ဟေရှာယအနာဂတ္တိကျမ်း - ၄၆

1ဗေလသည် ကျပြီ။ နေဗောသည်ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန်တို့ အပေါ်မှာ ရှိကြ၏။ သင်တို့ထမ်းဖူးသောဝန်ကို တင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။ 2သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ထမ်းရသောဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။
3အို ယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့၊ ဖွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။ 4သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍၊ သင်တို့ကိုဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။
5သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။ 6ရွှေကို အိတ်ထဲကများစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းထိမ်သမားကိုငှား၍ ဘုရားကို လုပ်စေပြီးမှ၊ ပျပ်ဝပ်ကိုးကွယ်ကြသည် တကား။ 7ထိုဘုရားကို ပခုံးပေါ်မှာထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ်နေ၏။ သူ၏နေရာမှ သူမရွှေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း၊ သူသည်မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနုတ်နိုင်။
8အို ဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက်မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။ 9ရှေးကာလ၌ ဖြစ်ဖူးသောအမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ 10အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊ 11ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက်ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။
12စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်းတရားနှင့် ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ 13ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်းကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကိုလည်းကောင်း ငါထားမည်။

ဟေရှာယအနာဂတ္တိကျမ်း - ၄၆ (အနက်ဖွင့်)

၇။ ဗာဗုလုန်ရုပ်တုများပြိုလဲပျက်စီးခြင်း(အခန်း၄၆)

၄၆:၁-၂ ဗာဗုလုန်တို့ ရုပ်တုသခင်ဗေလနှင့်နေဗောအရုပ်ဘုရားများကို ပါရှန်းတို့ကလွှင့်ပစ်လိုက်ကြပြီးတိရစ္တာန်အသိဉာဏ်မျှသာ ရှိသောကြောင့်အရုပ်ဘု ရားများကိုးကွယ်ခြင်းဖြစ်သည်။ အရုပ်ဘုရားများဖြစ်သောကြောင့်လည်း ပါရှန်းများကလွှင့်ပစ်ကြစဉ်ဘာမှလက်တုံ့မပြန်နိုင်ကြခြင်းဖြစ်သည်။ ပါရှန်းများ ကလည်းဝန်ထုတ်ဝန်ပိုးအဖြစ်မသယ်ဆောင်လိုသဖြင့်လွှင့်ပစ်ကြသည်။

၄၆:၃-၄ ဤနေရာတွင်အရုပ်ဘုရားနှင့်ထာဝရဘုရားခြားနားပုံရှင်းပြ သည်။ အရုပ်ဘုရားသည်မည်သည့်တန်ခိုးအစွမ်းမှမရှိ။ ထာဝရဘုရားသည်အ နာဂတ်နေ့ရက် အိုမင်းရွယ်လွန်နှင့်သားစဉ်မြေးဆက်များတိုင်အောင်ကောင်း ကြီးပေးသည်။ ထိုအကြောင်းကို James Sterartကဤသို့ရှင်းပြသည်။

ပရောဖက်ဟေရှာယကစစ်မှန်သောဘုရားနှင့်ဘာသာရေးအတုအယောင် ခြားနားပုံကိုရှင်းပြထားသည်။ သေခြင်း၏အခြားဘဝ၌ဝိညာဉ့်ဘဝရှိသည်။  မျက်မှောက်ကာလလူ့ဘဝသည်ဝိညာဉ်အသက်ရှင်ရေးအခြေခံအကြောင်းတ ရားဖြစ်သည်။၅၇

၄၆:၅-၇ ဘုရားသခင်၏ဇာတိတော်ကိုမည်ကဲ့သို့နားလည်သိရှိနိုင်မည် နည်း။ မှန်ပါသည်။ မသိနားမလည်သောလောကလူသားများသည်ရှိသမျှငွေ ကြေးကိုဘုရားတုလုပ်ဖို့ပန်းဘဲသမားလက်ထဲသို့အပ်နှံကြသည်။ မိမိတို့ရုပ် ဝတ္ထုပစ္စည်းကိုပုံစံတမျိုးသွန်းလုပ်ပြီးရှိခိုးကိုးကွယ်ကြသည်။ မလှုပ်မရှက် မသွားလာနိုင်သဖြင့် ပင့်ချီကြသည်။ အရုပ်ဘုရား သည်ကြားစရာနားပေါက်မရှိသကဲ့သို့ကူညီမစနိုင်သောလှုပ်ရှားသည့်လက်၊ တန်ခိုးအစွမ်းမရှိပါ။

၄၆:၈-၁၁ ရုပ်တုဘုရားကိုးကွယ်သူတိုင်းအဖြစ်မှန်တရားမှန်သိရှိ၍စစ် မှန်သောဘုရားသခင်ကိုသိရှိကိုးကွယ်စေချင်သည်။ ဘုရားသခင်ထံစုဝေးလာ စေချင်သည်။ အလိုတော်ကိုဝန်ခံစေချင်သည်။ သူ့လူများခါလဒဲလက်ထက်မှ လွတ်မြောက်စေဖို့ရာကုရုမင်း(အရှေ့အရပ်မှငှက်ရဲ)ကိုခေါ်သုံးဦးမည်။

၄၆:၁၂-၁၃ ဘုရားသခင်အားဝန်ခံဖို့တတွင်တွင်ငြင်းဆိုခဲ့သူများသည်ယ ခုအခါအပြောင်းအလဲကြီးပြောင်းလဲကြသည်။ ဇိအုန်တောင်ပေါ်မှာချထားသော ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးကိုသက်သေသက်ကာရအဖြစ်မျက်ဝါး ထင်ထင်တွေ့မြင်နေရကြပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။