ရှုလော့။ သူတစ်ပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထားသောအရာ၊ သင်မသိသေးသောအရာတို့ကို ငါဖော်ပြ၏။ 7ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်ကဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည်မကြားစဖူး။ သို့ဖြစ်၍ သင်က၊ ငါသိနှင့်ပြီဟု ပြောရသောအခွင့်မရှိ။ 8အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဖွားစကပင် သင့်ကိုသူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။ 9သို့သော်လည်း၊ သင့်ကို ရှင်းရှင်းမပယ်မဖြတ်ခြင်းငှာ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ်တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ငါသည်းခံမည်။ 10ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့ မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။ 11ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုတ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ်အသရေကို သူတစ်ပါးအား ငါမပေး။
12အို ယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကားကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ 13အကယ်စင်စစ် ငါ့လက်သည် မြေကြီးကိုတည်လေပြီ။ ငါ့လက်ယာလက်သည် မိုးကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ချင်းပေါ်လာကြ၏။
14ရှိသမျှသောသင်တို့၊ စည်းဝေး၍ နားထောင်ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရားချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံစေမည်။ သူ၏လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။ 15ငါ့ကိုယ်တိုင်အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကိုငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။ 16ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှုဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏။
17သင့်ကို ရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့် ယှဉ်သောအရာကို သွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ 18သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။ 19သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။
20ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနုတ်တော်မူပြီဟု ပြောဆိုကြလော့။ 21သူတို့သည် တောလမ်းဖြင့်ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဖို့ ကျောက်ထဲကရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။ 22မတရားသောသူတို့၌ ချမ်းသာမရှိဟု ထာဝရဘုရားမိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၄၈ (အနက်ဖွင့်)

၉။ ဣသရေလတို့လိမ္မာ၍ပြန်လာကြခြင်း(အခန်း၄၈)

၄၈:၁-၂ ဗာဗုလုန်လက်တော်သို့ဖမ်းဆီးခြင်းခံရသောယုဒများသို့လိပ်မူ ထားသည်။ လူများစုသည်မယုံကြည်ခေါင်းမာသူများဖြစ်သည်။ ယေဟောဝါဘု ရားသခင်အားယုံကြည်သူလူနည်းစုသာရှိသည်။ သူတို့ကိုသူတို့ဣသရေလ(ဘု ရားသခင်၏မင်းသား)ဟုခံယူကြသော်လည်းစင်စစ်တွင်မူမပီသကြ။ ယုဒ(ချီး မွမ်းခြင်း)မျိုးနွယ်ဖွားများဖြစ်သော်လည်းဘုရားသခင်ကိုချီးမွမ်းခြင်းမပြုကြ။  ဘုရားသခင်၏ဣသရေလလူမျိုးဟုခံယူကြသော်လည်း သူတို့အပြစ်ကိုဝန်မခံကြ။ သန့်ရှင်းသောမြို့တော်တမ်းတကြသော်လည်း သူတို့ကိုယ်တိုင်မှာမသန့် ရှင်းကြ။ ဣသရေလတို့၏ဘုရားဟုတိုင်တည်ကြသော်လည်းသူတို့ကိုယ်မှာဘု ရားတရားမဲ့ကြသည်။

၄၈:၃-၅ ယုဒတို့၏သမိုင်းကြောင်းကိုဘုရားရှင်နိမိတ်ပေးပြီးဖြစ်သည်။  ထိုနိမိတ်ပေးသည့်အတိုင်းအမှန်တကယ်ကြုံတွေ့ကြသည်။ စိတ်နှလုံးမိုက်ရိုင်း ခြင်းနှင့်မာကျောခြင်းများကိုလည်းဘုရားရှင်သိသည်။ ထိုစိတ်သဘောထားကို ပြုပြင်ခြင်းမရှိ၊ရုပ်တုဆင်းတုကိုးကွယ်နေသရွေ့ကာလပတ်လုံးဘုရားသခင်က လှည့်ကြည့်မည်မဟုတ်။

၄၈:၆-၈ ဘာသာရပ်အလှည့်အပြောင်းလုပ်ထားသည်။ ကုရုမင်းလက် အောက်တွင်ပြန်လည်စုစည်းနလံထူကြမည်။ ဤအဖြစ်အပျက်သည်ဘုရားသခင်၏အကြံအစည်တော်ဖြစ်သည်။ “ငါသိနှင့်ပြီ”ငါသိသားဘဲဟုပြောစရာအကြောင်းမရှိ။

၄၈:၉-၁၁ ယုဒတို့ဖမ်းဆီးမှုခံရခြင်းကိုတစခန်းရပ်နားခိုင်းသည်။ သို့သော် ဖမ်းဆီးယုဒတို့ကံကြမ္မာမဟုတ်။ ဘုရားသခင်၏အမှုတော်ဖြစ်သည်။ ထိုသို့သူတပါးလက်အောက် သို့ကျရောက်ခဲ့ခြင်းသည်ဘုရားသခင်ကအရည်အသွေးစစ် ထုတ်ခြင်းဖြစ်သည်။ (သို့သော်ငွေကိုစစ်သကဲ့သို့မဟုတ်ဒုစရိုက်အမှိုက်(ဗာဗုလုန်တို့ဖမ်းဆီးခြင်း)၌စစ်ဆေးခြင်းဖြစ်သည်။ ယခုအခါတွင်မူနာမတော်မြတ် ၌ပြန်လည်စုစည်းခွင့်ရကြပြီ။ နာမတော်ကြောင့်ရှုတ်ချခြင်းခံရတော့မည်မဟုတ်။ ပြန်လည်စည်ပင်ဝပြောနလံထူခြင်းကို ရုပ်တုဆင်းတုအဖို့မဖြစ်စေရ။

၄၈:၁၂-၁၆ ဘုရားသခင်ကသူ့ကိုသူထာဝရဘုရားသခင်၊အကြွင်းမဲ့တန် ခိုးရှင်(ပထမဆုံးနှင့်နောက်ဆုံးသူ)အဖြစ်ထုတ်ဖော်ဝန်ခံထားသည်။ ဖန်ဆင်း ရှင်အနန္တတန်ခိုးရှင်၊စကြဝဠာမိုးမြေအရှင်သခင်ပရောဖက်ပြုသောဘုရား၊ ဘုရားဖြစ်သည့်အတိုင်းဖြစ်သောဘုရားဖြစ်သည်။ သူနှစ်သက်သောသူ(ကုရုမင်း) ကိုပေါ်ထွန်းစေမည်။ ဘုရားသခင်၏လူများကိုဗာဗုလုန်များလက်ထဲမှပြန်နှုတ် ယူခိုင်းမည်ဟုဆိုသည်။ အပိုဒ်ငယ်၁၆တွင်သုံးပါးတစ်ဆူဖော်ပြထားသည်ကို သတိပြုပါ။ ဘုရားသခင်၊ ဝိညာဉ်တော်နှင့် ငါ(ခရစ်တော်)ဟုဆိုသည်။ ကုရုမင်း မှခရစ်တော်သို့သင်ခန်းစာကူးသွားသည်။ ဒုတိယအကြိမ်ခရစ်တော်ဘုရားပြန် လည်ကြွလာသောအခါကမ္ဘာအနှံ့အပြားပြန့်ကြဲနေသောတပါးအမျိုးသားများ အားပြန်လည်စုစည်းမည်။

၄၈:၁၇-၁၉ ဘုရားသခင်ကသူသည်ဣသရေလတို့၏ကယ်တင်ရှင်၊ကိုး ကွယ်ရာဘုရား၊ဆရာ၊ဘဝလမ်းညွှန်ဖြစ်သည်ဟုဆိုသည်။ အကယ်၍ဘုရားသခင်၏နှုတ်ကပတ်တော်ကို  နာခံခြင်းရှိကြလျှင် ငြိမ်သက်ခြင်း၊ ဖြောင့်မတ် ခြင်း။  စည်ပင်ဝပြောခြင်း ရှိကြမည်။  ဘုရားသခင်နှင့် အဆက်မပြတ်မိဿ ဟာယ ဖွဲ့နိုင်ကြသည်။

၄၈:၂ဝ-၂၂ ဘုရားတရားမဲ့သဖြင့် ဖမ်းဆီးခံရခြင်းဗာဗုလုန်လက် အောက်မှထွက်မြောက်လာသည်နှင့်ဘုရားသခင်အားကယ်တင်ရှင်အဖြစ် သိမှတ်ကိုးကွယ်ကြရန်ဖိတ်ခေါ်သည်(ဗျာ၁၈:၄ကိုလည်းကြည့်)။ အပိုဒ်ငယ်၂၁ ပရောဖက်ပြုချက်သည်အဲဂုတ္တုပြည်မှလွတ်မြောက်ကြသည့်အကြောင်းဖြစ် သည်။ အကယ်၍နာခံခြင်းမရှိကြလျှင်ထိုအဖြစ်မျိုးတဖန်ခံစားကြဦးမည်။  ခေါင်းမာသောဣသရေလတို့သည်ဗာဗုလုန်မှလွတ်မြောက်ခြင်းအားသူတို့အ စွမ်းအစဟုထင်ကြသည်။ ဘုရားသခင်၏စကားကိုယုံစားခြင်းမရှိ။ နာကျင်စဉ် တွင်ဘုရားတကြ၍ဒုက္ခကျော်လွန်လျှင်ပြန်မေ့ကြသည်။ ခွေးမြီးကောက်ကျည် တောက်စွပ်သကဲ့သို့ဖြစ်သည်။ ဘယ်သောအခါမှငြိမ်သက်ခြင်းနားလည်ကြမည် မဟုတ်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။